အယ်ဒီတာ့အာဘော်

သူခိုးက လူဟစ်နေကြချိန်

Want create site? Find Free WordPress Themes and plugins.

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် ပြည်ထောင်စု ဝန်ကြီးများ တိုင်းဝန်ကြီးချုပ်များနှင့် တိုင်းဝန်ကြီး များ၊ နေပြည်တော် ကောင်စီဝင်များကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

အစိုးရ တရပ်သည် လက်နက်ပြကာ အာဏာသိမ်းခံရပါက အစိုးရ အဖွဲ့ဝင်များ ဖမ်းဆီး ထိန်းသိမ်းခံရသည်မှာ မလွဲမသွေပင် ဖြစ်သော်လည်း ယနေ့ စစ်တပ်၏ တတိယအကြိမ် အာဏာသိမ်းမှုက နိုင်ငံရေးသမားများကို ထိန်းသိမ်းထားခြင်းထက် ဂုဏ်သိက္ခာမဲ့အောင် အမှုအမျိုးမျိုးဆင် လုပ်ဆောင်မှုက ပိုကဲနေသည်ကို တွေ့ရသည်။

ဤသို့ လုပ်ဆောင်မှုများက နိုင်ငံရေးအရ သိက္ခာချမှု ညှဉ်းဆဲမှု တမျိုးပင် ဖြစ်သည်။

ထို့အတွက် အသာစီးရတိုင်း တဖွဲ့က တဖွဲ့အပေါ် ညှဉ်းဆဲခြင်း မပြုရန် ၁၉၅၈ ခုနှစ် တဝိုက်က ဖဆပလအစိုးရ၏ နုတင်- ဆွေငြိမ်း အကွဲတွင် ဝန်ကြီးချုပ် ဦးနု ကြိုတင်ပြောဆို သတိပေးဖူးကြောင်း သိရသည်။

ယခုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် တိုင်းဝန်ကြီးချုပ်များ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်ကအစ ဦးရဲမင်းဦး အဆုံး အစိုးရ အဖွဲ့ဝင်များကို နိုင်ငံရေးအရ ထိန်းသိမ်းသည် ဆိုခြင်းထက် အငြိုးအတေးဖြင့် အဂတိလိုက်စားမှု အပါအဝင် အမှုအမျိုးမျိုး၊ ပုဒ်မအမျိုးမျိုး ရှာကြံကာ တရားစွဲထားသည်မှာ လူတိုင်းအသိပင် ဖြစ်သည်။

မကြာသေးမီကလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကိုပင် သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသော ဒေသများသို့ ကူညီ ကယ်ဆယ်ရေး သွားရောက်ရန် နှင့် နိုင်ငံတော်၏ အရေးကြီးကိစ္စရပ်များ လုပ်ဆောင်ရာတွင် သုံးရန် ရဟတ်ယာဉ်တစင်း ငှားရမ်းမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်ပိုင် ငွေကြေးများ ထိခိုက်နစ်နာသည်ဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အမှုဖွင့်ခဲ့ပြန်၏။

သို့သော် ရယ်စရာကောင်းသည်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယင်းပုဂ္ဂိုလ်များသည် နိုင်ငံတော်ကို နှစ်ပေါင်း များစွာ အုပ်စီးထားသည့် စစ်ဗိုလ်ချုပ်ကြီးများနှင့် နှိုင်းယှဉ်ပါက မည်သို့သော ပုဂ္ဂိုလ်၊ မည်သို့သော လူစားများ ဖြစ် သည်ကို ပြည်သူများက သိနေခြင်းပင် ဖြစ်သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မပေါင်းများစွာတပ်၍ တရားစွဲထားပြီး ထိုအထဲတွင် အဂတိမှုများ အဖြစ် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့် ဒေါ်လာများ လက်ခံရယူခြင်း၊ ရန်ကုန်မြို့ တက္ကသိုလ်ရိပ် သာလမ်းရှိ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရုံးချုပ်နှင့် နေပြည်တော် လရောင်တော စီမံကိန်းတို့အတွက် ထိုက်သင့်သည့် မြေတန်ဖိုးအား နိုင်ငံတော်သို့ မပေးသွင်းခဲ့ခြင်းနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အလှူငွေ ကျပ် ၁.၆ ဘီလီယံအား သုံး ကာ ၎င်းနေထိုင်ရန် အိမ်တလုံးဆောက်ခဲ့ခြင်း တို့ကြောင့်ဟု စွပ်စွဲပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်ထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု သုံးကြိမ်ဖြစ်ပွားခဲ့ရာ ပထမအကြိမ်မှာ ၁၉၆၂ ခုနှစ် မတ် ၂ ရက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံတော် ချောက်ထဲကျရန် လက်နှစ်လုံးအလို ကယ်တင်လိုက်သည်ဆိုကာ အာဏာသိမ်းခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းကြည်နှင့် သမ္မတ အပါအဝင် ပြည်ထောင်စု ဝန်ကြီးများအား နေပြည်တော်ရှိ အထူး မြေကွက် ၁၆ ကွက် ချထားပေးမှု၊ ဒက္ခိဏသီရိမြို့နယ်ရှိ စီးပွားရေးဇုန် မြေကွက်များကို စည်ပင် သတ်မှတ်ဈေးဖြင့် ချထားပေးမှု တွင် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများ ရှိသည်ဟု ဆိုကာ အဂတိမှုဖြင့် ထပ်မံ အမှုဖွင့်ထားပြန်သေးသည်။

အဂတိ လိုက်စားမှု ပုဒ်မများဖြင့် သိက္ခာကျအောင် တရားစွဲခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပိုင်ဆိုင်မှုနှင့် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၏ ယနေ့ ချမ်းသာကြွယ်ဝမှုကို နှိုင်းယှဉ်ကြည့်ပါက မိုးနှင့်မြေလို ကွာခြားမည် ဖြစ်သကဲ့သို့ သမ္မတဟောင်း ဦးသိန်းစိန်နှင့် နှိုင်းယှဉ်ပါကလည်း ဆီနှင့်ရေလိုပင် ပိုင်ဆိုင်မှုအရာတွင် တန်းမယှဉ်နိုင်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု သုံးကြိမ်ဖြစ်ပွားခဲ့ရာ ပထမအကြိမ်မှာ ၁၉၆၂ ခုနှစ် မတ် ၂ ရက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံတော် ချောက်ထဲကျရန် လက်နှစ်လုံးအလို ကယ်တင်လိုက်သည်ဆိုကာ အာဏာသိမ်းခဲ့သည်။

ထိုစဉ်က သမ္မတ မန်းဝင်းမောင်၊ ဝန်ကြီးချုပ် ဦးနုနှင့် ဝန်ကြီးများ တရားရေးဝန်ကြီး ဦးမြင့်သိန်း၊ ရှမ်းစော်ဘွားများ၊ လူမျိုးစု လွှတ်တော် ဥက္ကဋ္ဌများ အပါအဝင် အာဏာမဲ့နေသည့် ဦးဗဆွေ၊ ဦးကျော်ငြိမ်း စသည့် ဖဆပလ အစိုးရအဖွဲ့ဝင် သစ် အဖွဲ့ဝင်ဟောင်းများလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့သည်။

သို့သော် “သည်လူအုပ်ထဲ ထင်းရှူး သေတ္တာတလုံး ချပေးလိုက်ရင် တစစီပင် ကျန်မည်မထင်” ဟု ဖဆပလ၏ အကျင့်ပျက် ခြစားမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် ဥပမာတင် ပျက်ရယ်ပြုခဲ့ရသည့် သူ၏ အစိုးရအဖွဲ့ဝင် တဦး တယောက်ကိုမျှ အဂတိလိုက်စားမှုနှင့် ပုဒ်မတပ် အရေးယူလိုက်သည်ကို မတွေ့ရပေ။

ထိုခေတ် ထိုအခါက “ကျော်ငြိမ်း၏ နန်းတော်ကြီး”ဟု လူပြောများပြီး ခန့်ညား ထည်ဝါသည့် အိမ်ကြီး တည်ဆောက်ခဲ့သည့် ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်းကိုပင် ဗိုလ်ချုပ်ကြီး နေဝင်းက အဂတိအမှုဖြင့် ရှာကြံကာ အပြစ်မယူခဲ့ပေ။

လေး ငါးနှစ်တိုင် နိုင်ငံရေး ပုဒ်မသာ တပ်ကာ ထိန်းသိမ်းခဲ့ခြင်း ဖြစ်သဖြင့် နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင် ပြန်တွေ့သည့်အခါ တဦးနှင့် တဦး အခင်အမင် မပျက် ပြုံးပြုံးရွင်ရွင် လက်ဆွဲ နှုတ်ဆက် တွေ့ဆုံနိုင်ခဲ့သည်ကို တွေ့ရသည်။

၁၉၈၈ ခုနှစ် စစ်တပ်မှ ဗိုလ်ချုပ်ကြီး ဖွဲ့စည်းထားသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် အစိုးရထံမှ အာဏာလွှဲပြောင်းယူစဉ် ကလည်း မဆလ အစိုးရအဖွဲ့ဝင်များ ဖမ်းဆီးခြင်း မခံရပါ။

အလားတူ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အာဏာရစဉ် ယခင်အစိုးရဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး ဖွံဖြိုးရေးပါတီမှ တိုင်းဝန်ကြီးချုပ်များက ဖွံ့ဖြိုးရေး ရန်ပုံငွေဟု အမည်တပ်ကာ သုံးစွဲထားသည့် ငွေ သိန်းပေါင်းသောင်းချီသည့် ထင်ရှားသော အမှုများကိုပင် အသာစီးယူကာ ထောင်သွင်း အကျဉ်းချခြင်း မရှိခဲ့ပေ။

၁၉၈၈ ခုနှစ် စစ်တပ်မှ ဗိုလ်ချုပ်ကြီး ဖွဲ့စည်းထားသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် အစိုးရထံမှ အာဏာလွှဲပြောင်းယူစဉ် ကလည်း မဆလ အစိုးရအဖွဲ့ဝင်များ ဖမ်းဆီးခြင်း မခံရပါ။

၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တိုင်းပြည်ကို အုပ်ချုပ်သွားသည့် ဗိုလ်ချုပ်ကြီး နေဝင်းသည်လည်း သားစဉ်မြေးဆက်တိုင် ချမ်းသာသော်လည်း အဂတိမှုနှင့် တရားစွဲခံရခြင်း မရှိသလို၊ ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အာဏာရယူခဲ့ သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်လည်း ချမ်းသာကြွယ်ဝမှုများ ရှိသော်လည်း ယနေ့တိုင် အဂတိအမှုဖြင့် တရားစွဲ ခြင်း မခံရ။ အလားတူ ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခဲ့ပြီး ၂၀၂၁ တွင် အာဏာသိမ်းသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း အရှင်မွေး နေ့ချင်းကြီး ဆိုသလို ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူပြီး နောက် မိသားစု စီးပွားရေး ဒီရေအလား တိုးပွားခဲ့သော်လည်း အဂတိမှုဖြင့် မည်သူကမှ တရားစွဲခြင်း မရှိပေ။

တကယ်တော့ နိုင်ငံရေးအရ ညှဉ်းဆဲသည် ဆိုခြင်းမှာ မကောင်းပါ၊ အသာစီးရတိုင်းသာ ညှဉ်းဆဲမှု ပြုလုပ်ပါက လက်စားချေမှုများ ဖြစ်လာမည်မှာ မလွဲမသွေဖြစ်ရာ နိုင်ငံရေးအရ ထားအပ်သည့် စောင့်စည်းမှုဝတ္တရားလည်း ပျက်စီးကာ တဖွဲ့နှင့် တဖွဲ့ အပြတ်ရှင်း အသေသတ်သည့် အတွေးအခေါ်များသာ ကြီးစိုးလာမည် ဖြစ်သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ လက်ရှိ မြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေး လောကပါလ တရား ဆိတ်သုဉ်းနေပြီး သူခိုးက လူဟစ်နေသူများ အထိန်းအကွပ်မဲ့ သောင်းကျန်းနေကြခြင်းပင်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှု ၄ မှုဖြင့် ထပ်မံတရားစွဲ

စစ်တပ်က အတိုင်ပင်ခံပုဂ္ဂိုလ် နာမည်သုံးပြီး တပ်တွင်းစည်းရုံးရေး လုပ်ခဲ့သလား

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့ မြေကွက်ကိစ္စ အဂတိမှုဖြင့် အမှုဖွင့်ခံရ

NLD ကို တရုတ် ကာကွယ်တာဟာ ဗမာပြည်သူတွေရဲ့ စိတ်အညှာကို ကိုင်လိုက်တာ

မိုးလုံးပြည့် မုသာဝါဒ သို့မဟုတ် စစ်ကောင်စီ၏ မသေသပ်သော ဝါဒဖြန့်ချိရေး ဓာတ်ပြားဟောင်း

Did you find apk for android? You can find new Free Android Games and apps.
Loading