စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စွပ်စွဲခံနေရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဖြစ်နေသော မြန်မာနိုင်ငံအလယ်ပိုင်းသို့ ပြင်းအား ၇.၇ ရှိ ငလျင်မလှုပ်မီ တရက်အလို ကြာသပတေးနေ့ တော်လှန်ရေးနေ့တွင် အာခံသော မိန့်ခွန်းတခုပြောသည်။ စစ်တပ်သည် လက်နက်ကိုင်တိုက်နေသူများ၏ တောင်းဆိုချက်များကို ဦးညွှတ်မည်မဟုတ်ကြောင်းနှင့် “တရားသောစစ်”ဟု သူခေါ်သည့် စစ်ကို ဆက်လက်တိုက်မည်ဖြစ်ကြောင်း ပြောသည်။
နောက်တနေ့တွင် သဘာဝတရားက သူ့နည်းသူ့ဟန်ဖြင့် တုံ့ပြန်သည်။ ပြင်းထန်သော ငလျင်ကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းကို ဆုပ်ဖြဲပြီး မန္တလေး၊ နေပြည်တော်နှင့် ပြည်တွင်းစစ်က ဖျက်ဆီးခံနေရပြီးဖြစ်သည့် စစ်ကိုင်းတိုင်းတို့တွင် လှုပ်ခတ်သည်။ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး ကြိုတင်ပြင်ဆင်မှုနှင့် အလုပ်ဖြစ်သော ကယ်ဆယ်ရေးယန္တရားများ မရှိဘဲ စစ်ကောင်စီ အငိုက်မိသည်။
မြန်မာပြည်သူများ ငလျင်ဒဏ် ခံစားနေရချိန်တွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များသည် စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်မှ အရပ်သားပစ်မှတ်များကို ဆက်လက်ဗုံးကြဲသည်။ တချိန်တည်းတွင် စစ်ခေါင်းဆောင်သည် ငလျင်ဒဏ်ခံ ဒေသများသို့ သွားပြီး ဝါဒဖြန့်ချိရေး ဓာတ်ပုံနှင့် ရုပ်သံများ ရိုက်သည်။ မည်သည့်အကူအညီကိုမျှ မပေးနိုင်ဘဲ အနှစ်မရှိသောလုပ်ရပ်ကို လုပ်သည်။
တုန်လှုပ်ခြောက်ခြားနေသည့် အရပ်သူအရပ်သားများ သဘာဝဘေးအန္တရာယ်ကို အလူးအလဲခံရသည့် သောကြာနေ့တွင် မင်းအောင်လှိုင်က အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတကာအကူအညီကို ရှားရှားပါးပါး တောင်းဆိုသည်။ သေဆုံးမှုနှုန်း အလျင်အမြန် ၁၀၀၀ ကျော်ပြီး ဒဏ်ရာရသူ ထောင်ပေါင်းများစွာရှိသည်။ သို့သော် မြန်မာပြည်သူများ ငလျင်ဒဏ် ခံစားနေရချိန်တွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များသည် စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်မှ အရပ်သားပစ်မှတ်များကို ဆက်လက်ဗုံးကြဲသည်။ တချိန်တည်းတွင် စစ်ခေါင်းဆောင်သည် ငလျင်ဒဏ်ခံ ဒေသများသို့ သွားပြီး ဝါဒဖြန့်ချိရေး ဓာတ်ပုံနှင့် ရုပ်သံများ ရိုက်သည်။ မည်သည့်အကူအညီကိုမျှ မပေးနိုင်ဘဲ အနှစ်မရှိသောလုပ်ရပ်ကို လုပ်သည်။
လွန်ခဲ့သောအပတ်တွင် မင်းအောင်လှိုင်သည် သူ့စစ်ကောင်စီ စစ်အသုံးစရိတ်တိုးမြှင့်ခြင်းကိုကာကွယ်ပြောကြားပြီး နိုင်ငံတည်ငြိမ်ရေးအတွက် စစ်စရိတ်တိုးရသည်ဟုပြောသည်။ သို့သော် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ရန်ပုံငွေ မရှိပေ။ စစ်အာဏာသိမ်းပြီးနောက် သူသည် သဘာဝဘေး အရေးပေါ် ရန်ပုံငွေများကို လုယူရုံသာမက ကယ်ဆယ်ရေးရဟတ်ယာဉ်ဝယ်ယူသည့် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုဖြင့် ထောင်ပင်ချထားလိုက်သေးသည်။ တချိန်က လုပ်ငန်းလည်ပတ်နေသည့် လူကယ်ပြန်ဝန်ကြီးဌာနကို သူ့အုပ်ချုပ်ရေးတွင် ဘေးဖယ်ထားသည်။
မြန်မာစစ်တပ်သည် အကျပ်အတည်းများအတွင်း ပြည်သူများအပေါ် ပျက်ကွက်သည့် ရှည်လျားသော သမိုင်းကြောင်းရှိသည်။ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး လူ ၁ သိန်းကျော် သေဆုံးပြီးနောက် စစ်တပ်သည် အသက်ကယ်ရေးထက် ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲအတု လုပ်သည်။ အကူအညီများကို တားဆီးပြီး နိုင်ငံတကာအကူအညီကို ငြင်းဆန်ကာ ပြည်သူများ၏ ဒုက္ခကို မသိဟန်ဆောင်နေသည်။
ယနေ့ဗိုလ်ချုပ်များ ထိုလုပ်နည်းလုပ်ဟန်ကို လိုက်နာကြပြီး လက်ရှိစစ်ကောင်စီ၏ တုန်လှုပ်စရာ ကိုဗစ်နိုင်တင်းတုံ့ပြန်မှုကို မိမိတို့တွေ့ခဲ့သည့်အတိုင်းပင်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲသွားသောကြောင့် ကိုဗစ်နိုင်တင်းအတွင်း အသက်ထောင်ပေါင်းများစွာသေဆုံးသည်။ မြန်မာတွင် အပြင်းထန်ဆုံး ထိခိုက်သည့် ဒေသမျာအနက် တခုဖြစ်သော ရန်ကုန်တွင် ၂၀၂၁ ခုနှစ်က မီးသဂြိုလ်စက်များ တောင်ပုံရာပုံဖြစ်နေသော အလောင်းများကို ရှင်းလင်းရန် ရုန်းကန်နေခဲ့ရသည်။ ထိုသေဆုံးသူများအနက် အများအပြားသည် အောက်ဆီဂျင်မလုံလောက်သောကြောင့် သေဆုံးကြရသည်။
စစ်ကောင်စီသည် အင်တာနက်ကိုလည်း ဖြတ်တောက်ပြီး ရေဒီယို၊ ရုပ်သံ၊ ပုံနှိပ်နှင့် အွန်လိုင်းသတင်း အပါအဝင် မီဒီယာအားလုံးနီးပါးကို ထိန်းချုပ်ကန့်သတ်သည်။ မြန်မာပြည်သူများအတွက် လျှပ်စစ်ဓာတ်အားသည် မှီခိုအားထားနိုင်ခြင်းမရှိဘဲ သဘာဝဘေးနှင့် ကယ်ဆယ်ရေး အားထုတ်မှုများနှင့် ပတ်သက်ပြီး တိကျသည့် သတင်းရရန် ပိုမိုခက်ခဲစေသည်။ ဆက်သွယ်ရေးကို ထိုသို့ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခြင်းသည် အကျပ်အတည်းကာလတွင် ပြည်သူများကို ပိုမိုအထီးကျန်စေသည်။
စစ်ကောင်စီသည် အင်တာနက်ကိုလည်း ဖြတ်တောက်ပြီး ရေဒီယို၊ ရုပ်သံ၊ ပုံနှိပ်နှင့် အွန်လိုင်းသတင်း အပါအဝင် မီဒီယာအားလုံးနီးပါးကို ထိန်းချုပ်ကန့်သတ်သည်။ မြန်မာပြည်သူများအတွက် လျှပ်စစ်ဓာတ်အားသည် မှီခိုအားထားနိုင်ခြင်းမရှိဘဲ သဘာဝဘေးနှင့် ကယ်ဆယ်ရေး အားထုတ်မှုများနှင့် ပတ်သက်ပြီး တိကျသည့် သတင်းရရန် ပိုမိုခက်ခဲစေသည်။ ဆက်သွယ်ရေးကို ထိုသို့ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခြင်းသည် အကျပ်အတည်းကာလတွင် ပြည်သူများကို ပိုမိုအထီးကျန်စေသည်။
ဗိုလ်ချုပ်များက ထူးမခြားနားသော်လည်း ကမ္ဘာက တုံ့ပြန်ဆောင်ရွက်နေသည်။ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ အန္ဒိယ၊ မလေးရှား၊ ထိုင်းနှင့် စင်္ကာပူတို့က အကူအညီ သို့မဟုတ် အကူအညီကတိပေးထားသည်။ သို့သော် ထိုအကူအညီ၏ မည်သည့်အတိုင်းအတာသည် အမှန်တကယ် လိုအပ်သူများထံရောက်မည်နည်း။
စစ်ကောင်စီသည် အကူအညီကို နှောင့်နှေးအောင်လုပ်၊ နှောက်ယှက်တားဆီး၊ ထိန်းချုပ်ကန့်သတ်မည်ဖြစ်သည်။ တော်လှန်ရေး အမာခံဒေသ စစ်ကိုင်းတိုင်းသည် မည်သည့်အကူအညီမျှ ရမည့် အလားအလာ မရှိပေ။ စစ်ကောင်စီ၏ အကျင့်ပျက်ခြစားမှုနှင့် စီမံခန့်ခွဲမှု မှားယွင်းခြင်းသည် နက်ရှိုင်းစွာအမြစ်တွယ်နေသည်။ ကိုယ့်ပြည်သူကိုကိုယ် ပြန်စစ်တိုက်နေသည့် စစ်ကောင်စီသည် အကူအညီများကို မျှဝေပေးမည်ဟု မည်သို့ယုံကြည်ရမည်နည်း။ ထိုသို့သော အကူအညီများကို လမ်းကြောင်းပြောင်းယူရာတွင် မြန်မာစစ်တပ်သည် အမည်ဆိုးကျော်ကြားသည်။
လူမှုအခြေပြုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော ဒေသခံ အဖွဲ့များသည် ငလျင်ဒဏ်ခံရသူများကို ကူညီရန် အသင့်ရှိသည်။ စစ်တပ်ကို မဖြတ်သန်းဘဲ အကူအညီများကို ပွင့်လင်းမြင်သာစွာ ပေးဝေရေး အလှူရှင်များ လုပ်ဆောင်ရမည်ဖြစ်သည်။ လူသားချင်း စာနာမှု အကူအညီပေးခြင်းသည် စစ်ကောင်စီကို တရားဝင်စေခြင်း မဖြစ်စေရ။ ကမ္ဘာသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရမည်ဖြစ်ပြီး နေပြည်တော်မှ စစ်ရာဇဝတ်ကောင်များနှင့် မရပ်တည်ရပါ။
လူမှုအခြေပြုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော ဒေသခံ အဖွဲ့များသည် ငလျင်ဒဏ်ခံရသူများကို ကူညီရန် အသင့်ရှိသည်။ စစ်တပ်ကို မဖြတ်သန်းဘဲ အကူအညီများကို ပွင့်လင်းမြင်သာစွာ ပေးဝေရေး အလှူရှင်များ လုပ်ဆောင်ရမည်ဖြစ်သည်။ လူသားချင်း စာနာမှု အကူအညီပေးခြင်းသည် စစ်ကောင်စီကို တရားဝင်စေခြင်း မဖြစ်စေရ။ ကမ္ဘာသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရမည်ဖြစ်ပြီး နေပြည်တော်မှ စစ်ရာဇဝတ်ကောင်များနှင့် မရပ်တည်ရပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Deliver Earthquake Aid to the Myanmar People, Not the War Criminals ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
လူ့အသက်တွေ ကယ်ဖို့က ပိုအရေးကြီးတယ် (ရုပ်/သံ)
ငလျင်ဒဏ် အကြောင်းပြုပြီး စစ်ကောင်စီ အမြတ်ထုတ်မလား (ရုပ်/သံ)
ငလျင်ကယ်ဆယ်ရေး ကန့်သတ်ပိတ်ဆို့များ ဖယ်ရှားရန် ပရဟိတအဖွဲ့များ တောင်းဆို
နေပြည်တော်ငလျင် သေဘေးမှ လွတ်ခဲ့သူတဦး၏ ပြောပြချက်
ငလျင်ဒဏ်ကြားက မန္တလေးကို ကူကြပါ
ပျက်ဆီးမှုတွေရဲ့ နောက်ဆက်တွဲကို သတိထားပါ (ရုပ်/သံ)