“မြန်မာစစ်တပ်သည် ဆက်လက်ညီညွတ်နေပြီး နောက်ဆုံးတွင် အတိုက်အခံနှင့် ခုခံတော်လှန်ရေး အင်အားစုကို အနိုင်ရမည်” ဆိုသည့်အမြင်ကို လေ့လာစောင့်ကြည့်သူများနှင့် ပြည်ပအစိုးရများက ၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ်ကတည်းက ယူဆထားကြသည်။ သို့သော် လတ်တလော ဖြစ်ရပ်များက ထိုအမြင်သည် လေးနက်မှုမရှိဘဲ လုံးဝ မှားယွင်းကြောင်း ပြသနေသည်။
အောက်တိုဘာလ ၂၇ ရက်နေ့က စတင်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ အဓိကကျသည့် စစ်တပ်စခန်း ၁၀၀ ကျော်ကို အလျင်အမြန် သိမ်းပိုက်ကာ မြန်မာနှင့် တရုတ်ကို ဆက်သွယ်ထားသည့် အဓိကကျသော ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်လိုက်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ပစ်အားအရရော စစ်ရေးစွမ်းရည်အရပါ တိုးတက်လာရုံသာကမ စိတ်ဓာတ်တက်ကြွမှုနှင့် လူထုထောက်ခံမှုပါ ရနေကြောင်း မိုးရာသီအကုန်တွင် ပြုလုပ်သည့် ထိုစစ်ဆင်ရေးက ပြသနေသည်။ စစ်ကောင်စီသည် ပြည်သူလူထုထံမှ ထိုသို့သော ထောက်ခံမှုမျိုး မရတော့ပေ။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ပစ်အားအရရော စစ်ရေးစွမ်းရည်အရပါ တိုးတက်လာရုံသာကမ စိတ်ဓာတ်တက်ကြွမှုနှင့် လူထုထောက်ခံမှုပါ ရနေကြောင်း မိုးရာသီအကုန်တွင် ပြုလုပ်သည့် ထိုစစ်ဆင်ရေးက ပြသနေသည်။ စစ်ကောင်စီသည် ပြည်သူလူထုထံမှ ထိုသို့သော ထောက်ခံမှုမျိုး မရတော့ပေ။
ခုခံတော်လှန်ရေး အင်အားစုများသည် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်သောကြောင့် စစ်ကောင်စီတပ်သည် ထွက်ပြေးခြင်း သို့မဟုတ် လက်နက်ချကြောင်း ဖော်ပြနေသည်။
ထိုးစစ် အစောပိုင်းနေ့များတွင် ကိုးကန့် တရုတ် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ ပလောင် တိုင်းရင်းသား တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့သည် အဓိကကျသည့် နယ်စပ်မြို့များ၊ မြန်မာနှင့် တရုတ်ကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းများကို သိမ်းပိုက်လိုက်သည်။
“နယ်စပ်တလျှောက် တည်ငြိမ်မှု ထိန်းသိမ်းရေး၊ တရုတ်နယ်စပ်တွင် နေထိုင်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို အာမခံရေးနှင့် တရုတ်ဝန်ထမ်းများ၏ လုံခြုံရေး ခိုင်မာအောင် ထိရောက်သော အစီအမံများ လုပ်ဆောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်” တရုတ်က မြန်မာကို တောင်းဆိုသည်။
နယ်စပ်တလျှောက် တည်ငြိမ်ရေးအတွက် ကြိုးစားနေကြောင်း စစ်ကောင်စီက ပြောကြားသော်လည်း လက်တွေ့တွင် ထိုဒေသများကို ၎င်း၏ထိန်းချုပ်မှု တစစီ ယိုယွင်းနေသည်။
၁၀၂၇ စစ်ဆင်ရေးသည် မြန်မာနှင့် အတိုက်အခံ အင်အားစုများအကြားတွင် လွန်စွာ ရေပန်းစားနေသည်။ ညီနောင်မဟာမိတ်များနှင့် ပူးပေါင်းသည့် များပြားလှသော ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည်လည်း ထိုစစ်ဆင်ရေးတွင် ပါဝင်နေသည်။
ယခုထိုးစစ်တွင် တိုက်ခိုက်ရေးသမား အင်အား ၂၀,၀၀၀ ကျော် ပါဝင်သည်ဟု ခန့်မှန်းရပြီး ရေရှည် စစ်ဆင်ရေး ဖြစ်မည်ဟု မျှော်လင့်ရသည်။
ယခုထိုးစစ်သည် စစ်ကောင်စီတပ်များအကြား စိတ်ဓာတ်ကျဆင်းမှုကိုလည်း ဖွင့်ချပြရာရောက်ပြီး တိုက်ခိုက်ရန် စိတ်အားထက်သန်မှု မရှိတော့ကြောင်း ၎င်းတို့၏ ရှုံးနိမ့်မှုများက ပြသနေသည်။
ယခုထိုးစစ်သည် စစ်ကောင်စီတပ်များအကြား စိတ်ဓာတ်ကျဆင်းမှုကိုလည်း ဖွင့်ချပြရာရောက်ပြီး တိုက်ခိုက်ရန် စိတ်အားထက်သန်မှု မရှိတော့ကြောင်း ၎င်းတို့၏ ရှုံးနိမ့်မှုများက ပြသနေသည်။
မြောက်ပိုင်းတွင် ထိုးစစ် စတင်သောအခါ တောင်ပိုင်းမှ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ၎င်း၏ မဟာမိတ် PDF အဖွဲ့များသည် ထိုင်းနယ်စပ် မြဝတီနှင့် ရန်ကုန်ကို ဆက်သွယ်ထားသည့် အာရှအဝေးပြေးလမ်းမှ ကော့ကရိတ်ကို တိုက်ခိုက်ကြပြီး မြန်မာနိုင်ငံတောင်ပိုင်းသည်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDFs များ ထိန်းချုပ်မှုအောက်သို့ တဖြည်းဖြည်း ရောက်လာနေကြောင်း မြင်နေရသည်။
အခြား စစ်မျက်နှာတခုတွင် မန္တလေး PDF သည် စစ်ကောင်စီတပ်ကို ပြင်ဦးလွင် တပ်မြို့နှင့် မိုးကုတ်မြို့နယ်တွင် တိုက်ခိုက်နေသည်။ ခုခံတော်လှန်ရေး အင်အားစုများက နိုင်ငံတဝန်းတွင် ထိုသို့ ညှိနှိုင်းတိုက်ခိုက်မှု လုပ်နိုင်သည့် စွမ်းရည်က စစ်ကောင်စီ၏ သက်တမ်းသည် ရေတွက်၍ ရနိုင်ကြောင်း ပြသနေသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဦးစီးသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြီး နှစ်ပတ်မျှသာ ကြာသေးသည့်အချိန်တွင် ထို ထိုးစစ် စတင်ခြင်းဖြစ်သည်။
ထိုအခမ်းအနားတွင် “ငြိမ်းချမ်းရေး အထူးကျွမ်းကျင်သူ” အများအပြားသည် နေပြည်တော်သို့ အပြေးအလွှား သွားရောက်ပြီး စစ်အရာရှိများနှင့် အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပကြသည်။ စစ်ကောင်စီကို ကူညီရန်မှအပ မည်သည့်ရည်ရွယ်ချက်ဖြင့် ထိုသို့သော ဆွေးနွေးပွဲများတွင် ၎င်းတို့ပါဝင်ကြသည်ကို ရှင်းလင်းစွာ မသိရပေ။
ယခုအချိန်သည် အတိုက်အခံများအနေဖြင့် ၎င်းတို့သည် ပိုမိုအင်အားကြီးမားပြီး ညီညွတ် ညှိနှိုင်း ဆောင်ရွက်သည်ကို ပြသရမည့်အချိန် ဖြစ်သည်။ ဗမာခေါင်းဆောင်ပိုင်း အနေဖြင့် ၎င်းတို့သည် မြန်မာတွင် ပေါ်ပေါက်လာမည့် အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ်နိုင်ငံအကြောင်း ပိုမိုပြောဆိုသင့်သည်။
ယခုအချိန်သည် အတိုက်အခံများအနေဖြင့် ၎င်းတို့သည် ပိုမိုအင်အားကြီးမားပြီး ညီညွတ် ညှိနှိုင်း ဆောင်ရွက်သည်ကို ပြသရမည့်အချိန် ဖြစ်သည်။ ဗမာခေါင်းဆောင်ပိုင်း အနေဖြင့် ၎င်းတို့သည် မြန်မာတွင် ပေါ်ပေါက်လာမည့် အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ်နိုင်ငံအကြောင်း ပိုမိုပြောဆိုသင့်သည်။

စစ်ကောင်စီသည် ဖိအားများစွာ ခံစားနေရသည်။ စစ်တပ်၏ အကြမ်းဖက်ဖြိုခွဲမှုများကြောင့် လမ်းမများမှ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် အပြည့်အဝ လက်နက်ကိုင် တော်လှန်ရေးအသွင် ကူးပြောင်းသွားသောကြောင့် မင်းအောင်လှိုင်သည် စစ်ကောင်စီ ခေါင်းဆောင်များအကြား သိက္ခာကျဆင်းနေသည်။ စီးပွားရေးနှင့် ဘဏ္ဍာရေးအခြေအနေသည် ဆိုးရွားနေပြီး နိုင်ငံသည် ဆက်လက် မတည်မငြိမ်ဖြစ်နေသည်။
နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။
စစ်ကောင်စီခေါင်းဆောင်များက သူ့ကို အစားထိုးမည်လား။ သူသည် အကျင့်ပျက်ခြစားရုံသာမက အရည်အချင်း မပြည့်ဝသည့် ခေါင်းဆောင်ဖြစ်သည်မှာလည်း သေချာသည်။
သူ၏ အယုံကြည်ရဆုံး လူယုံတဦးကို မကြာသေးမီက အဂတိလိုက်စားမှုဖြင့် ထောင်နှစ်ရှည် ချလိုက်သည်။ စစ်ကောင်စီ၏ “လာဘ်ပေးလာဘ်ယူဘုရင်” ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ထောင်ချလိုက်သည်။ ထိုအမှုတွင် သူ၏လက်ထောက်များအနက် တဦးလည်း ဖမ်းဆီးထောင်ချခံရပြီး သူနှင့် ပတ်သက်ခဲ့သည့် စီးပွားရေးသမား အများအပြား စုံစမ်းစစ်ဆေးခံရသည်။
ပိုမိုစူးရှထက်မြက်သည့် မြန်မာ့အရေးသုတေသီများ ကာလရှည်ကြာစွာ ပြောဆိုခဲ့သည့်အတိုင်း မြန်မာစစ်တပ်သည် ပြိုကွဲနိုင်ခြေ များနေသည်။ အသက်အန္တရာယ် စိုးရိမ်သောကြောင့် စစ်ခေါင်းဆောင်ဟောင်း အများအပြားနှင့် ၎င်းတို့ မိသားစုများသည် ထွက်ပြေးရန်အတွက် အိမ်နီးချင်းနိုင်ငံများတွင် နေအိမ်ကြီးများ ဝယ်ယူထားကြသည်။
ယခုအချိန်သည် စစ်ကောင်စီ အသိတရားရှိမည်ဆိုလျှင် မင်းအောင်လှိုင်ကို နေရာတွင် သူ့လောက် အရည်အချင်း မနည်းသူဖြင့် အစားထိုးရတော့မည် ဖြစ်သည်။ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် အချိန်မဆိုင်းဘဲ စတင်လုပ်ဆောင်ရတော့မည် ဖြစ်သည်။
ခုခံတော်လှန်ရေး အင်အားစုများ ဆက်လက် အင်အားကြီးထွားလာသောကြောင့် ယခုနှစ်မကုန်မီ မြန်မာတွင် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်နိုင်သည်။ ယခုအချိန်သည် စစ်ကောင်စီ အသိတရားရှိမည်ဆိုလျှင် မင်းအောင်လှိုင်ကို နေရာတွင် သူ့လောက် အရည်အချင်း မနည်းသူဖြင့် အစားထိုးရတော့မည် ဖြစ်သည်။ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် အချိန်မဆိုင်းဘဲ စတင်လုပ်ဆောင်ရတော့မည် ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Decision Time for Myanmar’s Junta: Who Will Replace Min Aung Hlaing? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း
မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ
မြန်မာ့မတည်ငြိမ်မှုအတွက် မင်းအောင်လှိုင်က အမေရိကန်ကို အပြစ်တင်
အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ
စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး