ဒေါ်အောင်ဆန်းစုုကြည် ဦးဆောင်သော NLD အစိုုးရက နေပြည်တော်တွင် ၂၁ ရာစုု ပင်လုုံ ညီလာခံ တရပ်ကိုု ခေါ်ယူ ကျင်းပခဲ့ပြီး တိုုင်းရင်းသားလက်နက်ကိုုင်အဖွဲ့ ၁၇ ဖွဲ့၊ တိုုင်းရင်းသားကိုုယ်စားလှယ် ၁၄၀၇ ဦး တက်ရောက် ခဲ့ကာ စာတမ်းပေါင်း ၇၂ စောင် ဖတ်ကြားခဲ့သည်။
၂၁ ရာစု ပင်လုံ ညီလာခံတွင် တိုုင်းရင်းသား အဖွဲ့အစည်းနှင့် ကိုုယ်စား လှယ် ပေါင်းစုံက အမြင်သဘောထား မျိုးစုံ တင်ပြခဲ့ကြပြီး ယင်းညီလာခံသို့ ပါဝင်သင့်ပါဝင်ထိုက်သူ ကဏ္ဍမှ တက်ရောက်ခဲ့သည့် အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီယား၊ ဘာကလေတက္ကသိုုလ်တွင် နိုင်ငံရေး သိပ္ဗံပါရဂူဘွဲ့ ယူ စာတမ်းပြုစုုနေသူ ဦးမင်းဇင်ကိုု ဧရာဝတီ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်ကတွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ အခု ညီလာခံကတော့ ပြီးသွားပြီ။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ် ရှေ့ဆက်နိုင်ဖို့ ဒီညီလာခံက ဘယ်လောက် အရေးပါခဲ့လဲ။
ဖြေ ။ ။ ဒီညီလာခံက စလုံးရေ စပဲလေ။ symbolically သငေ်္ကတသဘောအရတော့ အရေးပါတယ်။ အရင်က မတက်ခဲ့တဲ့ အဖွဲ့တွေ တော်တော် များများတက်ခဲ့တယ်။ ဆက်ပြီးတော့လည်း မတက်တဲ့အဖွဲ့တွေ ရှိတယ်။ ၃ ဖွဲ့က ထင်ရှားတယ်။ တက်ပြီးတော့ ထွက်သွားတဲ့ အဖွဲ့ “ဝ” က ထွက်သွားတာလည်း ရှိတယ်။ အခက်အခဲတော့ အများကြီး ရှိတယ်။ ဒါပေမယ့်လည်း ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ သြဇာပေါ့။ ကြည့်မယ်ဆိုရင် ဒီညီလာခံဟာ နောက်အင်အားစုတွေ ပိုပါဝင်လာနိုင်ဖို့တော့ လမ်းစရှိဦးမယ်လို့ ထင်ရတယ်။
မေး ။ ။ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ လုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကြောင့် လွတ်လပ်ရေး ရခဲ့တယ်။ ၂၁ ရာစု ပင်လုံမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်လို့ ပြောတယ်။ ၄၇ ပင်လုံမှာက ဗိုလ်ချုပ်အောင်ဆန်း နောက်မှာ တိုင်းရင်းသားတချို့ရှိတယ်။ တပ်မတော်လည်း ရှိတယ်။ ဒီအခြေ အနေနဲ့တော့ ကွာခြားတယ်။ အဲဒီတော့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးမှာ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်လို့ ရမလဲ။
ဖြေ ။ ။ ကျနော်တို့လည်း အမြဲတမ်း ပြောပါတယ်။ မြန်မာပြည်ရဲ့ ပြဿနာဟာ တခုတည်း ကွက်ကြည့်လို့ မရဘူး။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးလည်း ရှိတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလည်း ရှိတယ်။ တိုင်းရင်းသားအရေးနဲ့ ဖယ်ဒရယ်ကိစ္စ ဖြေရှင်း ဖို့လည်း ရှိတယ်။ နောက်တခုက ဆင်းရဲမွဲတေမှု ပြဿနာ၊ စီးပွားရေး ပြဿနာ ရှိတယ်။ ဒီ ၄ ခုကိုု ဆက်စပ်ပြီး မစဉ်းစားဘဲနဲ့ တခုတည်း လုပ်လို့မရဘူး။
ဒါက အရေးကြီးတယ်။ ဟိုတုုန်းက ဗိုလ်ချုပ်တို့ လက်ထက်တုန်းက လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေး သည် ဒုတိယ၊ လွတ် လပ်ရေးသည် တတိယ ဆိုပြီး လုပ်လို့ရတယ်။ အခုခေတ်ကျတဲ့အခါကျတော့ အဲဒီ ၄ ခုစလုံးကို ဆက်စပ်ပြီး မစဉ်းစားနိုင်ဘူး ဆိုရင် ဦးနင်းပဲ့ထောင်တွေ အများကြီး ဖြစ်လိမ့်မယ်။
မေး ။ ။ ဒီညီလာခံမှာတော့ တောင်းဆိုချက်တွေ အများကြီး ရှိတယ်။ တချို့က ပြည်နယ်တောင်းတယ်။ တချို့က အမျိုးသား တန်းတူ ရေးဆိုပြီး တောင်းတာမျိုး ရှိတယ်။ ဘုံသဘောတူညီချက်တခု ရလာသည်အထိ လုပ်မယ် ဆိုရင်တော့ အလျှော့အတင်းတွေ အများကြီး လုပ်ရမယ်ဆိုတော့ အဲဒီအပေါ်မှာ ဘာပြောချင်လဲ။
ဖြေ ။ ။ ထွေထွေထူးထူး မရှိပါဘူးဗျာ။ ဒီလိုညီလာခံမျိုးမှာ ကိုယ့်ထင်မြင်ချက်ကို ပြောခွင့်ပေးတယ်ဆိုတော့ အားလုံးကတော့ အမြင့်ဆုံးတင်ပြီး ပြောကြတာပဲ။ အမြင့်ဆုံး မီးမြှင့်ပြီး ပြောကြ တာပဲ။ ဆိုတော့ ကာလတခုမှာ တော့ ဒါ ပြန်လျှော့ရမှာပဲ။ ပြန်လျော့မှပဲ။ နှစ်ဖက် သဘောတူနိုင်မယ်။
နှစ်ဖက်စလုံးက သဘောတူတဲ့အခြေအနေတခုရမယ်။ အဲဒီအခြေအနေ တခုကလည်း အားလုံုး ကျေနပ်တာမျိုး မဟုတ်နိုင်ဘူး။ အဲဒီအခြေအနေကိုလည်း ရာသက်ပန်အဖြစ် မယူဆနိုင်ဘူး။ ကျနော် မနေ့က လည်း ပြောတယ်။ ဒါ living document ပဲ။ living process ပဲ။ ဒီဖြစ်စဉ်က ဆက်စပ်ပြီး သွားနေရမှာ။ အမေရိကန်လို အခြေခံ ဥပဒေမှာတောင်မှ အကြိမ်ကြိမ်ထပ်ဖြည့်စွက်နေရတာ။ တခါတည်း တကြိမ်တည်း ပြီးပြတ်မယ်ဆိုတဲ့ အမြင်မျိုး ရှိမယ်ဆိုရင် အဲဒါ စိတ်ကူးယဉ်တာပဲ ဖြစ်မှာပဲ။
မေး ။ ။ နောက်ဆုံး မေးခွန်းပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍပေါ့။ တိုင်းရင်းသားတွေနဲ့ တပ်မတော် ရဲ့ကြားမှာ ညှိနှိုင်းမှုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ဘယ်လောက် အရေးပါမယ်လို့ ထင်ပါ သလဲ။
ဖြေ ။ ။ အရေးပါပါတယ်။ အာဏာရော သြဇာရောရှိတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ သူရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။ ဒါပေမယ့် အဲဒီအခန်းကဏ္ဍ အပေါ်မှာ တခုတော့ရှိတာပေါ့။ တိုင်းပြည်ပြဿနာတွေက သိပ်ပြီး နက်ရှိုင်းတဲ့အခါကျတော့ လူကြီးတယောက်က အိမ်ဦးခန်းမှာ တက်ထိုင်လိုက်ရုံနဲ့ ပြဿနာတွေ ပြေလည် သွားတယ်ဆိုတာတော့ ဖြစ်ခဲတယ်။ ဘယ်လောက် စေ့စပ်ညှိနှိုင်းပြီး အပေးယူလုပ်နိုင်မလဲဆိုတာ အချိန်ယူရမယ် ထင်ပါတယ်။