စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ဝမ်းနည်းစရာ အကောင်းဆုံးနေ့များကို ကြုံတွေ့ရသည်။ လွန်ခဲ့သော သောကြာနေ့က ဖြစ်ရပ်သည် လတ်တလော နောက်ဆုံးတွေ့ကြုံရသည့် ဖြစ်ရပ် ဖြစ်သည်။ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ရဟတ်ယာဉ် MI-35 များသည် ကောင်းကင်မှ ထိုးဆင်းလာပြီး ၎င်းတို့၏ ပစ်မှတ်များကို စက်သေနတ်များဖြင့် ပစ်ခတ်ကြသည်။ ၎င်းတို့၏ ပစ်မှတ်သည် စစ်မြေပြင်မဟုတ်ဘဲ ကလေးငယ် ၂၀၀ ခန့် ပညာသင်ကြားနေသည့် စာသင်ကျောင်းတခုသာ ဖြစ်သည်။ ထိုလေကြောင်းတိုက်ခိုက်မှုသည် တနာရီနီးပါးကြာပြီး ၇ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ကလေး ၉ ဦးနှင့် ကျောင်းဝင်းအတွင်းမှ လူကြီး ၆ ဦး သတ်ဖြတ်ခံရသည်။
လေကြောင်းတိုက်ခိုက်မှု ပြီးလျှင်ပြီးချင်း ခြေလျင်တပ်များ ဝင်ရောက်လာပြီး ကျောင်းကို ဝင်စီးသည်။ ထိုကျောင်းသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှ ဘုန်းကြီးကျောင်းအတွင်း တည်ရှိသည်။ ရောက်လာသည့် ထိုစစ်သားများက ကလေး ၂ ဦးကို ထပ်မံသတ်ဖြတ်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်း၏ အမိုးသည် ပွင့်လန် ပျက်စီးသွားသည်။ ကလေး အသားစများနှင့် အရိုးများသည် ထိုနေရာတခုလုံးတွင် ပြန့်ကြဲနေသည်။ ပန်ကာများ၊ မျက်နှာကျက်များနှင့် ကြမ်းပြင်များတွင် သွေးများစွန်းထင်းနေသည်။ စာအုပ်များ၊ ကျောင်းလွယ်အိတ်များသည် ၎င်းတို့၏ သွေးများဖြင့် စွန်းထင်းနေကြသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်း၏ အမိုးသည် ပွင့်လန် ပျက်စီးသွားသည်။ ကလေး အသားစများနှင့် အရိုးများသည် ထိုနေရာတခုလုံးတွင် ပြန့်ကြဲနေသည်။ ပန်ကာများ၊ မျက်နှာကျက်များနှင့် ကြမ်းပြင်များတွင် သွေးများစွန်းထင်းနေသည်။ စာအုပ်များ၊ ကျောင်းလွယ်အိတ်များသည် ၎င်းတို့၏ သွေးများဖြင့် စွန်းထင်းနေကြသည်။
ကလေးများ၏ မိဘများနှင့် မျက်မြင်သက်သေများက ကြောက်မက်ဖွယ် ထိုဖြစ်ရပ်ကို ပြန်ပြောကြသည်။ ကလေးများသည် ကျောင်းဝင်းအတွင်း ထွက်ပြေးပြီး ကလေး ၂ ဦးက ဆရာမတဦးကို အကူအညီ တောင်းသော်လည်း ထိုဆရာမသည် ဗုံးဆံထိမှန်ထားသည်။ ပုန်းအောင်နေသောနေရာမှ ထွက်ကာ စာသင်ခုံမှ သူ၏ လွယ်အိတ်ကို ပြန်ယူသော ကလေးငယ်တဦး ပစ်သတ်ခံရသည်။
