“ရသစာပေဆိုတာ ယဉ်ကျေးမှုကို ထိန်းကျောင်းတယ်”

သွေး (စစ်ကိုင်း)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စာရေးဆရာမ မေငြိမ်းဟာ ကဗျာအရေးကောင်းသလို ဝတ္ထုတိုတွေ၊ လုံးချင်း ဝတ္ထုတွေမှာလည်း ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးနိုင်ပါတယ်။ စာရေးဆရာမ မေငြိမ်းဟာ မြန်မာပြည်နဲ့ ကင်းကွာပြီးနောက် ၁၀ နှစ်အကြာမှာ “အရောင်ဆွံ့ လိပ်ပြာ” စာအုပ်ကို ထုတ်ဝေလိုက်ပါတယ်။

ဆရာမ မေငြိမ်းဟာ ဒီနေ့အထိ လုံးချင်းဝတ္ထု ၁၃ အုပ်ထွက်ရှိထားပါတယ်။ ၁၉၈၉ ခုနှစ်မှာ “သီချင်းနှင်းဆီ” ဝတ္ထု စတင် ထွက်ရှိခဲ့ပါတယ်။ အဆိုတော် ဇော်ဝင်းထွဋ်အကြောင်း ရသဟန်နဲ့ရေးသားထားတဲ့ “အသံသစ် ပြတိုက်” က ဒုတိယ အကြိမ်ထိ ထုတ်ဝေခဲ့ပြီးပါပြီ။ ၁၉၈၆ ခုနှစ် မတ်လမှာ “ပေဖူးလွှာ” မဂ္ဂဇင်းမှာ “ပြည်စုံခြင်း” ဆိုတဲ့ ကဗျာနဲ့ စာပေလောကတွင်းကို ရောက်ရှိခဲ့တဲ့ ဆရာမ မေငြိမ်းနဲ့ စာပေရေးရာတွေ မေးမြန်းဖြစ်ပါတယ်။

မေး။    ။  ဆရာမ မြန်မာပြည်က ထွက်မသွားခင်တုန်းက မဂ္ဂဇင်းတွေမှာ ဝတ္ထုတွေ အများကြီး ဖော်ပြ ကြ တယ်။ ဖတ်ရတဲ့သူအတွက်လည်း အရသာရှိလိုက်တာ၊ သွေးတို့ဆိုရင် “ရှုမဝ” ၊ “ပေဖူးလွှာ” “ကလျာ”ပေါ့ နော်။ မဂ္ဂဇင်းတွေမှာ ဝတ္ထုတိုတွေဖတ်ရတာ မဝဘူး။ အခု ဆရာမမြန်မာပြည်ပြန်လာတဲ့အခါ ဘယ်လိုကွဲပြား ခြားနားမှု တွေ မြင်မိလဲ။ မဂ္ဂဇင်းတွေက ကွာလတီလို့တော့ ပြောကြပါရဲ့၊ ကိုင်လိုက်ရင် ထူပြီး ကြော်ငြာ တွေများနေတယ်၊ ဝတ္ထုတို ဆိုရင်လည်း၂ ပုဒ် ၊ ၃ ပုဒ်ထက် ပိုမပါဘူး။ အဲ့ဒီ့အပေါ် အမြင်လေးပြောပါဦး။

ဖြေ။    ။  မြန်မာပြည်ကနေ နိုင်ငံခြားထွက်သွားတာ ၁၁ နှစ်လောက်ရှိပြီ၊ နိုင်ငံခြားမထွက်ခင်ထိ အစ်မက ဒဂုံ တက္ကသိုလ်မှာမြန်မာစာ ကထိကတာဝန်ထမ်းဆောင်ခဲ့တာလေ၊ ကျမတို့ စာစရေးတုန်းက “ရှုမဝ” မဂ္ဂဇင်း ကနေ စင်တင် ကလောင်ဆိုရင် အထင်ကြီးတယ်။ ရှုမဝကို စာမူတွေပို့ခဲ့ပေမယ့် အပယ်ခံခဲ့ရတယ်၊ မရွေးခဲ့ဘူး လေ၊ စာတွေပြန်ရေးဖြစ်တော့ ပထမဆုံးဖော်ပြခံရတဲ့ ကဗျာလေးက “ပေဖူးလွှာ” မှာ ပါလာတာ။ နောက်ကျေးဇူး တင်ရမှာက “ရွှေအမြုတေ” မဂ္ဂဇင်းက ဆရာဦးဝင်းငြိမ်းပေါ့။ သူက ပို့တဲ့ ဝတ္ထုတွေကို သုံးပေးတယ်။

“စံပယ်ဖြူ” မှာ “ချစ်သူဘွဲ့” ဆိုတဲ့ ဝတ္ထုလေးပါတယ်။ ခပ်ကြောင်ကြောင်ရည်စား တယောက်အကြောင်းပေါ့။ အယ်ဒီတာက ဒေါ်ခင်ဆွေဦးလေ။ အဲ့ဒီမှာ ကိုခင်ဝမ်းက ဒေါ်ခင်ဆွေဦးသမီးရဲ့ သမက်ရဲ့ သူငယ်ချင်းပေါ့။ သူက အစ်မရဲ့ စာမူလေးကို ကောက်ဖတ်ပြီး သရုပ်ဖော်ပုံဆွဲပေးချင်တယ်ပေါ့။ အဲ့ဒီဝတ္ထုလေးပါလာ တော့ပျော်တာ ပေါ့နော်၊ ဝတ္ထုပါတာက တကြောင်း၊ ကိုခင်ဝမ်းဆွဲပေးတဲ့ သရုပ်ဖော်ပုံမို့ ဂုဏ်ယူတာက တကြောင်းပေါ့လေ။

အခုကျတော့ မဂွင်းဇင်းတွေမှာ ကြော်ငြာတွေကများနေတယ် ကိုယ့်ဝတ္ထုလေးပါရင်တောင် စာကိုအဓိကထားတဲ့ မဂ္ဂဇင်းက နည်းနေတယ်။ ဘယ်မဂ္ဂဇင်းကို ပေးရမလဲဆိုတာကိုပါ စဉ်းစားနေရပြီပေါ့။

မေး။    ။ နောက်တခုကလေ လူငယ်တွေ စာသိပ်မဖတ်ကြဘူး၊ ရသစာပေအားနည်းလာနေတယ်လို့ ပြောကြ တယ်၊ အဲ့ဒါကရော ဘာအကြောင်းကြောင့်လို့ ထင်လဲ။ အုပ်ရေတထောင်တောင်ကုန်ဖို့မလွယ်တော့လေ။

ဖြေ။    ။ စာသိပ်မဖတ်ကြဘူးဆိုတာ စားဝတ်နေရေးနဲ့ ဆိုင်တယ်။ နိုင်ငံရေးအရ ဖိစီးထားတာတွေပါတယ်။ အစ်မတို့ ကလေးတွေမှာ စာဖတ်တာကလွဲလို့ ပျော်စရာတွေများတယ်။ မူးယစ်ဆေးဝါး သုံးစွဲတာ တွေများ လာတယ်။ နည်း ပညာတိုးတက်လာတယ်ဆိုပေမယ့် စာဖတ်တာနည်းလာတယ်။ အမေရိကန်မှာ လူငယ်တွေ facebook သုံးဖို့ အတွက် အချိန်မပေးနိုင်ကြဘူး။

ဘာလို့ဆိုတော့ သူတို့မှာ တခြား Activities တွေ များတယ်။ အစ်မသမီးဆို ၁၁ တန်းမှာ High School Senior ပေါ့။ အထက်တန်းပညာရေးမှာ အခမဲ့၊ စာလိုက်နိုင်ရင် Advance Course တွေယူလို့ရတယ်။ တက္ကသိုလ်မှာ ပညာသင် စရိတ်က များတာကိုး။ အဲ့ဒီတော့ သမီးက Advance Course ယူထားတယ်။ ဘာသာပိုတွေယူ တယ်ပေါ့နော်။

ကလေးတွေက ကျောင်းကနေ Homework  တွေလုပ်ရတယ်၊  Project တွေလုပ်ရတယ်။ အစ်မသမီးဆို Project က “Woman and Environment ”။ စာအုပ်အဖုံးမှာ သုံးထားတာ သူဆွဲတဲ့ ပန်းချီပဲ လွတ်လွတ် လပ်လပ် ဆွဲလို့ရတယ်။ သစ်ပင်ကြီးနဲ့ အမျိုးသမီးပုံရေးတယ်၊ တကယ်တော့ အမျိုးသမီးနဲ့ သစ်ပင်ဟာ ထိန်း သိမ်း ဖို့ အရေးကြီးရာမှာ အတူတူပဲဆိုတာ ပြောချင်တာ။ သူ Grade A ရတယ်။ အဲ့ဒီတော့ နည်းပညာ တွေတိုး တက်နေပေမယ့် Facebook သုံးဖို့အချိန်မပေးနိုင်ဘူး စာဖတ်ကြရတယ်။

မေး။    ။ အမရဲ့ “အရောင်ဆွံ့လိပ်ပြာ”ဝတ္ထုရေးဖြစ်ခဲ့ပုံလေးကိုပါ ပြောပြပေးပါလား။

ဖြေ။    ။  အိမ်ထောင်ရေးဖောက်ပြန်မှုတွေရှိတယ်ပေါ့။ အစ်မက အမျိုးသမီးတယောက်ဆိုတော့ အမျိုးသမီး ဘက်က ရေးတာ။ လူတွေကပြောကြတယ်လေ “အိမ်တွင်းအကြမ်းဖက်မှု” ဆို ယောက်ျားက မိန်းမကို ရိုက်တာ၊ နှက်တာပေါ့။

ဒါပမေယ့် အမျိုးသမီးတွေရဲ့ စိတ်ကိုအနာတရဖြစ်အောင် လုပ်တာကလည်း Mental Abuse လို့ ထင်တယ်။ အမျိုးသားဘက်ကဖော်ပြန်မှုမဟုတ်ဘူး၊ အမျိုးသားဘက်မှာနဂိုရှိရင်းစွဲရှိနေတဲ့ အမျိုးသမီးအပေါ် ကန့်သတ် ချင်တဲ့စိတ်ကြောင့်ဖြစ်ရတဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကိုရေးတာ။ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု ကြောင့်လည်း လင်မယားတွေ ကွဲနိုင်တယ်ဆိုတာ “အရောင်ဆွံ့လိပ်ပြာ” မှာရေးဖြစ်တာပါ။

မေး။    ။ စာရေးဆရာမတယောက်အနေနဲ့ ကမ္ဘာ့စာပေနဲ့ထိတွေ့ဖို့စာများများဖတ်ဖို့ လိုမယ်ထင်ပါတယ်။ ဆရာမ ဆွေးနွေးပေးပါဦး။

ဖြေ။    ။  စာရေးဆရာဆိုတာ အမြဲတမ်းဘာစာကိုမဆို ဖတ်ရမှာပဲ၊ အနည်းဆုံးတော့ ကိုယ်နဲ့ လမ်းကြောင်း တူတဲ့ စာမျိုးကို  ဖတ်ရမယ်။ အစ်မက ရိုမန်တစ်ဇင်ဘက်ကို အားသန်တော့ အမေရိကန် စာရေးဆရာမ တွေး တာ ဖတ်ဖြစ်တာများတယ်။ ဒါပေမယ့် သိပ်စွဲလမ်းတာမျိုးတော့ မရှိဘူး။ အင်္ဂလိပ်စာကို လေ့လာတဲ့ အနေနဲ့ လည်း ဖတ်တယ်။

မေး။    ။ “ကျမနဲ့ မြန်မာစာ” ကိုဖတ်ရတော့ စဉ်းစားမိတာလေးရှိလာတယ်။ မြန်မာစာမှာ မမှားသင့်တဲ့ အမှား တွေကို စာရေးဆရာတွေ၊ သတင်းဌာနတွေကအစ မှားနေတာပေါ့နော်၊ အဲ့ဒီအပေါ် မြန်မာစာသင်နေတဲ့ ဆရာမ တယောက်အနေနဲ့ရော စာရေးဆရာမတယောက်အနေနဲ့ရော ဆရာမသဘောထားက ဘယ်လိုရှိလဲ။

ဖြေ။    ။ အဓိက က မလေ့လာနိုင်ကြတာ၊ မြန်မာစာအဖွဲ့က လူတွေဖတ်ချင်အောင်ကာတွန်းလေးတွေနဲ့ ထုတ် ထား တာတောင်ရှိတယ်၊ စိတ်ရှိရင် မှတ်မိဖို့လည်းလွယ်တယ်၊  Positive ဆို “ပဲ” Negative ဆို “ဘဲ” ပေါ့ ပဲနဲ့ ဘဲကိုသုံးတာပြောပါတယ်။ ဒီထက်ပိုဆိုတာ ရှိသေးတယ် “သူကဘာပြောလိုက်သလဲ”၊ နောက်ပစ်နဲ့ “လဲ”ရမှာ ကို “လည်း”တယ်။ “လည်း” က  Also လေ။ လွယ်လွယ်လေးတွေကိုတော့ မမှားသင့်ပါဘူး။

မေး။    ။ အခုလက်ရှိမြန်မာစာပေရဲ့အနေအထားကို ဆရာမဘယ်လိုသုံးသပ်မိလဲ။ နောက်ပြီး မြန်မာစာပေ ဒီထက် ဖွံ့ဖြိုးလာဖို့၊ ရသစာပေဖွံ့ဖြိုးလာဖို့၊ လူတွေစာဖတ်လာဖို့ ဘာတွေလုပ်သင့်တယ်လို့ မြင်မိလဲ။

ဖြေ။    ။ လူတွေရဲ့ စား၊ ဝတ်၊ နေရေး ချောချောမွေ့မွေ့ဖြစ်မှ ရသစာပေဘက်လှည့်မယ်။ ရသစာပေရှိတာ၊ မရှိ တာက သိပ်ကွာတယ်။ ရသစာပေကိုမသိတဲ့သူက ယဉ်ကျေးမှုကို မသိဘူး၊ မခံစားနိုင်ဘူး၊ “ရသစာပေ ဆိုတာ ယဉ်ကျေးမှုကို ထိန်းကျောင်းတယ်လေ”။ ရသစာပေထိုးကျသွားတာနဲ့ ရာဇဝတ်မှုတွေ ထူပြောလာ တာနဲ့လည်း ဆက်စပ်နေတယ်။ ဒီမှာ စာအုပ်တွေထုတ်ရင် စာမူခရတာလည်း နည်းတယ်။ ထုတ်ဝေသူလည်း ရှုံးတယ်၊ ဘာဖြစ် လို့လဲဆိုတော့ အုပ်ရေနည်းလို့။

အမေရိကန်မှာ စာရေးဆရာတယောက်က စာရေးတာတခုတည်းနဲ့ ရပ်တည်လို့ရတယ်။ စာရေးဆရာတယောက် ရဲ့ စာအုပ်ထွက်လာရင် စာကြည့်တိုက်တွေ မဝယ်မနေရဝယ်ရတယ်၊ အမေရိကန်ရဲ့ ပြည်နယ် ၅၀ မှာ စာကြည့်တိုက် ပေါင်း အနည်းဆုံး တသောင်းခွဲရှိတယ်။ ကျောင်းတွေမပါသေးဘူးနော်၊ စာအုပ်တအုပ်ထွက်လို့ စာကြည့်တိုက်မှာ အဲ့ဒီစာအုပ်မရှိရင် ဂုဏ်သိက္ခာမရှိဘူးဆိုပြီး ရှက်တယ်၊ ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်တွေရှိ တယ်။ ကျောင်းတွေမှာ Reading အချိန်ပါလို့ကလေးတိုင်း တစ်နှစ်မှာ စာအုပ် ၇ အုပ်ကနေ ၁၀ အုပ်အထိ ဖတ်ရ တယ်၊ အဲ့ဒီစာအုပ်တွေဖတ်ပြီးရင် Presentation တွေ လုပ်ရတယ်။ Presentation  ကိုနားထောင်ပြီးရင် မေးခွန်းတွေထုတ်ရတယ်။ အမေရိကားမှာ မေးခွန်းမထုတ်နိုင်တဲ့ ကလေးဟာ သိပ်ရှက်စရာကောင်းတယ်။

နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတယောက်ဟာ အနည်းဆုံးစာအုပ် ၇ အုပ်ကနေ ၁၀ အုပ်အထိဖတ်ပြီး သားဖြစ်ရမယ်။ ကိုယ်ကြိုက်တဲ့စာအုပ်ဖတ်လို့ရတယ်။ အဲ့ဒီစာအုပ်တွေအားလုံးကို အကျဉ်းချုံးရေးရတယ်။ ပြီးရင်း Reading အချိန်မှာ Presentation လုပ်ရတယ်။ ကိုယ်ဖတ်တဲ့စာအုပ်တွေရဲ့ List ကို ဆရာတွေဆီ တင်ရ တယ်။ အဲ့ဒီတော့ သူတို့ဆီမှာရသစာပေထွန်းကားတာပေါ့။

မြန်မာပြည်မှာ ရသစာပေထွန်းကားချင်ရင်၊ ကလေးတွေကိုဆင်ခြင်တုံတရားရှိစေချင်ရင် ကျောင်းပညာရေး ထဲမှာ ရသစာပေဖတ်တဲ့အချိန်ထည့်ကိုထည့်ရမယ်၊ အဲ့ဒီအတွက် ပညာရေးဝန်ကြီးကပဲ ဖြစ်ဖြစ်၊ အစိုးရက ပဲဖြစ်ဖြစ် တာဝန်ယူပြီးလုပ်ကိုလုပ်ရမယ်။ အဲ့ဒါကို အခုကတည်းက ကျွဲကူးရေပါတပါတည်း လုပ်သွားရမယ်။ စီးပွားရေးတွေ၊ နိုင်ငံရေးတွေလုပ်မယ်၊ ဒီ ဥစ္စာနောက်မှလုပ်မယ်လို့ မရဘူး၊ အားလုံးတပြိုင် တည်း လုပ်သွား ရမယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading