• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

စစ်ကောင်စီကို တရားဝင်အောင် ကြိုးစားခြင်းသည် တရုတ်အတွက် ဆိုးကျိုးသာဖြစ်နိုင်

by ဧရာဝတီ
8 June 2021
in အယ်ဒီတာ့အာဘော်
A A
၂၀၂၁ ဇန်နဝါရီလအတွင်း နေပြည်တော်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်

၂၀၂၁ ဇန်နဝါရီလအတွင်း နေပြည်တော်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်

151.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများနှင့် ဖရိုဖရဲဖြစ်မှုများသည် တရုတ် အပါအဝင် အ်ိမ်နီးချင်းနိုင်ငံများအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုဖြစ်သည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးရက်များတွင် တရုတ်ဆန့်ကျင့်ရေးစိတ်ဓါတ်များ အလျင်အမြန် ပျံ့နှံ့လာပြီး ရန်ကုန်ရှိ တရုတ်သံရုံးနှင့် အခြားနေရာများတွင် တရုတ်နိုင်ငံကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နေ့စဉ်ပေါ်ပေါက်ခဲ့သည်။

လွန်ခဲ့သောလတွင် ခုခံကာကွယ်ရေးတပ်ဖွဲ့များသည် မန္တလေးအနီး တရုတ်-မြန်မာရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း အစိတ်အပိုင်း တခုကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်သည်။ စစ်ကောင်စီကို ဘေ့ဂျင်းက အခိုင်အမာထောက်ခံနေခြင်း အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် သံတမန်ထောက်ခံမှု ပေးခြင်းသည် မြန်မာပြည်သူများအကြားတွင် ဒေါသထွက်စေပြီး ပြည်သူအများစုက တရုတ်နိုင်ငံသည် မယုံကြည်ရသော အိမ်နီးချင်းအဖြစ် မြင်စေသည်။

RelatedPosts

အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

19 June 2025
124
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

18 June 2025
4.3k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

18 June 2025
1.3k

နိုင်ငံအတွင်း ပြင်းထန်လှသည့် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များကြောင့် ဘေ့ဂျင်းသည် မြန်မာ့အရေးကို ဂရုတစိုက် ကိုင်တွယ်ရမည်ဖြစ်သည်။ တရုတ်သည် မြန်မာစစ်ကောင်စီကို တရားဝင်အောင် လုပ်နေသည်ဟု အမြင်ခံ၍ မရပေ။

တရုတ်သံအမတ် ချန်ဟိုင်သည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်တွင် စနေနေ့က တွေ့ဆုံသည်။ တရုတ်သံရုံး Facebook စာမျက်နှာအရ မြန်မာ၏ အိမ်နီးချင်းဖြစ်သော တရုတ်သည် အပြုသဘော ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း သူက စစ်ကောင်စီအကြီးအကဲကို ပြောသည်ဟု သိရသည်။ ထို့အပြင် “တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု အမြန်ပြန်လည် ထိန်းသိမ်းရေးကို မျှော်လင့်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖေါ်ရေးအား ထောက်ခံကြောင်း ပြောသည်”ဟု ထိုကြေညာချက်က ဆိုသည်။ ထိုသဘောတူညီချက်ဆိုသည်မှာ မြန်မာ့အကျပ်အတည်းဖြေရှင်းရန် လုပ်ဆောင်ရမည့် ဧပြီလ နှောင်းပိုင်းက ဂျကာတာအထူးအစည်းအဝေးမှ ချမှတ်ခဲ့သည့် အချက် ၅ ချက်ကို ဆိုလိုသည်။

သံရုံးက ထိုကြေညာချက်ကို တင်ပြီး မိနစ်ပိုင်းအတွင်း ပြည်တွင်းပြည်ပမှ မြန်မာပြည်သူများသည် လူမှုကွန်ရက်တွင် တရုတ်နိုင်ငံကို ဒေါသတကြီးဆန့်ကျင်သော သုံးသပ်ချက်များဖြင့် တုံ့ပြန်ကြသည်။

ဖေဖေါ်ဝါရီလက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ မြန်မာနိုင်ငံတွင် ကြီးထွားနေစဉ်အတွင်း တရုတ်သံအမတ်က မြန်မာနိုင်ငံမှ လက်ရှိဖြစ်ပေါ်နေသော အခြေအနေသည် တရုတ်နိုင်ငံက လိုလားသည့် အခြေအနေ မဟုတ်ကြောင်း ပြောသော်လည်း တရုတ်နိုင်ငံ၏ သံတမန်ရေးထုတ်ပြန်ချက်များ ထုံးစံအတိုင်း အဓိပ္ပါယ်အမျိုးမျိုးကောက်ယူနိုင်သည်။ တရုတ်က မြန်မာစစ်ကောင်စီကို ကူညီနေသည်ဆိုသည့် ကောလာဟလများကိုလည်း သူငြင်းဆိုပြီး ပြည်သူများသည် အမှားအမှန်ခွဲခြားနိုင်ပြီး နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ခင်ရင်းနှီးမှု ထိခိုက်ခြင်းကို ရှောင်ရှားပြီး နိုင်ငံရေးအရ အသုံးချခံရခြင်းကို ကာကွယ်နိုင်မည်ဟု မျှော်လင့်ကြောင်း သူပြောသည်။

သောကြာနေ့တွင် ဘရူနိုင်းမှ ASEAN အတွင်းရေးမှူးချုပ် လင် ဂျော့ဟွိုင်နှင့် ဘရူနိုင်းနိုင်ငံ ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီး အီရီဝန် ယူစွတ်တို့သည် စစ်ကောင်စီခေါင်းဆောင်နှင့် ဂျကာတာ ထိပ်သီးအစည်းအဝေး အကြောင်း ဆွေးနွေးရန် နေပြည်တော်တွင် တွေ့ဆုံသည်။ ဘရူနိုင်းနိုင်ငံသည် လက်ရှိ ASEAN ဥက္ကဋ္ဌဖြစ်သည်။

ထိုထိပ်သီးအစည်းအဝေးအပြီး ASEAN ဥက္ကဋ္ဌအနေဖြင့် ဘရူနိုင်းစော်ဘွား၏ ထုတ်ပြန်ကြေညာချက်တွင် ခေါင်းဆောင်များ၏ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို ထုတ်ပြန်သည်။ ထို ၅ ချက်တွင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ချက်ခြင်းရပ်စဲရေး၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသောအဖြေရှာရန် သက်ဆိုင်သူအားလုံး အပြုသဘောတွေ့ဆုံဆွေးနွေးရေး၊ ASEAN အတွင်းရေးမှူးချုပ်၏ အကူအညီဖြင့် ASEAN ဥက္ကဋ္ဌ၏ အထူးသံတမန်က ကြားဝင်ဆောင်ရွက်ပေးသော ကြားဝင်စေ့စပ်မှု၊ ASEAN ၏ လူသားချင်းစာနာမှု အကူအညီဌာနမှ ပေးသော အကူအညီများနှင့် သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံရန် အထူးသံတမန်တဦးနှင့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံသို့ စေလွှတ်ရေးတို့ ပါဝင်သည်။

သို့သော် စစ်ကောင်စီသည် ထိုမျှ အားနည်းလှသော အချက် ၅ ချက်ကိုပင် တစုံတရာ ကတိမပေးပေ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ်အတွင်း ထိုကိုယ်စားလှယ်အဖွဲ့သည် ASEAN က ခန့်မည့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်များ၏ အမည်များကို ပေးအပ်ခဲ့သည်။ ထိုအဖွဲ့က မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန်လည်း တောင်းဆိုသည်။ မြန်မာပြဿနာနှင့်ပတ်သက်ပြီး ASEAN သည် ခိုင်မာသည့်သဘောထား မရှိသောကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် စစ်အာဏာသိမ်း ဆန့်ကျင်သူများအကြား ယခင်ကတည်းကပင် စိတ်ပျက်စေပြီးဖြစ်သည်။

သို့သော် ASEAN သည် အတွင်းပဋိပက္ခနှင့် ရင်ဆိုင်နေရသည်။ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သည် ထိုကိစ္စအတွက် ထိပ်တိုက်တွေ့နေကြောင်း အဖွဲ့အတွင်း သံတမန်သတင်းရင်းမြစ်အများအပြားပြောသည်။

အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် အကောင်အထည်ဖေါ်ရေး အခက်အခဲတခုမှာ မည်သူကို အထူးသံတမန်အဖြစ် ခန့်အပ်မည်နှင့် ထိုအထူးသံတမန်၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး အဖွဲ့အတွင်း ဘုံသဘောတူညီချက် မရခြင်းပင် ဖြစ်သည်။

ဒေသတွင်းတွင် လူဦးရေ အများဆုံးနိုင်ငံဖြစ်သော အင်ဒိုနီးရှားက ထိုကိစ္စကို ဦးဆောင်ရန် အထူးသံတမန် တဦးသာ ကနဦးက လိုလားသော်လည်း မြန်မာစစ်တပ်နှင့် နီးကပ်သောဆက်ဆံရေးရှိသည့် ထိုင်းနိုင်ငံက ကိုယ်စားလှယ်အများအပြားပါသည့် ASEAN ဥက္ကဋ္ဌ၏ မိတ်ဆွေများအဖွဲ့ကို လိုလားကြောင်း သတင်းရင်းမြစ် များစွာက Reuters သတင်းဌာနသို့ ပြောသည်။ ASEAN နိုင်ငံအများစုက ထောက်ခံသည့် ကြားဝင်ညှိနှိုင်းမှုက အထူးသံတမန် ၃ ဦးကို ထောက်ခံပြီး အဖြစ်နိုင်ဆုံးမှာ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းတို့မှ ကိုယ်စားလှယ် တဦးစီ ဖြစ်ကြောင်း ထိုသတင်းကဆိုသည်။

မြန်မာစစ်ကောင်စီက ကတိကဝတ် တစုံတရာ မပေးသော်လည်း ၎င်းတို့ ပြောသည်ကို ASEAN က လာနားထောင်စေလိုကြောင်း ထင်ရှားသည်။

ထူးဆန်းသည်မှာ ဝါရှင်တန်မှ သံတမန်ရေးရာ ဒုတိယအကြီးအကဲက ASEAN ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အမေရိကန်က ယုံကြည်ကြောင်း လွန်ခဲ့သောအပတ်က ပြောကြားခြင်းဖြစ်သည်။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်းထံမှ အယုံအကြည်ရှိကြောင်း ပြောကြားချက်သည် ASEAN အတွင်းပိုင်း အကွဲအပြဲများကြောင့် သွေးထွက်လွန်ပြီး အားအင်ချည့်နဲ့နေသည်ဆိုသည့် South China Morning Post သတင်းစာပါ အမည်မဖေါ်လိုသော ASEAN သံတမန်များ၏ ပြောကြားချက်နှင့်ဆန့်ကျင်ဖက်ဖြစ်နေသည်။

လွန်ခဲ့သောအပတ်က ဒေသတွင်း သတင်းထောက်များကို ပြောကြားရာတွင် တိုးတက်မှု မရှိသောကြောင့် စိတ်ပျက်ကြောင်း ရှားမင်းပြောကြားပြီး ရလဒ်များကို ယခင်ကလိုပင် ရစေလိုကြောင်းပြောသည်။

သို့သော် “ရှေ့ဆက်လုပ်ပြီး အောင်မြင်မှုရဖို့အတွက် စနစ်တကျဖြစ်အောင် သံတမန်ရေးရာဆိုတာ အချိန်လိုတယ်ဆိုတာကို နားလည်ပါတယ်” ဟုလည်း သူပြောသည်။

တချိန်တည်းတွင် ASEAN အပေါ် နက်ရှိုင်းစွာ စိတ်ပျက်သည့် လက္ခဏာအနေဖြင့် မြန်မာအရပ်သား စင်ပြိုင်အစိုးရ ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ASEAN ကို အယုံအကြည်မရှိကြောင်းပြောသည်။ ASEAN သည် နှစ်ဖက်စလုံးနှင့်တွေ့ဆုံရန် ပျက်ကွက်ပြီး NUG ၏ အမြင်ကို လျစ်လျူရှုကာ စစ်ကောင်စီနှင့်သာ ဆက်ဆံနေကြောင်း NUG ကပြောသည်။

ASEAN နှင့်ပတ်သက်လျှင် ပွင့်ပွင့်လင်းလင်း ပြောရမည့် အချိန်တန်ပြီ ဖြစ်သည်။

ASEAN ထံမှ တစုံတရာ မျှော်လင့်လျှင် မှားသည်။ ယခင်နှင့် ယခု မြန်မာစစ်အုပ်စုက ASEAN သည် မည်သည်ကိုမျှ မလုပ်နိုင်ကြောင်း သိသောကြောင့် ထိုအဖွဲ့ကို အကာအကွယ်အဖြစ် ထိထိရောက်ရောက် အသုံးပြုသည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ တံခါးဖွင့်လာသောအခါ ASEAN ခေါင်းဆောင်များက မဆိုင်းမတွ ဂုဏ်ယူကြပြီး ၎င်းတို့၏ ထိတွေ့ဆက်ဆံရေးသည် အောင်မြင်သည်ဟု ဆိုကြသည်။ သို့သော် အမှန်တရားမှာ ယခင်စစ်အာဏာရှင်များအောက်တွင် မြန်မာနိုင်ငံ နေထိုင်ခဲ့ရသည့် ဆယ်စုနှစ်များစွာအတွင်း ASEAN သည် မည်သည်ကိုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိဘဲ ဒီမိုကရေစီမဟုတ်သည့် အဖွဲ့ဝင်နိုင်ငံများသည် အနှောက်အယှက်မရှိ ဆက်လက်ဖိနှိပ်ခွင့်ပြုထားသည်။

တနင်္ဂနွေနေ့တွင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ASEAN-တရုတ် ထိပ်သီးဆွေးနွေးပွဲတက်ရန် တရုတ်နိုင်ငံ ချုံချင့်သို့ သွားခဲ့သည်။

တရုတ်နိုင်ငံ၏သေနင်္ဂဗျူဟာသည် စစ်ကောင်စီတရားဝင်ရေးအတွက် ASEAN ကို အသုံးချနေခြင်းဖြစ်မည်လားဆိုသည့် မေးခွန်းထွက်ပေါ်လာသည်။ ထိုသို့ဆိုလျှင် မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များ ပိုမိုများပြားလာပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုကို သပိတ်မှောက်မှု ပိုမိုပြင်းထန်လာမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးထူထောင်ရန် ၎င်းတို့၏ အားထုတ်ခဲ့မှုများသည် အရာမရောက်ဟု တရုတ်က ယူဆနေပုံရပြီး ဆုံးရှုံးမှုများကို နည်းနိုင်သမျှ နည်းအောင် တရုတ်က ပြင်ဆင်နေပုံရသည်။

ဘေ့ဂျင်းမှ ခေါင်းဆောင်ပိုင်းအနေဖြင့် မြန်မာနိုင်ငံမှ ပကတိအရှိကို ပိုမိုပွင့်လင်းစွာပြောကြားပြီး မြန်မာနိုင်ငံမှ မတည်ငြိမ်မှုများနှင့် ဖရိုဖရဲဖြစ်ရပ်များသည် တရုတ်နိုင်ငံအပေါ်ဆိုးကျိုး မသက်ရောက်မီ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒပြောင်းရန် လိုသည်။ အဘယ်ကြောင့်နည်း။ ၁၉၈၈ ခုနှစ်က အာဏာသိမ်းပြီး တက်လာသည့် စစ်အုပ်စုနှင့် မတူဘဲ လက်ရှိစစ်ကောင်စီသည် ပြည်သူများနှင့် နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိသလို လက်နက်ကိုင်ပုန်ကန်မှု သစ်များကိုလည်း တားဆီးနိုင်ခြင်းမရှိဘဲ လူထုမုန်းတီးမှုကို မထိန်းချုပ်နိုင်ဘဲ စီးပွားရေးကိုလည်း မကယ်တင်နိုင်ပေ။ မြန်မာနိုင်ငံမှ ဖရိုဖရဲအခြေအနေများသည် တရုတ်၏ မြန်မာမှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို ပြင်းထန်သော အန္တရာယ် ကျရောက်စေနိုင်သည်။

စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူများက စစ်ကောင်စီကို အသိအမှတ်မပြုရန် နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုကြသည်။ သို့သော် တရုတ်သည် မြန်မာ စစ်အာဏာသိမ်းမှုကို မရှုတ်ချသလို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကြားဝင်ဆောင်ရွက်ပေးမှုကို ဆန့်ကျင်ပြီး ASEAN ကို သြဇာလွှမ်းမိုးရန် ကြံစည်နေသည်။

တရားမဝင် အာဏာလုယူမှုနှင့် မြန်မာနိုင်ငံမှ ဖရိုဖရဲအခြေအနေများသည် တရုတ်-မြန်မာဆက်ဆံရေး သွင်ပြင်လက္ခဏာအားလုံးကို ထိခိုက်စေသည်။ တရုတ်က လူသတ်စစ်ကောင်စီကို ထောက်ခံနေပါက မြန်မာနိုင်ငံအတွင်း တရုတ်ကို အုံကြွဆန့်ကျင်မှု ပေါ်ပေါက်လာမည်ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Trying to Legitimize Myanmar’s Regime Can Only Backfire for China ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ASEAN ကို အယုံအကြည် မရှိကြောင်း မြန်မာ စစ်အာဏာသိမ်း ဆန့်ကျင်သူများပြော

အကျဉ်းသား လွှတ်ရန်နှင့် သဘောတူညီချက် လိုက်နာရန် မြန်မာကို အာဆီယံ တိုက်တွန်း

သဘောထားကွဲနေတဲ့ အာဆီယံ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ရောက်လာ

အာဆီယံအဖွဲ့အပြီး တရုတ်သံအမတ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

Your Thoughts …
Tags: Aseanတရားဝင်အောင် ကြိုးစားခြင်းတရုတ်အတွက် ဆိုးကျိုးဘုံသဘောတူညီချက်အာဏာသိမ်း စစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

by ဧရာဝတီ
3 January 2025
14.9k

ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာဆွေးနွေးပွဲကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သူ ဦးမြအေး အပါအဝင် စုစုပေါင်း ၃၉ ဦး...

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

by Igor Blazevic
27 July 2024
4.7k

၎င်းတို့သည် မြန်မာမှ ပကတိအခြေအနေနှင့် လုံးဝ ကင်းကွာသည့် ၎င်းတို့အယူအဆများကိုသာ ပဲ့တင်ထပ်သော ခန်းမများတွင်သာ နေထိုင်ကြပုံရသည်။

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

Next Post
သန်လျင်မြို့ရှိ သီလဝါအထူး စီးပွားရေးဇုန် B  / MJTD

အာဏာသိမ်းပြီးနောက် သီလဝါအထူးစီးပွားရေးဇုန်၌ ယာယီရပ်ဆိုင်းသည့် စက်ရုံ ၃၀ နီးပါးရှိလာ

စစ်ကောင်စီနှင့်အတူ ရပ်တည်သည့် တရုတ်အစိုးရအား မြန်မာနိုင်ငံသားများက ဖေဖေါ်ဝါရီ ၁၁ရက်က ရန်ကုန်တရုတ်သံရုံးရှေ့တွင် ဆန့်ကျင်ဆန္ဒပြကြစဉ်  / ဧရာဝတီ

NUG ကို ထိတွေ့ဆက်ဆံမှု မပြုသည့် အပေါ် စိုးရိမ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ စာပို့

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

5 days ago
5.7k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.3k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate