၂၀၁၅ ရွေးကောက်ပွဲကို အောက်တိုဘာလအကုန်၊ နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပမည်ဟု ကြေညာထားရာ ရွေးေ ကာက်ပွဲ သည် ပွင့်လင်းမြင်သာပြီး တရားမျတ သည့် ရွေးကောက်ပွဲတစ်ခုဖြစ်နိုင်မလား၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကဲ့သို့ အာဏရ ပါတီက မဲလိမ်၊ မဲခိုးမှု ၊ ကြိုတင်မဲ ဆိုသည့် မသမာသော နည်းလမ်းများဖြင့် အနိုင်ယူသွားမလားဆိုသည် ကို ပြည်သူအများစု စိုးရိမ်နေကြသည်။ မြန်မာနိုင်ငံ၏ သယံဇာတ ရတနာသိုက်တခုဖြစ်သော ရခိုင်ပြည်နယ်တွင်လည်း ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုများရှိနေပြီဖြစ်ရာ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြကို ဧရာဝတီ၏ ရခိုင်ပြည်နယ်သတင်းထောက် မင်းအောင်ခိုင်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဘာတွေ ပြင်ဆင်ထားပြီလဲ။
ဖြေ။ ။ လက်ရှိဆောင်ရွက်နေတဲ့အခြေအနေကတော့အကြို မဲစာရင်း ကြေညာပြီးပြီ။ ဇွန်လ ၂၂ ရက်နေ့ ကြေညာတယ်။ ဇူလှိုင် ၅ ရက်နေ့ အထိပေါ့။ သို့သော်လည်းပဲ ဆက်ပြီးတော့ မဲစာရင်းကို ထပ်ပြီးကြေညာထားဦးမယ်။ ပြည်သူတွေ လာပြီး ကြည့်လို့ရအောင်၊ မပါတဲ့လူတွေကိုလည်း မဲစာရင်းထဲမှာ ပြန်ထည့်ပေးလို့ရ အောင်ပေါ့။ အပေါ်ကတော့ ဆက်ပြီး ထား ပေးပါဦးဆိုပြိး ညွန်ကြားလာတာရှိလို့ပါ။ ဘယ်နေ့အထိဆိုတာတော့ ရက်အကန့်အသတ်မရှိသေးပါဘူး။
မေး။ ။ နိုင်ငံတဝန်းမဲစာရင်းတွေမှာ အမှားတွေရှိနေတယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ ရခိုင်ပြည်နယ် မဲစာရင်းမှာရော ဘယ်လို အမှားတွေ ရှိနေလဲ။
ဖြေ။ ။ကျနော်တို့ ကော်မရှင်အနေနဲ့တော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ လဝက (လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဌာန) တို့ ပြုစုထားတဲ့ စာရင်း အပေါ်မူတည်ပြီးတော့ မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ စာရင်းကိုပဲကောက်ယူရတာကိုး။ တချို့ မဲဆန္ဒ တွေမှာ မပြည့်မစုံတာလေးတွေပါ လာတယ်။ မွေးဖွားတဲ့ ခုနှစ်တော့ပါလာတယ်။ မွေးရက်တို့ မွေးလ တို့ မပါဘူး။ အဲဒါ တွေ ကိုတွေ့တော့ လဝကလည်း မိုးပွင့် အထူးစီမံချက်အရ ချက်ချင်းလုပ်ပေး တယ်။ မပြည့်မစုံတာကတော့ မှတ်ပုံတင်မှာ မွေးဖွားတဲ့ နှစ်တွေ၊ လွဲနေတာတွေ၊ မပါတာတွေ အဲဒါတွေပါပဲ။ ကော်မရှင်အနေနဲ့ကတော့ ထွေအုပ်နဲ့ လဝက ပြုစုထားတဲ့ စာရင်းအပေါ်မှာ မူတယ်ပြိးတော့ လုပ်ရတဲ့ အခါ အဲဒီမှာ ချို့ယွင်းချက် ရှိသွားရင် ဒီမှာလည်း ချို့ယွင်းချက် ရှိသွားတာပေါ့။ ဒါပေမယ့် တိုင်းရင်းသားမှန်သမျှကတော့ မှတ်ပုံတင်ရှိရှိ မရှိရှိ မြို့နယ် ရပ်ကျေးအထောက်အကူပြု တွေက ဒီလူက ဒီမှာမွေးတာ၊ ဒီမှာကြီးတာ ဆိုတာမျိုးထောက်ခံပေးလိုက်ရင် မဲစာရင်းမှာ ထည့်ခွင့်ပေးတယ်။ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသွားပြီပေါ့။
မေး။ ။ လာမယ့်ရွေးကောက်ပွဲမှာ တရားမျတမှု ဖြစ်စေဖို့ ၊၂၀၁၀ တုန်းကလို မဲလိမ်၊ မဲခိုးမှုတွေနဲ့ အနိုင်ယူသွား တယ် ဆိုတဲ့ အသံတွေ မထွက်အောင် ဘယ်လိုကြီးကြပ်သွားမလဲ။
ဖြေ။ ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာပြီး တရားမျတမှုတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်အောင် အစိုးရကလည်း လုပ်မယ်ဆိုပြီး ကြေညာထားတယ်။ ပြောတာနဲ့ ကြေညာထားတာနဲ့ လိုက်လျောညီအောင် အရေးအကြီးဆုံး ချက်ကတော့ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲစာရင်းထဲမှာ ပါအောင် လုပ်ဖို့ လိုတာပေါ့ ။ ဒါကနံပါတ် ၁ ပဲ။ ဒီမဲစာရင်းဟာ ကြိုတင်ပြင်ဆင်တဲ့မဲစာရင်း ဖြစ်တဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ကို ကြေညာ မယ်။ ကြေညာပြီး တာနဲ့ ကျနော်တို့ ကောက်ယူထားတဲ့ မဲစာရင်းကိုလည်း နောက်ဆုံး အနေနဲ့ ထပ်ကြေညာပေးဦးမှာပါ။
မေး။ ။ မဲဆွယ်စည်းကာလမှာပေါ့ ပါတီတွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေ ကို လိုက်နာဖို့ ဘယ်လို ဆောင်ရွက်သွားဖို့ရှိလဲ။ တချို့ပါတီတွေဆိုရင် အစိုးရယန္တရားနဲ့ သိပ်နီးစပ်လွန်းတော့ ဥပဒေကို မလိုက်နာတာမျိုး တွေရှိနေတော့လေ။
ဖြေ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၁ လ ( သို့မဟုတ်) ၂ လ နိုင်ငံရေးပါတီ တွေကို မဲဆွယ် စည်းရုံး ခွင့် တွေပေးလိုက်ပြီဆိုရင် အဲဒီမှာစည်းကမ်းဆိုတာ လာမယ်လေ။ ပါတီတွေက သတ်မှတ်ထားတဲ့စည်းကမ်းတိုင်း လုပ်ရ မယ်။ စည်းကမ်းအတိုင်းပဲသွားရမယ်။ စည်းကမ်းအတိုင်း မလုပ်ပဲ ဖောက်ဖျက်လာရင်တော့ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေပါ အတိုင်း အရေးယူသွားမယ်။ ညွန်ကြားချက်တွေ ထုတ်ပြီးသွားရင်တော့ လွှတ်တော် ကိုယ်စား လှယ် လောင်း တွေက စည်းရုံးရေး ဆင်းကြပြီပေါ့။ တကယ်လို့ စည်းကမ်းအတိုင်းမသွား၊ စည်းကမ်းအတိုင်း မလုပ်ဆောင် ဘူး ဆိုရင်တော့ အဲဒီမှာ အနီးကပ် ကြီးကြပ်တဲ့ ရပ်ကျေးကော်မရှင်တွေ ၊ မြို့နယ်ကော်မရှင်တွေ ရှိတယ်လေ။ ဥပမာ- မြောက်ဦး မြို့နယ်မှာ စည်းရုံးရေးလုပ်မယ်ဆိုရင် မြောက်ဦးမြို့နယ် ကော်မရှင် ခွင့်ပြုချက်တောင်းရမယ်လေ။ စည်းကမ်း ဥပဒေကို ချိုးဖောက်ပြိး ပါတီတစ်ခုခုက လုပ်ဆောင်မယ် ဆိုရင်တော့ မြို့နယ် ကော်မရှင်က ကျွန်တော်တို့ဆီကို တင်ပြ လွှာတွေ တက်လာမှာပဲ ။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးပုံ မဲပေးနည်းက ၂၀၁၀ နဲ့မတူတော့ဘူးလို့ သိရပါတယ်။ ဘယ်လိုမဲပေးရမလဲ ဆိုတဲ့ အသိပညာပေးမှုတွေ လုပ်နေပြီလား သိချင်ပါတယ်။
ဖြေ။ ။ မဲပေးပုံက ၂၀၁၀ တုန်းနဲ့ကတော့ ကွာခြားပါတယ်။ ကိုယ်ကြိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း တွေရဲ့ အကွက် မှာ တံဆိပ်ရိုက်ရမယ်။ မဲပေးပြီး မဲရုံကထွက်လာမယ်။ ထွက်လာတော့ လက်မှာ မှင်တို့ရမယ်။ အဲဒီမှင်က ၁၂ နာရီ ထိခံ မယ်။ ညနေ ၄ နာရီထိ အဲဒီမှင်က ခံတယ်။ ဖျက်လို့ မဖျက်ဘူးပေါ့။ နောက်တကြိမ် မဲပေး လို့မရ အောင် ပေါ့။ အဲဒါကို လည်း ရုပ်မြင်သံကြား ကနေတစ်ဆင့် နေ့စဉ် ကြေညာပေးထားပါတယ်။
မေး။ ။ ကြိုတင်မဲကိုရော ဘယ်လို ကိုင်တွယ်မလဲ။ ၂၀၁၀ တုန်းကတော့ ကြိုတင်မဲက အနိုင်၊ အရှုံးကို ဆုံးဖြတ်ပေးခဲ့တာ ဆိုတော့လေ။
ဖြေ။ ။ ကြိုတင်မဲကိစ္စကလည်း ၂၀၁၀ တုန်းကနဲ့ စာရင် ၂၀၁၅မှာ ပိုရှင်းပါတယ်။ ကြိုတင်မဲကိစ္စကို ကိုယ်ပေးချင်သလို ပေးလို့မရဘူး။ ရပ်ကျေးကော်ရှင်မှာလည်း ကြိုတင်မဲပေးလို့ရတယ်။ မြို့နယ် ကော်မရှင်မှာလည်း ပေးလို့ရတယ် ။ ဘယ်လို ပေးလဲဆိုတော့ ဥပမာ-တပ်၊ ရဲ ၊နိုင်ငံ့ဝန်ထမ်းတွေ ဆိုပါတော့။ မဲပေးမယ့်နေ့ အဲဒီနေရာမှာ မရှိဘူး။ ကျနော် ရွေးကောက် ပွဲနေ့မှာ အဲဒီမှာ မရှိဘူး ကြိုတင်မဲပေးချင်တယ်။ သူနေတဲ့ ရပ်ကွက် ကော်မရှင်မှာ အကျိုးအကြောင်း ပြောရမယ်။ ရပ်ကွက်ကော်မရှင်က အဲဒီလူဟာ အမှန်တကယ် အဲဒီရပ်ကွက်မှာ နေတဲ့ လူမှန်ကန်ရင် ကြိုတင်မဲ ပေးခွင့်ပြုပါတယ်။ ဒါလည်း ကိုယ်ပေးချင်တဲ့ နေ့မှာ ပေးလို့မရဘူး။ ရွေးကာက်ပွဲနေ့ မတိုင်မီ ၂ ရက်အလိုပေါ့ အဲဒီအတိုင်းပဲ သတ်မှတ်ထားတယ်။ သင်တန်းတက်နေတဲ့လူ၊ ဆေးရုံတက်နေတဲ့လူ ၊ အချုပ်ခန်းထဲကို ရောက်နေတဲ့ လူတွေ လည်း ကြိုတင်မဲပေးခွင့်ရှိပါတယ်။ တပ်အတွက်ကတော့ ကြိုတင်မဲပေးမယ် ဆိုရင် ပုံစံ ၁- ၂ ။ ဆေးရုံတက် နေတဲ့လူ ၊ အချုပ်ကျနေတဲ့လူ ၊ သင်တန်းတက်နေတဲ့လူ၊ ကျောင်းသားတွေ ဆိုရင်တော့ ပုံစံ ၁- ၁ ၊ နိုင်ငံခြားကို တရားဝင် သွားရောက်နေတဲ့ လူတွေအတွက်ကတော့ ပုံစံ ၁- ၃ ဆိုပြီးတော့ ဇယားကွက်ထဲမှာ ဖြည့်ပြီး ကြိုတင်မဲပေးကို ပေးနိုင် ပါတယ်။
မေး။ ။ တပ်မတော် အခြေစိုက်မြို့ဖြစ်တဲ့ အမ်းမြို့နယ် မဲဆန္ဒနယ်တွေရော စစ်သည်တွေအနေနဲ့ လွတ်လပ်စွာ မဲပေးခွင့် ရှိပါ့မလား။ ရှေ့တန်းသွားမယ့် စစ်သည်တွေရဲ့ ကြိုတင်မဲ ကိစ္စကို ဘယ်လို လုပ်ပေးထားလဲ။
ဖြေ။ ။ ဘယ်မှာပဲ ဖြစ်ဖြစ်ပေါ့လေ။ သတ်မှတ်ထားတဲ့ ပုံစံအတိုင်းပဲ မဲပေးရမှာပါ။ စစ်သည်တွေ ဆိုရင်လည်း ဒီအတိုင်း ပဲ။ ရော့ ငါတို့တပ်က ကြိုတင်မဲ ၂၀၀ ဆိုတာမျိုးတော့ ပေးလို့မရဘူး။ လက်လည်းမခံဘူး။ မဲဆန္ဒရှင် စစ်သည်တဦး ချင်းစီ အနေနဲ့ သူတို့ဘယ်ပါတီ၊ ဘယ်လွတ်တော်ကိုယ်စားလှယ်တွေကို ကြိုက်သလဲ သူတို့ မဲပြားကို သူတို့ပေးရမှာပဲ။ တဦး ချင်းစီက သူတို့ရဲ့ မဲပြားကို သူတို့ အသေချာ စာအိတ်ထဲမှာ ထည့် ချိတ်ပိတ် ပြီးတော့မှ တာဝန်ခံ အရာရှိက စစ်သည် တဦး ချင်းစီ စာအိတ်ကို စုပေါင်းပြီးတော့ အရေအတွက် ဘယ်လောက်ဆို တာမျိုးကိုပဲ ရပ်ကျေး မဲရုံ ကော်မရှင် တွေကို လာ ပေးရမှာပါ။ ကျနော်တို့အနေနဲ့ တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက် ပွဲ တစ်ခုဖြစ်အောင်ကြိုးစား လုပ် ဆောင် နေပါတယ်လို့ပြောချင်ပါတယ်။