“Wave Money ၀န်ဆောင်မှုကိုု လူပေါင်းစုုံ သုုံးနေကြပြီ”

ဧရာဝတီ
Wave Money ၏ အမှုဆောင်အရာရှိချုပ် Brad Jones / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

Wave Money သည် နော်ဝေTelenor နင့် ရိုးမဘဏ်တို့အကြား ဖက်စပ်လုုပ်ကုုိင်ကြသော မိုဘိုင်းလ်မှတဆင့် ငွေလွှဲ၊ ငွေပုုိ့ ဘဏ္ဍရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်။ Wave Money ငွေလွှဲ ငွေပုုိ့ ဘဏ္ဍာရေး ၀န်ဆောင်မှု လုုပ်ငန်း များစတင်ပြီး တနှစ်အကြာ နုုိင်ငံ တဝန်း  မိုဘိုင်းငွေစာရင်းမှ ငွေလွှဲ ငွေပုုိ့လုုပ်ဆောင်နုုိင်သည့် Wave ဆိုင်ပေါင်း ၄၀၀၀ ကျော်ထူထောင်ပြီးဖြစ်သည်။ Wave Money ၏ အမှုဆောင်အရာရှိချုပ် Brad Jones ကုုိ မြန်မာနိုင်ငံ၏မဖွံ့ဖြိုးသေးသော မိုဘိုင်းလ်ဘာဏ္ဍရေးဝန်ဆောင်မှုဈေးကွက်အလားအလာနှင့်ပတ်သက်၍ ဧရာဝတီ အင်္ဂလိပ်ပုုိင်း သတင်းထောက် ကျော်ဆုုမွန်က တွေ့ဆုုံမေးမြန်းထားပါသည်။

မေး။    ။ မိုဘိုင်းလ်ငွေကြေးဆုုိတာ ဘာကိုု ဆုုိလုုိပါသလဲ။ ဒီကဏ္ဍက မဖွံ့ ဖြိုးသေးတဲ့အခြေအနေမှာ မြန်မာ နိုင်ငံရဲ့ လတ်တလော ဈေးကွက်အခြေအနေကဘယ်လိုရှိပါသလဲ။

ဖြေ။    ။ မိုဘိုင်းလ်ငွေကြေးဆိုတာ တဦးနဲ့တဦးငွေလွှဲပေးနိုင်တဲ့အခြေခံတခုဖြစ်ပြီး ဘဏ်ငွေစာရင်း မရှိတဲ့ သူတွေအတွက်ရည်ရွယ်ပါတယ်။ နိုင်ငံတဝှန်းအလွယ်တကူငွေလွှဲလို့ရပြီး ဒါဟာကျနော်တို့ ပြည်သူတွေ လုပ်ဆောင်နိုင်အောင်ကနဦး လုပ်နေတာပါ။ ဆိုင်တွေ၊ကိုယ်စားလှယ်တွေ၊ မိုဘိုင်းလ်ဖုုန်းတွေက တဆင့် ငွေလွှဲနိုင်အောင်လို့ပါ။

အခုမြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဆုုိင်ရာ ကုမ္ပဏီသစ်တွေက ကောင်းမွန်တဲ့ အခြေခံ အဆောက်အဦ တွေ ပ့ံပိုး ပေးလာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးဖိုု့ အမြန်ဆုုံး မုုိဘုုိင်းလ်စျေးကွက် တခုုဖြစ် လာနေ ပါ တယ်။ စမတ်ဖုုန်း အသုုံးပြုမှုဟာ ထုုိင်းတုုိ့ မလေးရှားတုုိ့နဲ့အတူ မြင့်မားလာနေပါတယ်။ စမတ်ဖုန်း အသုံးပြု မှုနဲ့ မကြာခင် 4G ဖြစ်တော့မယ့် 3G ကွန်ရက်ဖွံ့ဖြိုးမှုဟာ မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု တွေ အတွက် ပိုမို ကြီးမား တဲ့အခွင့်အလမ်းကိုဖွင့်ပေးလိုက်တယ်။

ဘဏ်တွေရဲ့အဝေးမှာနေကြတဲ့ဖောက်သည်တွေကိုကျနော်တို့က ဒစ်ဂျစ်တယ် ဝန်ဆောင်မှု တွေပေးနိုင်တယ်။ ဒါဟာကျနော်တို့အတွက်ကြီးမားတဲ့အခွင့်အလမ်းပါ။

မေး။  ။ ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆုုိင်နေရလဲ။

ဖြေ။  ။ မြန်မာနိုင်ငံဟာ ပထဝီဝင် အနေအထားအရ အင်မတန်ကျယ်ပြန့်ကြီးမားတဲ့ နိုင်ငံပါ။ နုုိင်ငံတဝန်းမှာ ကျနော်တို့ဖောက်သည်တွေကို အီလက်ထရွန်းနစ်ငွေကြေးတွေပေးမယ့် Wave ဆိုင်တွေ ကဖြန့်ချိသူတွေရရှိဖို့ ကျနော်တို့က ရိုးမဘဏ်နဲ့ ပေါင်းပြီး မိုဘိုင်းလ် ငွေကြေးစီမံခန့်ခွဲ တဲ့စနစ် တွေထူထောင်ရပါမယ်။ အခုု အင်မ တန် ဝေးလံခေါင်သီတဲ့နေရာတွေမှာ Wave Money ရောက်အောင် လုုပ်ဆောင်နေပါတယ်။ ဒါက စိန်ခေါ်မှု တရပ်ပါပဲ။ ဒါပေမယ့် ရုုိးမဘဏ်အနေနဲ့ ဒီစိန်ခေါ်မှုကိုု ကျော်လွှားပြီး ဖောက်သည်တွေဆီကုုိ အီလက် ထရွန်း နစ် ငွေကြေးတွေ အရောက်ပုုိ့နုုိင်မှာပါ။

မေး။    ။ ဖောက်သည်တွေကဘယ်သူတွေလဲ။

ဖြေ။    ။ ကျနော်တို့ ၀န်ဆောင်မှုက စတာ မကြာသေးပါဘူး။ ဖောက်သည်က တော့ ပုုံစံ အမျိုးမျိုးရှိပါတယ်။ ကျနော် တို့ကို သဘော နှစ်သက်သူတွေမှာ ၀န်ဆောင်မှု အသစ်တွေရှာဖွေနေတဲ့ ရန်ကုုန်သူ ရန်ကုုန် သားတွေလည်း ပါ၀င်နေပါတယ်။ နောက်ပြီး Wave Money သုုံးနေတဲ့ ဖောက်သည် တဦး ရှိသေးတယ်။

သူက အရမ်းဆင်းရဲပြီး ဓာတ်ငွေ့ ပုုိက်လုုိင်းမှာ အလုုပ်လုုပ်တာပါ။ သူက Wave Money ၀န်ဆောင်မှုစနစ်နဲ့ သူ့မိသားစုုဆီ ငွေလွှဲငွေပုုိ့ လုုပ်ပါတယ်။ သူက ဆင်းရဲပြီး ဘဏ်စာရင်း မရှိတော့ Wave Money က သူ့မိသားစု ဆီ ငွေပြန်ပုုိ့ဖိုု့ လွယ်ကူတာကုုိ သူသိသွားပါတယ်။ ဒါကြောင့် Wave Money ၀န်ဆောင်မှုကိုု လူပေါင်းစုုံ သုုံး နေကြပြီလိုု့ ပြောချင်ပါတယ်။

မေး။    ။ ၀န်ဆောင်မှုတွေ ထပ်တုုိးချဲ့ဖုုိ့ရှိလား ။ Wave  Money ဆိုုင်ခွဲတွေ တနိုင်ငံလုံးတိုးချဲ့ ဖွင့် ဖို့အစီအစဉ်ရှိလား။

ဖြေ။    ။ အခုတနိုင်ငံလုံးမှာ Wave ဆိုင် ၄၀၀၀ ရှိတယ်။ ရခိုင်နဲ့ချင်းပြည်နယ်ကလွဲလို့ နိုင်ငံရဲ့ဒေသ အားလုံး မှာရှိတယ်။ အဲဒီနှစ်ပြည်နယ်မှာလည်း မကြာခင်စတင်ဖို့ရှိတယ်။ ကျနော်တို့ဟာ ဆက်လက်တိုးချဲ့ ပြီး နိုင်ငံရဲ့ မြို့တုုိင်းမှာ ဆုုိင်တွေ ရှိချင်ပါတယ်။

မေး။ ။ ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်လုုိ့ မေးချင်ပါတယ်။ Wave Money ၀န်ဆောင်မှုမှာ ရိုးမနဲ့ Telenor တို့ရဲ့ ပိုုင်ဆုုိင်မှုက ဘယ်လုုိရှိပါသလဲ။

ဖြေ။    ။ Telenor က ၅၁ ရာခိုုင်နှုန်း ၊ First Myanmar Investment က ၄၄ ရာခုုိင်နှုန်းနဲ့ ရိုးမဘဏ်က ၅ ရာခိုုင်နှုန်း ပိုုင်ဆုုိင်ပါတယ်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ကအမေရိကန်ဒေါ်လာ ၁၇ သန်းရှိပါတယ်။

မေး။    ။ ဝန်ဆောင်မှုအသစ်တွေ ထပ်ပြီး လုုပ်ဆောင်ဖိုု့ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်တုုိးချဲ့ဖုုိ့ရှိလား။

ဖြေ။    ။သေချာတာပေါ့ဗျာ။ ကျနော်တို့က ဝန်ဆောင်မှုသစ်အတွက်အခွင့်အလမ်းတွေကိုရှာနေတာပါ။ ဒါပေမယ့် လက်ရှိဝန်ဆောင်မှုတွေ ကိုတိုးချဲ့ဖို့ ခွင့်ပြုချက် စောင့်ဆုုိင်းနေပါတယ်။

မေး။  ။ အစိုုးရအပြောင်းအလဲကြောင့်ဗဟိုဘဏ်နဲ့လုပ်ရတာအခက်အခဲရှိလား။ ဗဟိုဘဏ်ရဲ့ ကွပ်ကဲ မှု အောက်မှာ ဒီလုပ်ငန်းတိုးတက်မယ်ထင်လား။

ဖြေ။    ။ ဗဟိုဘဏ်ဟာမကြာသေးမီက အပြစ်တင်ခံနေရတယ်လို့ကျနော် ကြားရတယ်။ ကျနော်တို့ ကတော့ ဗဟိုဘဏ်နဲ့အလုပ်လုပ်ရတာဘာပြဿနာမှမရှိဘူး။ လုပ်ထုံးလုပ်နည်းတွေကသင့်တော်တယ်။ စွန့်စား ရမှု ချိန်ခွင်လျှာကောင်းသလို ပြုလွယ်ပြင်လွယ်လည်း ရှိပါတယ်။

မေး။    ။ ဈေးကွက်မှာပြိုင်ဘက်တွေကဘယ်သူတွေလဲ။

ဖြေ။  ။တခြားလုပ်ငန်းတွေကလည်းလုပ်နေကြပေမယ့်  ဒီအဆင့်မှာ တကယ့်ကို ကျနော်တို့ ပြိုင် ဘက် မရှိ သေးပါဘူး။ ကျနော်တို့စောင့်နေရတာက MPT လို Oreedoo လို တခြား တယ်လီ ကွန် ဆက်သွယ်ရေးလုပ်ငန်းတွေ ဈေးကွက်ထဲတိုက်ရိုက်ဝင်လာဖို့ပါ။

ဈေးကွက်ထဲမှာ ယှဉ်ပြိုင်မှု ရှိလာမှာသေချာပါတယ်။ ကျနော်တို့စိုးရိမ်တာတခုက လုပ်ထုံးလုပ်နည်းနဲ့ ထိန်းကျောင်း မှုမ ရှိတဲ့ အော်ပရေတာတွေဝင်လာမှာကိုပဲ။ တန်းတူယှဉ်ပြိုင်နိုင်တဲ့ အနေအထား ရှိဖို့ နဲ့ ဖောက် သည်တွေ ကိုအကာအကွယ်ပေးဖို့ဟာအရေးကြီးတယ်။ ဖောက်သည်တွေအကာအကွယ်ရရင် လုပ်ငန်းတွေလည်း ခိုင်မာတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading