၂၁ ရာစု ပင်လုံ ညီလာခံ အပေါ် အမြင်များ

ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

နေပြည်တော်မှာ ကျင်းပနေတဲ့၂၁ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး ဒေသအသီးသီး၊ ကဏ္ဍ အသီးသီးက ပုဂ္ဂိုလ်များ၏ အသံကို ဧရာဝတီ ဝိုင်းတော်သားများ က စုစည်းကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

ဂျွန်ဆီဇာ (အတွင်းရေးမှူး – ကယန်း စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ )

၂၁ ရာစု ပင်လုံ ညီလာခံကို ကျနော်တို့ ကယန်းအဖွဲ့က တက်ခွင့်မရဘူးလေ။ အဲဒါ ဘာကြောင့် ကျနော်တို့ လူမျိုးစုကို ချန်ထားခဲ့တာလဲ။ တနိုင်ငံလုံး အတိုင်းအတာနဲ့လုပ်တာဖြစ်လို့ ကျနော်တို့ လူမျိုးစုငယ်တွေကို ချန်ထားခဲ့တာကိုတော့ နားလည်ပေးလို့ ရပေမယ့် ကျနော်တို့က သေးငယ်တဲ့ လူမျိုးစုငယ်တော့ မဟုတ်ပါဘူး။

ဒီညီလာခံက တအားကြီး မျှော်လင့်ထားတာတော့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီညီလာခံက တကြိမ်တည်းနဲ့ ပြီးသွားမယ့် အရာမဟုတ်ဘူး။ နောက်တခုက ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ လုပ်တဲ့ ညီလာခံက စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကိုလည်း ရနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ အားလုံး မပါ၀င်နိုင်တဲ့ အတွက် မြန်မာနိုင်ငံသား အားလုံးရဲ့၊ လူမျိုးစု တခုချင်းစီရဲ့ အသံကိုတွေ၊ အခြေခံ ရပိုင်ခွင့်တွေကိုလည်း သိကြမှာ မဟုတ်ပါဘူး။

ခွန်ဘားနဒ် (အထွေအထွေ အတွင်းရေးမှူး- ကရင်နီပြည် လူငယ်များ သမဂ္ဂ)

ပင်လုံညီလာခံနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အားလုံးပါ၀င်ရေးဆိုတာကို အားလုံးက တောင်းဆိုနေကြတာပေါ့။ ဒါပေ မယ့် ကိုးကန့်၊ တအာင်း (ပလောင် )၊ ရခိုင် တပ်ဖွဲ့တွေ တက်ခွင့်မရပါဘူး။ အဲဒီ ၃ ဖွဲ့ အပြင် တခြား လက်နက်ကိုင် အဖွဲ့တ ချို့ လည်းတက်ခွင့် မရပါဘူး။ အဲဒီတော့ အားလုံး  ပါ၀င်ရေးဆိုတာက ဖြစ်မလာဘူးပေါ့။ အခု ညီလာခံ လုပ်တယ်ဆိုတာ ကလည်း နောက်လာမယ့် ဆွေးနွေးပွဲတွေအတွက် အခြေခံ သဘောတူညီချက်တွေ ကို ဆွေးနွေးကြတာဆိုတော့ အများကြီးတော့ မမျှော်လင့်ပါဘူး။

ဒါပေမယ့် ဒီညီလာခံက နောက်လာမယ့် ဆွေးနွေးပွဲတွေအတွက် အရေးကြီးတဲ့ အခြေခံ မူတွေချမှတ်နိုင်မယ်ဆိုရင်တော့ မဆိုးဘူးပေါ့။ အများစု မျှော်လင့်ထားတာတွေ၊ အားလုံးက လိုချင်တာတွေ ဖြစ်လာရင်တော့ အကောင်းဆုံးပါပဲ။

ဦးအေးမင်း ( ဥက္ကဋ္ဌ-ထားဝယ် တိုင်းရင်းသားများ ပါတီ )

ကျနော့်အထင်တော့ အနည်းဆုံး ၁၀ ကြိမ် လောက် လုပ်သင့်တယ်။ အဲဒါမှ နည်းနည်းအဆင်ပြေမယ်။ နောက်တခုက တနိုင်ငံလုံးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ချည်းပဲ နိုင်သွားတဲ့အခါ ကျတော့၊ မနိုင်တဲ့ ပါတီက ရ၀ လောက်က ညီလာခံ တက်ခွင့် မရဘူးလေ။ အများစုက တိုင်းရင်းသား ပါတီဖြစ်နေတော့ အဲဒီပါတီတွေရဲ့ အသံတွေလည်း ပါ၀င်သင့်တာပေါ့။ အဲဒီပါတီတွေ ကိုယ်စားပြုပြီးတော့ စကားပြောခွင့်လည်း မရဘူး။ စာတမ်းတွေလည်း တင်သွင်း ခွင့်မရဘူး။

ကျနော်တို့ကလည်း ကျနော်တို့ တိုင်းရင်းသားတွေအတွက် တင်ပြစရာတွေရှိတာပေါ့။ အခုတော့ နိုင်ငံတော်က ညီလာခံ တက်ခွင့်ကို ကန့်သတ်လိုက်တော့ ကျနော်တို့ရဲ့ လိုအပ်ချက်၊ စိုးရိမ်မှု အသံတွေ ပျောက်သွားတာပေါ့ဗျာ။ အဲဒီအတွက် လည်း စိတ်ထဲမှာ တမျိုးပဲ။

ဒေါက်တာ ဆမ်ဆွမ် (ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ)

ကျနော်အနေနဲ့ မျှော်လင့်ချက်လို့ ပြောရမှာလား။ ကျနော်တို့ ကချင်အတွက် က သုံးစွဲမှု တခုပါပဲလို့ မှတ်ပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာ ၂၀၀၈ မှာလည်း ကျနော်တို့ ကချင်အဖွဲ့အစည်းတွေ KIO/KIA ကစ နားလည်မှုတွေ ဆွေးနွေးသွားတယ်။ ၂၀၁၄ ခုနစ် သန်ခေါင်းစာရင်းမှာလည်း လူမှုအဖွဲ့အစည်းတွေ အားလုံး ခံခဲ့ရတယ်။ အခု ၂၁ပင်လုံညီလာခံကလည်း သုံးစွဲမှုပဲဖြစ်မှာပါ။

ငြိမ်းချမ်းရေး ရဖို့က အားလုံး အဓိက။ ရှင်းရှင်းလေးပါပဲ။ စစ်တပ်ကို ကျနော်တို့ ပြောင်းလဲဖို့ ထိန်းသိမ်း ရမှာပေါ့။ အခုလည်း ပင်လုံ ညီလာခံ လို့ပြောနေတာ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်း မှာတော့ ထိုးစစ်တွေ နေ့တိုင်းဖြစ်နေပါတယ်။

မိုင်းမျိုးအောင် (တအာင်း ကျောင်းသားနှင့် လူငယ် များအဖွဲ့ (TSYU))

တကယ်လို့သာ တိုင်းရင်းသားတွေ တောင်းဆိုတဲ့အတိုင်း အားလုံး ပါဝင်ရေး ဖြစ်တယ်ဆိုရင် ကျနော်တို့တွေ အများကြီးမျှော်လင့်ခဲ့တယ်။ ဒါပေမယ့် အားလုံး မပါဝင်ဘဲ တကယ်တိုက်ပွဲဖြစ်နေတဲ့ ဧရိယာတွေ မှာ ပါသင့် ပါထိုက်သူတွေ မပါဘဲ သူတို့တွေ ဆုံးဖြတ်ချက် အများကြီးမချနိုင်ဘူး။ ကျနော်တို့ အဲဒီလို ထင်တယ်။ အများကြီးတော့ မမျှော်လင့်တော့ပါဘူး။

ငြိမ်းချမ်းရေး ရဖို့ ဆိုတာက အမှန်တကယ် တိုက်ပွဲဖြစ်နေတဲ့ဧရိယာထဲက တိုင်းရင်းသား လက်နက်ကိုင်တွေ ပါမှ  တနိုင်ငံလုံး ငြိမ်းချမ်းဖို့ ပထမဆုံး ခြေလှမ်း ဖြစ်ပါမယ်။

စိုင်းအောင်မျိုးဦး( အမျိုးသား ဗဟိုပြု ပညာရေးနှင့် သုတေသန အဖွဲ့ ( ရှမ်းလူငယ်အဖွဲ့ )
စိုင်းအောင်မျိုးဦး( အမျိုးသား ဗဟိုပြု ပညာရေးနှင့် သုတေသန အဖွဲ့ ( ရှမ်းလူငယ်အဖွဲ့ )

စိုင်းအောင်မျိုးဦး (အမျိုးသားဗဟိုပြု ပညာရေးနှင့် သုတေသနအဖွဲ့ (ရှမ်းလူငယ်အဖွဲ့))

အခုက သူတို့ ဆုံးဖြတ်ချက်မဟုတ်ဘဲ Framework လုပ်မယ်လို့ပြောထားတယ်။ အများကြီးတော့ မျှော်လင့်လို့ မရသေးဘူး။ ၅ နှစ်အတွင်း ရအောင်ထွက်မယ်။ ဒီမှာတော့ အဖွင့် သဘောပဲရှိမယ်။ Framework ဘယ်လို ချမယ်ဆိုပါပဲ။ တော်တော်များများပါတာကို ဝမ်းသာရပါတယ်။ ပညာရှင်တွေ အများကြီးပါလာတာ တကယ်ကောင်းတဲ့ အရာတခုပါ။ မပါတဲ့အဖွဲ့တွေလည်း ရှိနေသေးတော့ အများကြီးမျှော်လင့်လို့မရသေးပါဘူး။ ကချင်ပြည်နည်နဲ့ ရှမ်းပြည်နယ်တွေမှာ အခုထိ တိုက်ပွဲတွေ ဖြစ်နေတော့ တကယ်စိတ်မကောင်းတဲ့ အရာပါပဲ။

ငြိမ်းချမ်းရေး ရဖို့ကတော့ Framework ပေါ်မူတည်ပါတယ်။ Framework အပေါ် သုံးသပ်ချက်တွေ အများကြီးရှိပါတယ်။ ဘယ်အချက် က အဓိက ကျတယ်ဆိုတာ ပြောလို့မရသေးဘူး။

ဒေါ်ကိုင်ရိန် (ကချင်အမျိုးသား လူမှု ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း)

ကျမတို့ ၂၁ရာစု ပင်လုံ စာချုပ်နဲ့ ပတ်သက်ပြီး မျှော်လင့်တာကတော့ မြန်မာနိုင်ငံက ဒီမိုကရေစီ ဖက်ဒရယ် ရနိုင်ပါမလား။ ့ လက်ရှိ ဖြစ်ပျက်နေတာက ကချင်ပြည်နယ်မှာ စစ်ဖြစ်နေတော့ ဘာမှ မမျှော်လင့်ပါဘူး။ ငြိမ်းချမ်းရေး ရဖို့ ဆိုတာကတော့ ဘယ်အချက်တွေက အရေးကြီးလည်းဆိုရင် အပစ်အခတ်ရပ်စဲရေး အရင်လုပ်ပေးရင်တော့ မျှော်လင့် ချက်ရှိပါတယ်။ လုပ်သွားတဲ့အနေအထားက တသွေး တသံ တမိန့်နဲ့ လုပ်သွားတော့ ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ဘူး။

မွေနွွံဟွမ် (SWAN မှ ပြောရေးဆိုခွင့်ရှိသူ)
မွေနွွံဟွမ် (SWAN မှ ပြောရေးဆိုခွင့်ရှိသူ)

မွေနွံဟွမ် (ရှမ်း အမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး အသင်း(SWAN) မှပြောရေးဆိုခွင့် ရှိသူ)

ဘာများမျှော်လင့်စရာရှိသေးလို့လဲ။ တဖက်မှာ စစ်ပွဲတွေ ဖြစ်နေသေးတယ်။ ရှင်းရှင်းပြောရရင် သူတို့က နိုင်ငံတကာကို အလုပ်မရှိ ရှိအောင်လုပ်ပြနေသလိုပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက အထင်ကြီးကြတယ်လေ။ ဒါပေမယ့် တကယ့် အောက်ခြေမှာ ဖြစ်နေတဲ့ လူထုအခြေအနေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်တုန်းကမှ မပြောဖူးဘူး။ ဒါကြောင့် တိုင်းရင်းသားတွေ အတွက် တန်းတူညီမျှခွင့်ဆို ပိုပြီးဝေးရောပေါ့။ တိုင်းရင်းသားတွေအတွက် တန်းတူ အခွင့်အရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရသရွေ့တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဆိုတာ ဖော်ဆောင်နိုင်မှာမဟုတ်ဘူး။

ဆလိုင်းအိုက်ဇက်ခင် (ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး စက်မှုနှင့် လျှပ်စစ်ဝန်ကြီး)

မြန်မာနိုင်ငံရဲ့ လက်ရှိနဲ့ အနာဂါတ်အတွက် နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းတွေ တိုင်းရင်းသား အရေးကိစ္စနဲ့ ပတ်သက်ပြီး အဖြေရှာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ စိန်ခေါ်မှုတွေတော့ ကြီးတာပေါ့၊ လောလောဆယ် အခြေအနေမှာ အားလုံးက ယုံကြည်ချက်တခု မျှော်လင့်ချက်တခုနဲ့ သွားနေကြတာလေ၊ အားလုံးလျှောလျှောရှူရှူတော့ မဖြစ်ဘူး၊ အခက်အခဲတွေ အများကြီးရှိတယ်၊ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ စိတ်ရှည်ရတာတွေ ရှိတယ်၊ သည်းခံရတာတွေ ရှိတယ်။ အဲဒီကြားထဲကနေပြီးတော့ တိုင်းပြည်ရဲ့ လတ်တလောရော ၊ အနာဂါတ်အတွက်ရော လိုအပ်တဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ဆုံးဖြတ်ဖို့ အရေးပါတဲ့ ညီလာခံတခုလို့ မြင်ပါတယ်။

ဟာဂျီအေးလွင် (အစ္စလာမ် ဘာသာရေးခေါင်းဆောင်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့)

မြန်မာပြည်မှာ တခါမှ မဖြစ်ဖူးတဲ့ ရလာဒ်ပဲလေ၊ အားလုံးနီးပါးက ဆုံစည်းကြတာ၊ အသင်းအဖွဲ့လေးတွေပဲ ကျန်ခဲ့တဲ့ သဘောရှိတာပေါ့။ ဒါလည်း ဆက်ပြီး ဆွေးနွေးရင် ပြေလည်သွားမှာပါ။ စကားလုံး၊ အသုံးအနှုန်းပေါ်မှာ နည်းနည်း ဆွေးနွေးစရာ ကျန်တယ်ဆိုတဲ့ သဘောတွေ့တော့ တယောက်နဲ့တယောက် မျက်နှာချင်းဆိုင် ထိုင်ပြီး စကားပြောမယ်ဆိုတာ မြန်မာပြည် လွတ်လပ်ရေးရကတည်းက တခါမှ မဖြစ်ဖူးဘူးလေ။ မျှော်လင့်ချက်ကတော့ အင်မတန် ကြီးမားပါတယ်။

ယုံကြည်မှု တည်ဆောက်ရပါမယ်၊ ယုံကြည်မှု တည်ဆောက်ဖို့အတွက် မတူညီတဲ့ဟာတွေကို တံတားထိုးဖို့လိုတယ်။ မတူညီမှုကတော့ တဖက်နဲ့တဖက်က ရှိနေမှာဘဲ။ မိသားစုတွေမှာတောင် ရှိတာ။ အဲဒီတော့ ဘာလုပ်ရမလဲ၊ တံတားထိုးရမယ်။ တံတားထိုးတယ်ဆိုတာ ကိုယ့်ဘက်သူ့ဘက်ဆိုတဲ့ အမြင်နှစ်ခုကို ဖလှယ်နိုင်အောင် တံတားတခု ထိုးရမယ်။ အဲဒီတံတားက တဖြည်းဖြည်း တံတားကနေ Gap ကို ကျဉ်းမြောင်းလာအောင် လုပ်လိုက်ရမယ်။ လုပ်ရင်း တယောက်နဲ့တယောက် တွေ့ထိမှု များလာရင် ယုံကြည်မှုက မြင့်မားလာမယ်၊ ယုံကြည်မှု မြင့်မားလာပြီဆိုရင် ဒါက ငြိမ်းချမ်းရေးအတွက်ကို မျှော်လင့်ချက်တွေက ပိုကြီးမားလာလိမ့်မယ်။ သို့သော် တရားမျှတမှု ရှိရမယ်။ တရားမျှတမှုဟာ အသက်သွေးကြောပဲ။

ချယ်ရီ ဇာဟောင်း (မချယ်ရီဇာဟောင်း (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ))
ချယ်ရီ ဇာဟောင်း (မချယ်ရီဇာဟောင်း (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ))

ချယ်ရီဇာဟောင်း (လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ )

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ဆိုရင် အမြင်မတူတဲ့ အဖွဲ့တွေ အကုန်လုံး ပါဝင်ဖို့ လိုတယ်။ ကိုယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ရွေးကောက်ပွဲထဲမှာ နိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ ပါဝင်ဖို့လိုတယ်။ ဥပမာဆိုရင် ပထမပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဇန်နဝါရီလ ၂၀၁၆ မှာ လုပ်ခဲ့တုန်းကဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲကနေ ၈ ဖွဲ့ ပါလာတယ်။ အခုဆိုရင် UNFC က အဖွဲ့တွေလည်း ပါလာတယ်ဆိုတော့ နည်းနည်း ပါဝင်မှုက များလာတယ်ပေါ့နော် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာဆိုရင်။ ဒါပေမယ့် မပါဝင်သေးတဲ့ အဖွဲ့တွေလည်း အများကြီး ရှိတယ်။ နောက်တခုက အဲဒီလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်လာပေမယ့် နိုင်ငံရေးပါတီတွေထဲက ပါဝင်မှုက အင်မတန်မှ လျော့နည်းသွားတယ်။ ဒီရွေးကောက်ပွဲမှာ အနိုင်ရမှ ပါဝင်ရမယ်ဆိုတဲ့ အစိုးရရဲ့ ချမှတ်ထားတဲ့ မူဝါဒ တခုကြောင့်မို့လို့ criteria တခုကြောင့်မို့လို့ ဒီလိုဖြစ်သွားတယ်။ အဲဒီမှာ တခုစဉ်းစားရမှာက ရွေးကောက်ပွဲဆိုတာက လွှတ်တော်မှာ ကိုယ်စားလှယ်ရှိဖို့ ရွေးလိုက်တာ။ အဲဒီအတွက်ကို ရွေးကောက်ပွဲ လုပ်တာ။ ဒါပေမယ့် ငြိမ်းချမ်းရေးဆိုတာက လွှတ်တော်မှာ ကိုယ်စားလှယ် ရှိဖို့ မဟုတ်ဘူး။ ခုနကပြောသလိုပဲ မတူကွဲပြားတဲ့ အမြင်တွေ အကုန်လုံး ၊ ပြဿနာတွေ အကုန်လုံးကို လာပြီးတော့ စုပြီးတော့ ဆွေးနွေးရမယ့်နေရာ ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ရွေးကောက်ပွဲ နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ လူတိုင်းက ပါဝင်ဖို့လိုတယ်။ အဖွဲ့အကြီးတွေ ဖြစ်ပါစေ ဘယ်လိုမျိုး ဘယ်အသံပဲဖြစ်ဖြစ် အကုန်လုံးပါဝင်လာဖို့ အရေးကြီးတယ်။ အဲဒါကြောင့် အစိုးရရဲ့ မူဝါဒရဲ့ အားနည်းချက်ကို ထောက်ပြတယ်လို့ ပြောရင်လည်း ပြောလို့ရတယ်။

ကိုဝေဟင်အောင်  (၀ံလက်ဖောင်ဒေးရှင်း)

အဓိကအားဖြင့် ငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်းသားတွေအကုန်လုံး ပါ၀င်လာဖို့လိုတယ်။ ဟိုအဖွဲ့ကို ချန်ထားခဲ့၊ ဒီအဖွဲ့ကို ချန်ထားခဲ့လို့တော့ မရဘူး။ အကုန်လုံးပါ၀င်လာမှပဲ၊ ကျနော်တို့ မျက်နှာချင်းဆိုင် ဆွေးနွေးကြမယ်၊ တွေ့ကြမယ်။ ပြောကြမယ်။ အဲဒီအပေါ်မှာပဲ နားလည်မှုတွေတည်ဆောက်ပြီးမှ ငြိမ်းချမ်းရေးကိုသွားနိုင်မယ့် အစီအစဉ်ဖြစ်တယ်။ Process တွေကတော့ ကြားမှာ အများကြီးရှိဦးမှာပေါ့။ အခုကတည်းက ဟိုအဖွဲ့ကို ချန်၊ ဒီအဖွဲ့ကို ထားခဲ့ဆိုတော့ ငြိမ်းချမ်းရေးကိုသွားတယ် ဆိုတာမျိုးတော့ မတွေ့ရဘူး။ အကုန်လုံးမပါတဲ့အခါကျတော့ စစ်ပွဲတွေကတော့ ပိုပြီးကျယ်လောင်လာမယ် လို့ထင်တယ်ဗျ။

ဦးလှမောင်သိန်း ( ငစရိုင်းကမ်း စစ်ဘေးရှောင်၊ ကျောက်တော်မြို့နယ်)

အများကြီးမျှော်လင့်တာပေါ့။ အခုစောင့်ကြည့်နေတယ်လေ။ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါ၀င်စေချင်တာပေါ့။ ဒီလိုမှ တိုင်းပြည်ငြိမ်းချမ်းမှာကိုး။ တိုင်းပြည်အေးချမ်းမှ ကျနော်တို့လည်းငြိမ်းချမ်း မှာကိုး။ တိုင်းပြည်မအေးချမ်းတော့ ကျနော်တို့လည်း ဒုက္ခဖြစ်၊ ဟိုပြေး ဒီပြေးရနဲ့ ဒုက္ခရောက်တာပေါ့။ ငြိမ်းချမ်းရေးရဖို့ကတော့ ကိုယ့်ဖက်က ကိုယ်ပေးနိုင်သလောက်ပေးလို့ ယူနိုင်သလောက်ယူ၊ ပေးသင့်သလောက် ပေး၊ နှစ်ဖက်စလုံးက မျှမျှတတ စဉ်းစားမှ ငြိမ်းချမ်းရေးမယ်လို့ယူဆတယ်။ အခုဟာက သူ့မူနဲ့သူ ၂ ဖက်လုံးက တင်းမာ နေကြတယ်ဆိုတော့ တစ်ယောက်ကတောင်းဆိုတာကို တစ်ယောက်ကမလိုက်လျော၊ တောင်းဆိုတဲ့သူကလည်း ပေးနိုင်တဲ့ အပိုင်းကိုတောင်းဖို့လိုတယ်။ ပေးနိုင်တဲ့သူကလည်း ပေးသင့်ရင်ပေးရမှာပေါ့။

ဦးရဲထွဋ် (သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဦးရဲထွဋ် (သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဟောင်း)

ပထမအကြိမ်ညီလာခံမှာတော့ NCA ကိုုလက်မှတ် မထိုုးသေးတဲ့အဖွဲ့တွေကိုု စကားဝိုုင်းထဲ ခေါ်သွင်း နုုိင် တာထက်ပိုုမျှော်လင့်လိုု့မရသေးဘူး။ ၁၉၄၇ ခုုနှစ် ပင်လုုံမှာက တောင်တန်းဒေသတွေ လွတ်လပ်ရေးကိုု ပြည်မနဲ့ပေါင်းယူ၊ မယူဆိုုတဲ့အချက်တချက်ထဲ အတွက် ဆွေးနွေးရတာ။ အခုု ၂၁ ရာစုုပင်လုံုက အဲဒီထက်အများကြီးကျယ်ပြန့်တယ်။ ဒါကိုု အားလုံုး နားလည်ပေးဖိုု့လိုုပါတယ်။

ငြိမ်းချမ်းရေးရဖိုု့အတွက်ကတော့ တုုိင်းရင်းသားအခွင့်အရေးကိုု မဲပုံုးကနေ ယူလိုု့ရပြီ ဆိုုတာကိုုလက်ခံနုုိင်အောင် နုုိင်ငံရေးအခင်းအကျင်းကိုု ဖန်တီးပေးဖိုု့နဲ့ တုုိင်းရင်းသားလက်နက်ကိုုင်အဖွဲ့အစညး်များဘက်က လည်း အဲဒီအခွင့်အရေးရရင်တကယ်လက်နက်ကိုုင် လမ်းစဉ်ကိုု စွန့်ဖိုု့အတွက် ဆုံုးဖြတ်ထားဖိုု့လိုုပါတယ်။ အဲဒါက အရေးအကြီးဆုံုးပဲ။

အပြင်က ပြန်လေ့လာတော့ ပိုုခက်တယ်။ MPC လက်ထက်မှာ လူစုံုချင်တာ အချိန်တိုုအတွင်းရလာဒ် တချို့ရပြီဆိုုတာ ပြချင်တာကြာင့် အဆုံုးအဖြတ် လောခဲ့တာတွေရှိတယ်။ အခုုတကြိမ်မှာတော့ အဲဒီလို အမှားမျိုးကိုု ရှောင်ဖိုု့ လိိုုမယ်။ လူထုုနဲ့ မီဒီယာ ကလည်း အရင်ပင်လုံုလိုု ၃ ရက်နဲ့ အဖြေထွက်မယ် ဆုုိတာမျိုး မမြင်ဖိုု့လည်းလိုုတယ်။

ချယ်ရီ ဇာဟောင်း (မချယ်ရီဇာဟောင်း (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ))
ချယ်ရီ ဇာဟောင်း (မချယ်ရီဇာဟောင်း (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ))

ဇေကမ္ဘာ ဦးခင်ရွှေ

ငြိမ်းချမ်းရေးအဖွဲ့တွေကို စီးပွားရေးအရ ဘာတွေ လုပ်နိုင်တယ်ဆိုတာကိုလည်း အခွင့်အရေးပေးဖို့လိုတယ်။ အဲဒါမှာ သူတို့လည်း ငြိမ်းချမ်းရေးအတွက်ပိုပြီး လုပ်နိုင်မယ်။

အပြန်အလှန်စီးပွားရေး အခွင့်အလမ်းတွေပေးမှ သူတို့ဆီကလည်း ငြိမ်းချမ်းရေးကို ရနိုင်မယ်။ ဒါမှ အပြန်အလှန် အကျိုးရှိမယ်။

အခုဆိုရင် ကရင်၊ မွန်ပြည်နယ်နဲ့ တနသာင်္ရီတိုင်းတွေဟာ နိုင်ငံရဲ့ အဓိက စီးပွားရေးဖွံ့ဖြိုးအောင် လုပ်လို့ရတဲ့ ဒေသတွေဖြစ်လာမယ်။ အာရှလမ်းမကြီးကလည်းလုပ်နေပြီ။ အရှေ့့အနောက် စီးပွားရေးစင်္ကြန် ဖြစ်ထွန်းလာရင် ဒီဒေသတွေက သိပ်ဖွံဖြိုးလာမယ်။ ြိမ်းချမ်းရေးက အရေးကြီးပါတယ်။ ဒါကြောင့် ဒီပင်လုံငြိမ်းချမ်းရေးညီလာခံကို ကြိုဆိုတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading