• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

မြန်မာနိုင်ငံမှာ အရပ်ဘက်နိုင်ငံရေး ပျောက်ဆုံးသွားပြီ

by ဧရာဝတီ
4 April 2023
in အယ်ဒီတာ့အာဘော်
A A
၂၀၂၀ ပြည့်နှစ်က နေပြည်တော်တွင် ပြည်ထောင်စုလွှတ်တော် တက်ရောက်လာသော အရပ်သား လွှတ်တော်ကိုယ်စားလှယ်များ / ဧရာဝတီ

၂၀၂၀ ပြည့်နှစ်က နေပြည်တော်တွင် ပြည်ထောင်စုလွှတ်တော် တက်ရောက်လာသော အရပ်သား လွှတ်တော်ကိုယ်စားလှယ်များ / ဧရာဝတီ

194.8k
VIEWS
Share on FacebookShare on Twitter

စစ်တပ်ကရေးဆွဲသည့် ရွေးကောက်ပွဲဥပဒေသစ်အောက်တွင် မှတ်ပုံမတင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဆုံးဖြတ်လိုက်ခြင်းသည် စစ်ကောင်စီအဆိုပြုထားသည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုသည့် အဓိပ္ပာယ်သက်ရောက်သည်။ မြန်မာပြည်သူ သန်းပေါင်းများစွာက NLD ထံမှ ထိုဆုံးဖြတ်ချက်ကို မျှော်လင့်နေပြီး NLD သည် မှန်ကန်သောရွေးချယ်မှုကို ထပ်မံပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု လူအများက ပြောသည်။

စစ်ကောင်စီ၏ ကန့်သတ်ချုပ်ချယ်သော ရွေးကောက်ပွဲ ဥပဒေအရ ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်သောကြောင့် NLD နှင့် အခြားနိုင်ငံရေးပါတီ ၃၉ ခုကို ဖျက်သိမ်းမည်ဖြစ်ကြောင်း စစ်ကောင်စီက ထိန်းချုပ်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က လွန်ခဲ့သော သီတင်းပတ်တွင် ကြေညာခဲ့သည်။

RelatedPosts

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
79
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
690
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

10 July 2025
89

တည်ဆဲဥပဒေအရ NLD နှင့် ဖျက်သိမ်းခံရသော အခြားပါတီများသည် တရားဝင် နိုင်ငံရေးပါတီများ မဟုတ်တော့ပေ။ သို့သော် NLD သည် လုပ်ငန်းများ ဆက်လက်လည်ပတ်နေပြီး အဖွဲ့ဝင်များနှင့် ထောက်ခံသူများ ပိုမို ဖမ်းဆီး နှိပ်စက်ခံရမည်ဟု ယူဆရသည်။ NLD သည် စိန်ခေါ်မှုများသော အခြေအနေများကို ယခင်ကလည်း ရင်ဆိုင်ခဲ့ဖူးပြီး ယခုလည်း ရင်ဆိုင်နိုင်မည်ဟု မျှော်လင့်ရသည်။

သို့သော် ပကတိအခြေအနေမှာ NLD သည် တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ လေးနက်သော နိုင်ငံရေး အင်အားစုအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး ယခုအခါ အသက် ၇၇ နှစ်ရှိပြီး ထောင်သွင်းအကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည်လည်း သြဇာကြီးမားသော ခေါင်းဆောင်အဖြစ် ဆက်လက် ရှိနေမည်ဆိုသည့်အချက် ဖြစ်သည်။ NLD ကို ယခင်ကလည်း ဖျက်သိမ်းခဲ့ဖူးပြီး နိုင်ငံတွင် တံခါးဖွင့်လာသောအခါ ပြန်လည်မှတ်ပုံတင်ခွင့်ပေးကာ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများတွင် တောင်ပြိုကမ်းပြိုနိုင်ခဲ့သည်။

အလားတူစွာပင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် UEC တွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်သောကြောင့် တရားဝင် နိုင်ငံရေးပါတီတခု မဟုတ်တော့ပေ။ သို့သော် SNLD သည် နိုင်ငံတဝန်းမှ ရှမ်းတိုင်းရင်းသားများ၏ ကြီးမားသော ထောက်ခံမှု ဆက်လက်ရရှိနေသည်။ စစ်ကောင်စီ၏ နိုင်ငံရေးအတုတွင် မပါဝင်ရန် အဓိကကျသော ဆုံးဖြတ်ချက်ချမှတ်သည်မှာ NLD တပါတီတည်း မဟုတ်ပေ။

သို့သော်၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် အကျပ်အတည်းကျရောက်နေသော မြန်မာတွင် နိုင်ငံရေး အကြမ်းဖက်မှု၊ ထိပ်တိုက်တွေ့မှု ပိုမိုဖြစ်လာမည်ဟု မျှော်လင့်ရသည်။ လက်ရှိ ပဋိပက္ခကြောင့် လူ တသန်းကျော် နေရပ်စွန့်ခွာရပြီး ဖြစ်သည်။

NLD နှင့် အခြားပါတီများကို ဖျက်သိမ်းရန် စစ်ကောင်စီ၏ ဆုံးဖြတ်ချက်ကြောင့် စစ်ကောင်စီ အဆိုပြုထားသည့် ရွေးကောက်ပွဲကို ယုံကြည်မှု ကင်းမဲ့စေပြီးဖြစ်သည်။

ရွေးကောက်ပွဲကျင်းပပါက နိုင်ငံတွင်းမှ ပြည်သူအများစုသည် ထိုရွေးကောက်ပွဲတွင် ပါဝင်မည် မဟုတ်သလို ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုသကဲ့သို့ နိုင်ငံတကာအသိုက်အဝန်းကလည်း အသိအမှတ်ပြုမည် မဟုတ်ပေ။ စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်စေရန် တရားဝင်မှုပြန်လည်ရရှိရေး အားထုတ်မှုသက်သက်သာ ဖြစ်သည်။ မြန်မာနိုင်ငံသည် ယခင်စစ်အုပ်စုများ အုပ်ချုပ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် မတိုင်မီက အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီး ယခုအခါ အခြေအနေ ပိုမိုဆိုးရွားတော့မည်ဖြစ်သည်။

မြန်မာစစ်တပ်သည် အရပ်သားခေါင်းဆောင်သည့် နိုင်ငံရေးကို နေရာပေးလိုစိတ် မရှိပေ။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသည် နှစ်ဘက်လုံး ပိတ်နေသည်။

စစ်တပ်ကရေးဆွဲသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်ကို လွှတ်တော်နေရာအားလုံး၏ လေးပုံတပုံ၊ ဝန်ကြီးဌာန သုံးခုနှင့်တကွ အခြားအထူးအခွင့်အရေးများ၊ အခွင့်ထူးများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ပေးနေခြင်းသည် တလွဲတချော် ဖြစ်သည်။

NLD ကဲ့သို့သော အရပ်သား နိုင်ငံရေးပါတီများသည် ထောက်ခံမှု အကြီးအကျယ်ရသော်လည်း စစ်တပ်သည် ၎င်း၏အာဏာ၊ အခွင့်ထူးများနှင့် နိုင်ငံကို အုပ်ချုပ်ခွင့် သို့မဟုတ် အုပ်ထိန်းခွင့် ဆုံးရှုံးမည်ကို အမြဲတမ်း ကြောက်လန့်နေသည်။ ထို့ကြောင့်ပင် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းကာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို တရားမဝင်ကြောင်းနှင့် ရွေးကောက်ပွဲဥပဒေသစ်ဖြင့် ရွေးကောက်ပွဲသစ် ကျင်းပရန် ကြေညာခြင်းဖြစ်သည်။

NLD က ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက် အာဏာသိမ်းမည့်အစား NLD နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့လျှင် စစ်တပ်သည် ပိုမိုလေးစားခံရမည် ဖြစ်သည်။

သို့သော် ယခုအခါ မြန်မာပြည်သူများသည် စစ်တပ်ကို စက်ဆုတ်ရွံရှာမှု နက်ရှိုင်းစွာဖြင့် ကြည့်မြင်ပြီး လူသတ်သမားများ၊ မုဒိန်းကောင်များနှင့် လူယုတ်မာများအဖြစ် သတ်မှတ်နေကြပြီဖြစ်သည်။ မြန်မာကို ယနေ့ အုပ်ချုပ်နေသည့် ရာဇဝတ်ကောင်များသည် အာဏာစွန့်လွှတ်ရန် အစီအစဉ်မရှိပေ။ ထို့ကြောင့် ၎င်းတို့ အဆိုပြုထားသည့် ရွေးကောက်ပွဲကို ပိုမိုအယုံအကြည်ကင်းမဲ့စေပြီး နိုင်ငံ၏ အကျပ်အတည်းကို ပိုမို နက်ရှိုင်းစေကာ အကြမ်းဖက်မှု တိုးလာမည်ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Lack of Civilian Political Space ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

NLD ကို ဖျက်သိမ်းခြင်းကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကို ပိုအယုံအကြည်မဲ့

NLD ပါတီ ဖျက်သိမ်းခံရမှု တရုတ်နှင့်အာဆီယံ နှုတ်ဆိတ်နေ

အာဏာသိမ်းပြီး မြန်မာရဲ့ မတည်ငြိမ်မှုတွေကို “တရုတ်က ပိုစိုးရိမ်နေတယ်”

NLD ပါတီ၊ CWC နှင့် နွေဦးတော်လှန်ရေး

တိုင်းရင်းသားပါတီတွေ ပြည်ထောင်စုအဆင့်မှာ ရပ်တည်မရအောင် တင်းကျပ်လိုက်တာ

Your Thoughts …
Tags: NLDSNLDUECစစ်ကောင်စီစစ်အာဏာသိမ်းမှုစစ်အုပ်ချုပ်ရေးတွေ့ဆုံဆွေးနွေးရေးထိပ်တိုက်တွေ့မှုဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဖွဲ့စည်းပုံအခြေခံဥပဒေရွေးကောက်ပွဲရွေးကောက်ပွဲကော်မရှင်ရွေးကောက်ပွဲဥပဒေအကြမ်းဖက်မှုအရပ်သားနိုင်ငံရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဧပြီလ ၁ ရက်နေ့ညက အဝေးပြေးယာဉ် ပစ်ခတ်ခံရပြီးနောက် မြင်ကွင်း / CJ

တနင်္သာရီတွင် အရပ်သားဘတ်စ်ကားကို မှားယွင်းတိုက်ခိုက်မှု PDF တောင်းပန်

AAC ဂေဟာအတွင်း ပြုလုပ်ခဲ့သော အလုပ်ထုတ်ခံရသည့် အလုပ်သမားများ တရားဝင်လုပ်ငန်းခွင် ပြန်လည်ရရှိရန်နှင့် အလုပ်လက်မဲ့ကာလအတွင်း လူမှုဖူလုံရေးထောက်ပံ့ငွေ ရရှိနိုင်ရန် ကြိုတင်ညှိနှိုင်းအစည်းအဝေး မြင်ကွင်း / ဦးခိုင်ကြီး (AAC)

အလုပ်ထုတ်ခံရသည့် MoU လုပ်သားများ နစ်နာကြေးရရှိရန် ညှိနှိုင်းနေ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate