• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

နှစ်သစ်ကူး ဆုတောင်းစကားများ

by ဧရာဝတီ
9 April 2016
in အင်တာဗျူး
A A
သင်္ကြန်
8.7k
VIEWS
Share on FacebookShare on Twitter

ယခု နှစ်သစ်အတွက် မြန်မာ့ရိုးရာနှစ်ကူး သင်္ကြန်ပွဲတော်သည် ဒီမိုကရေစီ အစိုးရသစ် လက်ထက်တွင် ပထမဆုံးကျင်းပမယ့် ရိုးရာ ရာသီပွဲတော်တခုလည်း ဖြစ်ပါတယ်။

ဒီလို ရိုးရာနှစ်ကူးပွဲတော်နဲ့ ပတ်သက်ပြီး နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်အသီးသီးတို့ရဲ့ ဆုတောင်းစကားများကို ဧရာဝတီက စုစည်း ဖော်ပြပေးလိုက်ပါတယ်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
1.5k
သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

20 May 2025
1.2k
မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

19 May 2025
1k

ဆရာတော် ဦးသုမင်္ဂလ
(ဒယ်အိုးဆရာတော်)

လာမယ့်မြန်မာတို့ရဲ့ မြန်မာ့ရိုးရာ နှစ်ကူးသင်္ကြန်မှာ မြန်မာနိုင်ငံသားများအားလုံးဟာ ပြောင်းလဲလာတဲ့ ခေတ်သစ် စနစ်သစ်နဲ့အညီ စိတ်ဓာတ်တွေ၊ ကိုယ်ကျင့်တရားတွေအားလုံး ကောင်းမွန်အောင် မိမိကိုယ်မိမိ ထူးခြားစွာပြောင်းလဲနိုင်ပြီးတော့ သီလသမာဓိပြည့်စုံ စွာဖြင့် နှစ်သစ်စနစ်သစ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ မိမိတို့ဘဝကို မိမိတို့တိုးတက်အောင် မိမိတို့နိုင်ငံ၊ မိမိတို့အမျိုး၊ မိမိတို့သာသနာကို တိုးတက်ကြီးပွားအောင် ရွက်ဆောင်နိုင်တဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ အားလုံးကို၊ နိုင်ငံသူနိုင်ငံသားများကို ဆုတောင်းပေးပါတယ်။
သီလသမာဓိ ကိုယ့်ကျင့်တရား တိုးတက်ကြီးပွားမှသာလျှင် စစ်မှန်တဲ့ မင်္ဂလာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်တယ်လို့ အားလုံးကို ဆရာတော်က သတိပေးနိုးဆော်လိုပါတယ်။

Rev. Dr Zaw Win Aung (Methodist Church Upper Myanmar)
ခရစ်ယာန် သင်းအုပ် ဆရာတော်

ဧရာဝတီ အွန်လိုင်းနဲ့အတူတကွ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားအားလုံးတို့လည်း ပန်းလိုမွှေးပြီး ရေလိုအေးပါစေ။ ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်းမှာ ပြစ်မှားမိခဲ့တဲ့ မကောင်းတဲ့အပြုအမူများ အားလုံးတို့ကို အကုန်လုံးကျော်လွှားပြီးတော့မှ စိတ်သစ်လူသစ် ဘဝသစ်နဲ့ နှစ်သစ်မှာ ထာဝစဉ်ရွှင်လမ်းချမ်းမြေ့ပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ နိုင်ငံတော်ကြီးကိုလဲ ကြီးပွားခြင်း၊ တိုးတက်ခြင်း၊ ဖွံ့ဖြိုးခြင်းနဲ့ အတူတကွ နိုင်ငံသူနိုင်ငံသား အားလုံးတို့လည်း တဦးနဲ့တဦး အပြန်အလှန် ချစ်ခင်လေးစားကြည်ညိုကြပြီး အတူတကွ လက်တွဲပြီး နိုင်ငံတော်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေ။

သက်ဆိုင်ရာ မီဒီယာသမားများနှင့် အတူတကွ နိုင်ငံတော်ကို အုပ်ချုပ်သည့် မင်းလုပ်ကြသူ အပေါင်းတို့သည်လည်း အတူတကွသဟဇာတဖြစ်ပြီး လိုအပ်တဲ့ သတင်းအချက်အလက်တွေကို မှန်ကန်စွာဖြင့်ဖော်ပြနိုင်ပြီး ကြီးပွားတိုးတက်ရေးကို အတူတကွ လက်တွဲဆောင်ရွက်နိုင်ပါစေလို့လဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်းနဲ့ ပြည့်ဝတဲ့ဘဝကို ပိုင်ဆိုင်ပြီးတော့ နှစ်သစ်အချိန်ကာလမှာ လူသစ်စိတ်သစ် ဘဝသစ်နဲ့ တည်ထောင်ပြီး ယှဉ်တွဲအတူနေထိုင်သွားကြပါစို့လို့ မေတ္တာပို့သ ဆုတောင်း ပေးလိုက်ပါတယ်။ ဘုရားသခင် ကောင်းချီးပေးပါစေ။

အလ်ဟာဂျ်အွတ်စ်တာဇ် ဦးကျော်စိုး
အထွေထွေ အတွင်းရေးမှူးချုပ်
မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် ဗဟို

သင်္ကြန်ဆိုတာ ယဉ်ကျေးမှုအရ ပေါ်ပေါက်လာတာဆိုတော့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဖြစ်တယ်။ အစဉ်အလာအရ သင်္ကြန်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ကုသိုလ်ယူကြတာရှိတယ်။ ကျနော်တို့ အဖွဲ့အနေနဲ့ ဒီလိုလုပ်ဆောင်မှုတွေအပေါ် ကြိုဆိုထောက်ခံပါတယ်။ မေတ္တာပို့ပြီးလဲ ဆုတောင်းပေးပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ ဗုဒ္စဘာသာအပါအဝင် ဘာသာပေါင်းစုံ အေးအေးချမ်းချမ်းနဲ့ နေထိုင်နေကြပြီး ဒီနိုင်ငံမှာ မေတ္တာတရားထားရှိပြီးတော့ လုပ်ငန်းတွေဆောင်ရွက်ကြတာကို နှစ်သက်တယ်။ ဂုဏ်ယူတယ်။ တိုင်းပြည် ကိုလည်း ဒီနှစ်သစ်ကူးကစပြီး ဒီထက်ဖွံ့ဖြိုးတိုးတက်တာကို လိုလားတယ်။ အချင်းချင်း ချစ်ချစ်ခင်ခင် ဖြစ်တာကိုလည်း လိုလား ပါတယ်။

ကိုမြအေး
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း

ဒီနှစ်က မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်နဲ့အတူ မင်္ဂလာရှိတဲ့ နှစ်သစ်တခုလို့ မြင်မိပါတယ်။ ကျနော်တို့ဟာ အစိုးရသစ်နဲ့ ပထမ ဆုံး ဖြတ်သန်းရမယ့်သင်္ကြန်လည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော် ကြာပြီးမှ အစိုးရသစ်နဲ့အတူ ဖြတ်သန်းခွင့်ရတာလည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ကျနော်တို့အားလုံး စုစုစည်းစည်းနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ကြဖို့ မျှော်လင့် ပါတယ်။ နှစ်သစ်ကူးမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အေးချမ်းသာယာကြပါစေလို့ ဆုတောင်းပေးပါတယ်။

ဒေါက်တာ အေးမောင်
ရခိုင် အမျိုးသား ပါတီ ဥက္ကဋ္ဌ

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်က နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတာပေါ့။ ဒီအချိန်မှာ NLD အစိုးရသစ်ကလည်း အပြောင်းအလဲ ကို တာစူနေတာ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီနှစ်မှာ ရန်ကုန်သင်္ကြန်ကတော့ နည်းည်းထူးတယ်လို့ ကြားတယ်။ ဦးဖြိုးမင်းသိန်း အနေနဲ့ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေနဲ့ ကိုက်ညီတဲ့ ရိုးရာသင်္ကြန်ပွဲတော်ဖြစ်ဖို့ ကြိုးစားတဲ့နေရာမှာ ဝေဖန်မေးခွန်း ထုတ်တဲ့သူတွေလည်း တွေ့ရတယ်။ ဒီလိုကြိုးစားသလို သတ္တဝါလေးတွေ အသက်ဘေးလွတ်အောင်လည်း ကြိုးစားပေးစေချင်တယ်။ ကျေးဇူးရှင်ဖြစ်တဲ့ နွားသတ္တဝါတွေရောပေါ့။ နှစ်သစ်ကူးမှာ သတ္တဝါတွေအားလုံးကို အေးချမ်းစေချင်ပါတယ်။

စိုင်းအောင်မြင့်ဦး
အမျိုးသားသုတေသန ဖော်ဆောင်ရေးနှင့် ဖွံ့ဖြိုးရေး ပညာစင်တာ
ရှမ်းလူငယ် မောင်မယ်များ/ရန်ကုန်

မင်္ဂလာအဖြာဖြာနဲ့အတူ မြန်မာနှစ်သစ်မှာ တိုင်းသူပြည်သားအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာခြင်းနဲ့ ပြည့်ဝပါစေ။ သင်္ကြန် မှာ စိတ်သစ်ကိုယ်သစ်ဖြင့် အားအင်စုပြီး အတာရေပတ်ကြရင်း ငြိမ်းချမ်းစွာ ရေကစားဖို့ အတူရေကစားကြဖို့၊ ဘေးကင်းသည့် တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများအား တတ်နိုင်သမျှ ပုံဖော်ပြီး ကမ္ဘာကိုဝင့်ကြွားစွာ ဖော်ပြစေလိုပါတယ်။ ယခုချိန်သည် နိုင်ငံတကာအရပ်ရပ်တွင် ကျနော်တို့နိုင်ငံကို စိတ်ဝင်စားမှုမြင့်မားနေချိန်တွင် လူငယ်များ ကိုယ့်ယဉ်ကျေးမှုကိုယ့်ရိုးရာ အစဉ်အလာများနှင့် ပေါင်းစပ်ပြီး ပျော်ရွင်နိုင်ပါစေကြောင်း နှစ်သစ်စကား ပါးလိုပါတယ်။

ဦးဘိုကြည်
တွဲဖက် အထွေထွေ အတွင်းရေးမှူး
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)

အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ပြီး သူတို့မိသားစုနဲ့ အတူတူ စိတ်အေး ချမ်းသာစွာနဲ့ နေနိုင်ကြပါစေ။ တကယ် တရားဥပဒေစိုးမိုးတဲ့ တကယ့်စစ်မှန်တဲ့ လူ့ဘောင်လောက ဖြစ်ပါစေလို့ ကျနော်တို့ ဆုတောင်း ပေးပါတယ်။ အစိုးရသစ်အနေနဲ့ သူတို့တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။
အထူးသဖြင့် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ အစိုးရသစ်နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် တိုင်းပြည်ရဲ့ပြဿနာ တော်တော် များများက ပြေလည်ပြီးတော့ တကယ့်နှစ်သစ်မှာ လုံးဝပြည်သူတွေ အားလုံး စိတ်ချမ်းချမ်းသာသာနဲ့ နေနိုင်မယ့် အခွင့် အလမ်းတွေ ဖြစ်လာမှာပါ။ ဒါကြောင့်မို့လို့ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ အစိုးရသစ်နဲ့ အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်ပေးဖို့ ကျနော်တို့ မေတ္တာရပ်ခံလိုပါတယ်။

မပိုပို
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင်

ကျမတို့ ပြည်သူတွေ အခုဆိုရင် ဒီအစိုးရသစ် လက်ထက်မှာ ပြည်သူတွေအားလုံး ငြိမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်။ နောက်ပြီး အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးု လွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်။ နှစ်သစ်မှာ သူတို့လည်း စိတ်သစ်လူသစ်နဲ့ ပျော်ချင်ကြမှာပဲ။ ကျမတို့ အနေနဲ့ကတော့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ဖို့ပဲ ဆုတောင်းပါတယ်။

Olivier Leval
kaymu.com.mm ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ

မြန်မာလူမျိုးတွေအနေနဲ့ ပျော်ရွှင်တဲ့သင်္ကြန်နဲ့ ပျော်ရွင်တဲ့နှစ်သစ်ကို ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ လူတိုင်း ကျန်းမာသန်စွမ်းစွာနဲ့ စီးပွားရေးလုပ်ငန်းတိုင်းလည်း ကြီးပွားအောင်မြင်ပါစေ။ အိမ်မက်တွေလည်း အကောင်းအထည် ပေါ်လာပါစေ။ လာမယ့်နှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ အွန်လိုင်းစီးပွားရေး လုပ်ငန်းများဟာလည်း ပိုမိုဖွံံ့ဖြိုးတိုးတက်လာ မယ့် အွန်လိုင်းဝန်ဆောင်မှုကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းများဟာလည်းပဲ စီးပွားရေးတိုးတက်မှုမှာ အထောက်အကူ ဖြစ်လာမယ် လို့ ယုံကြည်ပါတယ်။

အရည်ကြို
ကားဈေးကွက် ကျွမ်းကျင်သူ တစ်ဦး

၂၀၁၆ ခုနှစ်က ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေအတွက် ကောင်းမွန်တဲ့အခွင့်အလမ်းတွေ ဆောင်ကျဉ်းပေးမယ့်နှစ်လို့ မြင်ပါတယ်။ ဖြစ်ပေါ်လာမယ့် အပြောင်းအလဲတွေအားလုံးက ပြည်သူလူထုကို အခြေပြုပြီးတော့ တိုးတက်ကောင်းမွန်လာမယ့် အပြောင်းအလဲ တွေဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ကျနော်က ကားလောကနဲ့ ပတ်သက်နေတော့ အစိုးရကနေ ကားလောကနဲ့ပတ်သက်လို့ ကြီးကြီးမားမား အပြောင်းအလဲတွေ ဖြစ် ပေါ် လာခဲ့မယ်ဆိုရင်တော့ ပြည်သူအတွက် ကောင်းတဲ့အပြောင်းအလဲတွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ လက်ရှိအစိုးရကို အဆိုးမြင် တာ မရှိပါဘူး။ အပြောင်းအလဲမှာ လုပ်ငန်းရှင်တွေ စီးပွားရေးသမားတွေကတော့ သဘောကျမယ့် အပြောင်းအလဲတွေ ဖြစ်ချင်မှလဲဖြစ်မှာပေါ့။ နိုင်ငံကောင်းဖို့ဆိုရင် ကျနော်တို့ တချို့အပြောင်းအလဲတွေက လက်ခံသင့် လက်ခံရမှာပါ။

Your Thoughts …
Tags: Water Festival
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သင်္ကြန်

တမူထူးခြားတဲ့ တိုင်းရင်းသား ရိုးရာသင်္ကြန်ပွဲများ

by နန်းဆိုင်နွမ်
9 April 2016
10.5k

သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြတဲ့ တိုင်းရင်းသားသင်္ကြန်တွေထဲမှာ ရခိုင်၊ မွန်နဲ့ ရှမ်း တိုင်းရင်းသားတွေရဲ့ သင်္ကြန်ပွဲတော်များက ထင်ရှားလှပြီး ရေကစားပုံ၊ သင်္ကြန်မုန့်လုပ်ပုံများက ထူခြားမှုရှိနေတာကို တွေ့မြင်ရ ပါတယ်

ပိတောက်ရွှေဝါနှင့် ဒေစီ

ပိတောက်ရွှေဝါနှင့် ဒေစီ

by ဒဂုန်တာရာ
13 April 2016
20.2k

ပိတောက်ပန်းရနံ့မှာ သင်းမြမြ၊ အကျဉ်းထောင်တွင် နေခဲ့ရသောရက်များ၌ ပိတောက်ပန်းရသည့်နေ့မှာ အကြည်နူးဆုံးသော နေ့တနေ့ ဖြစ်သည်

မြို့မငြိမ်း၏ ငြိမ်းချမ်းရေး ရေသဘင်

မြို့မငြိမ်း၏ ငြိမ်းချမ်းရေး ရေသဘင်

by မြို့မ စန္ဒရားသိမ်းမောင်
15 April 2016
9k

ဆရာမြို့မငြိမ်း မကွယ်လွန်မီ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းက ရေးဖွဲ့ခဲ့သည့် ထိုသီချင်း ၂ ပုဒ်တွင် “ငြိမ်းချမ်းရေး” သီချင်းမှာ ငြိမ်းချမ်းရေးကို ပျားသကာကဲ့သို့ တင်စားထားခြင်း ဖြစ်ပါသည်

သင်္ကြန်

သင်္ကြန် စာမျက်နှာ

by ဧရာဝတီ
10 April 2016
9.5k

လာမယ့် မြန်မာနှစ်သစ်မှာ ဧရာဝတီ ဝက်ဘ်ဆိုက်ရဲ့ အသစ်သော ဖတ်စရာ၊ ကြည့်စရာများနဲ့အတူ ခိုင်မာတိကျပြီး လူအများ သိသင့်သိအပ် သိချင်မယ့် သတင်းများကို အချိန်နဲ့ တပြေးညီ ဆက်လက်ဖော်ပြသွားပါမယ် ဆိုတဲ့အကြောင်း ပြောကြားရင်း ဧရာဝတီ အဖွဲ့သားများက နှုတ်ခွန်းဆက်သ...

မန္တလေးသင်္ကြန်

မန္တလေး သင်္ကြန်မှာ ငွေဖလားနဲ့ သပြေခက်ကိုင် ရေကစားမယ်

by မြတ်ပြည့်ဖြိုး
9 April 2016
9.5k

မြန်မာ့ရိုးရာ သင်္ကြန်ပုံရိပ်ကို ပြန်လည်ဖော်ထုတ်တဲ့ အစီအစဉ်တခုအနေနဲ့ ယခုနှစ်မန္တလေးသင်္ကြန်မှာ ငွေဖလားနဲ့ သပြေခက်ကိုင်ပြီး ရေကစားကြမယ်လို့ မြန်မာ့အမျိုးသမီး၊ စီးပွားရေးနဲ့ လူမှုရေးအသင်း (မန္တလေး) ဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က ပြောဆိုပါတယ်။

မန္တလေးသင်္ကြန်

အပြောင်းအလဲတွေထဲမှာ မန္တလေးသင်္ကြန်လည်း ပြောင်းလဲကြမှာလား

by ဆူးငှက်
11 April 2016
5.3k

၁၉၂၀ ၀န်းကျင်တွင် ကုန်တိုက်၊ ကုမ္ပဏီများ သုံးသောထရပ်ကားကြီး တွေပေါ် ရေစည်ပိုင်း၊ ရေပုံးများတင်ကာ တစ်ပြ၀င် တစ်ပြထွက် ရေပက်ကစားကြသည့် အစဉ်အလာတွေ ပေါ်ပေါက် လာသည်

Next Post
Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

ရွှေကြာနီ

တိုင်းရင်းသားစားဖိုမှူးများကိုယ်တိုင် ဖန်တီးပေးမယ့် “ရွှေကြာနီ”

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate