လွန်ခဲ့သောလက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အထူးသံတမန် ဆာဆာကာဝါ ယိုဟဲသည် ရခိုင်ပြည်နယ်နှင့် နေပြည်တော်အကြား လွန်းပျံ သံတမန်ရေးရာလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည်။
နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီလေးတွင်ပင် သူသည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်တွေ့ဆုံရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိသော ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပရန် ဆာဆာကာဝါက မြန်မာခေါင်းဆောင်များကို တောင်းဆိုသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့တွင်မူ နိပွန်ဖေါင်ဒေးရှင်း၏ ဥက္ကဋ္ဌလည်းဖြစ်သော ဂျပန် အထူးသံတမန်သည် ရခိုင်ပြည်နယ် မြို့တော် စစ်တွေသို့ တပ်မတော် ဂျက်လေယာဉ်ဖြင့် သွားရောက်ပြီး ပါတီကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံရေးသမားမျးာနှင့်တွေ့ဆုံသည်။ လက်ရှိအချိန်အထိ သူသည် အပြုသသောဆောင်သော ကြိုဆိုမှုများကို ရရှိနေသည်။
နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိသော ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပရန် ဆာဆာကာဝါက မြန်မာခေါင်းဆောင်များကို တောင်းဆိုသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် အချို့သော ဒေသများတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
ရွေးကောက်ပွဲဖျက်သိမ်းလိုက်သောကြောင့် ရခိုင်ပြည်နယ်မှ မဲဆန္ဒရှင် ၁.၆၄ သန်းအနက် ၁.၂ သန်းသည် မဲပေးခွင့်မရှိတော့ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ခွဲ၏ အဆိုအရ သိရသည်။
ရွေးကောက်ပွဲ ပြီးကာစတွင်ပင် AA က နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သော မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲများ ကျင်းပရန်တောင်းဆိုပြီး တပ်မတော်ကလည်း ထိုကြေညာချက်ကို ကြိုဆိုသောကြောင့် လူအများအပြားအတွက် အံ့သြစရာဖြစ်ခဲ့သည်။ နှစ်ဖက်အကြား ထိုကိစ္စတွင် သဘောတူညီမှု ရရှိရေးအတွက် ဂျပန် အထူးသံတမန်သည် အခန်းကဏ္ဍတခုမှ ပါဝင်ခဲ့ကြောင်း ထင်ရှားသည်။
လွန်ခဲ့သောအပတ်ကမူ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာ ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် AA ခေါင်းဆောင်များနှင့် အင်တာနက်မှ ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးသည်။ နှစ်ဖက်လုံးက တည်ငြိမ်မှု ထိန်းသိမ်းရန် သဘောတူကြပြီး ယာယီ အပစ်အခတ် ရပ်စဲရေးကို ထောက်ခံကြသည်။
ထိုအချိန်မှ စတင်ပြီး ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်ဆိုင်းသွားသည်။ သို့သော် တပ်မတော်သည် ထိုဒေသတွင် ကြည်းတပ်၊ ရေတပ်၊ လေတပ် အင်အားများကို ဖြန့်ချထားသည်။ ကနဦး သဘောတူညီချက်ကို AA ဘက် လိုက်နာရန် ပျက်ကွက်ပါက တပ်မတော်သည် အစွမ်းကုန် ထိုးစစ်ဆင်မည်ကို သံသယရှိရန် မလိုပေ။
လွန်ခဲ့သောအပတ်ကမူ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာ ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် AA ခေါင်းဆောင်များနှင့် အင်တာနက်မှ ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးသည်။ နှစ်ဖက်လုံးက တည်ငြိမ်မှု ထိန်းသိမ်းရန် သဘောတူကြပြီး ယာယီ အပစ်အခတ် ရပ်စဲရေးကို ထောက်ခံကြသည်။
ရွေးကောက်ပွဲအပြီး မကြာမီမှာပင် တပ်မတော်ကလည်း ငြိမ်းချမ်ရေး ညှိနှိုင်းမှု ကော်မတီကို ထူထောင်ပြီး “ထာဝရတည်မြဲသော ငြိမ်းချမ်းရေး” ရယူရန် ရည်ရွယ်ချက်ဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသည်ဖြစ်စေ မထားသည်ဖြစ်စေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်များ (EAOs) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်သည်။ လက်ရှိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဥက္ကဌဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ထိုကော်မတီသစ်ကို ဦးဆောင်သည်။
လွန်ခဲ့သော နှစ်မှစတင်ပြီး အပြင်းအထန် တိုက်ခိုက်မှုများဖြစ်ပွားရာ ချင်းပြည်နယ် ပလက်ဝသို့ ပေးပို့သည့် အကူအညီနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ခြင်းကို မဟန့်တားရန် တပ်မတော်က AA ကိုတောင်းဆိုသည်။ ရခိုင်ပြည်နယ်တွင် ကျင်းပသည့် ရွေးကောက်ပွဲများကို မနှောက်ယှက်ရန်လည်း AA က သဘောတူသည်။ ဂျပန်အပါအဝင်လေ့လာသူများက ထိုထက်မက လုပ်ဆောင်ရန် များစွာ လိုသေးကြောင်း သဘောတူကြသော်လည်း ဂျပန်အထူးသံတမန်၏ အစီအစဉ်ကို နှစ်ဖက်စလုံးက ယေဘုံယျအားဖြင့် ကောင်းစွာလက်ခံကြသည်။
မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် အနေဖြင့် ဆာဆာကာဝါသည် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင်ပါ နက်နက်နဲနဲ ဆွေးနွေးပြီးဖြစ်ကြောင်း လွန်ခဲ့သော အပတ်က ဧရာဝတီ သတင်းဌာနနှင့် သီးခြား တွေ့ဆုံမေးမြန်းခန်းတွင် ဂျပန် သံအမတ်ကြီး အီချီရို မာရူယာမက ပြောသည်။
“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း မစ္စတာ ဆာဆာကာဝါကို အကူအညီတောင်းတယ်“ ဟု သံအမတ်ကြီးပြောသည်။ ထိုသို့ အကူအညီတောင်းသည်ကို တုံ့ပြန်သည့်အနေဖြင့် ဂျပန် အထူး သံတမန်သည် ရခိုင်ပြည်နယ်နှင့် AA ခေါင်းဆောင်များထံ သွားရောက်ပြီး တပ်မတော်နှင့် အစိုးရခေါင်းဆောင်များထံမှ သတင်းစကားများကို ပို့ဆောင်ပေးခဲ့သည်။
တပ်မတော် အကြီးအကဲသည် ဂျပန် အထူးသံတမန်နှင့် အဆင်ပြေပြီး သူ့စကားကို နားထောင်သည်။ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်အပါအဝင် အခြား ပြည်ပမှ ကြားဝင်စေ့စပ်သူများနှင့် ထိုသို့သော ဆက်ဆံရေးမရှိပေ။
မကြာသေးမီနှစ်များအတွင်း ဆာဆာကာဝါနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အကြား ရင်းနှီးသော ဆက်ဆံရေး ပေါ်ပေါက်လာသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။
တပ်မတော် အကြီးအကဲသည် ဂျပန် အထူးသံတမန်နှင့် အဆင်ပြေပြီး သူ့စကားကို နားထောင်သည်။ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်အပါအဝင် အခြား ပြည်ပမှ ကြားဝင်စေ့စပ်သူများနှင့် ထိုသို့သော ဆက်ဆံရေးမရှိပေ။
ထို့အပြင် ရခိုင်ပြဿနာတွင် ဂျပန်၏ ကြားဝင်စေ့စပ်ပေးသော အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ထိုပြဿနာကို လေ့လာစောင့်ကြည့်နေသော တိုင်းရင်းသားခေါင်းဆောင်များကလည်း ချီးကျူးကြသည်။
အနောက်တိုင်းနှင့် အခြားသံတမန်များနှင့်မတူဘဲ သံအမတ်ကြီး မာရုယာမသည် ရခိုင်ပြဿနာကို ဆွေးနွေးရာတွင် အပြုသဘောဆောင်သော နည်းလမ်းကို ဆောင်ယူလာသည်။ “ ရခိုင်ပြည်နယ်မှာ သမိုင်းဆိုင်ရာ ပြဿနာတွေရှိတာကို ဂျပန်အစိုးရက အမြဲတမ်း နားလည် သဘောပေါက်ခဲ့တယ်။ ဒါဟာ အင်မတန် ရှုပ်ထွေးတဲ့ အခြေအနေဖြစ်လို့ ဘယ်သူတဦးတယောက်မှ ချက်ခြင်း မဖြေရှင်းနိုင်ဘူး” ဟု သူပြောသည်။
ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်များအကြား မြန်မာနိုင်ငံသည် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများကို ခံရသောအခါ တိုကျိုသည် မြန်မာနိုင်ငံကို ကာကွယ်ခဲ့သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတကာတရားရုံး၌ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်များကို ငြင်းဆန်သောကြောင့် မြန်မာနိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာ ဝေဖန်မှုများ မြင့်တက်နေချိန်တွင် ဂျပန် သံအမတ်က သူ၏ အစိုးရသည် မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ခဲ့ဟု အခိုင်အမာယုံကြည်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ကြားဖြတ် အစီအမံများ ချမှတ်ရန် ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုမှုကို တရားရုံးက ပယ်ချမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် ရခိုင်ပြည်နယ် သို့မဟုတ် ရခိုင်ပြည်နယ်မှ လူမှုအသိုင်းအဝန်းများအကြား ပဋိပက္ခအတွက် တစိမ်းတရံ မဟုတ်ပေ။
“မြန်မာတပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ် သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက် ရှိတယ်လို့ ကျနော်မထင်ဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို သတ်ဖို့လို့ ကျနော်မထင်ဘူး” ဟုလည်း မာရူယာမ ပြောသည်။
ဂျပန်နိုင်ငံသည် ရခိုင်ပြည်နယ် သို့မဟုတ် ရခိုင်ပြည်နယ်မှ လူမှုအသိုင်းအဝန်းများအကြား ပဋိပက္ခအတွက် တစိမ်းတရံ မဟုတ်ပေ။
ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်တပ်များသည် မွတ်ဆလင်များနှင့် ရခိုင်တိုင်းရင်းသားများ အကြား တင်းမာမှုများ အပြင်းထန်ဆုံးဖြစ်နေသော ရခိုင်ပြည်နယ် မြောက်ပ်ိုင်းသို့ ရောက်လာကြပြီး လူမှုအသိုင်းအဝန်းများအကြား ပဋိပက္ခကို တွေ့မြင်သကဲ့သို့ တဖက်နှင့်တဖက် အစုလ်ိုက် အပြုံလိုက် သတ်ဖြတ်ကြသည်ကိုလည်း မြင်တွေ့ခဲ့ဖူးသည်။
ဂျပန်တပ်မတော်သည် မြန်မာနိုင်ငံမှ သမိုင်းဝင် ရဲဘော်သုံးကျိပ်ကို လေ့ကျင့်ပေးပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ထူထောင်ကာ ထိုတပ်ဖွဲ့က မြန်မာနိုင်ငံမှ ဗြိတိသျှ အုပ်ချုပ်ရေးကို တိုက်ခိုက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် ရဲဘော်သုံးကျိပ်၏ ခေါင်းဆောင်ဖြစ်သည်။
တချိန်တည်းတွင် တရုတ်နိုင်ငံသည် သယံဇာတ ပေါကြွယ်လှသော ရခိုင်ပြည်နယ်မှ ရေနက်ဆိပ်ကမ်း စီမံကိန်းတခုနှင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ပါဝင်နေသည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံနှင့် ခပ်ခွာခွာနေချိန်တွင် တရုတ်နိုင်ငံသည် ကြီးမားသော စီမံကိန်းကြီးများဖြင့် ထိုဒေသတွင် သြဇာချဲ့ထွင်ရန် မှန်မှန်လုပ်ဆောင်နေပြီး တရုတ်န်ိုင်ငံနှင့် မြန်မာနိုင်ငံအကြား မီးရထားလမ်း ဖေါက်လုပ်ရန်ပင် အဆိုပြုခဲ့သည်။
မြန်မာနိုင်ငံသားများသည် ဂျပန်နိုင်ငံနှင့် ဂျပန်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး တရုတ်နှင့်မတူဘဲ ယေဘုယျအားဖြင့် အကောင်းမြင်ကြသည်။
ထို့ကြောင့် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးတွင် တရုတ်အတွက် အလားအလာရှိသော ပြိုင်ဖက်ဖြစ်လာရသည်။
မြန်မာနိုင်ငံသားများသည် ဂျပန်နိုင်ငံနှင့် ဂျပန်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး တရုတ်နှင့်မတူဘဲ ယေဘုယျအားဖြင့် အကောင်းမြင်ကြသည်။
အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံက ဆက်လက်ရင်းနှီးမြှုပ်နှံရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် တက်ကြွသောအခန်းမှ ပါဝင်ရန် မျှော်လင့်ကြသည်။
သို့သော် မစ္စတာ ဆာဆာကာဝါသည် နေပြည်တော်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းတို့နှင့် တွေ့ဆုံအပြီး ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲများ ပြန်ကျင်းပနိုင်ရေး အဖြေမထွက်၍ စိတ်ပျက်မိကြောင်း ဧရာဝတီ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ထုတ်ဖော်ပြောဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲကို ချက်ချင်း ပြန်ကျင်းပခွင့်မပြုထားသည့် ဥပဒေပါ ပြဋ္ဌာန်းချက် ရှိကြောင်း ထောက်ပြပြောဆိုမှုများ ရှိသော်လည်း ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်မှုက အရေးပေါ်လာနေသည်။ စစ်ဘေးကို ရှောင်တိမ်းကြသူ မြောက်မြားစွာနှင့် နှစ်ဖက် အထိအခိုက် အကျအဆုံးများစွာ ရှိခဲ့သည့်အပြင် လူမျိုးရေး အမုန်းတရားမီးများ ဟုန်းဟုန်းတောက်ခဲ့သည့် ရခိုင်စစ်ပွဲကို ရပ်ဆိုင်းလိုက်နိုင်သည်က ကျေနပ်ပီတိ ဖြစ်စရာပင်။
အကယ်၍ ယခုထက် ပိုနက်ရှိုင်းသော ငြိမ်းချမ်းရေးကာလကို ရခိုင်ပြည်နယ်တွင် အပြန်အလှန် နားလည် ခွင့်လွှတ်မှု၊ သူမနာ ကိုယ်မနာ အပေးအယူတို့ဖြင့် တည်ဆောက်နိုင်ပါက ပို၍ မကောင်းလော။ ကြိုးနီ ဗျူရိုကရေစီက ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်ကို မနှောင့်နှေးစေသင့်ပါ။ အလုပ်ဖြစ်နေခဲ့သော ဂျပန်၏ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု နောက်ပြန်မလန်သွားသင့်ပေကြောင်း တင်ပြအပ်ပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Japan’s Stepped-Up Negotiating Role a Welcome Development in Myanmar ကို ဘာသာပြန်ဆိုပြီး ထပ်မံဖြည့်စွက်ရေးသားသည်။)
You may also like these stories:
ရွေးကောက်ပွဲကော်မရှင်ကို စိတ်ပျက်တယ်ဆိုတဲ့ ဆာဆာကာဝါ
ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ချင်ပါတယ်
တပ်မတော်နှင့် AA တို့ နွေးဆွေးမှု ရခိုင်လူထု ကြိုဆို
ရခိုင်တွင် စစ်ပွဲများ ရပ်တန့်နေ၍ စစ်ဘေးရှောင်အချို့ နေရပ်ပြန်