“ပူးပေါင်းပါဝင်ရေး ဆိုတဲ့ အခွင့်အလမ်းတွေ ရရှိနိုင်မယ်လို့ မျှော်လင့်တာ”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အစိုးရသစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ စေ့စပ်ညှိနှိုင်းရေးမှူး ဒေါက်တာတင်မျိုးဝင်းနဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံ ရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ဇွန်လဆန်းမှာ တွေ့ဆုံခဲ့ပါတယ်။ ဒီလို တွေ့ဆုံ မှု တွေမှာ အပြုသဘောဆောင်တဲ့ လက္ခဏာတွေ ဖြစ်ထွန်းနေပြီး တွေ့ဆုံမှုမှာပါဝင်ခဲ့တဲ့  ကချင် လွတ်မြောက် ရေး အဖွဲ့ (KIO) ဒုတိယဥက္ကဌလည်းဖြစ်၊ DPNခေါင်းဆောင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ငြိမ်းငြိမ်းက ဇွန်လ ၃ ရက်နေ့မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။    ။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) မလာခင် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ညှိနှိုင်း ပြင်ဆင်ရေးမှာ UNFC အဖွဲ့ဝင် တွေကို ဖိတ်တယ်လို့ သိရတယ်။ ဗိုလ်ချုပ်တို့ ဘက်က သွား တက် မှာလား။

ဖြေ။    ။ မူဘောင်ကို ပြန်သုံးသပ်တဲ့အစည်းအဝေးမှာ ကျနော်တို့ကို ဖိတ်ပါတယ်။ ဒါ ကျနော်တို့ ပြန် စဉ်း စား ရမယ့် အချက်ပေါ့။ ဒါ ကောင်းမွန်တဲ့ အနေအထားလည်း ဖြစ်တယ်လို့ ကျနော်တို့ လက်ခံတယ်။ သို့သော် အဆုံးအဖြတ်ကတော့ ကျနော်တို့ DPN (နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့) ထဲ မှာ သေချာဆွေးနွေးပြီးတော့  UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ) ရဲ့ အဆုံး အဖြတ် ယူရမှာပါ။

ဒီဖိတ်ခေါ်မှုကတော့ ကောင်းမွန်တဲ့ဖိတ်ခေါ်မှုဖြစ်တယ်လို့ လက်ခံပါတယ်။ ဒီလို Review (ပြန်လည်သုံးသပ်) ပြန်လုပ် ရင်းနဲ့ တကယ်လို့ လိုအပ်တဲ့ ပြင်ဆင်မှု၊ ဖြည့်စွက်မှုတွေ လုပ်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်သလို ညီလာခံ ကျင်းပတဲ့နေရာမှာလည်း တစုံတရာ ပါဝင်မှု၊ အတူတကွ ပူးပေါင်းပါဝင်ရေးဆိုတဲ့ အခွင့်အလမ်းတွေ ရရှိနိုင်မယ်လို့ မျှော်လင့်တာပါ။ အဲဒါကြောင့် ကောင်းမွန်တဲ့ လက္ခဏာလို့သုံးသပ်တာ ဖြစ်ပါတယ်။

မေး။    ။ ငြိမ်းချမ်းရေးညီလာခံ ပြင်ဆင်ရေးကို အဓိကထားလုပ်ရတဲ့ မူဘောင်သုံးသပ်ရေးမှာ ကိုယ့်ကို ဖိတ် ခေါ် တယ် ဆိုတော့ ဒီအစိုးရသစ်လက်ထက်မှာ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ် ဖွဲ့ကို တန်းတူ ဆက်ဆံလာပြီလို့ ယူဆပါသလား။

ဖြေ။    ။ ဒီကိစ္စကတော့ ကျနော်တို့ နည်းနည်းသုံးသပ်ရဦးမယ်။ မူဘောင်ပြန်ပီး Review လုပ်တဲ့ အစည်း အဝေးမှာ ခေါ်တယ်ဆိုတာက ငြိမ်းချမ်းရေးညီလာခံကို တက်ဖို့ ခေါ်တာ မဟုတ်သေးဘူး။ ငြိမ်းချမ်းရေး ညီလာခံ အတွက်က အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးပြီးမှ သွားမှာလား။ မထိုးဘဲနဲ့သွားမှာလား ဆိုတာ ကတော့ ကျနော်တို့ဘက်က တောင်းဆိုမှုရယ်၊ နောက် အစိုးရဘက်က ပြန်ပြီး စဉ်းစား သုံးသပ်တဲ့ အချက် ပေါ်မှာရယ် ဆက်ပြီး ဆွေးနွေးပြီးမှ အဖြေသိရမှာပါ။ ခုအချိန်ထိတော့ ဒီကိစ္စ အဲ့လောက် အဆင့် ထိကို ဆွေးနွေး တာ မရှိသေးဘူး။

မေး။    ။ ငြိမ်းချမ်းရေးညီလာခံကို တက်မယ် မတက်ဖူးဆိုတဲ့ UNFC ရဲ့ သဘောထားကရော ဘယ်လို ရှိပါ လဲ။

ဖြေ။    ။ အခုကတော့ နှစ်ပိုင်းရှိတာပေါ့။ ငြိမ်းချမ်းရေး ညီလာခံဆိုတာက အရင်လုပ်နေတဲ့ Process ကို ခေါ်တာလား။ အခု ၂၁ ရာစု ပင်လုံ လို့ ပြောတဲ့ဟာကို ခေါ်တာလားဆိုတာ သဲသဲကွဲကွဲမသိရသေးဘူး။ အဲဒါ ကျနော်တို့ သုံးသပ်ပြီးမှပဲ အစိုးရဘက်ကို Proposal တခု တင်ပြီးမှ အပြန်အလှန် ပြန်ဆွေးနွေးဖို့ ဖြစ်ပါ တယ်။ အဲဒီအခါကျမှ သိရမှာပါ။

မေး။    ။ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံက ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး ယူထားတယ်။ တိုင်းရင်း သား အနေနဲ့ ကိုယ်ဘာပေးနိုင်မလဲဆိုတာ စဉ်းစားကြဖို့ ပြောခဲ့တယ်။ ဒီအချက်ကို ဘယ်လို သုံး သပ်ပါသလဲ။

ဖြေ။    ။ ဒီအချက်ကတော့ (ဇွန် ၃ ရက်နေ့) ကျနော်တို့ဘက်က ဒေါက်တာတင်မျိုးဝင်းတို့ကို မေးတဲ့ မေး ခွန်း မှာ ပါသွားပါပီ။ တိုင်းရင်းသားတွေဘက်က ဘာပေးရမလဲဆိုတဲ့ မေးခွန်းအပေါ်မှာ ကျနော်တို့ သိပ်နား မလည် ဘူး လို့ သတင်း Message တခု ပေးပါတယ်။

ဒါပေမယ့် ဒီကိစ္စက ဆွေးနွေးရမယ့် ကိစ္စပါ။ တိုက်ရိုက် မေးပြီး တိုက်ရိုက်ဖြေလို့ ရတဲ့ မေးခွန်း မဟုတ်ပါဘူး။ ပင်လုံ လို့ပြောလိုက်တာနဲ့ တပြိုင်နက် ဆွေးနွေးရမယ့် ခေါင်းစဉ်တွေက အမျိုးမျိုး ပေါ်လာသလို စိတ်ဓါတ်ပဲ ပြောပြော၊ စာချုပ်ပဲ ပြောပြော၊ ကတိကဝတ်ပဲ ပြော ပြော၊ ဆွေးနွေးတဲ့အခါ အားလုံးကို ခြုံပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်။

အခုကတော့ အလွယ်တကူ ပင်လုံ စိတ်ဓါတ်တို့ ပင်လုံကတိကဝတ်တို့ စသဖြင့် ပြောကြတာပေါ့။ ဘာပဲဖြစ် ဖြစ် ဆွေးနွေးတဲ့အခါကျတော့ အားလုံးကို ခြုံပြီး ကျနော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မေး။    ။ UNFC အစည်းအဝေးအတွင်းမှာ နုတ်ထွက်ခွင့် တင်ထားတဲ့ အဖွဲ့တွေကိစ္စ ဘယ်လို ဆုံးဖြတ် ခဲ့ပါသလဲ။
ဖြေ။    ။ အဲဒါတော့ ဆုံးဖြတ်ချက် မရှိသေးပါဘူး။ နောက် လာမယ့် UNFC ညီလာခံမှာမှပဲ ပြန်ပြီး ဆွေးနွေး ကြဖို့ အဲဒီ Agenda ကို ကျော်သွားပါတယ်။ အခုအချိန်မှာ ဒီ နုတ်ထွက်ခွင့်တို့ ဘာတို့ ကိစ္စကို မဆွေးနွေး သင့်သေး ဘူးလို့ သဘောထားပါတယ်။

မေး။    ။ DPN ကိုယ်စားလှယ်အဖြစ်ပါတဲ့ ဒီ ၂ ဖွဲ့က ကိုယ်စားလှယ်တွေ ဇွန် ၃ ရက်နေ့ အစည်းဝေးမှာ မ တက် ရောက် နိုင်တာ ဘာ့ကြောင့်ပါလဲ။

ဖြေ။    ။ တချို့ခေါင်းဆောင်တွေ မပါဝင်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒီလို ဒီနေ့ (ဇွန် ၃ ရက်) အစည်းအဝေးမှာ မပါ လို့ နုတ်ထွက်သွား တာတို့ ဘာတို့ မဟုတ်ပါဘူး။ အစည်းအဝေး မတက်တာဘဲ ဖြစ်ပါတယ်။ DPN အဖွဲ့ရဲ့ အဖွဲ့ ခေါင်း ဆောင် ခူးဦးရယ်လည်း ကျန်းမာရေးအခြေအနေကြောင့် မတက်ရောက်နိုင်ခဲ့ဘူး။ အစိုးရနဲ့ တွေ့ တဲ့ ဒီအစည်းအဝေးမှာ တခြား DPN အဖွဲ့ထဲမှာ မပါတဲ့ ခေါင်းဆောင်တွေ ပါတယ်။ အားလုံးကတော့ UNFC အဖွဲ့ဝင်တွေချည်းပါပဲ။

မေး။    ။ UNFC ကနေ AA အဖွဲ့ကို အစိုးရသစ်ရဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ ပါဖို့ ကိုယ်စား ဖိတ်ခေါ်ခဲ့တာ ရှိပါ သလား။

ဖြေ။    ။ ကျနော်တို့ ဖိတ်ပါတယ်။ ဒီ ဇွန် ၃ ရက် မနက် အကြိုညှိနှိုင်းရေး ကော်မတီကိုလည်း အဲဒီကိစ္စ တင် ပြ ပါတယ်။ ကိုးကန့် MNDAA ရယ်၊ AA ရယ်၊ တအာင်း ရယ် ဒီသုံးဖွဲ့ကိုလည်း ချန်မထားဖို့၊ နိုင်ငံတော်မှာ တာဝန် ရှိတဲ့ ပုဂ္ဂိုလ်များနဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုလည်း ကျနော်တို့ ကိုယ်စား တင်ပြပေးဖို့၊ ကျနော် တို့ ဘက် ကလည်း ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို အမြောက်အမြား စဉ်းစားပြီးတော့ ပြန်တင်ပြပါ့မယ်။

ဒါကို ချန်မထား ဘဲနဲ့ တပါတည်း ပါနိုင်ရေးကို ကျနော်တို့ တောင်းဆိုပါတယ်။ သမ္မတကိုရော၊ သက်ဆိုင်ရာ လူကြီးတွေ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ကျနော်တို့ရဲ့ မေတ္တာရပ်ခံချက်ကို သေချာ တင်ပြ ပေးပါ လို့ အမှာစကား ပါးလိုက်ပါတယ်။

မေး။    ။ ကေအိုင်အို ခေါင်းဆောင်တဦးအနေနဲ့ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့အဖွဲ့က တိုင်းရင်းသား အဖွဲ့ တွေ လာရောက်တွေ့ဆုံမှုအပေါ် ဘာတွေ မျှော်လင့်လဲ။

ဖြေ။    ။ မျှော်လင့်တာကတော့ ဘယ်အစိုးရပဲ ဖြစ်ဖြစ်ပေါ့လေ။ တကယ်ပဲ တန်းတူရည်တူ ဆွေးနွေးနိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို ကျနော်တို့ မျှော်လင့်တယ်။ အခု NLD အစိုးရကတော့ လူထုကနေ ရွေးကောက် တင် မြှောက်လိုက်တဲ့ အစိုးရဖြစ်တယ်။ အခုအစိုးရကိုယ်တိုင်ကလည်း Reconciliation (အမျိုးသား ပြန် လည် သင့်မြတ်ရေး) ကို သေချာစနစ်တကျ လုပ်မယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ တွေ့ရတဲ့ အတွက် ကြောင့်မို့ ကျနော်တို့က ဒီစစ်မှန်တဲ့ Dialogue (တွေ့ဆုံဆွေးနွေးမှု) တခု ဖြစ်လာဖို့နဲ့၊ အဲဒီ Dialogue မှာ အားလုံး ပါဝင် နိုင် ဖို့ မျှော်လင့်ပါတယ်။

