• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ကျောင်းသားသမဂ္ဂတွေရဲ့ ဖွဲ့စည်းခွင့်က အကန့်အသတ် ရှိနေဆဲပါ

by ဧရာဝတီ
4 December 2016
in အင်တာဗျူး
A A
ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် မောင်အောင်ထက်အောင် / သော်ဟိန်းထက် / ဧရာဝတီ

ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် မောင်အောင်ထက်အောင် / သော်ဟိန်းထက် / ဧရာဝတီ

15.4k
VIEWS
Share on FacebookShare on Twitter

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကိုဦးဆောင်ခဲ့သည် ကျောင်းသားခေါင်းဆောင် ကျော်ကိုကို၊ မင်းသွေးသစ်၊ ဖြိုးဖြိုးအောင် အစရှိသည့် ယခင် ကျောင်းသားခေါင်းဆောင်များကမျိုးဆက်သစ် ကျောင်းသားများဆီသို့ တာဝန်များ လွှဲပြောင်းပေးအပ်ခဲ့သည်။

လက်ရှိအစိုးရအသစ် ပြောင်းလဲတာဝန်ယူခဲ့သည့် ကျောင်းသားခေါင်းဆောင်သစ်များကဗကသများအဖွဲ့ချုပ်ကိုမည်သည့်မူများဖြင့် မည်သို့ ဆက်လက် လုပ်ဆောင်မည် ဆိုသည်ကိုဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် ၇ ဦးထဲမှ တဦးဖြစ်သူမောင်အောင်ထက်အောင်ကိုဧရာဝတီအကြီးတန်းသတင်းထောက် သူဇာကဆက်သွယ် မေးမြန်းထားသည်။

RelatedPosts

LGBT ဖြစ်တည်မှုကြောင့် သတ်သေသွားကြတဲ့လူတွေအများကြီးရှိတယ် (ရုပ်/သံ)

LGBT ဖြစ်တည်မှုကြောင့် သတ်သေသွားကြတဲ့လူတွေအများကြီးရှိတယ် (ရုပ်/သံ)

12 June 2025
119
လော့စ်အိန်ဂျလိစ်မှာ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)

လော့စ်အိန်ဂျလိစ်မှာ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)

10 June 2025
115
သမ္မတအီဂျဲမြောင်ဟာ မြန်မာနိုင်ငံသားတွေရဲ့ အချစ်ကိုရရှိထားသူဖြစ်တယ် (ရုပ်/သံ)

သမ္မတအီဂျဲမြောင်ဟာ မြန်မာနိုင်ငံသားတွေရဲ့ အချစ်ကိုရရှိထားသူဖြစ်တယ် (ရုပ်/သံ)

9 June 2025
68

မေး။ ။ ဗကသများအဖွဲ့ချုပ်ကပြောင်းလဲဖွဲ့စည်းတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေကိုသိချင်ပါတယ်။

ဖြေ။ ။ ယခင် ဗကသများအဖွဲ့ချုပ် (ဗဟို) ကိုကိုကျော်ကိုကိုတို့လည်းအချိန်အတိုင်းအတာတခုအထိဦးဆောင် ပြီးသွားပြီအခုချိန်မှာနောက်ထပ် ကျောင်းသားသမဂ္ဂမျိုးဆက်သစ်တွေပေါ်ထွန်းလာပြီဖြစ်တဲ့အတွက် သူတို့ကလက်ဆင့်ကမ်း လွှဲပြောင်းပေးတာပါ။ အခုကပြောင်းလဲဖွဲ့အစည်းတာပါ။ အရင် လူဟောင်းတွေမပါတော့ဘဲလူသစ် ၂၁ ဦးနဲ့ ပြောင်းလဲဖွဲ့စည်းလိုက်တာပါ။

မေး။ ။ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ အဖွဲ့သစ်ကဘယ်လိုမူနဲ့ သွားမှာပါလဲ။

ဖြေ။ ။ ၁၉၆၀ တုန်းကကျင်းပခဲ့တဲ့ ညီလာခံမှာချမှတ်ခဲ့တဲ့ ဗကသမူ ၅ ချက် ဖြစ်တဲ့ အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုပါဝင်တဲ့ ငြိမ်းချမ်းရေးကွန်ရက် စတဲ့ အချက်တွေကိုပဲကိုင်ဆွဲပြီးရှေ့ဆက်သွားမှာဖြစ်ပါတယ်။

မေး။ ။ အခုရွေးချယ်ထားတဲ့ ကော်မတီဝင်တွေကိုရောဘယ်လိုရွေးချယ်တာလဲ။ ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးချယ်ထားတာလား။

ဖြေ။ ။ ကရင်ပြည်နယ် ဘားအံမြို့မှာ ၂၆၊ ၂၇၊ ၂၈ သုံးရက်တိတိကျောင်းသားထုအစည်းအဝေးကိုကျင်းပခဲ့ပါတယ်။ အဲဒီပွဲကိုတက်ရောက်လာတဲ့ ကျောင်းသားကိုယ်စားလှယ်တွေကနေမဲပေးရွေးချယ်ပြီးတော့ ဗဟိုလုပ်ငန်းကော်မတီအဖွဲ့ကိုအလုပ်အမှုဆောင် ၂၁ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။

မေး။   ။ အဲဒီ ၃ ရက်ကြာအစည်းအဝေးကနေကနေဘာတွေချမှတ်နိုင်ခဲ့ပါသလဲ။

ဖြေ။ ။ ကျနော်တို့ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ လုပ်ငန်းကော်မတီဝင် အသစ်တွေကနေလုပ်ငန်းစဉ် ၅ ရက် ချမှတ်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းစဉ် ငါးရက်မှာဗကသများအဖွဲ့ချုပ် ကွန်ဂရက် ဖြစ်မြောက်ရေးကော်မတီကို ၆ လအတွင်းဖွဲ့စည်းဖို့ပါ။ ဒုတိယအချက်အနေနဲ့ သမဂ္ဂမပေါ်ပေါက်သေးတဲ့ တက္ကသိုလ်တွေ၊ ခရိုင်တွေမှာသမဂ္ဂတွေပေါ်ပေါက်လာဖို့နဲ့ ရှိပြီးသားသမဂ္ဂတွေကိုလည်းပိုမိုအားကောင်းတဲ့ သမဂ္ဂတွေပေါ်ပေါက်လာစေဖို့ပါ။

တတိယအချက်အနေနဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ မူဖြစ်တဲ့ ငြိမ်းချမ်းရေးမူကိုကိုင်စွဲပြီးပြည်နယ် ကျောင်းသားသမဂ္ဂတွေနဲ့ ပူးပေါင်းပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလက်တွဲဆောင်ရွက်သွားဖို့ပါ။ နောက်တချက်ကကျောင်းသားတွေနဲ့ ပြည်သူတွေကိုအခြေခံတဲ့ ပညာရေးစနစ်သစ် တရပ် ပေါ်ပေါက်လာစေရေးကိုကြိုးပမ်းသွားဖို့ပါ။ နောက်ဆုံးတချက်ဖြစ်တဲ့ ကျောင်းသားထုညီလာခံပေါ်ပေါက်ရေးအတွက် ပြည်နယ် ကျောင်းသားသမဂ္ဂတွေနဲ့ ပူးပေါင်းလက်တွဲသွားဖို့ဆိုတဲ့ အချက်တွေကိုအကောင်အထည် ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မေး။ ။ ယခင် ဗကသအဖွဲ့ကတောင်းဆိုထားတဲ့ ဒီမိုကရေစီပညာရေးတောင်းဆိုချက် ၁၁ ချက်နဲ့ ပတ်သက်ပြီးတော့ရောအခုအဖွဲ့သစ်ကဘယ်လိုဆောင်ရွက်သွားမှာပါလဲ။

ဖြေ။ ။ ကျနော်တို့ အဲဒီအချက်တွေဖြစ်တဲ့ ဒီမိုကရေစီပညာရေးတောင်းဆိုချက် ၁၁ ချက်ကိုဆက်လက် ကိုင်စွဲပြီးတောင်းဆိုသွားမှာပါ။ လက်ရှိတောင်းဆိုထားတဲ့ ပညာရေး ၁၁ ချက်ကတော့ လက်ရှိအချိန်ထိမရရှိသေးဘူး။ ဒါပေမယ့် လက်ရှိအစိုးရ၊ လွှတ်တော်ကနေပြီးတော့ ကျောင်းသားနဲ့ ပြည်သူကိုအခြေခံတဲ့ ဒီမိုကရေစီပညာရေးစနစ်သစ်တရပ်ကိုပေါ်ပေါက်လာဖို့ ကြိုးပမ်းသွားပါမယ်။

မေး ။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေးအခြေအနေအပေါ်မှာဘယ်လိုအမြင်ရှိပါသလဲ။

ဖြေ။ ။ လက်ရှိပညာရေးအခြေအနေကတော့ ထူးခြားပြောင်းလဲတဲ့ ပြောင်းလဲမှုကိုတော့ ကျနော်တို့ မတွေ့ ရှိရသေးပါဘူး။ လက်ရှိအချိန်ထိတော့ ပညာရေးစနစ်ကအရင်ပုံစံအတိုင်းပဲဆက်သွားနေပြီးတော့ ပြောင်းလဲဖို့ လိုအပ်တဲ့ အချက်တွေကိုမပြောင်းလဲသေးဘူးလို့ ကျနော်တို့ မြင်ပါတယ်။

မေး။ ။ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ ဗကသအဖွဲ့ချုပ်အနေနဲ့ရောနိုင်ငံတကာပညာရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ ကျောင်းသားအရေးလှုပ်ရှားတဲ့ သူတွေနဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ ဖွဲ့စည်းထားတဲ့ ၂၁ ဦးအဖွဲ့မှာအတွင်းရေးမှူးအဖွဲ့ဆိုပြီး ၇ ဦးဖွဲ့စည်းပါတယ်။ တခြားသောသူတွေနဲ့ကိုကော်မတီ ၇ ခုဖွဲ့စည်းပါတယ်။ အဲဒီကော်မတီမှာဘဏ္ဍာရေးရာကော်မတီပါဝင်ပါတယ်။ နောက်ပြီးမှတ်တမ်းရေးရာကော်မတီပါပါတယ်။ နိုင်ငံခြားရေးရာကော်မတီပါပါတယ်။ နောက်တခုကတိုင်းရင်းသားနဲ့ လူမျိုးစုရေးရာကော်မတီပါပါတယ်။ နောက်တခုပြန်ကြားရေးဆိုပြီးကော်မတီပါပါတယ်။ အဲဒီကော်မတီတွေကနေချိတ်ဆက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး။ ။ ဦးနေဝင်းလက်ထက်ကမိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦးကိုပြန်လည် ဆောက်လုပ်ဖို့ ပြည်သူ့ လွှတ်တော်မှာပညာရေးဝန်ကြီးဌာနဒုဝန်ကြီးကပြောသွားပါတယ်။ ဗကသအနေနဲ့ အဲ့ဒီအပေါ် ဘယ်လိုအမြင်ရှိပါသလဲ။

ဖြေ။ ။ အဓိကကျောင်းသားသမဂ္ဂအဆောက်အဦးဆိုတာကျောင်းသားတွေ၊ ကျောင်းသားသမဂ္ဂတွေကိုအခြေခံတဲ့ အဆောက်အဦးပါ။ ကျနော်တို့ကလည်းအဲဒါတည်ဆောက်ဖို့ ရည်ရွယ်ချက်ရှိတဲ့အတွက် ဒီအပေါ်ကိုဝမ်းသာပါတယ်။ ဒါပေမယ့် ပြန်လည်တည်ဆောက်မယ့် နေရာမှာအစိုးရတဖွဲ့ထဲအနေနဲ့ မဟုတ်ဘဲခေတ်အဆက်ဆက် ဖြတ်သန်းခဲ့တဲ့ သမဂ္ဂကျောင်းသားတွေ၊ လက်ရှိဖွဲ့စည်းထားတဲ့ ကျောင်းသားသမဂ္ဂအသစ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုပိုပြီးသင့်လျော်မယ်လို့ ကျနော်တို့ မြင်ပါတယ်။

မေး။ ။ လက်ရှိကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေဖွဲ့စည်းခွင့်က လွတ်လပ်မှုရှိပြီလား။

ဖြေ။ ။ ကျနော်တို့ရဲ့ အဓိက ပြဿနာကလည်းကျောင်းသားသမဂ္ဂတွေလွတ်လပ်စွာဖွဲ့စည်းခွင့် ရရှိရေးကိုတောင်းဆိုပါတယ်။ လက်ရှိအနေအထားမှာကျောင်းသားသမဂ္ဂတွေရဲ့ ဖွဲ့စည်းခွင့်က အကန့်အသတ် ရှိနေဆဲပါ။ ဘယ်လိုအကန့်အသတ်တွေရှိလဲဆိုတော့ တချို့သောကျောင်းတွေမှာလွတ်လပ်စွာလှုပ်ရှားခွင့်တွေရှိနေပေမယ့် တချို့သောကျောင်းတွေမှာကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေကလွတ်လပ်စွာလှုပ်ရှားခွင့် မရရှိသေးပါဘူး။ အဲဒီတော့ တနိုင်ငံလုံးကျောင်းသားသမဂ္ဂတွေလွတ်လပ်စွာလှုပ်ရှားခွင့် ရရှိရေးအတွက် အစိုးရအနေနဲ့ ကလည်းပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ အဲဒါမှ ကျောင်းသားသမဂ္ဂတွေကခိုင်မာတဲ့ သမဂ္ဂတွေဖြစ်လာမှာပါ။

မေး။ ။ မကြာခင်ကကျင်းပခဲ့တဲ့ အကြိုအစည်းအဝေးမှာတက်ရောက်လာတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့တွေကြားသဘောထားကွဲလွဲမှုတွေရှိတယ်လို့ သိရပါတယ်။ ဘယ်လိုအချက်အပေါ် သဘောထားကွဲလွဲတာပါလဲ။

ဖြေ။ ။ အနည်းငယ်မျှသောသဘောထားကွဲလွဲမှုပါ။ ဒီနေရာကျနော်တို့ ပြောချင်တာကကွဲသွားတာမဟုတ်ပါဘူး။ သူတို့ကလည်းဗကသမူ ၅ ချက်ကိုဆက်လက် ကိုင်စွဲမှာဖြစ်သလိုကျနော်တို့ကလဲဗကသရဲ့ မူ ၅ ချက်အတိုင်းဆောင်ရွက်မှာပါ။ အဓိကကအစည်းအဝေးမှာအခြေခံသမဂ္ဂဖွဲ့စည်းခွင့်ဆိုင်တဲ့ ဖွဲ့စည်းပုံအပေါ် အနည်းငယ် သဘောထားကွဲလွဲခြင်းဖြစ်ပါတယ်။ အရမ်းကြီးမားတဲ့ သဘောထားကွဲလွဲမှုမျိုးမဟုတ်ပါဘူး။

Your Thoughts …
Tags: ဗကသ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လက်ဝဲဝါဒ၊ PLA နှင့် သိန္နီတိုက်ပွဲ

လက်ဝဲဝါဒ၊ PLA နှင့် သိန္နီတိုက်ပွဲ

by ဇေယျ (အညာ)
23 March 2024
4.1k

PLA ဖွဲ့စည်းသည့် သုံးနှစ်ပြည့်ခဲ့အခါသမယတွင် သိန္နီစစ်မြေပြင်မှ တိုက်စွမ်းရည်ရှိသည့်၊ တိုက်ပွဲတွေ့အကြုံရှိသည့် PLA တပ်ဖွဲ့တဖွဲ့ ပေါ်ထွက်ခဲ့ပေပြီ။

ရတနာပုံတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ  / ဇော်ဇော် / ဧရာဝတီ

ရွေးကောက်ပွဲကို No Vote လှုပ်ရှားမှုဖြင့် သပိတ်မှောက်မည်ဟု ဗကသများအဖွဲ့ချုပ်ပြော

by ထွန်းထွန်း
8 August 2020
50.3k

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား No Vote (မဲမပေးရေး) လှုပ်ရှား မှုဖြင့် သပိတ်မှောက်ကြောင်း

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ မအေးနန္ဒာစိုး

မအေးနန္ဒာစိုး အား စစ်ကောင်စီက ဆေးကုသခွင့်မပေး

by ဧရာဝတီ
28 December 2021
15.5k

မအေးနန္ဒာစိုးအား စက်တင်ဘာ ၁၉ ရက်နေ့က အရပ်ဝတ် ဝတ်ဆင်ထားသော စစ်ကောင်စီတပ်များက အင်အားအလုံး အရင်းဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်  ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုများ ပြုလုပ်နေကြစဉ်  / AAMIJ

ဆဲဗင်းဂျူလိုင် နှစ် ၆၀ တိုင်အောင် အာဏာရှင် တိုက်ဖျက်ရေး မပြီးဆုံးသေး ဟုဆို

by ဧရာဝတီ
7 July 2022
5.9k

အဖိနှိပ်ခံ လူထုလွတ်မြောက်ရေးအတွက် စစ်အာဏာရှင်၏ ဖက်ဆစ်ဝါဒကို တိုက်ဖျက်ရမည် ဖြစ်သလို လူထုလွတ်မြောက်ရေး အဟန့်အတား ဖြစ်စေသည့် စေ့စပ်ဆွေးနွေးရေးကိုလည်း တိုက်ဖျက်ရမည် ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂက ဆိုသည်။

ရတနာပုံတက္ကသိုလ် ကျောင်းရှေ့တွင် အသုဘ အခမ်းအနားပုံစံ လှုပ်ရှားမှု  / MPA

ဖမ်းဆီးထားသည့် ရတနာပုံ ဗကသ ကျောင်းသားသုံးဦးကို ချုပ်ရမန်ယူ

by ဒီလှိုင်းဝင်း
29 December 2018
12.6k

မန္တလေး ရတနာပုံတက္ကသိုလ် ကျောင်းရှေ့တွင် အသုဘ အခမ်းအနားပုံစံ လှုပ်ရှားမှုပြုလုပ်ခဲ့သည့် ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ၃ ဦးကို ဒီဇင်ဘာ ၂၉ ရက်နေ့က အမရပူရမြို့နယ် တရားရုံးတွင် ချုပ်ရမန်ယူခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးခံရသူ ကိုရဲရင့်ကျော်  / ဒီလှိုင်းဝင်း / ဧရာဝတီ

စစ်ပွဲရပ်ရေး လှုပ်ရှားမှု မန္တလေးတွင် ပြုလုပ်သူ ထောင် ၃ လ ချခံရ

by ဒီလှိုင်းဝင်း
9 January 2020
3.6k

မန္တလေးတွင် စစ်ပွဲများ ရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများကြောင့် လူ ၅ ဦးအထိ ဖမ်းဆီးအရေးယူ တရားစွဲဆိုခဲ့ရာ အဆိုပါ ၅ ဦးစလုံးအား သက်ဆိုင်ရာတရားရုံးများက အမိန့်ချမှတ်ခဲ့ပြီး ဖြစ်သလို ယင်း ၅ ဦးတွင် ငြိမ်းချမ်းရေးကဗျာကို ရွတ်ဆိုခဲ့သူ...

Next Post
ပုလင်းဝင်းရပ်ကွက်က ပစ္စည်းအဟောင်းတွေ ရောင်းဝယ်ဖောက်ကားရာ နေရာ / သန်းနိုင်ဦး

စက်ဘီးတွေရဲ့ နေဝင်ချိန် ရောက်ပြီလား

Seafood Grilled Pallet / ထက်ဦးဝေ / ဧရာဝတီ

ပင်လယ်စာကောင်းကောင်းစားချင်သူများအတွက် “စိတ်ကြိုက်” ပင်လယ်စာ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate