• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ

by ဧရာဝတီ
25 August 2021
in အယ်ဒီတာ့အာဘော်
A A
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနာဂတ် နေပြည်တော်ကို သူ့မိန့်ခွန်းတွင် ပုံဖော်ပြောဆိုခဲ့သည်

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနာဂတ် နေပြည်တော်ကို သူ့မိန့်ခွန်းတွင် ပုံဖော်ပြောဆိုခဲ့သည်

190.5k
VIEWS
Share on FacebookShare on Twitter

အာဏာရှင်အားလုံးတွင် အိပ်မက်များရှိပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ခြွင်းချက်မဟုတ်ပေ။

ပြီးခဲ့သောအပတ်က နေပြည်တော်စည်ပင်သာရေးကော်မတီ အစည်းအဝေးသို့ သူတက်ရောက်ပြီး မြို့သူမြို့သားများအတွက် မြေအောက်ရထားစနစ်များနှင့် လျှပ်စစ်ဘတ်စ်ကားများသာမက တက္ကသိုလ်များလည်း ပါဝင်သည့် သပ်ရပ်ပြီး အဆင့်မြင့်သော စိမ်းလန်း မြို့တော်ကြီးကို ဖန်တီးရန် ညွှန်ကြားလိုက်သောအခါ လူအများအပြားအတွက် ရယ်စရာဖြစ်ရသည်။

မြန်မာနိုင်ငံအလယ်ပိုင်း ပျဉ်းမနား မြို့စွန်တွင်တည်ရှိသော မင်းတို့စံရာ နေပြည်တော်ကို ယခင်စစ်အုပ်စုဖြစ်သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၀၆ ခုနှစ်တွင် အစိုးရရုံးစိုက်ရာနေရာတခုလုံး ရွှေ့ပြောင်းရေးအတွက် လျှို့ဝှက်ဆုံးဖြတ်ပြီး ၂၀၀၀ ပြည်နှစ်တွင် စတင်ပြီး တိတ်တဆိတ် တည်ဆောက်ခဲ့သည်။ မြို့တော်သစ်တည်ဆောက်သော ကုန်ကျစရိတ်ကို အများပြည်သူသို့ ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း ထိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံမှ ၄ ဘီလီယံအထိ ကုန်ကျနိုင်ကြောင်း သတင်းများက ဆိုသည်။

အချို့မီဒီယာများက ထိုမြို့တော်ကြီးသည် အသက်ဝိဉာဉ်ကင်းမဲ့သည့် တစ္ဆေမြို့ကြီးဖြစ်ကြောင်း ဖေါ်ပြသည်။ သို့သော် ထိုမြို့တော်ကြီးသည် ယခုအခါ အုပ်ချုပ်ရေးမြို့တော်ဖြစ်နေပြီး စစ်အာဏာသ်ိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ၎င်းတို့၏လက်များတွင် သွေးစွန်းနေသော ဗိုလ်ချုပ်အများအပြားသည် ထိုမြို့တော်တွင် အငြိမ်းစားယူ နေထိုင်ကြသည်။ သို့သော် ထိုမြို့တော်ကြီးသည် လူသန်း ၂၀ နေထိုင်ရန် ပုံစံရေးဆွဲထားပြီး နိုင်ငံတကာဆက်ဆံရေး အချက်အခြာနေရာဖြစ်လာမည်ဟု သူ့ကိုယ်သူ ဝန်ကြီးချုပ်ခန့်ထားသူက သူ၏ မိန့်ခွန်းတွင် ပြောသည်။ လက်ရှိအချိန်အထိ လူဦးရေ တသန်းအောက်သာရှိသော ထိုမြို့တော်သည် လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် စီးပွားရေးရာဇဝတ်မှုများ ကျူးလွန်ထားသည့် အာဏာရှင်များနှင့် ဗိုလ်ချုပ်များအတွက် လူထုအုံကြွမှုများမှ အကာအကွယ်ပေးသည့် ဘေးကင်းလုံခြုံသော နေရာတခုထက် မပိုသေးပေ။

လက်ရှိအချိန်အထိ လူဦးရေ တသန်းအောက်သာရှိသော မြို့သည် လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် စီးပွားရေးရာဇဝတ်မှုများ ကျူးလွန်ထားသည့် အာဏာရှင်များနှင့် ဗိုလ်ချုပ်များအတွက် လူထုအုံကြွမှုများမှ အကာအကွယ်ပေးသည့် ဘေးကင်းလုံခြုံသော နေရာတခုထက် မပိုသေးပေ။

မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဖြုတ်ချခံအစိုးရ နိုင်ငံတော်အတိုင်ပင်ခံ နှင့် နိုင်ငံခြားရေးဝန်ကြီး) ကိုလည်း ထိုမြို့မှ နေရာတခုခုတွင် နေအိမ်အကျယ်ချုပ် ချုပ်နှောင်ထားသည်။ သူ့ကိုမည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို အတိအကျမသိရသော်လည်း သူ့ကို ထိပ်တန်း တပ်မှူးများ၏နေအိမ်များအနက်တခုတွင် ချုပ်နှောင်ထားသည်ဟု ခန့်မှန်းကြသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် နေပြည်တော်၏ အနာဂတ်နှင့်ပတ်သက်သည့် သူ၏ ထူးဆန်းအံ့သြဖွယ်ရာ ညွှန်ကြားချက်ကို မစားရဝခမန်း ပြောနေစဉ်မှာပင် တိုင်းပြည်မှာ ကျဆုံးနိုင်ငံတော်အဆင့်သို့ အလျှင်အမြန် ဆက်လက်ကျဆင်းနေသည်။ နိုင်ငံ၏ ထောင်များတွင် နိုင်ငံရေးသမားများ၊ ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများနှင့် သမားတော်များဖြင့် ပြည့်နှက်နေသည်။ စီးပွားရေးသည် ပြိုလဲနေပြီး မြို့ကြီးများနှင့် ကျေးလက်များတွင် အကြမ်းဖက်မှုများက လျှော့ကျခြင်းမရှိဘဲ ငယ်ရွယ်ပညာတတ်သူများသည် တောတောင်များအတွင်း စစ်သင်တန်းများ တက်ရောက်ခြင်း သို့မဟုတ် အခြားနိုင်ငံများသို့ ထွက်ပြေးနေကြသည်။ ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ၊ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုများသည် ရန်ကုန်နှင့် မန္တလေးမြို့လယ်တွင်သာမက နိုင်ငံအနှံ့အပြားတွင်ပါ သာမန်ဖြစ်ရိုးဖြစ်စဉ်မျှသာ ဖြစ်လာနေသည်။ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတကာအသိုက်အဝန်းက ပြစ်တင်ရှုတ်ချနေပြီး အနောက်နိုင်ငံအစိုးရများက စစ်ကောင်စီကို အရေးယူပိတ်ဆို့နေကြသည်။ အိမ်နီးချင်းအချို့အပါအဝင် ကမ္ဘာ့နိုင်ငံအများစုက စစ်ကောင်စီက ငမ်းငမ်းတက်လိုချင်နေသည့် တရားဝင်မှုကို မပေးလိုကြပေ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသော စိမ်းလန်းစိုပြေအဆင့်မြင့်မြို့တော်တွင် မြေအောက်ရထားများပြေးဆွဲနေသည့် သူ၏ စိတ်ကူးယဉ်အိပ်မက် အကောင်အထည်မဖော်မီ မြန်မာနိုင်ငံသည် ငရဲ မဟုတ်လျှင်ပင် ပိုမိုကျပ်တည်း ဆိုးရွားသည့် ဖရိုဖရဲအခြေအနေသို့ ကျဆင်းပေတော့မည်။

စီးပွားပျက်ကပ်

ဇူလိုင်လက ကမ္ဘာ့ဘဏ်၏ မြန်မာစီးပွားရေးလေ့လာစောင့်ကြည့်မှု အစီရင်ခံစာအရ ဆက်လက်ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းနှင် လျှင်မြန်စွာ ကူးစက်နေသော ကိုဗစ်နိုင်တင်း တတိယလှိုင်းသည် ၂၀၂၀ ခုနှစ်က ကပ်ရောဂါကြောင့် ချည့်နဲ့နေသော စီးပွားရေးကို အပြင်းအထန်ထိခိုက်စေကြောင်းသိရသည်။ စီးပွားရေးသည် ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားပြီး အသက်များ၊ အသက်မွေးဝမ်းကြောင်းများ၊ ဆင်းရဲနွမ်းပါးမှုနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုတကို များစွာဆိုးရွားစေမည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသော စိမ်းလန်းစိုပြေအဆင့်မြင့်မြို့တော်တွင် မြေအောက်ရထားများပြေးဆွဲနေသည့် သူ၏ စိတ်ကူးယဉ်အိပ်မက် အကောင်အထည်မဖော်မီ မြန်မာနိုင်ငံသည် ငရဲ မဟုတ်လျှင်ပင် ပိုမိုကျပ်တည်း ဆိုးရွားသည့် ဖရိုဖရဲအခြေအနေသို့ ကျဆင်းပေတော့မည်။

မြန်မာနိုင်ငံအတွက် လွတ်လပ်သော စီးပွားရေးပညာရှင်များ (IEM) ၏ အစီရင်ခံစာသစ်တွင် စစ်ကောင်စီ၏ ကပ်ဘေးသဖွယ် ဆိုးရွားလှသော စီမံခန့်ခွဲမှု အမှားများသည် အစွမ်းကုန် ဆိုးရွားလှသည့် ဘဏ်လုပ်ငန်း အကျပ်အတည်းကို ဖြစ်စေကြောင်း ဖေါ်ပြသည်။ IEM သည် မြန်မာနိုင်ငံမှ အစိုးရနှင့် ဘဏ်လုပ်ငန်းများတွင် လုပ်ကိုင်နေသော ဘောဂဗေဒနှင့် ဘဏ္ဍာရေးကျွမ်းကျင်သူများ၏ အဖွဲ့ဖြစ်သည်။

အထက်ပါအစည်းအဝေးတွင် စစ်ခေါင်းဆောင်၏ စိတ်ကူးယဉ်အိပ်မက်ကို တာဝန်ကျေ မှတ်စုရေးသားနေသည့် လက်အောက်ငယ်သားများကို တွေ့ရသည်မှာ သနားစရာကောင်းလှသည်။ ၎င်းတို့သည် လုံလောက်စွာ ရဲရင့်ထက်မြက်သူများဖြစ်လျှင် ၎င်းတို့၏ အကြီးအကဲကို မြေပြင်မှ ပကတိအခြေအနေများအား ပြောကြားကြမည်ဖြစ်သည်။ ဆန္ဒပြပွဲများတွင် ချထားသောတပ်များအတွက် ပစ်သတ်မိန့်ပေးခဲ့သော သူ၏ အာဏာလုပြီး ၆ အကြာတွင် ပြောကြားသည့် နေပြည်တော် ဖွံ့ဖြိုးရေးအတွက် ညွှန်ကြားချက်များသည် အရှိ ပကတိတရားနှင့် လုံးဝကင်းကွာနေပေကြောင်း။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Boss Min Aung Hlaing’s Delusions of Grandeur ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

စစ်အာဏာရှင်တဦး၏ ရူးသွပ်မှုကြေညာစာတမ်း

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
0
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
499
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
193

တကိုယ်တော် အာဏာသိမ်းမှု မဟုတ်ပါ

မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း

အကြမ်းနည်း တိုက်ခိုက်မှုတွေ ပြင်းထန်လာတဲ့ ရန်ကုန်

Your Thoughts …
Tags: စိတ်လွတ်ကိုယ်လွတ်ဗိုလ်ချုပ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိန့်ခွန်းအနာဂတ် နေပြည်တော်အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ခေါင်းဆောင် မိန့်ခွန်းပြောနေချိန် ကျောက်မဲမြို့ကို TNLA သိမ်းပိုက် (ရုပ်/သံ)

စစ်ခေါင်းဆောင် မိန့်ခွန်းပြောနေချိန် ကျောက်မဲမြို့ကို TNLA သိမ်းပိုက် (ရုပ်/သံ)

by ဇော်မြတ်ခန့်
6 August 2024
620

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ရဲ့ လုံခြုံရေးဆိုင်ရာအခြေအနေတွေကို မိန့်ခွန်းပြောနေတဲ့အချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြိို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

ပြောင်းပြန်ယူရမယ့် တပ်ချုပ်မိန့်ခွန်း (ရုပ်/သံ)

ပြောင်းပြန်ယူရမယ့် တပ်ချုပ်မိန့်ခွန်း (ရုပ်/သံ)

by ဧရာဝတီ
6 December 2025
118

Editorial Talk

သမီးကိုထောင်ချ အဖေကို လိုရာသုံးနေတဲ့ စစ်တပ် (ရုပ်/သံ)

သမီးကိုထောင်ချ အဖေကို လိုရာသုံးနေတဲ့ စစ်တပ် (ရုပ်/သံ)

by ဧရာဝတီ
30 October 2025
117

အာဏာသိမ်းစစ်တပ်ဟာ သူရဲ့ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတာတွေ မလုပ်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်းကို ကောက်နှုတ်ကာ စစ်တပ်ဝါဒဖြန့် သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံမှာ နေ့စဉ်ဖော်ပြနေပါတယ်။

ဦးသိန်းစိန်, သမ္မတ, မိဘပြည်သူများ, မိန့်ခွန်း, နိုင်ငံရေး, ရွေးကောက်ပွဲ

လာမယ့်သက်တမ်းအတွက် သမ္မတဦးသိန်းစိန် အပိုင်တွက်ထားပြီလား

by မောင်ဉာဏ
8 October 2015
10k

ဦးသိန်းစိန် မိန့်ခွန်းကို နားမထောင်ဖြစ်ခဲ့တာ လအတန်ကြာပြီဖြစ်ပါတယ်။ လက်တွေ့မှာ ဘာမှ သိပ်ထူးထူးခြားခြားဖြစ်မလာတော့ စိတ်ဝင်စားမှုနည်းပြီး နားမထောင်ဖြစ်တာပါ။ စက်တင်ဘာလအတွက် မိန့်ခွန်းကိုတော့ ရွေးကောက်ပွဲလည်း တလကျော်လောက်သာ လိုတော့တာမို့ နားထောင်ဖြစ်ခဲ့ပါတယ်။

နေပြည်တော်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ဖွင့်ပွဲတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် မိန့်ခွန်းပြောကြားနေစဉ် / သီဟလွင် / ဧရာဝတီ

စစ်တပ်က နိုင်ငံရေးတွင် မစွက်ဖက်ရန် ဗိုလ်ချုပ်၏ မိန့်ခွန်း သမ္မတ ပြန်ကိုးကား

by သီဟလွင်
13 February 2020
11k

တပ်မတော်က နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်မှုများ မလုပ်ရန် ပြောဆိုခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ဖွင့်ပွဲ အခမ်းအနားတွင် ပြန်လည်ကိုးကား ပြောဆိုလိုက်သည်။

မိန့်ခွန်းဖြတ်တောက်ခံရသဖြင့် မိန့်ခွန်းပြောသည့် ရုပ်သံရိုက်ကူးခြင်းကို မဆောင်ရွက်တော့ဟု ကြေညာထားသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ / မျိုးမင်းစိုး / ဧရာဝတီ

နိုင်ငံရေးပါတီအချို့၏ မဲဆွယ်မိန့်ခွန်းရုပ်သံ ဆင်ဆာဖြတ်တောက်ခံရ

by ဇင်လင်းထက်
23 September 2020
12.6k

ဆင်ဆာဖြတ်တောက်ခံရသည့် အထဲတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးကိစ္စ၊ ဧရာဝတီတိုင်း မအူပင် မြို့နယ်မှ မလက်တိုရွာ မြေယာအရေးကိစ္စ၊ မန္တလေးတိုင်း အောင်သပြေရွာမှ ရွာသားများနှင့် ဘိလပ်မြေစက်ရုံ တို့ ပဋိပက္ခဖြစ်သည့် အရေးကိစ္စများ ပါဝင်ကြောင်း

Next Post
၂၀၁၇ ခုနှစ်အတွင်း  ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှ်နန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု

စင်ကာပူက စစ်ကောင်စီနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထား

NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီးများကို တွေ့ရစဉ်  / ဧရာဝတီ

ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ၄ ဦးကို စစ်တွေထောင်သို့ ပို့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved