• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

သတင်းစာလွတ်လပ်ခွင့် မရှိလျှင် ဒီမိုကရေစီ မရှိ

by ဧရာဝတီ
3 May 2025
in အယ်ဒီတာ့အာဘော်
A A
သတင်းစာလွတ်လပ်ခွင့် မရှိလျှင် ဒီမိုကရေစီ မရှိ

ဏ္ဍိုင်များ Pillars/ Jimmy Margulies

258
VIEWS
Share on FacebookShare on Twitter

ယနေ့ မေလ ၃ရက်က World Press Freedom Day ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်သည်။

သို့သော် စစ်တပ်အာဏာသိမ်းထားသော မြန်မာတွင် သတင်းလွတ်လပ်ခွင့် မရှိဘဲ လွတ်လပ်သော သတင်းမီဒီယာများနှင့် ဂျာနယ်လစ်များအား စစ်ကောင်စီက ဖမ်းဆီးနေသည်။ နယ်စည်းမခြား သတင်းသမားများအဖွဲ့ စာရင်းအရ ဂျာနယ်လစ် ၅၈ ဦးနှင့် မီဒီယာလုပ်သား ၃ ဦး စုစုပေါင်း ၆၁ ဦး ဖမ်းဆီးခံထားရသည်။

RelatedPosts

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
409
ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

23 May 2025
1k
ကုလ၏ ရခိုင်အကူအညီအတွက် သယ်ယူပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ် ပံ့ပိုးမည်

ကုလ၏ ရခိုင်အကူအညီအတွက် သယ်ယူပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ် ပံ့ပိုးမည်

22 May 2025
809

ထို့ပြင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်လိုက်သော ရစ်ခ်တာစကေး ၇.၇ ရှိသည့် ငလျင်ကြီးနှင့် ပတ်သက်ပြီးလည်း လွတ်လပ်စွာ သတင်းရယူ ရေးသားဖော်ပြခွင့်လည်း မရှိပါ။

စစ်ကိုင်း၊ မန္တလေး၊ တံတားဦး၊ မြစ်သား၊ ပျော်ဘွယ်၊ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ စသည့်ဒေသများတွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။ လမ်း၊ တံတားနှင့် ဘာသာရေးနေရာ အပါအဝင် အခြေခံအဆောက်အအုံများစွာ ပျက်စီးသွားခဲ့ပြီး မေ ၁ ရက်အထိ ပြင်းထန်ငလျင်ကြောင့် သေဆုံးသူ ၃,၈၃၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၀၅ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုသို့သော ငလျင်ဒဏ်ခံအခြေအနေကို ပြည်တွင်းပြည်ပမှ သတင်းမီဒီယာသမားများ မြေပြင်ကွင်းဆင်း၍ လုံခြုံ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် မရှိပါ။

စစ်ကောင်စီက ပြည်ပသတင်းထောက်များကို ဗီဇာထုတ်မပေးပါ။ အဖြစ်မှန် မပေါက်ကြားရေးအတွက် ညံ့ဖျင်းသော ဖုံးကွယ်မှုသာမက လွတ်လပ်သော သတင်းတင်ပြခြင်းကို စစ်ကောင်စီက လုံးဝ လက်မခံသည့် သဘောထားကို ဆက်လက် ကျင့်သုံးခြင်းဖြစ်သည်။

ကပ်ဘေးကာလ အတွင်း စစ်ကောင်စီ၏ အင်တာနက်ဆက်လက်ပိတ်ထားမှုသည် အကြပ်အတည်းကို ပိုမိုဆိုးရွားစေသည်။ စစ်ကောင်စီသည် နှစ်ပေါင်းများစွာ အင်တာနက်ဖြတ်တောက်မှုကို ပြုလုပ်နေပြီး အရေးပေါ်အခြေအနေ များနှင့် ကြုံတွေ့စဉ်ကာလများတွင်ပင် အင်တာနက် ပြန်လည်ဖွင့်ပေးရန် လျစ်လျူရှု ငြင်းဆန်သည်။

စစ်ကောင်စီသည် သဘာဝဘေး သတင်းမှတ်တမ်းယူသူများကို ဖမ်းဆီးချုပ်နှောင်သည့် မှတ်တမ်း ရှိခဲ့သည်။ ၂၀၂၃ ခုနှစ်က မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ်သို့သတင်းသွားယူစဉ် Myanmar Now ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက်သည် စစ်တွေမြို့၌ ဖမ်းဆီးခံခဲ့ရပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇၊ ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ တို့ဖြင့် စစ်ခုံရုံးတင်ကာ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရသည်။ ကိုစိုင်းဇော်သိုက်နှင့် ဖမ်းဆီးခံ သတင်းမီဒီယာသမားများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် တောင်းဆိုသည်။

ထိုသို့သော အခြေအနေတွင် စစ်အာဏာသိမ်းအပြီး လိုက်လံဖမ်းဆီးမှုများကြောင့် ပြည်ပသို့ ပြောင်းရွှေ့အခြေစိုက်ရသည့် သတင်းမီဒီယာများအနေဖြင့် ၎င်းတို့၏ သတင်းထောက်များကို လုံခြုံရေးအရ လျှို့ဝှက်စွာ သတင်းယူခိုင်းနေရသည်။ သတင်းရင်းမြစ်များကိုလည်း စစ်ကောင်စီက ရန်မရှာစေရန် အမည်လွှဲများ အသုံးပြုကြရသည်။

ထရမ့်အစိုးရက ပံ့ပိုးမှု ဖြတ်တောက်လိုက်ခြင်းကလည်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကဏ္ဍကို ကိုင်လှုပ်လိုက်သည်။ အမေရိကန်အသံ (VOA) မြန်မာပိုင်း ရပ်စဲသွားပြီး လွတ်လပ်သောအာရှအသံ (RFA) သည် အစီအစဉ်များ၊ ရင်းမြစ်များကို အကြီးအကျယ် လျှော့ချကာ ရုန်းကန်နေရသည်။ မြန်မာ့သတင်းမီဒီယာအဖွဲ့အစည်းတချို့လည်း ထိခိုက်ကာ သတင်းသမားအများအပြား အလုပ်လက်မဲ့ အခြေအနေနှင့်ပင် ရင်ဆိုင်ရသည်။

ထိုသို့ သတင်းလွတ်လပ်ခွင့်၊ သတင်းစီးဆင်းခွင့်၊ သတင်းရယူခွင့်နှင့် ပတ်သက်ပါက စစ်ကောင်စီသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ စိုးမိုးရာ ဒေသများတွင်လည်း ထိန်းချုပ်ခံနေရသည်။

အနာဂတ် မြန်မာနိုင်ငံကို ဖယ်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရန် ရည်ရွယ်ထားပါက သတင်းစာလွတ်လပ်ခွင့်ကို အာမခံရမည်။

စစ်ပွဲများ၊ ကြီးမားသော သဘာဝဘေးအန္တရာယ်တို့ကို ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရသည့် ယခုအချိန်တွင်မူ အလိုအပ်ဆုံးဟု ယုံကြည်ပါသည်။

အခက်အခဲပေါင်းစုံဖြင့် ရင်ဆိုင်နေရသော်လည်း ဧရာဝတီသတင်းဌာနအနေဖြင့် အကောင်းဆုံးနှင့် အရည်အသွေးစစ်မှန်သည့် သတင်းများကို စာဖတ်သူ ပြည်သူတို့ထံ မပျက်မကွက်ရောက်ရှိရန် သန္နိဌာန်ချ ကြိုးစားနေကြောင်း ဒီနေ့ဒီအချိန်၌ ထပ်လောင်း ကတိပြုလိုက်ရပေသည်။

You may also like these stories:

မြန်မာပြည် သတင်းအမှောင်ကျနေမှုက ငလျင်ဒဏ် ပိုခံရသည်

သတင်းလွတ်လပ်ခွင့် အောင်ပွဲခံရမည်

မီဒီယာဆို…No…

အချုပ်အနှောင်ကင်းသော သတင်းမီဒီယာ

Your Thoughts …
Tags: SliderWorld Press Freedom Dayငလျင်ကြီးစစ်ကောင်စီတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံဒီမိုကရေစီသတင်းစာလွတ်လပ်ခွင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ညနေခင်း

ညနေခင်း

ငလျင်နဲ့ ငြိမ်းချမ်းရေးအတွက် အာဆီယံဦးဆောင်တဲ့တပ်တွေ ဝင်ဖို့လိုသလား (ရုပ်/သံ)

ငလျင်နဲ့ ငြိမ်းချမ်းရေးအတွက် အာဆီယံဦးဆောင်တဲ့တပ်တွေ ဝင်ဖို့လိုသလား (ရုပ်/သံ)

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
3.9k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

22 hours ago
3.6k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate