• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် တွေ့ဆုံခြင်း (အပိုင်း – ၁)

by ဧရာဝတီ
25 June 2015
in Election 2020
A A
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် တွေ့ဆုံခြင်း (အပိုင်း – ၁)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး / ဓာတ်ပုံ – ဧရာဝတီ

6
VIEWS
Share on FacebookShare on Twitter

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမည့် အောက်တိုဘာလကုန်(သို့မဟုတ်) နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားရာ နိုင်ငံရေးပါတီများအားလုံးက မကြာမီကျင်းပတော့ မည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည်။ သို့ရာတွင် ယခင် စစ်အစိုးရလက်ထက် အရေးပါသည့် စစ် ခေါင်း ဆောင်တဦးဖြစ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်အေး ဥက္ကဋ္ဌအဖြစ် ဦးစီးဆောင်ရွက်နေသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကျင်း ပ မည့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှုရှိရေးနှင့် သန့်ရှင်းလွတ်လပ်ရေး နိုင်ငံရေးပါတီများက သံသယရှိနေကြ သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကို ဧရာဝတီမဂ္ဂဇင်း အင်္ဂလိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး က တွေ့ ဆုံ မေးမြန်းထားသည်။

မေး။ ။ ဥက္ကဋ္ဌ ကျနော်တို့ ၁၉၉၈ နောက်ပိုင်း ရွေးကောက်ပွဲတွေကို ကြည့်မယ်ဆိုရင် အများစုက ယုံကြည်မှု ခံခဲ့ရတဲ့ ရွေးကောက်ပွဲတွေမဟုတ်ဘူးလို့ ပြောလို့ရတယ်။ ဥပမာ ၁၉၉၀ ရွေးကောက်ပွဲဆိုရင် အသိအမှတ်ပြု မခံခဲ့ရဘူး၊ ၂၀၁၀ ရွေးကောက်ပွဲ ဆိုရင်လည်း မဲမသမာမှုတွေရှိတယ်လို့ အသိအမှတ်ပြုခံခဲ့ရတယ်။ ဒါပေမယ့် ဥက္ကဋ္ဌဦးစီးတဲ့ ၂၀၁၂ ကြား ဖြတ် ရွေးကောက်ပွဲမှာတော့ မဲဆန္ဒနယ် နည်းပေမယ့်လည်း ပြည်ပမှာရော၊ ပြည်တွင်းမှာရော ယုံကြည်မှု အတိုင်း အတာ တခုအထိကို ရခဲ့တယ်လို့ပြောတယ်။ ဆိုတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာရော အဲ့လို ၂၀၁၂ ကရခဲ့တဲ့ ဂုဏ်သိက္ခာ မျိုး၊ ယုံကြည်မှုမျိုးု ရအောင် ဘယ်လိုလုပ်မလဲ။ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ရော ဘယ်လိုစိန်ခေါ်မှု တွေရှိလဲ။

RelatedPosts

ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

13 May 2025
31
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.4k
သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

12 May 2025
112

ဖြေ။ ။ မြန်မာပြည်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် အတွေ့အကြုံ၊ ဗဟုသုတ အင်မတန် နည်းပါတယ်။ တကယ့် တကယ် တော့ ၂၀၁၀ ရွေးကောက်ပွဲအထိ မြန်မာပြည်ဟာ ရွေးကောက်ပွဲ ၅ ကြိမ်ပဲရှိတာပဲ။ ၅၂ ၊ ၅၆ ၊ ၆၀ ၊ ၉၀ ၊ နောက် ပိုင်း အနှစ် ၂၀ ကြာမှ ၂၀၁၀ ရွေးကောက်ပွဲဆိုတော့ ၅ ကြိမ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေကတော့ ကျနော့်စံနဲ့ ပြောရင် လူထုက လူထုကိုယ်စားလှယ်တွေကို လူတော်လူကောင်းတွေပဲ ရွေးခဲ့တဲ့ ရွေးကောက်ပွဲတွေ မဟုတ်ဘူး။ ၁၉၉၀ ရွေးကောက်ပွဲ က တဖက်ပါတီကို မကြိုက်တဲ့အတွက်ကြောင့် တဖက်ပါတီ ပေးတဲ့ကာလ။ ၂၀၁၀ ရွေးကောက်ပွဲကျတော့ တပါတီတည်းရှိတဲ့သဘောမျိုး၊ သူကလည်း မြန်မာနိုင်ငံရဲ့ အာဏာရပါတီ ကိုယ်ပွား ဆိုတော့လည်း သူ့မှာ handicap တွေက အများကြီးရှိပါတယ်။ Golf စကားနဲ့ ပြောရရင် ဟိုလူတွေက သုည နဲ့ရိုက်ရတဲ့အချိန်မှာ အာဏာရပါတီက ၂၄ လောက်နဲ့တင် မဟုတ် ၃၆ လောက်နဲ့ကို ရိုက်တဲ့ အနေအထား ဆိုတော့ အဲဒီမှာ တော်တော် အဆင်ပြေသွားတယ်။ ကျ နော် လည်း အဲဒီတုန်းက တယောက် ပါတာပေါ့လေ။ ခုနက ခင်ဗျားမေးတဲ့မေးခွန်း ၂၀၁၅ မှာ ဘယ်လို ကောင်းအောင် လုပ်မလဲ။ ယခင်က အမှားတွေကို ပြန်သုံးသပ်ပါတယ်။ အမှားလည်းရှိတယ်၊ အမှန်လည်းရှိတယ်။ အမှားကို ကျနော်တို့ ပြင် မယ်၊ မှန်တာကို ထိန်းသိမ်းမယ်။

မေး။ ။ ဒါဆိုရင် ၂၀၁၅ မှာ ၂၀၁၂ လိုပဲ ဒါမှမဟုတ် ဒီထက်ပိုကောင်းအောင်တောင် ဖြစ်မယ်လို့ မျှော်လင့်တာပေါ့။

ဖြေ။ ။ ဖြစ်ကိုဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ခုနက ကျနော်ပြောသလို ၂၀၁၀ နဲ့ ၂၀၁၂ ဘာကွာသလဲဆိုတော့ အဓိ က ကွာတာက ကြိုတင်မဲ။ ၂၀၁၀ တုန်းက ကြိုတင်မဲ ဆိုတာ ဘာမှန်းညာမှန်းလည်းမသိဘူး။ တချို့ သိတဲ့လူကလည်း သိသိ ကြီးနဲ့ ဥပဒေကို မျက်ကွယ်ပြုပြီး အနိုင်ယူလိုက်တယ်။ ကျနော့်လက်ထဲမှာ ကြိုတင်မဲ ဘယ်နှစ်ယောက်နဲ့နိုင်တယ်၊ ဘယ်ပါတီ နိုင်ခဲ့တယ်၊ ကြိုတင်မဲ ဘယ်လောက်ထည့်လို့ နိုင်တယ်ဆိုတာ ကျနော့်လက်ထဲမှာ ရှိပါတယ်။ တချို့ဆို သောင်း ဂဏန်း နဲ့ချီပြီး ရလို့နိုင်တာ၊ ထောင်ဂဏန်း ကြီးကြီးလေးရရင်တောင် မနိုင်ဘူး။ အဲ့ဒါမျိုး ကျနော့်လက်ထဲမှာ ရှိပါ တယ်။

မေး။ ။ ကြိုတင်မဲကိစ္စက အဲ့တုန်းကတော့ နာမည်ပျက်သွားတာပေါ့နော်။ အပြည်ပြည်ဆိုင်ရာရော၊ ဒီမှာရော။

ဖြေ။ ။ မှန်ပါတယ်။

မေး။ ။ အဲဒီလိုမျိုး အလားအလာမျိုးတွေကျတော့ရော ဘယ်လိုတားဆီးမလဲ ၂၀၁၅ မှာ။

ဖြေ။ ။ ကျနော် ၂၀၁၂ ထဲက တားထားတာ၊ ကြိုတင်မဲဆိုတာ ၂ မျိုးရှိတယ်။ တစ်ကတော့ မဲဆန္ဒနယ်ထဲမှာရှိသော ကြိုတင် မဲ၊ ဘယ်လိုလူတွေပေးရလဲ။ ၁- ခရီးသွားနေလို့ ကြိုတင်မဲပေးသွားတယ်၊ ၂- လာမပေးနိုင်တဲ့ သက်ကြီး ရွယ်အို တွေ၊ ရောဂါရနေတဲ့လူတွေ ဒါမျိုး ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲက သွားယူရတယ်။ အချုပ်ကျရင်လည်း သွားယူ ရ တယ်။ ကျတော့် လက်ထက် မှာတော့ ဘယ်သူက ကြိုတင်မဲပေးတယ် ဆိုတာ စာရင်းလုပ်ထားတယ်။ အဲ့ဒီမဲပုံးကို မဲရုံမဖွင့်ခင်မှာ အပ်ရမယ်။ မနက် ၆ နာရီနောက်ပိုင်းလာတဲ့ဟာ ကြိုတင်မဲဟာ ပယ်မဲ ဖြစ်ရမယ်။ မဲရုံပိတ်လို့ မဲစရေ ပြီဆိုတာနဲ့ ကြိုတင်မဲ ဦးရေ ကို စပြီးရေရမယ်၊ ပြီးရင် ဘယ်လောက်ရလဲဆိုတာ ကျနော်ကပ်ထားတယ်။ ကြိုတင်မဲ ၁၀၀ ပေးထားတယ် ဘယ်သူ့ ဘယ်နှစ်မဲရလဲဆိုတာ စာရင်းရှိပြီးသားဆိုတော့ ဒီအပေါ်မှာ ကြိုတင်မဲကစားလို့မရဘူး။ ကျတော် အဲဒီလိုမျိုး ထိန်း ထားတယ်။

မေး။ ။ ဒီလိုမျိုး ကြိုတင်မဲနဲ့ ကစားတယ်ဆိုတာက ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီက ကစားတဲ့သဘောပေါ့၊

ဖြေ။ ။ များပါတယ်။ ဟုတ်ပါတယ်။

မေး။ ။ အရင်တုန်းက ဥက္ကဋ္ဌက ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီက ရွေးကောက်တင်မြှောက်ခံရတဲ့ အမတ်ပဲ။ အခုအချိန်မှာ အဲ့ဒီလိုမျိုး လုပ်နေတာတွေနဲ့ ပတ်သက်ပြီး ပါတီဘက်က သဘောကျရဲ့လား။

ဖြေ။ ။ ကျတာ မကျတာကတော့မတတ်နိုင်ဘူးလေ။ ကျနော့်ကို ဒီလိုကိစ္စမျိုးနဲ့ လက်ရှိပုဂ္ဂိုလ်တွေထဲက ကျနော့်ကို ခံပြောရင် သွားခေါ်ခဲ့။ ကျနော်အမှန်တရားကို ဥပဒေနဲ့ပဲ စကားပြောမယ်။ ဘာကြောင့်လဲဆိုရင် ကျနော့်က ဘယ်သူ့ကိုမှ ဒီလိုဟာမျိုးနဲ့ ပတ်သက်ရင် လက်မခံနိုင်ပါဘူး။ ဥပဒေမညီရင် ပြောလည်း ပြောရဲတယ်။ ကျနော့်ကိုယ်တိုင်ကလည်းပဲ ကျနော်မှားရင် တောင်းပန်မယ။် အရေးယူရင်လည်း ခံမယ်၊ နရင်းတီးလည်း ကျနော်ခံမယ။် မှားတာကိုးဗျ။ အဲ့ဒီအတွက် ကျနော်က တော့ မလျော့ပါဘူး။

အဲဒီလို ကျတော် လုပ်နေတာတွေကို လက်ခံသလားဆိုတော့ ဘယ်ကြိုက်ကြမလဲ။ ဘက်လိုက်စေချင်တာပေါ့၊ ဘက်မလိုက်ဘူး ဆိုရင်တော့ ဘယ်ကြိုက်မလဲ။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ ဥပဒေကြီးနဲ့လေဗျာ။ အဲဒီမှာ မေးစရာတွေရှိတယ်။ မဲရုံမှူး ကို Pressure (ဖိအား) ပေးလိုက်လို့ လက်ခံလိုက်ရင် ဘယ်လို လုပ်မလဲ။ ကျနော်က စာထုတ်ထားပါတယ်။ ဒီလိုပြစ်မှုတွေဖြစ်ရင် ဥပမာ- မနက် ၆ နာရီနောက်ပိုင်း ရောက်လာတဲ့ ကြိုတင်မဲဟာ ပယ်မဲ ဖြစ်ပါတယ်လို့ ပြောထားပါလျက်နဲ့ ခိုင်လုံမဲ လုပ်ပေးရင် ကျတော် က ထောင်ချလိုက်မှာပေါ့။ အဲဒီတော့ ကျနော်က ထပ်စာထုတ်ထားပါတယ် မင်းတို့တော့ ဒီလိုခွင့်ပြုထားသည်။ အေး ဒီလိုလုပ်လိုက်ရင်တော့ ထောင်ကျသွားမယ်မှတ်လို့ ကျနော်က စာထုတ်ထားတယ်။

မေး။ ။ အဲ့ဒါကလည်း ခုနပြောတဲ့စိန်ခေါ်မှုတွေထဲက တခုဖြစ်နေတာပေါ့။

ဖြေ။ ။ ဟိုတုန်းကတော့ ဖိအားတွေ နည်းနည်းရှိရင် ရှိနေမှာပေါ့။ အခုတော့ ကျတော်မကြောက်ပါဘူး။ ဘယ်သူ့ကို မှ မကြောက်ပါဘူး။ သူတို့ကို ကျနော် စပေးလိုက်ကတည်းကိုက အဲဒီ ဥပဒေ ၊ နည်းဥပဒေ လက်စွဲစာအုပ်တွေဖတ်။ မကြာခင် မှာပဲ Training လာပါတော့မယ်။ အဲ့အခါကျရင် know ၊ Must know ၊ Do၊ Don’t ဆိုပြီး ကျနော် သေချာ ပေးပါ့မယ်။ လုပ်ရမှာကိုလုပ်၊ မလုပ်ရမှာကို လုပ်ရင် မင်းထောင်ကျမှာပဲလို့ ပြောရမှာပဲ။

မေး။ ။ ကျတော်တို့ နိစ္စဒူ၀ ပြည်သူတွေကြားမှာ ကြားနေရတာကတော့ သူတို့မှာ သံသယတွေရှိနေကြတယ်။ ပွင့်ပွင့် လင်းလင်း ပြောရရင် ကော်မရှင်ရဲ့ ဥက္ကဋ္ဌ ကိုယ်တိုင်ကလည်း တပ်မတော်ကနေလာတာဖြစ်တယ်။ မဲစာရင်း တွေဘက်ကို ကြည့်မယ်ဆိုရင်လည်း ဥပမာ လွဲချော်တာတွေရှိမှာပေါ့နော်။ နောက်တချက် မတည်ငြိမ်တဲ့ တိုင်းရင်းသားဒေသတွေမှာရော ရွေးကောက်ပွဲတွေ လုပ်မလားဆိုတဲ့ သို့လော သို့လော ပြောဆိုတာတွေရှိတယ်။ ခြုံပြီးကြည့်မယ်ဆိုရင်တော့ မဲဆန္ဒရှင် အများ စု နဲ့ ပြည်သူအများစုမြင်တာကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတပါ့မလားဆိုတဲ့ သံသယပေါ့။ အဲဒါတော့ ကြီး နေတာအမှန်ပဲ၊ ဒီအင်တာဗျူးကနေ သူတို့ရဲ့ သံသယတွေကိုဘယ်လိုမျိုး ဖျောက်ဖျက်နိုင်တဲ့ အာမခံချက် မျိုး ပေးနိုင်မလဲ။

ဖြေ။ ။ ကျနော်က ဒုဗိုလ်ချုပ်ကြီး တာဝန်ထမ်းဆောင်ခဲ့တယ်၊ ကြံ့ခိုင်ရေးပါတီမှာလည်း လုပ်ခဲ့ပါတယ်။ ဒီနေရာမှာတော့ ကြံ့ခိုင်ရေး ပါတီဆိုတာကတော့ ပြောကြေးဆိုရင်တော့ ကျနော်တို့တွေ နာယကကနေစပြီးတော့ ပါလာတာပေါ့လေ၊ ၉၃ က တော့ ကျနော် ဗျူဟာမှူး ပဲ ရှိပါသေးတယ်။ မပါပါဘူး။ ၉၇ ကျတော့ တိုင်းမှူးဖြစ်လာတဲ့အခါကျတော့ နာယကအနေနဲ့ ကျနော် လုပ်ခဲ့တာပါ။ နာယက လုပ်တယ်ဆိုတဲ့သဘောအတိုင်းပဲ ကြံ့ခိုင်ရေးနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေမှာထဲထဲ ဝင်ဝင် မပါခဲ့ဘူး။ အဲ့ဒါတွေကတော့ သူရဲ့ အသင်းရဲ့ CEC ကလုပ်တာပေါ့ဗျာ၊ ကျနော်တို့က အဲ့ဒီလုပ်ဆောင်ချက် တွေ ကို အောင်မြင်အောင် အကူအညီပေးတဲ့နေရာမှာ ပါတာပေါ့ဗျာ၊ အဲ့ကနေ ပါတီပြောင်းလိုက်တယ်၊ ပြောင်းလိုက်တဲ့ အခါကျ တော့ ကျနော်လည်း ဘယ်အချိန်မှာ ပါတီဝင်ဖြစ်လာတယ်ဆိုတော့ ၂၀၁၀ သြဂုတ်နောက်ပိုင်းပေါ့ ရွေးကောက်ပွဲ ကြေညာ ပြီးနောက် ရွေးကောက်ပွဲ ဝင်ရမယ်ဆိုတဲ့အချိန်မှာ တပ်ကလည်း အငြိမ်စားသွားရတော့မယ်ဆိုတဲ့အချိန်မှာ ကျနော် ပါတီ ဝင်ပါတယ်။

အရွေးခံပေါ့။ ဆိုတော့ ပြန်ထွက်လာတဲ့အချိန်မှာ ၂၀၁၁ မတ်လထွက်တယ်ဆိုတဲ့ အချိန်မှာ ကျနော့်က ၈ လ လောက်ပဲ ကြံ့ခိုင်ရေးပါတီထဲမှာ ရှိပါတယ် ဒါကတော့ ထားပါတော့၊ သို့သော်လည်းပဲ ကျနော် စစ်ဗိုလ်ချုပ်ကြီး တယောက် ဖြစ်တဲ့ အတွက် ကြောင့် သံသယရှိမယ်ဆိုလည်း ရှိနိုင်ပါတယ်။ ဒါတွေကတော့ ကျနော် ရှိပါလို့လဲမပြောဘူး၊ မရှိပါနဲ့လို့လည်း မပြောဘူး။ နိုင်တဲ့ပါတီကတော့ ကောင်းတယ်ပြောမှာပဲ၊ ရှုံးတဲ့ပါတီကတော့မတရားဘူးပဲ ပြောမှာပဲ။ အဲဒီတော့ ငါသက်သေ ရှိရင် ကောင်းမယ်ဆိုပြီးတော့ CSo တွေကို ကျနော်က တာဝန်ပေးပါတယ်။

CSo တွွေကို Voter Education ပေးထားတဲ့အတွက်ကြောင့်မင်းတို့နားလည်နေပြီ၊ ငါအလုပ်လုပ်တာ ဥပဒေ ညီလား မညီလားပြော။ ဒါအပြင် International Observer ခေါ်တယ်။ Observer နှစ်မျိုးရှိပါတယ်။ ခဏလာတဲ့ Observer နဲ့ Long Term Observer။ ရွေးကောက်ပွဲနားမှလာတဲ့ တရက် နှစ်ရက်နေပြီးတော့မှ ပြီးရင်ပြန် အဲဒါက Short Term Observer။ Long Term Observer ကတော့ ရွေးကောက်ပွဲကြေညာတဲ့အချိန်မှစပြီးတော့ Candidate တွေကို ဘယ်လို Nominate လုပ်တယ်၊ Validity လုပ်တယ်၊ Election Campaign ဘယ်လိုသွားလဲ၊ ကျနော်တို့ ကော်မရှင်ဘာတွေလုပ်လဲ၊ ဒါတွေ ကျနော်တို့ အသေးစိတ် ရွေးကောက်ပွဲကာလဘယ်လိုလုပ်သလဲ၊ အနိုင်အရှုံးစာရင်းတွေ ဘယ်လိုထုတ်ကြသလဲ၊ အငြင်းပွားမှုတွေ ဘယ်လိုစစ်ဆေးကြသလဲ၊ လွှတ်တော်ထဲ ဘယ်လိုရောက်သွား လဲအထိ။ တခု ကျနော်က သူတို့ (Long Term Observer) ရဲ့ သက်တမ်းကိုဘယ်လောက်အထိပေးထားလဲဆိုတော့ သူတို့လာတဲ့နေ့မှ စ၍ လွှတ်တော်ထဲမှာ လွှတ်တော် အမတ်တွေကျမ်းကျိန်တဲ့အချိန်ထိ ပေးထားပါတယ်။ ကျနော့်အကောင်းဆုံးဖြစ်အောင် လုပ်ပါ့မယ်။ ဒါပေမယ့် ခင်ဗျားတို့မယုံဘူးဆိုတာ ကျနော်သိပါတယ်၊ ကျနော် သက်သေနဲ့လုပ်ပါ့မယ် ကျနော် ဒီလိုပဲပြောပါတယ်။ ကျနော်က လည်း မယုံလည်း မတတ်နိုင်ပါဘူး၊ ကျနော်ကတော့ အကောင်းဆုံးကြိုးစားပါ့မယ်။ ဘာကြောင့်လဲဆို ဒါကြီးကလည်း လူတိုင်းက မျက်စိဒေါက်ထောက်ကြည့်နေကြတာလေ၊ ကျနော် လုပ်လို့လည်းမရပါဘူး။

မေး။ ။ ဒီနေရာမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ တမ္ဘာလုံးမှာ ရွေးကောက်ပွဲကျင်းပတဲ့နေ့ လွတ် လပ် တာနဲ့ တရားမျှတတယ်၊ လွတ်လပ်တယ်လို့ ပြောလို့မှ မရတာကိုး။ ကျနော်တို့ ဒီနိုင်ငံမှာဆိုရင် အထူးသဖြင့် စည်း မျဉ်း စည်းကမ်းတွေ၊ ဥပဒေတွေ နောက်ဆုံး အခြေခံဥပဒေအထိကြည့်ရတာပေါ့။ အခြေခံဥပဒေ ကိုပြန်ကြည့်မယ် ဆိုရင် လည်း ဒီမိုကရေစီ စံချိန်စံညွန်းတွေနဲ့ကိုက်ညီဖို့လိုအပ်နေတဲ့ အချက်တွေရှိနေတယ်။ အဲဒီလိုမျိုး Constitution အောက်မှာ ရွေးကောက်ပွဲကို ကျင်းပရင် အဲ့ဒီနေ့မှာလွတ်လပ်တာတောင်မှ တရားမျှတမှု ရှိပါ့မလား။

ဖြေ။ ။ ခင်ဗျားတို့ ပေတံနဲ့ တိုင်းရင်တော့ မှန်ပါတယ်၊ ကျနော်လည်းထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် တို့ ဥပဒေတွေရှိတာပဲ။ တကြိမ်မှာ ဆရာကြီးဦးဝင်းတင်နဲ့ အကြိတ်အနယ် ဆောင်းပါးတွေရေးပြီးတော့ စကားများ ခဲ့ဖူး ပါ တယ်။ ကျနော် ထုတ်လိုက်တဲ့ Election Campaign Rule တွေကို ကြည့်ပြီး ပါတီအပေါ် ကြိမ်တို့တယ်လို့ ပြောတယ်ပေါ့။ ကျတော်က ပြောပါတယ်။ ပါတီတွေကို ကြိမ်မတို့ ပါဘူး။ နိုင်ငံတော်မှာ ဒီဥပဒေတွေရှိပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ဒီလိုမျိုးရှိပါတယ်၊ ဒီမှာ ဒီဥပဒေရှိပါတယ် လိုက်နာကြပါလို့ရေးပေးလိုက်ရင် ကျနော့်ကို ကြိမ်တို့တယ်လို့ ပြောကြပါတယ်။ ခင်ဗျားတို့ ပြောပုံအရဆိုရင်တော့ ကော်မရှင်က လုပ်တာတွေဟာ တင်းကျပ်တယ်လို့ ထင်ရပါတယ်။ဒါကြောင့်မို့လို့ သူတို့မကျေနပ်ပါဘူး။ ဆိုတဲ့အခါကျတော့ ကျနော့်က ကျပ်တယ်လို့ဆိုတယ်။ ကျနော်က ဥပဒေအရ ဆောင်ရွက်ရတာပဲ။

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
မန္တလေး, မြို့ပတ်ရထား, ဘူတာကြီး, သူရဲဈေး, အိုးဘို, မတ္တရာ

ဝိညာဉ်ပျောက် မြို့ပတ်ရထားစီးခြင်း

တအာင်း(ပလောင်) အမျိုးသားပါတီ

ပလောင် ပါတီ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီး

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate