• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

အာဏာသိမ်းမှုများက တိုင်းပြည်ကျရှုံးမှုကိုသာ ဦးတည်နေ

by ဧရာဝတီ
22 September 2021
in အယ်ဒီတာ့အာဘော်
A A
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နေပြည်တော်တွင် စစ်တပ်က ပစ်သတ်ပြီး သေဆုံးသွားသော မမြသွဲ့သွဲ့ခိုင် အမှတ်တရ ဆန္ဒပြပွဲတခု / ဧရာဝတီ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နေပြည်တော်တွင် စစ်တပ်က ပစ်သတ်ပြီး သေဆုံးသွားသော မမြသွဲ့သွဲ့ခိုင် အမှတ်တရ ဆန္ဒပြပွဲတခု / ဧရာဝတီ

124.6k
VIEWS
Share on FacebookShare on Twitter

လက်နက်ဖြင့် အာဏာသိမ်းမှုတိုင်းသည် နောက်ဆုံးတွင် တိုင်းပြည်ကျရှုံးမှုနှင့်သာ အဆုံးသတ်လေ့ရှိကြောင်း သမိုင်း က သက်သေခံလျက် ရှိသည်။

သို့ရာတွင် ထိုနည်းလမ်းကို ခုံမင်စွာအသုံးပြုပြီး တိုင်းပြည်ကျရှုံးအောင် လုပ်နေသူများ ရှိနေခြင်းက များစွာ စိတ်ပျက်ဖွယ်ရာပင် ဖြစ်၏။

RelatedPosts

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.7k
ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

17 May 2025
1.5k
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
494

မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက် တပ်မတော်သည် အကြောင်းပြချက် အမျိုးမျိုးဖြင့် ၃ ကြိမ်တိုင်တိုင် အာဏာသိမ်းခဲ့သည်။

တိုင်းပြည် ချောက်ထဲကျရန် လက်နှစ်လုံးအလိုဟု ဆိုကာ ဗိုလ်ချုပ်ကြီးနေဝင်း က ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်းခဲ့သလို နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးတော့မည် ဆိုပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဗိုလ်ချုပ်ကြီး စောမောင်က အာဏာသိမ်းခဲ့၏။

ထိုသို့ စစ်တပ်က အာဏာ တခါသိမ်းလိုက်တိုင်း လူနည်းစုသာ ကောင်းစားသွားပြီး တိုင်းပြည်နှင့်လူထုမှာ ဖွတ်ကျော ပြာစုသလို စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍများတွင် ဘက်စုံ ထိုး၍ ကျဆင်းသွားသည်ကို ကြုံဖူးသူတိုင်း အသိပင် ဖြစ်၏။

ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် တိုင်းပြည်သည် ဖွံဖြိုးမှုအနည်းဆုံး စာရင်းဝင်နိုင်ငံ ဖြစ်ခဲ့ရသလို နဝတ၊ နအဖ စစ်အစိုးရများ လက်ထက်တွင်လည်း ချွတ်ခြုံကျကာ ဆင်းရဲတွင်း နက်ခဲ့သည်ကို ကိုယ်တွေ့ ခံစားခဲ့ဖူးပြီး ဖြစ် သည်။

လူနည်းစု ကောင်းစားရေးကို ရှေးရှုကာ အာဏာတည်မြဲရန် နည်းမျိုးစုံဖြင့် ကြိုးစားရသည့် အတွက်လည်း ယင်းအဖွဲ့အစည်း၏ သိက္ခာတရားများ ကျဆင်းခဲ့သည်မှာ လက်တွေ့ ဖြစ်၏။

ထို့ပြင် အာဏာသိမ်း ခေါင်းဆောင်များသည်လည်း သမိုင်းတရားခံအဖြစ် အမြဲတမ်း စာရင်းသွင်းခံရကာ မိသားစုလိုက် လူတောမတိုး ခေါင်းမပြူဝံ့သည်မှာလည်း ယခင် အာဏာသိမ်းမှုများက သက်သေခံလျက် ရှိသည်။



အာဏာသိမ်းမှုကို လူထုက လက်မခံသလို အာဏာရှင်စနစ်ကိုလည်း ကမ္ဘာ့နိုင်ငံများက မကြိုက်။ ထို့အတွက် နိုင်ငံရေး၊ စီးပွားရေးတွင် တန်းတူရည်တူ ဆက်ဆံခြင်း မခံခဲ့ရချေ။

ယင်း အာဏာသိမ်းမှုကြောင့် တိုင်းပြည်သည် ချောက်အတွင်းက မတက်နိုင် ဖြစ်နေရသည်ကို တပ်မတော် ခေါင်းဆောင်များ အနေဖြင့် သတိပြုသင့်သော်လည်း မိုက်တွင်းနက်နေကြဆဲ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ထိုဖြစ်ရပ်များကို သင်ခန်းစာ ယူခြင်းမရှိ၊ အရပ်သားအစိုးရ မဲလိမ်မဲခိုး ပါသည် ဟုဆိုကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြန်၏။

သည်တကြိမ် အာဏာသိမ်းမှုက ရှေးယခင် အကြိမ်များထက် တိုင်းပြည် ပိုမိုပျက်စီးကာ ထိခိုက်နစ်နာမည့် လမ်းစများဆီ ဦးတည်နေသည်ကို တွေ့ရပြီး နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မြို့ရွာများ ပျက်စီးကာ လူအများ ထွက်ပြေးနေရ သည်။

ယခင် တည်ငြိမ်အေးချမ်းခဲ့သည့် ချင်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပြီးခဲ့သည့် ရက်ပိုင်း ဖြစ်ရပ်များက ဝမ်းနည်းစရာ ကောင်းလှ၏။

သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ထိုဖြစ်ရပ်များကို လျစ်လျူရှုကာ စစ်တပ် အနေဖြင့် “လိုအပ်ချက်အရ နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန်ယူ ထမ်းဆောင်နေရခြင်း ဖြစ်ကြောင်း” သာ အကြိမ်ကြိမ် ဆိုနေသည်။

ဤနေရာ၌ အမျိုးသားနိုင်ငံရေးတွင် ပါဝင်ရမည်ဟူသော အချက်ကို စွဲကိုင်ကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း အလိုအလျောက် နေရာရယူထားသူများအတွက် “လိုအပ်ချက်က” ဘယ်အရာကို ခေါ် သနည်းဟု မေးခွန်း ထုတ်စရာပင်။

သို့တည်းမဟုတ် မင်းသားကြီး မလုပ်ရ၍ ပတ်မကြီး ထိုးဖောက်ခြင်းလော၊ သို့တည်းမဟုတ် ဇာတ်စင်ကိုပါ မီးတိုက်ခြင်းလော တွေးစရာ ဖြစ်လာသည်။

လူထုအတွက်မူ လောကနိဗ္ဗာန်မှ လောကငရဲသို့ ထိုးဆင်းသွားသည့်အလား အံ့သြထိတ်လန့်စရာ အခြေအနေ ဆိုက်ခဲ့ ပြီး မိတကွဲဖတကွဲ အခြေအနေ၊ မည်သို့မျှ ထင်မထားသည့် ဖြစ်ရပ်များကို ရင်ဆိုင်နေရသည်။

စီးပွားရေး၊ ဘဏ္ဍာရေး ကျပ်တည်းကျဉ်းမြောင်းပြီး ကျီးလန့်စာ စားနေကြရသည့် ရှု့တ်ထွေးပွေလီနေသော အခြေအနေ များမှာမူ အထူးပင် ရှင်းပြနေစရာ လိုမည် မဟုတ်ချေ။

ခေတ္တခဏအတွက် အာဏာသိမ်းခဲ့ခြင်းက တိုင်းပြည်အနာဂတ် ပျောက်သွားသလို လူငယ်များ၏ အနာဂတ်မှာ လည်း မှောင်မိုက်သွားကြပြီ ဖြစ်သည်။

အာဏာသိမ်းသည့် နည်းလမ်းသည် နိုင်ငံပျက်စီးရုံမှတပါး အခြားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းနိုင်ဖွယ်မရှိ။

You may also like these stories:

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ

သူခိုးက လူဟစ်နေကြချိန်

မြန်မာ့တပ်မတော်တွင် စွမ်းရည်သုံးရပ် ကင်းမဲ့သွားပြီ

Your Thoughts …
Tags: ကျရှုံးမှုတပ်မတော်တိုင်းပြည်အာဏာသိမ်းမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၂၀၂၁ ခုနှစ်၊ မတ်လက ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ စစ်ထောက်လှမ်းရေး အစည်းအဝေး တက်ရောက်နေသည့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး  / Cincds

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

by ဧရာဝတီ
11 October 2022
19.8k

စစ်ထောက်လှမ်းအဖွဲ့ဝင်များကဲ့သို့ပင် စရခ အဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများထံမှ သတင်းရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.2k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စားဝတ်နေရေး ပိုမိုကျပ်တည်းလာတဲ့ ရန်ကုန်ထဲက ပြည်သူများ

by ဧရာဝတီ
10 October 2023
4.6k

အလုပ်လက်မဲ့နှုန်း တက်လာတာ၊ စက်သုံးဆီ ပြတ်လပ်မှု၊ ဆေးဝါးပြတ်လပ်မှု၊ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာတဲ့ ကိစ္စရပ်တွေအပြင် ဟိုအရင် စစ်အစိုးရခေတ်လို ဆီတိုး၊ ဆန်တိုးဘဝတွေဆီကို တကျော့ပြန် ရောက်ရှိ ပါတော့တယ်

စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်း

စိုးဝင်းက မင်းအောင်လှိုင်ကို အာဏာသိမ်းမည် မဟုတ်

by ဧရာဝတီ
19 August 2022
37.5k

ဒုစစ်ကောင်စီခေါင်းဆောင် စိုးဝင်းသည် ထိုသို့လုပ်ရပ်မျိုး မလုပ်ကြောင်း၊ ဆရာသမားကို ဆက်လက်သစ္စာခံကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့သည်။

အကြမ်းဖက်မှုအဆုံးသတ်ရေး မည်သူဆုံးဖြတ်မည်နည်း

အကြမ်းဖက်မှုအဆုံးသတ်ရေး မည်သူဆုံးဖြတ်မည်နည်း

by သီတာ & ကြည်စင်
27 October 2023
3.5k

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှု နောက်ပိုင်းတွင် နိုင်ငံရေး ရန်ဘက် ၂ ဘက်လုံးက တဘက်နှင့် တဘက် အကြမ်းဖက်သမားဟု တံဆိပ်ကပ်ကြသည်။

အာဏာသိမ်းအပြီး ၂ နှစ် ပြည့်သည့်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီး အချို့ကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်

ဆွေမျိုး မိတ်ဆွေ ကောင်းစားရေးနှင့် စစ်ဗိုလ်ချုပ်များ

by ဧရာဝတီ
12 February 2023
9.3k

အာဏာသိမ်းမှု ၂ နှစ် ပြည့်သည့်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီး အချို့ကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ အသစ်ခန့်အပ်သူထဲ စစ်ခေါင်းဆောင်၏ သူငယ်ချင်းဖြစ်သူ ပါဝင်နေသလို ပြောင်းလဲခန့်အပ်လိုက်သူ အများစုမှာလည်း စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်သည်။

Next Post
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တဖွဲ့  / CJ

တို့ပြည်သူတွေ ညီရဲ့လားဟေ့ ဆိုပြီး လမ်းပေါ်မှာ ညီတယ်ဟေ့ဆိုတာလောက်နဲ့ မရတော့ဘူး

ယခင်လက ကိုဗစ်ကူးစက်မှု ဖြစ်ပွားခဲ့သည့် မယ်လ ဒုက္ခသည် စခန်း / ကျော်ခ / ဧရာဝတီ

ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်းအတွက် ကိုဗစ်ကာကွယ်ဆေး ၄၀၀၀ ခန့် ရရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate