“မုန်တိုင်းအတွက် အရေးပေါ် တုံ့ပြန်ရေး သေချာ ပြင်ထားတယ်”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ရွန်နူသည် မေလ ၂၁ ရက်နေ့ နံနက်ပိုင်း ဘင်္ဂလား ဒေ့ရှ် နိုင်ငံ အနောက်ဘက် ကမ်းခြေကို စတင်ဝင်ရောက်နေပြီး မုန်တိုင်းသည် ရခိုင်ပြည်နယ် မြောက် ပိုင်း ပင်လယ်ပြင်နှင့် ရခိုင် ကမ်းရိုး တန်း ဒေသကို အဖျားခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနနှင့် မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ထုတ်ပြန်ပြောဆိုထားသည်။ ဆိုင်ကလုန်း မုန်တိုင်း ရွန်နူ ကြောင့် မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း တချို့ တွင် မိုးကြီးခြင်း၊ ရေလ ျှံခြင်းနှင့် မြေပြိုမှုများ ကြုံတွေ့ နိုင်သည် ဟုလည်း သတိပေးချက်များထုတ်ပြန်ထားပြီးဖြစ်ရာ မုန်တိုင်းအတွက် အရေးပေါ် ကယ်ဆယ် ရေး ကြိုတင် ပြင် ဆင် ထားမှုများနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဧရာဝတီ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က ဆက်သွယ် မေးမြန်း ထားပါသည်။

မေး ။ ။ ဆိုင်ကလုန်း မုန်တိုင်း ရွန်နူက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်ဘက် ကမ်းခြေကို စဝင်နေပြီ။ ရခိုင်ပြည်နယ်မြောက်ပိုင်းက အဖျားခတ်နိုင်တော့ ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါသလဲ။

ဖြေ ။ ။ ကျနော်တို့ရဲ့ ကြိုတင်ပြင်ဆင်မှု အပိုင်းကတော့ သတင်းအချက်အလက်တွေ အမြဲ အဆက်အသွယ် မပြတ်ဖို့ အတွက် အမြဲ သိနေဖို့ လိုတယ်။ ဖြစ်နေပြီ၊ ဘယ်မှာ ဖြစ်နေလဲဆိုတာကို သိဖို့ ဝန်ကြီးဌာနနဲ့ ကူညီ ပေးမယ့် သူတွေနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ ပြည်နယ်နဲ့ တိုင်း အစိုးရအဖွဲ့တွေနဲ့ သို့မဟုတ် ကျနော်တို့ ဝန်ကြီး ဌာနက သူတွေနဲ့ ပြည်သူတွေနဲ့ပေါ့။ အဲလိုမျိုး အဆက်အသွယ် မပြတ်အောင် ပထမဆုံး လုပ်ထားတာ ရှိတယ်။

အဲဒါကတော့ ကျနော်တို့ရဲ့ Head Line နံပါတ်တွေ ပြောထားတယ်။ ၀၆၇ – ၄၀၄၆၆၆၊ ၀၆၇ – ၄၀၄၇၇၇ အဲဒီ ၂ ခုကို အကြောင်းကြား လို့ ရတယ်။ ဒါက ဖုန်းနံပါတ်ကို ပြောတာ။ နောက်တခါ အဆက်အသွယ်တွေ ပြတ်သွား တယ်။ ဖုန်းတွေ ဘာတွေ ဆက်လို့မရဘူး ဆိုရင်တော့ ကျနော်တို့မှာ အခြားနည်းလမ်းတခုခုနဲ့ ဆောင်ရွက်ပေး နေတာတွေ ရှိတယ်။ ဝန်ကြီးဌာနနဲ့ ဧရာဝတီ၊ ရခိုင်နဲ့ ချင်းတို့နဲ့ တိုက်ရိုက် ဆက်သွယ်လို့ရတဲ့ နည်းတွေနဲ့ လုပ်ထား တာ ရှိတယ်။ ဒါက ဆက်သွယ်ရေးပိုင်းနဲ့ ပတ်သက်တဲ့ဟာပေါ့။

ထောက်ပံမယ့် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ရိက္ခာတို့ ဘာတို့အတွက် သက်ဆိုင်ရာနေရာတွေမှာ အဆင်သင့် ထားတယ်။ ဘယ် လောက်အထိ လုပ်ထားလဲဆိုရင် ကားလမ်းတို့ ဘာလမ်း ညာလမ်းတို့ မပေါက်ဘူးဆိုရင် ရဟတ်ယာဉ်တွေနဲ့ သယ်ဆောင်ပေးမယ့် ကိစ္စ ရှိတယ်။ တပ်မတော်ကလည်း ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနကနေပြီးတော့ ကျနော်တို့ကို မင်္ဂလာဒုံမှာ လေတပ်စခန်းမှာ ပစ္စည်းတွေ ပုံထားတယ်။ မကွေးလေတပ် စခန်းမှာလည်း ပစ္စည်းတွေ ပုံထားတယ်။ သူတို့က အဲဒီကနေပြီးတော့ လိုက်ပို့မှာ။

မေး ။ ။ အရေးပေါ် ကယ်ဆယ် တုံ့ ပြန်ရေးအတွက် အဆင့်သင့် ဖြစ်နေပြီလား။

ဖြေ ။ ။ ပြင်ထားတယ်။ ပြင်ထားတယ်။ မုန်တိုင်းအတွက် အရေးပေါ် တုံ့ပြန်ရေး သေချာ ပြင်ထားတယ်။ ရခိုင်ဆိုလို့ရှိရင် ကိုယ်တိုင် သွားပြီးတော့ သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့နဲ့ အလှူငွေတွေလည်း ပေးထား ခဲ့တယ်။ ပစ္စည်းတွေလည်း အဆင်သင့်လုပ်ထားတယ်။ ကျနော်တို့ ဒီက မင်္ဂလာဒုံ လေတပ် စခန်းမှာလည်း ပစ္စည်းတွေ ပုံထားတယ်။ ဟိုမှာလည်း လှူခဲ့ပြီးသားနော်။ ဖြစ်တယ်ဆိုတာနဲ့ ချက်ချင်း ပို့လို့ရအောင်လို့လေ။

မေး ။ ။ မုန်တိုင်း ဖြစ်နေတဲ့ အချိန်မှာရော ဘယ်လို ကယ်ဆယ်ရေး လုပ်ပေးလို့ရလဲ။

ဖြေ ။ ။ အဲလို တည့်တည့် တိုးတော့မယ်ဆိုရင် နေရာပြောင်းဖို့အတွက် ဘယ်ဒေသက ဘယ်နေရာကို ပြောင်း မယ် ဆိုတာအတွက် သူ့ဒေသအလိုက် သတ်မှတ်ထားတာတွေ ရှိတယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုတာ ပေါ့။ သူတို့ပါလာအောင်လည်း နှိုးဆော် ထားတယ်။

Loading