နိုုင်ငံတော် အတိုင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည်သည် အမေရိကန်ပြည်ထောင်စုုတွင် ရောက်ရှိနေပြီး အမေရိကန် အစိုုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းခြင်း(သိုု့မဟုုတ်) ထပ်မံ ဖြေလျှော့ခြင်း များပြု လုပ်ဖွယ် ရှိသည်ဟု အမေရိကန် အစိုုးရအရာရှိများက ပြောဆိုုထားရာ အမေရိကန်-မြန်မာဆက်ဆံရေးမှာပိုမို အရှိန် အဟုန် မြှင့် တိုးတက်လာဖွယ်ရှိနေသည်။ ဧရာဝတီက မြန်မာ့အရေးအထူးပြုလေ့လာသူ ဒေးဗစ်အိုုင်စတိန်းဘာ့ဂ်နှင့် စီးပွားရေး ပိတ်ဆိုု့မှု အလားအလာ အပါအဝင် အမေရိကန်-မြန်မာဆက်ဆံရေးနှင့်ပတ်သက်၍ တွေ့ဆုံ မေးမြန်း ထား ပါ သည်။
မေး။ ။ အမေရိကန်ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒတွေဟာ မြန်မာနဲ့ ဒေသတွင်းမှာ တရုတ်သြဇာ ကြီးထွားလာတာကြောင့် ဖြစ် တယ်လို့ တချို့က ပြောကြတယ်။ ဘယ်လိုထင်ပါသလဲ။
ဖြေ။ ။ အိုဘားမားရဲ့ မြန်မာနဲ့ ထိတွေ့ဆက်ဆံရေးဟာ တရုတ်ကြောင့် စတင်ခဲ့တာ မဟုတ်ဘူးလို့ ကျနော် ထင်တယ်။ စစ်အစိုးရက သူတို့ ပြောင်းလဲချင်တယ် လို့ အချက်ပြပြီး အိုဘားမားအစိုးရကလည်း အရင် ကလင်တန်-ဘုရှ် အစိုးရတွေရဲ့ ပိတ်ဆို့ အရေးယူမှုက တဆင့် စနစ်ပြောင်းတဲ့ မူဝါဒဟာ မအောင်မြင်ဘူးလို့ အသိအမှတ် ပြုခဲ့တယ်။ အပြန်အလှန် အကျိုး စီးပွားတခု ရှိတယ်။
ဒါပေမယ့် အိုဘားမားအစိုးရဟာ ကွန်ဂရက်ရဲ့ ထိန်းချုပ်မှုရှိတော့ သိပ်ခရီး မပေါက်လှဘူး။ ဒါကြောင့် အဆင့်မြင့် အဆက် အသွယ်တွေ စတင်ခဲ့ပေမယ့် အရေးယူပိတ်ဆို့မှုတွေဟာ အမေရိကန်ပြည်တွင်း နိုင်ငံရေး စဉ်းစား သုံးသပ်မှုတွေကြောင့် ဆက်ရှိနေခဲ့တယ်။ တရုတ်နိုင်ငံက နောက်တော့မှ ပုံကားချပ်မှာ ပါလာတယ် ဒါပေမယ့် မြန်မာဟာ တရုတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ဆက်ရှိဖို့ လိုတာကို အမေရိကန်က အသိအမှတ်ပြုတယ် လို့ ထင်တယ်။ သေချာတာကတော့ တရုတ်ဟာ မြန်မာမှာ အမေရိကန်အခန်း ကဏ္ဍသိပ်ကြီးလာမှာကို စိုးရိမ်တယ်။
ဒါပေမယ့် အဲဒီလို ကြီးမားလာမယ်၊ ပြီးတော့ မြန်မာမှာ တရုတ်၊ အမေရိကန်၊ အီးယူ၊ ဂျပန်၊ အန္ဒိယနဲ့ အာဆီယံတို့နဲ့ ချိန်ညှိ ထားတဲ့ နိုင်ငံခြားရေး မူဝါဒတခု ရှိလာမယ်လို့တော့ ကျနော် မထင်ဘူး။ မြောက်ပိုင်းက လူမျိုးစုပြဿနာတွေ ဖြေရှင်းဖို့ အတွက် မြန်မာဟာ တရုတ်နဲ့ ဆက်ဆံရေး ကောင်းဖို့လိုသလို တရုတ်ကလည်း ရင်းနှီးမြှပ်နှံမှု၊ ဈေးကွက်၊ အန္ဒိယ သမုဒ္ဒရာ ကို သုံးခွင့် စတာတွေ အတွက် မြန်မာကို လိုအပ်နေတယ်။
အရှေ့အာရှမှာ အမေရိကန်အနေအထား ပြန်ချိန်ညှိခြင်း ဒါမှမဟုတ် ဗဟိုပြုခြင်း ဆိုတဲ့ အယူအဆရဲ့ အစက အဆုံး အထိ ဟာ အသစ်အဆန်း မဟုတ်ဘဲ မြန်မာနဲ့ ဆက်ဆံရေးတိုးတက်ပြီး ၂ နှစ်လောက် ကြာမှ ဖြစ်လာတာပါ။ အဲဒီဒေသမှာ အမေရိကန်ရဲ့ မူဝါဒဟာ ပုံမှန်ပဲ ရှိနေတာ နှစ် ၁၅၀ လောက်ကြာပြီလို့ ကျနော် ဆွေးနွေးရေးသားပို့ချနေတာ ကြာပါပြီ။
အဲဒီမူဝါဒကတော့ ဒီဒေသမှာ ဗိုလ်ကျစိုးမိုးမှု ခေါင်းထောင်ထလာမှာကို တားဆီးရေးပဲ။ ဥပမာပြရရင်၊ ၁၉ ရာစု တရုတ်ပြည် တံခါးဖွင့်ဝါဒ၊ ၁၉၂၀ ခုနှစ်များ အစောပိုင်းက ဂျပန်နဲ့ ချုပ်တဲ့ ဝါရှင်တန်ရေတပ်ဆိုင်ရာ စာချုပ်၊ ပစိဖိတ်က ဒုတိယ ကမ္ဘာစစ်၊ ကိုရီးယားနဲ့ ဗီယက်နမ်စစ်ပွဲတွေ၊ အမေရိကန် ပြည်ပအကူအညီ စတာတွေပေါ့ ဗျာ။ဒီဒေသမှာ ဘယ်အင်အားကြီး နိုင်ငံက (လောလော ဆယ်တော့တရုတ်ပေါ့) လွှမ်းမိုးတာကိုမှ အမေရိကန်က မလိုချင်ဘူးလို့ ကျနော်ထင်တယ်။
မေး။ ။ တိုးတက်လာတဲ့ အမေရိကန် မြန်မာ စစ်ဘက် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်။ ဘယ်လိုထင်လဲ။
ဖြေ။ ။ မြန်မာစစ်တပ်နဲ့ အမေရိကန်ဆက်ဆံရေး ကောင်းတာရယ်၊ IMET လို့ ခေါ်တဲ့ တိုက်ခိုက်ရေး မဟုတ်သော စစ်သင်တန်း ပေးရေး အစီအစဉ် ပြန်စတာရယ်ကို ကျနော်မြင်ချင်တယ်။ ခုချိန်မှာ လက်နက်ရောင်းတာတော့ ပြန်မစသင့် သေးဘူး။ ဒါပေမယ့် လေ့ကျင်သင်တန်း ပေးတာကတော့ အရေးကြီးပြီး မြန်မာစစ်တပ်ကလည်း လိုချင်တယ်လို့ ထင်တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီကို အခိုင်အမာတွေ့ရမှ ဒီအစီအစဉ်ကို ပြန်စရမယ်လို့ တချို့လူ့အခွင့်အရေး အုပ်စုတွေက ပြောကြ တယ်။ ဒါပေမယ့် ဒီမိုကရေစီဆိုတာ (အမေရိကမှာတောင်မှ) ဘယ်တော့မှ အပြည့်အစုံ ပြီးမြောက်ခြင်း မရှိတဲ့ ပန်းတိုင် ဖြစ်နေတယ်။ မြန်မာစစ်တပ်ကိုု အမေရိကန်သင်တန်းပေးမှုက ဒီမိုကရေစီပြောင်းလဲရေးကို အကူအညီဖြစ်နိုုင်တယ်။ မြန်မာစစ်တပ်ဟာ ပြည်တွင်းနိုင်ငံရေးမှာ သာမက ပြည်ပဆက်ဆံရေးမှာပါ သက်တောင့်သက်သာ ရှိသင့်တယ်။
မေး။ ။ ဘယ်အမေရိကန် အစိုးရသစ်ကမဆို သူတို့ မူဝါဒတွေ ပြောင်းလဲမယ့် အလားအလာက ဘာလဲ။
ဖြေ။ ။ ဘယ်အမေရိကန် အစိုးရသစ်က မဆို မြန်မာနဲ့ အပြုသဘော ထိတွေ့ဆက်ဆံမှု ဆက်လုပ်မယ်လို့ မျှော်လင့်တယ်။ အိုဘားမားအစိုးရရဲ့ အရှေ့အာရှမူဝါဒထဲက အနည်းငယ်သော အပြုသဘော ဆောင်တဲ့ အရာတွေထဲမှာ မြန်မာနဲ့ ဆက်ဆံရေးက တခုအပါအဝင်ဖြစ်တယ်။ ဒါကို ဟီလာရီကလင်တန်က ဆက်လုပ်လိမ့်မယ်။ ဒေါ်နယ်ထရန့်ရဲ့ အစီအစဉ်ထဲမှာ မြန်မာကတော့ မပါသေးဘူး။
ဒါပေမယ့် အမေရိက မူဝါဒနဲ့ ထိတွေဆက်ဆံမှုကို ပြောင်းလဲလိုက်လို့ သူ့အတွက် အကျိုးများစရာ မရှိလှဘူး။ လက်ရှိ အမေရိကန် သံအမတ်ဟာ လွှမ်းမိုးဖို့ မလျော်မကန် ကြိုးစားခြင်းရဲ့ အန္တရာယ်ကို ကောင်းကောင်းသိပြီး အတွေ့အကြုံရင့်၊ သတိကြီးပြီး စဉ်းစဉ်းစာစား လုပ်တတ်တဲ့ အမေရိကန် ကိုယ်စားလှယ်ပါ။
မေး။ ။ ကျန်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကြောင့် ရုပ်သိမ်းပေးနိုင်လား။
ဖြေ။ ။ အရေးယူပိတ်ဆို့မှုတွေဟာ မသင့်တော်တော့ဘူး လို့ သူက ပြောရင် ရုပ်သိမ်းပေးနိုင်တယ်။ တချို့ကို ကွန်ဂရက် ချမှတ် ထားတာ ရှိသလိုတချို့ကို အစိုးရက ချမှတ်ထားတာ ရှိတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို စစ်တပ်က ရပ် လိုက်ရင် သူတို့ကို တွန်းအားပေးနိုင်တဲ့ အရာတွေ အဖြစ် ဒါတွေကို သူက လိုချင်နေတာလည်း ဖြစ်နိုင်တယ်။
နိုင်ငံတော် အတွက် ကျယ်ပြန့်တဲ့ ရည်မှန်းချက်တွေဟာ အပြန်အလှန် တူညီကြတယ် ဆိုတာ စစ်တပ်ကို ထပ်မံ အာမခံ ချက် ပေးတာ ပိုကောင်းမယ် လို့ ထင်တယ်။ ထိရောက်ဖို့ ဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တပ်မတော် ပူးပေါင်း ဆောင်ရွက်ရမယ်။ လူမျိုးစုတွေနဲ့ အပါအဝင် အပြန်အလှန် ယုံကြည်နိုင်မှုဟာ အဓိက ကျပေမယ့် လတ်တလော မှာ ကင်းမဲ့ နေတယ်။
ဘယ်နိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်နိုင်ငံခြားရေး မူဝါဒမဆိုကို အဲဒီနိုင်ငံက လူတယောက် ဗြိတိန်ဝန်ကြီးချုပ်ဖြစ်ဖြစ်၊ ဘယ်နိုင်ငံရဲ့သမ္မတဖြစ်ဖြစ်က ထိထိရောက်ရောက် ဝင်ဆုံးဖြတ်တာ သို့မဟုတ် မြန်မာနိုင်ငံကိစ္စမှာတော့ မြန်မာ တယောက် က ဝင်ဆုံးဖြတ်တာ သင့်မြတ်တယ်လို့ ကျနော် ဘယ်တုန်းကမှ မယုံကြည်ဘူး။
ဒါပေမယ့် မြန်မာနဲ့ ပတ်သက်တဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒကို ဒေါ်အောင်ဆန်းစုကြည်က ထိထိရောက်ရောက် ဝင် ဆုံးဖြတ်တာ အိုဘားမား ပထမသက်တမ်း ကတည်းက အခုထိပဲ။ အခုထိလည်း သူရဲ့ သြဇာသုံးနေသေးပေမယ့် တခုတည်း သော အဓိက အခန်းကဏ္ဍမှာ ဆက်မရှိတော့ဘူးလို့ ထင်တယ်။ ဒါပေမယ့် အရေးယူပိတ်ဆို့မှုတွေဟာ ဖွံ့ဖြိုးရေး အတွက်ရော၊ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေး အတွက်ပါ အနှောင့်အယှက်ဖြစ်တယ် လို့ သူက ကွန်ဂရက်ကို ပြောရင် သူတို့ လိုက်လျောကောင်း လိုက်လျောလိမ့်မယ်။
မေး။ ။ အမေရိကန် အရေးယူ ပိတ်ဆို့မှု စာရင်းမှာ ပါနေတဲ့ ခရိုနီတွေရော တခြားသူတွေရော ရှိတယ်။ ဘာလုပ်သင့်လဲ။ သူတို့ကို အရေးယူပိတ်ဆို့မှု စာရင်းမှာ ဆက်ထားသင့်လား။
ဖြေ။ ။ ခရိုနီတွေအကြောင်း ပြောကြတာတွေ အများကြီး ရှိတယ်။ ကျနော် သိသလောက် ဒီစကားလုံးက ဖိလစ်ပိုင် သမ္မတ မားကို့စ်ရဲ့ စွမ်းဆောင်ရည် ကင်းမဲ့ပြီး အကျင့်ပျက်တဲ့ မိတ်ဆွေရင်းတွေကနေ လာတာ။ မြန်မာနိုင်ငံမှာ ခရိုနီတွေ၊ အာဏာနဲ့ ဆက်စပ်သူ အနည်းငယ်ကို အကျိုးဖြစ်ထွန်းစေတဲ့ တရားမဝင် လုပ်ငန်းတွေ အများကြီး ရှိတာ ကျနော် သိပါ တယ်။
ဒါပေမယ့် ၁၉၆၀ နဲ့ ၇၀ ခုနှစ်တွေက စစ်အစိုးရ အုပ်ချုပ်တဲ့တောင်ကိုရီးယားက သမ္မတ ပတ်ချုံဟီးရဲ့ ခရိုနီတွေဟာ Hyungdae, Daewoo, LG စတာတွေကို ထူထောင်ခဲ့ကြတာ ကိုလည်း ကျနော်တို့ စဉ်းစားကြည့်ပါ။ သူတို့ ဥပဒေထက် ပိုတဲ့ အခွင့်အလမ်းတွေ ရခဲ့တာလည်း ဟုတ်ပါတယ်။ သူတို့အရင်က အခန်းကဏ္ဍတွေကို မှန်တယ်လို့ ကျနော် မဆို လိုပေမယ့် ခရိုနီလို့ ချိုးနှိမ်ခေါ်တာမျိုးကို စဉ်းစဉ်းစားစား လုပ်သင့်တယ်လို့ ပြောချင်တာပဲ ဖြစ်ပါတယ်။ ဒီကိစ္စနှစ်ခုလုံးမှာ လွတ်လပ်တဲ့ သတင်းလုပ်ငန်းရှိတာရယ် လူမှုအခြေပြု အဖွဲ့အစည်းတည်းဖြတ် ခံရတာရယ် ပါတယ်။
မြန်မာနိုင်ငံအခြေအနေက ဒီလို မဟုတ်တော့ဘူး။ အမေရိကန်လုပ်ငန်းတွေဟာ ဒီမှာရောဟိုမှာပါ လူထုအမြင်က မကျေနပ်လို့ အန္တရာယ် ရှိတဲ့ မြန်မာခရိုနီတွေနဲ့ ပူးပေါင်းကြလိမ့်မယ် လို့ ထင်တယ်။ လွတ်လပ်တဲ့ သတင်းလုပ်ငန်းဆိုတာ ဒါပဲလေ။ မြန်မာ တရားဥပဒေစနစ်ဟာ ဒီလူတွေနဲ့ ဆက်ဆံဖြေရှင်းရပြီး ဒါဟာ ဒီပြဿနာတွေကို စတင်ဖြေရှင်းဖို့ ရာစုနှစ် တဝက်ကျော်ကြာ ကင်းမဲ့နေတဲ့ တရားစီရင်ရေး စနစ် လွတ်လပ်အမှီအခိုကင်းမှုကို စစ်ဆေးတာ ဖြစ်လိမ့်မယ်။
တနည်း ပြောရရင်တော့ တရားမျှတမှုကို ဖော်ဆောင်ရာမှာ မြန်မာနိုင်ငံက မီဒီယာနဲ့ လူမှုအခြေပြုအဖွဲ့တွေဟာ အဓိက အခန်းက ပါဝင်တယ်။ မြန်မာနိုင်ငံလို အမျိုးသားရေး ပြင်းထန်တဲ့ အခြေအနေမှာ ပြည်ပက ကြားဝင်တာဟာ အန္တရာယ်ကြီး သလို ထိရောက်မှုလည်း ရှိမှာ မဟုတ်ဘဲနဲ့ မြန်မာတွေရဲ့ ကိုယ့်ပြဿနာ ကိုယ်ရှင်းနိုင်တဲ့ စွမ်းရည်ကိုလည်း သေးသိမ် စေတယ်။ ဒါဟာမြန်မာတွေ ထိုက်တန်တဲ့ဂုဏ်ကိုလည်း ငြင်းပယ်ရာရောက်တယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုုင်းတွင် ဖော်ပြထားသော US Training of Burma’s Military Could Help Democratization: David Steinberg ကိုုဘာသာပြန်ဆိုုသည်)