“သားကို သတ်လိုက်ပါ၊ သား အရမ်းနာနေပြီ” ဟု အသက် ၇ နှစ်အရွယ် မောင်ဘုန်းတေဇာက ပြောသည်။ သူသည် ခန္ဓာကိုယ် အစိတ်အပိုင်းတခု ဆုံးရှုံးနေပြီး ခန္ဓာကိုယ်အောက်ပိုင်းတွင် ပစ်ခတ်ခံထားရကာ သူ့အမေကို တမ်းတနေသည်။ အမေဖြစ်သူ ချက်ချင်း ရောက်လာသော်လည်း မကြာမီ သူသေဆုံးသွားသည်။

ကလေးများသည် ထိုမျှ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံရသည်။ ထိုဖြစ်ရပ်သည် ကျောင်းဝင်းနှင့် အပြစ်မဲ့ကလေးများကို တိုက်ခိုက်သည့် စစ်ကောင်စီ၏ လတ်တလော နောက်ဆုံးလုပ်ရပ်ဖြစ်သည်။
သို့သော် ရက်စက်ကြမ်းကြုတ်မှုများသည် ထိုနေရာတွင်ပင် အဆုံးသတ်မည့်ပုံ မရှိပေ။
စစ်ကောင်စီတပ်များသည် မောင်ဘုန်းတေဇာ အပါအဝင် တိုက်ခိုက်ခံရသူများ၏ အလောင်းများကို မိသားစုများ လက်သို့ အရောက်မခံပေ။ ၎င်းတို့သည် ဒဏ်ရာရနေသော ကလေး ၁၄ ဦးနှင့် ဆရာ ၃ ဦးကို ဆေးကုပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားသည်။ သို့သော် မိဘများက စစ်ကောင်စီတပ်များကို မယုံကြည်ဘဲ သူတို့ကလေးများလည်း သေဆုံးကုန်မည်ကို စိုးရိမ်နေသည်။
သတ်ဖြတ်မှု သဲလွန်စများကို ဖျောက်ဖျက်ရန် အသတ်ခံရသော ကလေးများကို နောက်တနေ့နံနက်တွင် ၁၁ မိုင်ခန့်ဝေးသော ရေဦးသုသာန်တွင် မီးသဂြိုဟ်ထားကြောင်း ရွာသားများ သိကြရသည်။
ကလေးများသည် စစ်ကောင်စီတပ်များ၏ သတ်ဖြတ်မှုများ၊ ဗုံးကြဲတိုက်ခိုက်မှုများ၊ မီးရှို့မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် အငြင်းပွားဖွယ် ဖမ်းဆီးမှုများကို ရင်ဆိုင်နေရပြီး နေ့စဉ်လိုလို အရှင်လတ်လတ် ငရဲကျနေသည်။
ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီသည် အပြစ်ကင်းမဲ့သော ကလေးများကိုပင် ချမ်းသာမပေးပေ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုမှစတင်ပြီး ကလေးများကို ရမ်းသမ်းပစ်ခတ်သည်။ ကလေးများသည် စစ်ကောင်စီတပ်များ၏ သတ်ဖြတ်မှုများ၊ ဗုံးကြဲတိုက်ခိုက်မှုများ၊ မီးရှို့မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် အငြင်းပွားဖွယ် ဖမ်းဆီးမှုများကို ရင်ဆိုင်နေရပြီး နေ့စဉ်လိုလို အရှင်လတ်လတ် ငရဲကျနေသည်။
၎င်းတို့၏ မိဘများနှင့် အခြားအရွယ်ရောက်ပြီး နိုင်ငံသားများကဲ့သို့ပင် စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် ဘေးကင်းလုံခြုံသောနေရာ မရှိပေ။ ကျောင်းတွင် ဖြစ်စေ၊ စစ်ဘေးရှောင်စခန်းတွင် ဖြစ်စေ၊ ဆေးရုံတွင် ဖြစ်စေ၊ ဘာသာရေး အဆောက်အအုံတွင် ဖြစ်စေ၊ ၎င်းတို့အိမ်တွင် နေသည်ဖြစ်စေ သတ်ဖြတ် တိုက်ခိုက် ဖမ်းဆီးခံနေရပြီး စစ်ကောင်စီ၏တိုက်ခိုက်မှု၊ အမြောက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်မှုများတွင် အသက်လုပြေးနေရသည်။

ဒီပဲယင်းတွင် စာသင်ကျောင်း တိုက်ခိုက်ခံရသည့် တနေ့တည်း၌ စစ်ကိုင်းတိုင်းမှ ကီလိုမီတာ ရာပေါင်းများစွာ ကွာဝေးသည့် ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမှ ဘုန်းကြီးကျောင်းတခုတွင် ခိုလှုံနေသည့် အသက် ၆ နှစ်နှင့် ၁၀ နှစ်အရွယ် ညီအစ်မ ၂ ဦးသည် စစ်ကောင်စီတပ်များက အမြောက်များဖြင့် ပစ်ခတ်သောကြောင့် သေဆုံးသည်။
စစ်ကောင်စီတပ်များသည် တနိုင်ငံလုံးတွင် ဆက်လက် အကြမ်းဖက်နေပြီး ကလေးများကို ထိုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ အသေအကြေ သတ်ဖြတ်သော တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများသည် နေ့စဉ်ပိုမို ဖြစ်ပွားလာနေသည်။
အာဏာသိမ်းပြီး တနှစ်ခွဲကာလအတွင်း ကလေးငယ် အနည်းဆုံး ၃၈၂ ဦး သတ်ဖြတ်ခံရ သို့မဟုတ် မစွမ်းမသန် ဖြစ်လောက်အောင် ထိခိုက်ဒဏ်ရာရသည်၊ ၁,၄၀၀ ကျော် အငြင်းပွားဖွယ် ဖမ်းဆီးခံရသည်၊ ၁၄၂ ဦးသည် ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူက ဇွန်လတွင် တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
သတ်ဖြတ်ခံရသည့် ကလေးများတွင် ပထမဆုံးနှင့် အသက်အငယ်ဆုံးမှာ အသက် ၆ နှစ်သာရှိသေးသည့် မခင်မျိုးချစ် ဖြစ်သည်။ စစ်အာဏာသိမ်းပြီး တလအကြာ လွန်ခဲ့သောနှစ် မတ်လက စစ်ကောင်စီတပ်များသည် သူမ၏နေအိမ်အတွင်း ချိုးဖျက်ဝင်ရောက်စဉ် ဖခင်ဖြစ်သူက သူ့ကို ချီထားချိန် ပစ်သတ်ခံရခြင်းဖြစ်သည်။

ထို့နောက် ရက်အတန်ကြာတွင် မွန်ပြည်နယ် မော်လမြိုင်ရှိ အိမ်ရှေ့တွင် ဆော့ကစားနေသော အသက် ၁၁ နှစ်အရွယ် မအေးမြတ်သူကို စစ်တပ်က ပစ်သတ်သည်။ အသက် ၅ နှစ်အရွယ် မောင်စောတာဘလတ်စိုးသည် ထိုလတွင်ပင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးရသည်။
စစ်ကောင်စီ၏ အကြမ်းဖက်မှုများမှ ကလေးများကို ကယ်ဆယ်ရန်အတွက် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ချက်ခြင်းအရေးယူ ဆောင်ရွက်ရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ တွမ်အင်ဒရူးက ဇွန်လ ၂၉ ရက်နေကပင် တိုက်တွန်းထားပြီး မြန်မာမှ ကလေးငယ်များကို ကယ်ဆယ်ရန် အချိန်မလုံလောက်တော့ကြောင်း ပြောသည်။
သူ ထိုသို့တောင်းဆိုသည်မှာ ၃ လနီးပါး ကြာပြီဖြစ်သည်။ သို့သော် မြန်မာအပေါ် အရေးယူမှုများကို မတွေ့ရသေးဘဲ စစ်ကောင်စီက ကလေးများကို ဆက်လက် ရက်စက်ကြမ်းကြုတ်မှုများကိုသာ တွေ့နေရသည်။
သူ ထိုသို့တောင်းဆိုသည်မှာ ၃ လနီးပါး ကြာပြီဖြစ်သည်။ သို့သော် မြန်မာအပေါ် အရေးယူမှုများကို မတွေ့ရသေးဘဲ စစ်ကောင်စီက ကလေးများကို ဆက်လက် ရက်စက်ကြမ်းကြုတ်မှုများကိုသာ တွေ့နေရသည်။
အောက်တွင် ဖော်ပြထားသည်များသည် ဇွန်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အတွင်း ဖြစ်ပွားသည့် ဖြစ်ရပ်များကို ဧရာဝတီသတင်းဌာနက မှတ်တမ်း ပြုစုထားခြင်းဖြစ်သည်။
စက်တင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၌ စစ်သားများက အသက် ၅ နှစ်အရွယ် ကလေးတဦးကို ပစ်သတ်သည်။
စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်သောအခါ ကလေးငယ် အနည်းဆုံး ၉ ဦးနှင့် အခြားသူအများအပြား ဒဏ်ရာရသည်။ ထိုရွာကို မြေပြင်မှ စစ်ဆင်သောအခါ နောက်ထပ်ကလေးငယ် ၂ ဦး ပစ်သတ်ခံရသည်။ ဒေသခံများ၏ အဆိုအရ ဆရာ ဆရာမ ၃ ဦးအပါအဝင် အခြားသူ ၁၇ ဦး ဒဏ်ရာရပြီး ဒဏ်ရာရသူများကို စစ်ကောင်စီက ဖမ်းဆီးသွားသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်တွင် စစ်ကောင်စီက ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ် မိုးဗြဲတွင် လေကြောင်းမှ တိုက်ခိုက်သောကြောင့် ဘုန်းကြီးကျောင်းတခုတွင် ခိုလှုံနေသော အသက် ၆ နှစ်နှင့် ၁၀ နှစ်အရွယ် ညီအစ်မနှစ်ဦးသည် အခြားအမျိုးသမီး ၂ ဦးနှင့်အတူ သေဆုံးသည်။
စက်တင်ဘာလ ၈ ရက်နေ့တွင် စစ်ကောင်စီက ရှမ်းပြည်တောင်ပိုင်း မိုးဗြဲကို ဗုံးကြဲတိုက်ခိုက်သောကြောင့် အသက် ၇ နှစ်အရွယ် ယောကျ်ားလေးတဦး သေဆုံးပြီး နေအိမ်နှင့် အဆောက်အအုံ ၁၀၀ ခန့် မီးလောင်ကျွမ်းသွားသည်။

သြဂုတ်လ ၂၃ ရက်နေ့ညတွင် စစ်ကောင်စီတပ်များက စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် လေကြောင်းမှ တိုက်ခိုက်သောကြောင့် အသက် ၆ နှစ်အရွယ် ယောကျ်ားလေး မောင်ပြည်စိုးနှင့် ကိုယ်ဝန် ၉ လရှိပြီဖြစ်သော မဖြူဇာဝင်းတို့သည် ရွာသား ၂ ဦးနှင့်အတူ သေဆုံးသည်။
သြဂုတ်လလယ်တွင် ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာကို စစ်ကောင်စီတပ်က ၂ ရက်ကြာ သိမ်းပိုက်ထားပြီးနောက် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတဦး၊ အသက် ၁၇ နှစ်အရွယ် ယောကျ်ားလေးတဦး၏ အလောင်းများကို အခြားအလောင်း ၁၅ ဦးနှင့်အတူ တွေ့ရသည်။ ထို ၁၀ သမီးအရွယ် မိန်းကလေးသည် ရဟတ်ယာဉ်မှပစ်ချသည့် ဗုံးကြောင့် သေဆုံးခြင်းဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် ယောကျ်ားလေးမှာ စစ်တပ်က ပစ်သတ်ခံရခြင်းဖြစ်သည်။
သြဂုတ်လ ၁၄ ရက်နေ့တွင် ချင်းပြည်နယ် တီးတိန်မြို့နယ်မှ ဟိုင်မြူရယ် ကျေးရွာသစ်တွင် ဆယ်ကျော်သက်ရွယ် မွေးချင်း ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်လိုက်သည်။ အသက် ၁၇ နှစ်အရွယ် မိုင်လယ်နန်ပွီနှင့် အသက် ၁၅ နှစ်အရွယ် ဆလိုင်းလယ်ယေယက်မောဝီယာတို့၏ အလောင်းများကို ထိုကျေးရွာအနီးတွင် ရွာသားများ တွေ့ကြရသည်။ စစ်သားများသည် ထိုစီးနင်းတိုက်ခိုက်မှုအတွင်း နေအိမ်များကိုလည် မီးရှို့ ဖျက်ဆီးခဲ့ကြသည်။
သြဂုတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် လွိုင်ကော်ဒေသကို စစ်ကောင်စီက လေကြောင်းမှ ရမ်းသမ်း ပစ်ခတ်ခြင်း၊ တိုက်ခိုက်ခြင်းများ ပြုလုပ်သောကြောင့် ကရင်နီ ကလေးငယ်များ ထွက်ပြေးရသည်။
သြဂုတ်လ ၂ ရက်နေ့က ပလက်ဝမြို့နယ်တွင် ကျောင်းသားငယ်များ တင်ဆောင်လာသည့် လှေကို စစ်ကောင်စီတပ်များက ပစ်ခတ်သောကြောင့် ကျောင်းမှပြန်လာသည် ကလေး ၂ ဦးသေဆုံးပြီး အခြားကလေး ၂ ဦး ဒဏ်ရာရသည်။

သြဂုတ်လ ၁ ရက်နေ့တွင် ရုရှားလုပ် MI-35 ၂ စီး အပါအဝင် စစ်ကောင်စီရဟတ်ယာဉ်များက စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ပံကျင်းကျေးရွာတွင် မည်သည့်တိုက်ပွဲမျှ မရှိဘဲနှင့် တိုက်ခိုက်သောအခါ ကလေးငယ် ၆၀ ခန့် ၎င်းတို့၏ ကျောင်းအတွင်း ပိတ်မိနေသည်။ ထိုကလေးများကို စစ်ကောင်စီက ၎င်းတို့ဆရာဆရာမများ၊ ကျေးရွာသားများနှင့်အတူ ဖမ်းဆီးသွားသည်။ ခုခံရေးတပ်များက သွားရောက်ကယ်ဆယ်မှသာ ၎င်းတို့ ပြန်လည် လွတ်မြောက်လာသည်။
မတရားမှုတွင် ကြံရာပါမလုပ်နှင့်
မြန်မာမှ ကလေးငယ်များကို စစ်တပ်က သတ်ဖြတ်နေချိန်တွင် ကမ္ဘာက မသိကျိုးကျွံပြုနေခြင်းသည် ဝမ်းနည်းစရာကောင်းသော ပကတိအခြေအနေ ဖြစ်သည်။ ၎င်းတို့သည် အာဏာသိမ်းပြီး တနှစ်ကျော်ကြာသည့်တိုင် မြန်မာမှ စစ်ကောင်စီ၏ သတ်ဖြတ်မှုများ (အထူးသဖြင့် ကလေးငယ်များကို သတ်ဖြတ်မှုများ) ကို ရပ်တန့်စေရန် နိုင်ငံရေး ဆုံးဖြတ်ချက်မရှိကြောင်း ကလေးငယ်များနှင့် ပတ်သက်နေသည့် ထိုကြေကွဲစရာဖြစ်ရပ်များက ပြသနေသည်။ မြန်မာမှ နောက်ထပ် ကလေးငယ်များကို စစ်ကောင်စီက သတ်ဖြတ်ရန် အချိန်ပေးသကဲ့သို့ဖြစ်နေသော ၎င်းတို့၏ လုံးဝတိတ်ဆိတ်နေမှုသည် နားကန်းမတတ်ပင်။
မြန်မာမှ နောက်ထပ် ကလေးငယ်များကို စစ်ကောင်စီက သတ်ဖြတ်ရန် အချိန်ပေးသကဲ့သို့ဖြစ်နေသော ၎င်းတို့၏ လုံးဝတိတ်ဆိတ်နေမှုသည် နားကန်းမတတ်ပင်။
ထိုကိစ္စများကို မည်သူမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိဟုဆိုလျှင် မတရားရာရောက်သည်။ ဒီပဲယင်း စာသင်ကျောင်းအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီးတွင် ကုလသမဂ္ဂ ကလေးငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် Save the Children အဖွဲ့တို့သည် တရေးနိုးလာပြီး လွန်စွာဝမ်းနည်းကြောင်း၊ ထိုတိုက်ခိုက်မှုကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း ကြေညာချက်များ ထုတ်ပြန်ကြသော်လည်း စစ်ကောင်စီအား စော်ကားရာ ရောက်မည်ကို စိုးရိမ်ပြီး တရားခံကို မဖော်ပြရန် လွန်စွာ သတိထားနေကြသည်။
မြန်မာမှ ကလေးသတ်သမားများကို ကမ္ဘာ၏ အရေးယူဆောင်ရွက်ရန် ပျက်ကွက်မှုသည် ၎င်းတို့ကို မတရားမှုတွင် ကြံရာပါဖြစ်စေသည်။
ထိုနောက်ဆုံးဖြစ်ရပ်သည် ဆိုးရွားလှသောကြောင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာ အသိုက်အဝန်းသည် ထိုမျှဆိုးရွားသည့် ရာဇဝတ်မှုများကို ကျူးလွန်သူများအား အပြစ်ပေးရန် ပိုမိုထိရောက်သည့် တစုံတခု ပြုလုပ်မည်၊ မပြုလုပ်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ မြန်မာတွင် သတ်ဖြတ်ခံနေရသော ၎င်းတို့၏ မြေးအရွယ် ကလေးများသည် ၎င်းတို့ကဲ့သို့ပင် လူသားများဖြစ်သည်ကို နားလည်နိုင်လောက်သည့် ကိုယ်ချင်းစာတရားရှိလျှင် အရေးယူဆောင်ရွက်သင့်သည်။
မြန်မာမှ ကလေးသတ်သမားများကို ကမ္ဘာ၏ အရေးယူဆောင်ရွက်ရန် ပျက်ကွက်မှုသည် ၎င်းတို့ကို မတရားမှုတွင် ကြံရာပါဖြစ်စေသည်။ သတ်ဖြတ်ခံရသည့် အပြစ်မဲ့ ယောကျ်ားကလေးများနှင့် မိန်းကလေးများအတွက် မြန်မာစစ်ကောင်စီကို လေးနက် အဓိပ္ပာယ်ပြည့်ဝသည့် အပြစ်ဒဏ်များခတ်ရန် လွန်စွာ အချိန်နှောင်းနေပြီ ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ The World Must Act to Stop More Myanmar Children From Being Killed ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီတပ်များ စီးနင်းဝင်ရောက်နေ
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု
ကလေးငယ်များကို သတ်ဖြတ်မှုအပေါ် နိုင်ငံတကာအဖွဲ့များ နှုတ်ဆိတ်နေဟု ဝေဖန်
ဒီပဲယင်းက ကလေး ၉ဦး ကို စစ်တပ်က ရေဦး၌သင်္ဂြိုဟ်ကာ အလောင်းဖျောက်