မေး။    ။ ငြိမ်းချမ်းရေးဆိုင်ရာ အသုံးစရိတ်တွေအားလုံးက အရင်ကလို မဟုတ်ဘဲ အခု အစိုးရရဲ့ ဦးဆောင်မှု အောက်မှာ အစိုးရအသုံးစရိတ်နဲ့ပဲ သွားရမယ်။ ဒါဟာ ဖြစ်သင့်တဲ့ အနေအထားလား။

ဖြေ။    ။ အဲဒီကိစ္စက ကျနော်တို့ မဆွေးနွေးသေးပါဘူး။ ဒါပေမယ့် အားလုံးကို အစိုးရကပဲ ထိန်းချုပ် သွားမယ်ဆိုတဲ့ သဘောမျိုးဆို လက်ခံဖို့ ခက်ပါတယ်။ အကူအညီပေးတယ်၊ စုပေါင်းဆောင်ရွက်တယ်ဆိုတဲ့ သဘောမျိုးဆိုရင် ဒါ ဘာမှ ပြောစရာမရှိပါဘူး။

မေး။    ။ ငြိမ်းချမ်းရေးကိစ္စတွေမှာ အနောက်နိုင်ငံတွေ၊ ဥရောပ နိုင်ငံတွေဆို နောက်ကွယ်ကနေ ပုံစံမျိုးစုံနဲ့ ထောက်ပံ့ တယ်။ နောက်ဂျပန်၊ တရုတ် စတဲ့ အရှေ့ အိမ်နီးချင်းတွေကလည်း အထောက်အပံ့တွေ ပေး နေကြတယ်။ အခု လာမယ့် ငြိမ်းချမ်းရေးညီလာခံ အခင်းအကျင်း သစ်မှာ တရုတ်ရဲ့ အခန်းကဏ္ဍကို ဘယ်လို မြင်ပါသလဲ။

ဖြေ။    ။ နောက်လာမယ့် ညီလာခံ အခင်းအကျင်းက ကျနော်တို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ မရှိတဲ့အခါ ကျ တော့ ကျနော်တို့ ပြောရခက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ နားလည်တာကတော့ ဒီ အင်အားကြီး နိုင်ငံတွေ လည်း ဖြစ်တယ်၊ အိမ်နီးချင်းနိုင်ငံလည်း ဖြစ်တဲ့ တရုတ်ရဲ့ အခန်းကဏ္ဍက ကျနော်တို့ မေ့ထားလို့မရပါဘူး။

Peace Process (ငြိမ်းချမ်းရေးလုပ်ငန်းစဉ်) မှာကော နောက် JMC (ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေး ပူးတွဲကော်မတီ) မှာရော ပတ်သက်လာနိုင်ပါတယ်။ သို့သော် နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုကတော့ ကျနော်တို့ကို လိုက်ပြီး ထိန်းချုပ်တဲ့ သဘောမျိုး မဟုတ်ဘဲနဲ့ အကူအညီပေးတဲ့ သဘောမျိုး ဖြစ်သင့်ပါတယ်။

မေး။ အစိုးရသစ်အနေနဲ့ တရုတ်ဆီက အကူအညီ ပိုယူပြီး အရမ်းအားကိုးတဲ့ပုံစံ ဖြစ်လာမယ်ဆိုရင် ငြိမ်းချမ်းရေး မှာ အထိအခိုက် ရှိလာနိုင်မလား။

ဖြေ။    ။ အစိုးရတစ်ရပ်ကတော့ ဘယ်နိုင်ငံပဲဖြစ်ဖြစ်၊ တရုတ်ရယ် အမေရိကန်ရယ်လို့ မဟုတ်ဘဲနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အကူအညီအပေါ်မှာပဲ အားကိုးအားထား ပြုမယ်ဆိုရင်တော့ အန္တရာယ် ရှိပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading