• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ

by ဧရာဝတီ
6 May 2021
in အယ်ဒီတာ့အာဘော်
A A
ပိတ်သိမ်းသွားပြီဖြစ်သော ပုဂ္ဂလိကလှူဒါန်းသော ကိုဗစ်လူနာကု ယာယီဆေးရုံတရုံ၏ အတွင်းမြင်ကွင်း

ပိတ်သိမ်းသွားပြီဖြစ်သော ပုဂ္ဂလိကလှူဒါန်းသော ကိုဗစ်လူနာကု ယာယီဆေးရုံတရုံ၏ အတွင်းမြင်ကွင်း

474.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ အိမ်နီးနားချင်း နိုင်ငံဖြစ်သော အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ကိုရိုနာဗိုင်းရပ် ရောဂါပိုးကူးစက်ပြန့်ပွားနှုန်း တဖန်ပြန်လည် မြင့်တက်လာနေသည်နှင့်အမျှ ကိုဗစ်-၁၉ တတိယလှိုင်းသည် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြိုလဲနေပြီးဖြစ်သော မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ ခြိမ်းခြောက်မှုဖြစ်သည်။

ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် အိန္ဒိယတွင် နေ့စဉ် လူ ၃ သိန်းကျော် ရောဂါပိုးကူးစက်နေပြီး လူထောင်ချီသေဆုံးနေကာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ချေနင်းနေသည်။ ထိုင်းတွင်လည်း နေ့စဉ် လူ ၂ ထောင်ကျော် ကူးစက်နေပြီး ဘန်ကောက်၊ ချင်းမိုင်အပါအဝင် ၆ ခရိုင်တွင် ကန့်သတ်ချုပ်ချယ်မှု စည်းကမ်းများ ထုတ်ပြန်ထားရသည်။

RelatedPosts

သတင်းစာလွတ်လပ်ခွင့် မရှိလျှင် ဒီမိုကရေစီ မရှိ

သတင်းစာလွတ်လပ်ခွင့် မရှိလျှင် ဒီမိုကရေစီ မရှိ

3 May 2025
250
လေကြောင်းတိုက်ခိုက်မှုများ ရပ်ပါ၊ ငလျင်ကယ်ဆယ်ရေး စစ်အင်အားကို သုံးပါ

လေကြောင်းတိုက်ခိုက်မှုများ ရပ်ပါ၊ ငလျင်ကယ်ဆယ်ရေး စစ်အင်အားကို သုံးပါ

2 April 2025
1.2k
ငလျင်အကူအညီများကို စစ်ရာဇဝတ်ကောင်များထံ မပေးဘဲ ပြည်သူ့ထံ ပေးရမည်

ငလျင်အကူအညီများကို စစ်ရာဇဝတ်ကောင်များထံ မပေးဘဲ ပြည်သူ့ထံ ပေးရမည်

30 March 2025
2.7k

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ တတိယလှိုင်း ကြုံလာဖွယ်ရှိကြောင်း စစ်ကောင်စီခန့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဒေါက်တာဒေါ်ခင်ခင်ကြီးက မီဒီယာများသို့ ဖြေကြားခဲ့သည်။ သို့သော် အာဏာဖီဆန်ရေးလှုပ်ရှားမှုကြောင့် ချည့်နဲ့နေပြီဖြစ်သော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်က COVID-19 စစ်ဆေးမှုနှင့် ကုသမှုအားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့ရပြီး ဖြစ်သည်။

“ ကျမတို့က ရေခဲတုံးရဲ့အဖျားကို သာရှာနိုင်ပါတယ်၊ ရေခဲတုံးရဲ့ နစ်မြုပ်နေတဲ့ အပိုင်းကို ကျမတို့ မရှာနိုင်ပါဘူး” ဟု ဒေါ်ခင်ခင်ကြီးက ဗီအိုအေ သတင်းဌာနသို့ ပြောခဲ့သည်။

ကိုရိုနာရောဂါပိုး နေ့စဉ် စစ်ဆေးမှုနှုန်းသည် အာဏာသိမ်းမှု မတိုင်မီက တရက်လျှင် ၂၅၀၀၀ အထိ ရှိရာမှ ယခုအခါတွင် အများဆုံး ၂၀၀၀ အထိ ကျဆင်းသွားသည်။ ထို့ကြောင့် အတည်ပြုပြီးသော COVID-19 ဖြစ်ပွားမှုအသစ်ကလည်း ငုပ်လျှိုးသွားခဲ့တော့သည်။

ဖေဖော်ဝါရီ ၅ ရက်မှ ၆ ရက်ကြား တွင် ရောဂါကူးစက်မှုအသစ်က တနေ့လျှင် ၂၀၀ မှ သုညအထိ ရုတ်တရက် ထိုးဆင်းသွားသည်။ ထိုအချိန်မှ စ၍ တနေ့လျှင် ပျမ်းမျှ တဒါဇင်ဝန်းကျင်မျှသာ ရှိတော့သည်။

ထို့ပြင် ကူးစက်မှု အသစ်များကို မည်သည့်နေရာတွင် တွေ့ရှိခဲ့သည်၊ လူနာများက ကုသမှု ခံယူခြင်း ရှိ/မရှိ အပါအဝင် အရေးပါသော အသေးစိတ် အချက်အလက်များ ထွက်ပေါ်မလာတော့ပေ။

အာဏာ မသိမ်းမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ၂၀၂၁ ခုနှစ်အကုန်တွင် လူဦးရေ ၅၄ သန်း ၏ ၄၀ ရာခိုင်နှုန်းကို ကာကွယ် ဆေးထိုးပေးရန် ရည်မှန်းချက်နှင့် အစီအစဉ်ကို ချမှတ်ခဲ့သော်လည်း အာဏာသိမ်း စစ်ကောင်စီက ကိုဗစ်ရောဂါကာကွယ်ဆေးနှင့် ရံပုံငွေများကိုသိမ်းယူပြီး တာဝန်ခံ ဆရာဝန်အများအပြားအား ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ယခုအခါ မည်သည့် မူဝါဒနှင့် မည်သို့ကိုင်တွယ်ဆောင်ရွက်နေကြောင်း မသိနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။

ကျန်းမာရေး ဝန်ကြီးဌာနအဆိုအရ အစိုးရ ဆေးရုံများက လူ ၁.၉ သန်း ခန့်ကို ပထမအကြိမ် ကာကွယ်ဆေးထိုးပေးခဲ့ပြီး အများစုမှာ အစိုးရ ဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် နိုင်ငံရေးစိတ်က ကျန်းမာရေးအသိထက် ရှေ့တန်းပိုရောက်နေကြသည်။ ကျန်းမာရေးဝန်ထမ်းအများစုက ဒုတိယအကြိမ်ထိုးခြင်းကို ငြင်းဆန်နေကြပြီး အကယ်၍ ကာကွယ်ဆေးထိုးရန် သူတို့သွားခဲ့လျှင်လည်း အလုပ်ပြန်လုပ်ရန် အတင်းအကျပ် ဖိအားပေးမည်ကို စိုးရိမ်နေကြသည်။

ပြည်သူလူထုဘက်ကလည်း လမ်းမများပေါ်တွင် ထင်သလို ပစ်ခတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့များကြောင့် အသက်အန္တရာယ် လုံခြုံရေးကို စိုးရိမ်ပြီး ကာကွယ်ဆေး သွားရောက် မထိုးလိုကြပေ။ မေလ ၅ ရက် မန္တလေး အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးရန်အတွက် အလုပ်သမားဆေးရုံရှေ့တွင် ရောက်ရှိနေသော အမျိုးသမီးတဦးမှာ စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။

ထို့ပြင် စစ်ကောင်စီ၏ ကျန်းမာရေးယန္တရားကို အယုံအကြည်မရှိသဖြင့် ရောဂါလက္ခဏာပြလာသည့်တိုင် ကိုဗစ်စစ်ဆေးမှုများ မပြုလုပ်ခြင်းမျိုးလည်း ရှိနေသည်ဟု ကျန်းမာရေး အသိုင်းအဝိုင်းအဆိုအရ သိရသည်။ ကိုဗစ်စစ်ဆေးပြီး ရောဂါပိုးတွေ့ရှိသူများကို ဖောင်ကြီး ကိုဗစ်ကုသရေးစင်တာနှင့် တပ်မတော် ဆေးရုံများသို့ ပို့ဆောင်ကုသနေခြင်း ဖြစ်သည်။

သို့သော် ဧရာဝတီက မေးမြန်းခဲ့သူ တဦးက “နိုင်ငံတကာမှာ ကိုဗစ် ဖြစ်ပွားမှုနှုန်းတွေ ကြောက်စရာ ကောင်းနေတာ ကျနော်တို့လည်း သတင်းတွေမှာ တွေ့နေတာပဲ။ ဒါပေမယ့် ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေအရ ကိုဗစ်ကို ပူတာထက်ကို အဆပေါင်းများစွာ ပူရတဲ့ အခြေအနေ ဖြစ်နေတယ်။ ကာကွယ်ဆေးထိုးပေးပါတယ် ဘယ်လောက်ပြောနေနေ လူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ ကျန်းမာရေးယန္တရားအောက်မှာ ကျနော်တို့ ဘယ်လို ယုံကြည်ကုသမလဲ။ အခု အခြေအနေက ကိုဗစ်ထက်ကို ဆိုးပါတယ်ဗျာ” ဟု ပြောသည်။

စစ်အာဏာသိမ်းအပြီး စစ်တပ်က စစ်အာဏာသိမ်း ဆန့်ကျင်သူများအား အကြမ်းဖက်နှိမ်နင်းမှု၊ နိုင်ငံ့စီးပွား ခြေလွတ်လက်လွတ် ကျဆုံးနေမှုနှင့် ပြည်တွင်းစစ် ကျယ်ပြန့်လာနေမှုကြောင့် မဝေးတော့သော အနာဂတ်တွင် မြန်မာနိုင်ငံသည် လူသန်းနှင့်ချီ စားနပ်ရိက္ခာ ပြတ်လပ်ရနိုင်သလို ဆင်းရဲတွင်းလည်း ပိုနက်လာပြီး လူသားချင်းစာနာမှု အကျပ်အတည်း ကြုံရနိုင်ကြောင်း သတိပေးချက်များက ပေါ်ထွက်ခဲ့ပြီး ဖြစ်သည်။ ယခု ကိုဗစ်တတိယလှိုင်းပါ ဝင်ပါက တပူပေါ် နှစ်ပူဆင့်ရုံမက အပူပေါင်းစုံပေတော့မည်။

ထို့ကြောင့် ဧပြီလ ၁ ရက် နေ့က ထုတ်ပြန်ချက်တခုတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့်လခြမ်းနီအသင်း (IFRC) ၏ အာရှပစိဖိတ် ဆိုင်ရာ ဒါရိုက်တာ Alexander Matheou က “လာမယ့်လတွေအတွင်းမှာ တနိုင်ငံလုံးမှာ စွဲကပ်နေပြီးသား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ အတူ COVID-19 ရောဂါ ကူးစက်မှု နောက်ထပ်လှိုင်းဟာ ပေါင်းဆုံသွားပြီး မြန်မာနိုင်ငံမှာ အလုံးစုံသော မုန်တိုင်းကြီးတခုကို ကျနော်တို့ ကြုံတွေ့ရနိုင်ပါတယ်”ဟု ပြောခဲ့သည်။

မုန်တိုင်းသတိပေးချက်က ထွက်ပေါ်လာပြီး ဖြစ်သည်။ သို့ရာတွင် မုန်တိုင်းကို ကြံ့ကြံ့ခံနိုင်သော ခိုလှုံရာကား ပြိုကျပျက်စီးသွားပြီ ဖြစ်သည်။

ဤနေရာတွင် လူတို့၏ အမှားအယွင်းကြောင့် ဖြစ်ပေါ်လာသော ဘေးဒုက္ခတို့ကို လူလုပ်ကပ်ဘေး Man-Made Disaster ဟု ခေါ်ဆိုသော အသုံးအနှုန်းကို သတိရသည်။ ယခုမြန်မာနိုင်ငံတွင် ကြုံရမည့် ကပ်ဘေးဆိုးသည်လည်း ကြိုတင်ကာကွယ်ပြီး ရှောင်လွှဲ၍ ရနိုင်သော်လည်း အာဏာသိမ်း စစ်ကောင်စီကြောင့် အကာအကွယ်မဲ့ ဖြစ်ကြတော့မည်ဟုသာ ဆိုရန် ကျန်တော့သည်။

You may also like these stories:

စစ်ကောင်စီ၏ ကျန်းမာရေးယန္တရားကို အယုံအကြည်မရှိဟုဆိုကာ ကိုဗစ် မစစ်ကြ

အာဏာသိမ်းပွဲကြောင့် ပျက်ပြားသွားတဲ့ ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်များ

လူသန်းနှင့်ချီပြီး မြန်မာပြည်တွင် စားနပ်ရိက္ခာ အခက်ကြုံဖွယ်ရှိဟု ကုလသမဂ္ဂ ထုတ်ပြန်

လာမည့်နှစ်တွင် မြန်မာနိုင်ငံသား ထက်ဝက် ဆင်းရဲသွားမည်

Your Thoughts …
Tags: ကိုဗစ်တတိယလှိုင်းစစ်အာဏာသိမ်းပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

by ဉာဏ်လင်း
26 February 2024
4.7k

ဥပဒေကို လိုက်နာသော၊ အရပ်သား အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသော၊ ပြည်သူလူထုကို ကာကွယ်သော၊ နိုင်ငံရေးကင်းရှင်းသော တပ်မတော်တရပ် လိုအပ်သည်

အမေရိကန်ပြည်ထောင်စုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီးနှစ်ယောက်၊ ၎င်းတို့ထိန်းချုပ်ထားသော ကုမ္ပဏီ ၆ ခုတို့အပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်/ Justice for Myanmar

စစ်ကောင်စီခေါင်းဆောင်၏ သားသမီးများ အမေရိကန် အရေးယူပိတ်ဆို့

by ဧရာဝတီ
11 March 2021
42k

အမေရိကန်ပြည်ထောင်စုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီးနှစ်ယောက်၊ ၎င်းတို့ထိန်းချုပ်ထားသော ကုမ္ပဏီ ၆ ခုတို့အပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။

NUG က ဒေါ်လာ တဘီလီယံဖြင့် ကျားကန်ထားသည့် ဒစ်ဂျစ်တယ် ငွေကြေးတခုနှင့် မြန်မာ့ ဗဟိုဘဏ်သစ်တခု ထူထောင်ရေးကို အမေရိကန် ဗဟိုဘဏ်က ထောက်ခံရန် တိုက်တွန်းနေသည် / AFP

အမေရိကန်မှ ဒေါ်လာ တဘီလီယံဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ထူထောင်ရန် NUG ကြိုးစားနေ

by ဧရာဝတီ
7 September 2022
7.3k

NUG က ဒေါ်လာ တဘီလီယံဖြင့် ကျားကန်ထားသည့် ဒစ်ဂျစ်တယ် ငွေကြေးတခုနှင့် မြန်မာ့ ဗဟိုဘဏ်သစ်တခု ထူထောင်ရေးကို အမေရိကန် ဗဟိုဘဏ်က ထောက်ခံရန် တိုက်တွန်းနေသည်။

စစ်တပ်နှင့် ထောက်လှမ်းရေးဌာနများသည် ဆင်းကဒ်များကို ခြေရာခံမှုနှင့် ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်မှု တစုံတရာလုပ်နေကြောင်း Reuters သတင်းက ဆိုသည် / ဧရာဝတီ 

ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ

by ဧရာဝတီ
20 May 2021
119.3k

မြန်မာနိုင်ငံတွင် အသုံးပြုသည့် ထိုကြားဖြတ် စပိုင်ဝဲများအကြောင်းသိသူ တဒါဇင်ကျော်ကို Reuters သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့သည်။

ပျက်စီးသွားရတဲ့ အိပ်မက်များအကြောင်း ရုပ်ရှင်ပြပွဲ (ရုပ်/သံ)

ပျက်စီးသွားရတဲ့ အိပ်မက်များအကြောင်း ရုပ်ရှင်ပြပွဲ (ရုပ်/သံ)

by ဧရာဝတီ
2 March 2024
332

မြန်မာစစ်အာဏာသိမ်းမှုကြောင့် ကျိုးပဲ့သွားရသောအိပ်မက်များ-Broken Dream ရုပ်ရှင်ပြပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရဲ့ အထင်ကရ တက္ကသိုလ်တခုဖြစ်တဲ့ ချင်းမိုင်တက္ကသိုလ်မှာ မတ်လ ၁ရက်နေ့က ပြသခဲ့တာဖြစ်ပါတယ်။

ယခု အာဏာသိမ်းစစ်တပ် တန်ခိုးထွားလာနေချိန်တွင် ယခင်ခရိုနီဟောင်းများ ဖယ်ထုတ်ခံရပြီး ခရိုနီမျိုးဆက်သစ်များ ပေါ်ထွက်လာသည်

ခေတ်ဟောင်း ခရိုနီတွေ အရာကျကုန်ပြီ

by ဧရာဝတီ
27 October 2022
8.6k

ယခု အာဏာသိမ်းစစ်တပ် တန်ခိုးထွားလာနေချိန်တွင် ယခင်ခရိုနီဟောင်းများ ဖယ်ထုတ်ခံရပြီး ခရိုနီမျိုးဆက်သစ်များ ပေါ်ထွက်လာသည်

Next Post
၂၀၁၈ ဩဂုတ်လ ကရင့်အာဇာနည်နေ့တွင် တွေ့ရသော KNLA တပ်သားများ / ဧရာဝတီ

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေ ပေါင်းစည်းသွား

ဖမ်းဆီးခံထားရသည့် Mizzima အယ်ဒီတာဟောင်း အမှုအတွက် မှုခင်းစီမံခန့်ခွဲမှုပြုလုပ်

ဖမ်းဆီးခံထားရသည့် Mizzima အယ်ဒီတာဟောင်း အမှုအတွက် မှုခင်းစီမံခန့်ခွဲမှုပြုလုပ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate