• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

အကျဉ်းစခန်းတွေ ပိတ်သိမ်းသင့်တယ်

by ဆွေဝင်း
14 January 2017
in အင်တာဗျူး
A A
ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့် / ဆွေဝင်း

ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့် / ဆွေဝင်း

56.5k
VIEWS
Share on FacebookShare on Twitter

ဗြိတိသျှကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီအစိုးရခေတ်တွင် အကျဉ်းထောင်စနစ်သည် လူ့အဖွဲ့အစည်း၏ လုံခြုံရေးကိုအတွက်သာ အဓိကထားအသုံးပြုခဲ့သော်လည်း ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အုပ်ချုပ်သူများက အကျဉ်းသားများအား “ပြစ်မှှုကြွေးချွေးဖြင့်ဆပ်” ရမည်ဟူသော ဆောင်ပုဒ်ကိုတီထွင်ကာ နိုင်ငံတော်စီမံကိန်းများတွင် စတင် သုံးစွဲခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ စစ်ဗိုလ်ချုပ်ကြီးများက အကျဉ်းသားများသည် နိုင်ငံတော်စီမံကိန်းများတွင် ဝင်ရောက်လုပ်ကိုင်သည်နှင့်မလုံလောက်ဘဲ၊ အကျဉ်းသားများကို စစ်ပေါ်တာများအဖြစ်လည်းကောင်း ရှေ့တန်းစစ်မြေပြင်များတွင် သုံးစွဲခဲ့ပြီး၊ အကျဉ်းထောင်စနစ်တခုလုံးကိုလည်း အကျဉ်းသားများ၏ လုပ်အားဖြင့် ရရှိလာသော ဝင်ငွေများနှင့်ပင် လည်ပတ်စေရန်စီမံခဲ့သည်။

RelatedPosts

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

16 May 2025
131
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
1.3k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
2.1k

အစာရေစာမလုံလောက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှှု ချို့တဲ့ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများကြောင့် စစ်အာဏာရှင်ခေတ်က အကျဉ်းစခန်းများ၊ နိုင်ငံတော် စီမံကိန်းလုပ်ကွက်များတွင် အကျဉ်းသား ထောင်သောင်းချီသေဆုံးခဲ့သည်။

လွန်ခဲ့သည့် ၁ဝ နှစ်ခန့်ကာလအတွင်း အကျဉ်းစခန်းများတွင် သေဆုံးနှှုန်း လျော့ကျလာသော်လည်း အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှှုများသည် သမ္မတဟောင်းဦးသိန်းစိန် လက်ထက်တွင် လည်းကောင်း၊ လက်ရှိ သမ္မတသစ် ဦးထင်ကျော်လက်ထက်တွင်လည်းကောင်း ဆက်လက်ရှိနေသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က ပြည်ထဲရေးဝန်ကြီးကို ခန့်အပ်ခြင်းဖြစ်ပြီး၊ အကျဉ်းဦးစီးဌာနမှာ ပြည်ထဲဝန်ကြီးဌာန၏ အောက်တွင် ရောက်ရှိနေသောကြောင့် အရပ်သားအစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ကင်းလွတ်နေသည်။

နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) က ထုတ်ပြန်ထားသော အကျဉ်းသားလုပ်အားကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် မဆက်စပ်စေရဟူသောအချက်များကို ချိုးဖောက်၍ အကျဉ်းစခန်းများတွင် ပြင်ပလုပ်ငန်းရှင်များသို့ ကျောက်ထုတ်ရောင်းချမှုများ နှင့် အချို့သော အကျဉ်းစခန်းများတွင် အကျဉ်းသားကို ကျွန်ကဲ့သို့ လုပ်အားရောင်းချမှုများဖြစ်ပေါ်နေသော်လည်း ထိုစခန်းများသည် အကျဉ်းသားများအား စာရိတ္တကောင်းမွန်စေရန်နှင့် အသက်မွေးဝမ်းကြောင်း ပညာများသင်ယူစေရန် ဖွင့်လှစ်ထားခြင်းဖြစ်သော အကျဉ်းစခန်းများအား ပိတ်သိမ်းရန်အစီအစဉ်မရှိဟု ပြည်ထဲရေးဝန်ကြီးဌာနဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၂ဝ၁၆၊ ဒီဇင်ဘာလ လွှတ်တော် အစည်းအဝေးတစ်ခုတွင် ပြောဆိုခဲ့သည်။

၂ဝဝ၂ ခုနှစ်ထိ အကျဉ်းဦးစီးဌာနတွင် အနှစ် ၂ဝ ကျော် ထောင်မှူးကြီးအဖြစ် လုပ်ကိုင်ခဲ့သော ဦးခင်မောင်မြင့်ကို အကျဉ်းစခန်းများ၏ သမိုင်းကြောင်း၊ ထိုစခန်းများ ဆက်လက်ပြီး ရှိသင့်မရှိသင့် စသည့် အကြောင်းအရာများကို မေးမြန်းထားပါသည်။ ဦးခင်မောင်မြင့်သည် ဇေယျမင်းရှင် ကလောင်အမည်ဖြင့် အကျဉ်းထောင်လောကနှင့် ဆက်စပ်သော ဝတ္တု၊ ဆောင်းပါးများကို ရေးသားနေပြီး၊ ဥပဒေအကြံပေးဖြစ်လည်း လုပ်ကိုင်နေသူဖြစ်သည်။

မေး။ ။ အကျဉ်းစခန်းတွေ ရဲဘက်စခန်းတွေရဲ့ သမိုင်းကြောင်းကို အနည်းငယ်ရှင်းပြပေးနိုင်မလား။

ဖြေ။ ။ ကျနော်တို့က ဗြိတိသျှ တရားစီရင်ရေးစနစ်ကို ယူထားတာ၊ ဗြိတိသျှ အကျဉ်းထောင်စနစ် မှာလည်း (အလုပ်စခန်းဆိုတာ) မရှိဘူး။ နောက်ပိုင်း ၁၉၆၂ ခုနစ်လောက်ကျတော့ မုံရွာ၊ ပုလဲ – ဂန့်ဂေါ လမ်း စဖွင့်တယ်။ အဲဒီမှာ လမ်းဖောက်လုပ်ရေး လုပ်တယ်။ အဲဒီအတွက် ကျောက်မိုင်းတွေ လုပ်တယ်။ အဲဒါတွေ လုပ်ပြီးတော့မှ “ပြစ်မှုကြွေး ချွေးပြန်ဆပ်မည်” ဆိုတဲ့ ဆောင်ပုဒ်ကြီးကို တီထွင်ပြီးတော့ အကျဉ်းသားတွေရဲ့ လုပ်အားကို သူ့ရဲ့ ပြစ်ဒဏ်အတွက် ပေးဆပ်စရာတစ်ခု အနေနဲ့ အတွေးအခေါ်တွေက ပြောင်းလာတာကိုး။

အဲဒီတော့ ဒီအကျဉ်းသားတယောက်က သူ့ပြစ်ဒဏ်အလျောက် ပြစ်ဒဏ်ခံခဲ့ရပြီးပြီ။ လူ့အသိုင်းအဝိုင်းထဲကနေ သူ့ကို ကာလအကန့်အသတ်တခုနဲ့ ဖယ်ထုတ်လိုက်ပြီးပြီ။ ဒါကိုက ပြစ်ဒဏ်ပဲလေ။ အဲဒီထဲမှာမှ ထောင်ထဲမှာ လုပ်ရမယ့် လုပ်ငန်းကို ထပ်ပြီး အကျယ်ဖွင့်ဆိုပြီး အကျဉ်းထောင် အပြင်မှာပါ သူ့လုပ်အားကို ထပ်သုံးတော့မယ် ဆိုတော့ သူ့ပြစ်ဒဏ်က နှစ်ဆတိုးသွားသလို ဖြစ်တယ်။

အဲဒီကနေ စလိုက်တာ နောက်ပိုင်းမှာ ကျောက်ထုတ် လုပ်ငန်းတွေ ပေါ်လာတယ်။ ၁၉၇၅ မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်းဆိုပြီး လုပ်လိုက်တော့ အလုပ်စခန်း ၁ဝ ခုလောက်နဲ့ အကျဉ်းသား သောင်းချီ ထုတ်ပြီး သုံးတာပေါ့။

၁၉၇၈ ရောက်တဲ့အခါမှာ အကျဉ်းသားများ လုပ်အားအပြင် ကုန်ထုတ်လုပ်ရေးအဖွဲ့ ဆိုပြီးတော့ စီမံကိန်းလုပ်ငန်းကြီး တရပ်အနေနဲ့ ဖွဲ့စည်းလိုက်ပြီးတော့ တပြည်လုံးမှာ အကျဉ်းထောင်တွေ အပြင် အလုပ်စခန်းပါ ဖွဲ့လိုက်တာပေါ့။ အဲဒီတော့ အလုပ်သမားလိုနေတဲ့နေရာ လုပ်ကိုင်ဆောင်ရွက်ရန် ခက်ခဲတဲ့ နေရာ၊ စွန့်စားရမယ့် နေရာ၊ ရာသီဥတု ပြင်းထန်တဲ့နေရာ၊ သာမန်ပြည်သူလူထုက မလုပ်ချင်တဲ့ နေရာတွေဆိုရင် အကျဉ်းသားတွေကို စီမံကိန်းတစ်ရပ်အနေနဲ့ စခန်းတွေ ဖွင့်ပြီး သွားခိုင်းတယ်။

မေး။ ။ အဲဒီ ရန်ကုန်-မန္တလေး လမ်းစီမံကိန်းမှာ အကျဉ်းသား အများအပြား ထိခိုက်သေဆုံးရတာတွေ ကြားဖူးပါတယ်။ ဒါတွေကော အမှန်တကယ် ဘယ်လောက်အတိုင်းအတာထိ ဖြစ်ခဲ့သလဲ။

ဖြေ။ ။ အကျဉ်းသားဆိုတာက ပြစ်ဒဏ်အပေးခံရသူ ဖြစ်တဲ့အတွက် ခိုုင်းတာ လုပ်ရတဲ့အတွက် ထိခိုက်တာတွေ အများကြီး ရှိခဲ့တာပေါ့။ မူလဥပဒေရှိခဲ့စဉ်တုန်းက အကျဉ်းသားသည် အကျဉ်းထောင်တွေမှာ ထွက်ပြီး လုပ်ဖို့ ပါသလားဆိုရင် မပါခဲ့ဘူး။ ဒီ့နောက်ပိုင်းမှာကျတော့ တာဝန်ယူထားတဲ့ အစိုးရ အဆက်ဆက်ရဲ့ လိုအပ်ချက်အရ အလုပ်သမားဆိုတာကို ချဲ့ယူလိုက်ပြီးတော့မှ အကျဉ်းသားသည် သူ့ပြစ်ဒဏ်အပြင်ကို လုပ်အားနဲ့ပါ ပေးဆပ်ရမယ် ဆိုတဲ့ အတွေးအမြင်တွေပါ ပြောင်းသွားတော့ အလုပ်စခန်းတွေ အများကြီး ဖွင့်လိုက်တဲ့ အခါမှာ မူလ ဥပဒေနဲ့တော့ အနည်းငယ် လွဲချော်သွားတာပေါ့။

လွဲချော်သွားတဲ့အပြင် ဆက်တိုက်ဖြစ်လာတာက ရာသီဥတု ပြင်းထန်တဲ့နေရာတွေ၊ သွားလာမှု ဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေ၊ ရောဂါဘယ ထူပြောတဲ့နေရာတွေမှာ သွားလုပ်ရတော့၊ ဒီဘက်မှာ စားသောက်ရေး ကတော့ တက်မလာဘူး။ စားဝတ်နေရေးပေါ့။ ဝတ်ဆင်ရေးအပိုင်းမှာလည်း မလုပ်ပေးနိုင်ဘူး။ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း လုပ်အားကိုသာ ချဲ့ယူလိုက်တာ။ ပေးတဲ့ အခွင့်အရေးကြတော့ ဥပဒေထဲက အတိုင်းပဲ ပေးနေတာ။

အင်္ဂလိပ်ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်းပဲ ဆိုတော့ အဝတ်အစားကလည်း တိုးတက်မလာဘူး။ အစားအသောက် ကလည်း မတိုးတက်လာဘူး။ ကျန်းမာရေး စောင့်ရှောက်မှုတွေကလည်း မတိုးတက်လာဘူး။ တဖက်မှာက ပေးရမယ့် အခွင့်အရေးတွေနဲ့ အညီ သတ်မှတ်ထားတယ်။ လုပ်အားကျတော့ ဥပဒေနဲ့ မညီ ယူလိုက်တဲ့ အခါကျတော့ ကာလကြာရှည်လာတော့ အလုပ်ကြောင့် ဖြစ်တဲ့ ထိခိုက်နစ်နာမှု တွေ ဥပမာ – ဖျားတာတွေ၊ ဖျားပြီးတော့မှ သေဆုံးတာတွေ၊ လုပ်ငန်းခွင် ထိခိုက်မှုကြောင့် သေဆုံးတာတွေ၊ အများဆုံးကတော့ ကာလရှည်လုပ်အားကို ထုတ်ယူသုံးလိုက်တဲ့ အတွက် သူ့ရဲ့ ခန္ဓာကိုယ် အလေးချိန်တွေ လျော့ကျသွားတယ်။ ခန္ဓာကိုယ် ရှိရမဲ့ အညွှန်းကိန်းတွေက တအားကျသွားတယ်။ ကျတဲ့အခါ အသေ အပျောက်တွေ များတာပေါ့။

အကျဉ်းသားသည် သူ့ပြစ်ဒဏ်ကြောင့် သတ်မှတ်ထားတဲ့ ကာလလေး တရပ်မှာ လူ့အသိုင်းအဝိုင်းကနေ အကျဉ်းထောင်အတွင်း ဝင်ရတဲ့အပြင် သူ့အသက်ကိုပါ ဘယ်သူကမှ အာမ မခံနိုင်ဘဲနဲ့ သေဆုံးသွားရတဲ့ သဘောမျိုး ဖြစ်သွားတော့။ အလုပ်စခန်းတွေသည် ဥပဒေရဲ့ အနှစ်သာရနဲ့ ပြောရင် လုံးဝကို လွဲချော် နေတာပေါ့။

ဒါက လူ့အဖွဲ့အစည်းဘက်ကနေ ကြည့်ရင် ဟုတ်သလိုလိုနဲ့ အကျဉ်းခံနေရတဲ့ အကျဉ်းသားတွေ ဘက်ကနေ ကြည့်ရင်တော့ ဥပဒေက ပေးတဲ့ ပြစ်ဒဏ်အပြင် အစိုးရ အဆက်ဆက်က သူတို့ဘာသာ လိုသလို ဆွဲယူထားတဲ့ ပြစ်ဒဏ်တွေကိုပါ ထပ်ပေါင်းပြီးတော့ ခံစားနေကြရတာပါ။

မေး။ ။ ပြစ်မှှုကျွေးကိုချွေးဖြင့်ဆပ်ရမယ်၊ နိုင်ငံတော်စီမံကိန်းတွေမှာ သေသေကြေကြေလုပ်ကိုင်ကြရမယ် ဆိုတဲ့သဘောကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော့် တဦးတည်း အမြင်အရ ပြောရင်တော့ အကျဉ်းသားဆိုတာသည် သူ့ပြစ်ဒဏ်အတွက် သင့်လျော်တဲ့ ကာလတစ်ရပ်အတွက် ဥပဒေက အပြစ်ပေးခြင်းကိုပဲ လိုအပ်တာပေါ့ဗျာ။
တိုင်းပြည်ဖွံ့ဖြိုးု တိုးတက်ဖို့တို့၊ အစိုးရ စီမံကိန်းတွေ အောင်မြင်ဖို့အတွက်ကတော့ သူ့မှာ တာဝန် မရှိဘူးလို့ ကျနော်တော့ ဒီလိုပဲ မြင်တယ်လေ။ အခုသူတို့ သုံးနှုန်းနေတဲ့ သြဝါဒတွေ ရှိပါတယ်။ ပြစ်မှုကြေး ချွေးပြန်ဆပ် မည် ဆိုတော့ ဥပဒေအနေနဲ့ မြင်တဲ့အခါကျတော့ အကျဉ်းထောင် စနစ်တခုရဲ့ ရည်ရွယ်ချက်ဆိုတာသည် လူ့အဖွဲ့အစည်းကို ရာဇဝတ်မှုတွေ၊ ဒုစရိုက်ကျူးလွန်သူတွေ ရန်က အကာအကွယ်ပေးဖို့သာ အကျဉ်းထောင် စနစ်ရဲ့ အဓိက ရည်ရွယ်ချက်ပဲ။

အကျဉ်းထောင်စနစ်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုပြီးတော့ ဒီအကျဉ်းသားတွေ အပြင် ထုတ်ပြီးတော့ သူတို့ လုပ်အားကို ညှစ်ထုတ် ယူဖို့တော့ မလိုအပ်ဘူးပေါ့။ ဥပဒေက ပေးတဲ့ ပြစ်ဒဏ် ဖြစ်တယ်၊ ကာလအကန့်အသတ် တစ်ရပ်အထိ သူ့မိသားစု၊ သူ့လူ့အသိုင်းအဝိုင်းကနေ ဖယ်ပြီး နေလိုက်ရတဲ့ ပြစ်ဒဏ်ရတဲ့ အပြင် မလိုအပ်ဘဲနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့ စီမံကိန်းတို့ဆိုတဲ့ အကြောင်းပြချက်ကြီးတွေ အောက်မှာ သူတို့ရဲ့ လုပ်အားတွေက အကာအကွယ်မဲ့စွာ ညှစ်ထုတ်ခြင်း ခံနေရတယ်။

အဲဒီထက် ပိုဆိုးတာက ဒီလို ညှစ်ထုတ် ယူထားတဲ့ အပြင် သူတို့ကို အလုပ်စခန်းတွေ ထုတ်သုံးတဲ့အခါမှာ လုံခြုံရေးအရဆိုပြီးတော့ ခြေချင်းခတ်သုံးတာပေါ့။ ခြေချင်းခတ်သုံးတယ်ဆိုတာ အကျဉ်းထောင်ဥပဒေအရ ပြောရင် သူ့ကို တရားရုံးတရုံးကို ထုတ်ယူပြီးတော့ သုံးတဲ့အခါ ဖြစ်စေ တနေရာကနေ တစ်နေရာကို ရွေ့ပြောင်းတဲ့ အခါ ဖြစ်စေ၊ ဒီလောက်ပဲ ခြေချင်းက သုံးရမှာ။
အလုပ်စခန်းမှာလည်း သူ့လုပ်အားကို ပေးလိုက်ရသေးတယ်။ လုံခြုံရေးအတွက်ပါ မလိုအပ်ဘဲနဲ့ ခြေချင်း အခတ်ခံရသေးတယ်။ သူ့လုံခြုံရေးသူ ပြန်ယူလိုက်သလို ဖြစ်တော့ နောက်ဆက်တွဲအနေနဲ့ ခြေချင်းကြောင့် ဖြစ်တဲ့ ရောဂါတွေ၊ အထူးသဖြင့် မျက်စိမှုန်တာတို့၊ ကြက်မျက်သင့်ရောဂါတွေ ဖြစ်တယ်။ အဲဒီကနေမှ အနာတွေ ဖြစ်တယ်။ အကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်တယ်။

ဒီအကျဉ်းသားတစ်ယောက်က အကျဉ်းထောင်ကနေ ထွက်သွားပြီးပြီ။ သူ့ပြစ်ဒဏ်ကုန်ပြီဆိုတာနဲ့ အဲဒီကရသွားတဲ့ အကျိုး သက်ရောက်မှုတွေက မပြီးဘူး။ တချို့ဆို တသက်လုံး မျက်စိ မှုန်သွားတာတွေ ရှိတယ်။ တသက်လုံး အကြော သေသွားတာတွေ ရှိတယ်။ အဲဒီတော့ ဒီအလုပ်စခန်းတွေသည် ပြစ်ဒဏ်ကျတဲ့ အကျဉ်းသားပေါ်မှာ ပြစ်ဒဏ်ကို လိုအပ်တာထက် ပိုပြီးတော့ လွန်လွန်ကဲကဲ သုံးစွဲနေတဲ့ သဘောမျိုး သွားသက်ရောက် တာပေါ့။

မေး။ ။ ဆရာလည်း ရဲဘက်စခန်းတွေမှာ တာဝန်ကျခဲ့တော့ ကိုယ်တွေ့ အတွေ့အကြုံတွေကို ပြောပြပါဦး။

ဖြေ။ ။ ကျနော် ရဲဘော်လေးဘဝ (ကျောက်ဆည်မြို့) ကျောက်မိုင်း ဘီးလင်းပေါ့၊ ကျောက်မိုင်းလုပ်ငန်းဟာ အင်မတန်မှ ဘေးအန္တရာယ် များတဲ့ လုပ်ငန်း။ လုပ်ငန်းမှာ ကျောက်မိုင်း မိုင်းခွဲတာကြောင့်လည်း အသက်သေနိုင်တယ်၊ ကျောက်မိုင်းတွေ ပြိုကျလို့လည်း ဖြစ်နိုင်တယ်။ ကျွမ်းကျင်တဲ့ လုပ်သားတွေတောင်မှ ဘေးအန္တရာယ် ဖြစ်တဲ့နေရာမှာ အကျဉ်းသားတွေက ခြေချင်းတွေ ခတ်ပြီးတော့ သွားလုပ်ကြရတဲ့ အခါကျတော့ အသေအပျောက်နှုန်းတွေလည်း များတယ်။

အလုပ်နဲ့ ဆက်စပ်နေတဲ့ ဘေးထွက်ဆိုးကျိုး၊ ရောဂါဘယတွေက လွတ်မြောက်သွားသည်အထိ ခံစား သွားရတာတွေ ရှိတယ်။ manual (အကျဉ်းထောင် လက်စွဲ စာအုပ်) ထဲမှာ ပါတယ်။ အကျဉ်းသားတယောက်ဟာ ဘယ်ကျောက်ဆိုရင် ဘယ်အရွယ်အစားပဲ ထုတ်ရမယ်။ သက်ဆိုင်ရာ လုပ်ငန်းတွေရဲ့ လိုအပ်ချက် ပမာဏကို ပြည့်မှှီအောင် လုပ်ကြရတာ ဆိုတော့ သူ့ရဲ့ အလုပ်ချိန်က ကန့်သတ်ချက် မရှိတော့ဘူး။ အဲဒီအတွက် အကျဉ်းသားတွေက ပိုပြီးတော့ တာဝန်တွေ ဝန်ပိတာပေါ့။ ဒါ့ကြောင့် ကျောက်မိုင်း စခန်းတွေမှာ ဒုက္ခသုက္ခတွေ အများဆုံးတွေ့ရတာ။

၂ဝဝ၁ လောက် ကျနော် ကလေးထောင်မှာ ဒုတိယ တာဝန်ခံ အနေနဲ့ လုပ်နေတုန်းက ဆိုရင် ကလေးကပေါ် ဒေသက BMI (ကိုယ်ခန္ဓာ အလေးချိန်) နိမ့်တဲ့သူတွေကို ICRC နဲ့ ညှိနှိုင်းပြီးတော့မှ ကုသပေးဖို့ ပြန်ခေါ်လိုက်တယ်။ ကလေးထောင်ကို ပြန်စုတယ်ပေါ့။ စခန်းအသီးသီးကနေ လူ ၅ဝဝ လောက် လက်ခံရတယ်။ တယောက်မှ လမ်းလျှောက်ပြီး ဝင်မလာနိုင်ဘူး။ သုံးယောက် တတွဲ၊ လေးယောက်တတွဲ မှီခိုတွဲပြီးတော့ တလှမ်း၊ တလှမ်းကို ရွေ့ဖု့ိ၊ ကားပေါ်ကနေ အောက်ကို ရောက်ဖို့ တော်တော့်ကို ပြောမယ်ဆို ပဌာန်းရုပ်ပေါက်ပြီး လူက လူနဲ့ မတူတော့ဘူး။

အရိုးစုပေါ်မှာ ရာဘာအစွပ် စွပ်ထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အသားဆိုတာ မရှိတော့ဘူး။ အဲဒီတော့ အဲဒီလူတွေက ကျနော့်ဆီမှာ လက်ခံပြီးတာနဲ့ ကလေး ဆေးရုံကို တင်ရတယ်။ ကုသပေးတယ်။ အချိန်က နှောင်းနေပြီဆိုတော့ သေပျောက်နှုန်းက တအား များတယ်။ သေပျောက်နှုန်းက ကြောက်ခမန်း လိလိ များတယ်။ အနည်းဆုံး ၅ဝ% ပဲ။ ၅ဝဝ ဆိုရင် ၂၅ဝ ကတော့ သေတာပဲ။ လုံးဝကို ပြန်နလန် မထူနိုင်တော့တဲ့ အနေအထားမျိုး ဖြစ်သွားတာကိုး။

မေး။ ။ အကျဉ်းစခန်းတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြုပြင်ပြောင်းလဲသင့်တယ်လိုမြင်ပါသလဲ။

ဖြေ။ ။ လိုအပ်သည်ထက် ပိုလွန်ပြီး အလုပ်ချိန်တွေ တိုးမြင့်ပြီးတော့ ခိုင်းစေတယ်။ ကျောက်တွေကို ပြင်ပ အဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီးတော့ ညှိနှိုင်းပြီး ထုတ်တယ်။ အဲဒီမှာ ကုန်ကြမ်းတွေ ပေးတယ်။ ကိုယ်ထုတ်တာတွေကို ရောင်းချတယ်။ ရောင်းချတာတွေက အပြည့်အဝ ဌာန ရန်ပုံငွေထဲ ပြန်မဝင်ဘူး။

ကိုယ်ကျိုး စီးပွားတွေ ဖြစ်သွားတယ်။ ပိုဆိုးသွားတာက ဝင်ငွေ ရှာမယ့် နေရာတွေကို ချထားပေးလိုက်တဲ့ တာဝန်ခံတွေသည် အဲဒီကာလမှာ ရှိသော ညွှန်ချုပ်များရဲ့ သြဇာအာဏာသက်ရောက်တဲ့ ပုဂ္ဂိုလ်တွေ၊ သူတို့ မျက်နှာ တဖက်တည်းကိုပဲ ကြည့်မယ့် ပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့ အခါကျတော့ ဒီလူတွေကို ကျန်တဲ့ လူတွေကလည်း မတို့ရဲ မထိရဲ၊ ဖြစ်ပြီးတော့ နောက်ဆုံး ဒါကြီးဟာ ဘာဖြစ်သွားလဲဆိုတော့ ပုဂ္ဂလိက ဝင်ငွေရှာတဲ့ အလုပ်ကြီးတွေလို ဖြစ်သွားပြီး၊ ရိုင်းရိုင်း ပြောကြစို့၊ နောက်ဆုံးမှာ ဒီအကျဉ်းသားတွေသည် တာဝန်ရှိတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေအတွက် ငွေရှာပေးနေရတဲ့ လုပ်အားစုလေး တခုလို၊ တနည်းအားဖြင့် ကျေးကျွန်တွေလို ဖြစ်သွားတာပေါ့။

တကယ့် မူလရည်ရွယ်ချက်ကြီးလည်း ပျောက်သွားတယ်။ မူလရည်ရွယ်ချက်ကြီးက သူတို့ လုပ်အားနဲ့ တိုင်းပြည်အတွက် အကျိုးရှိစေဖို့ အမှန်ကတော့ တိုင်းပြည်အတွက်လည်း ဒီလူတွေမှာ တာဝန် မရှိဘူး။ ဘယ်အကျဉ်းသားမှ တိုင်းပြည်အတွက် သူတို့ လုပ်အား ပေးစရာ တာဝန် ရှိကိုု မရှိဘူး။ ဒါ လူ့အခွင့်အရေး မှာလည်း မပါဘူး။

ဒါ့ကြောင့် တဦးတည်း အနေနဲ့ ပြောပါဆိုရင် ဒီအလုပ်စခန်းတွေကတော့ အခုလို နိုင်ငံရေးစနစ် ပြောင်းနေတဲ့ အနေအထားမှာ ပိတ်သိမ်းဖို့ကိုပဲ ဦးစားပေးပြီး ဆောင်ရွက်သင့်တယ်လို့ ကျနော်ကတော့ မြင်တယ်။ ။

Your Thoughts …
Tags: Human Rights
ဆွေဝင်း

ဆွေဝင်း

Myanmar Now

Similar Picks:

သူတို့တကယ်ကို လုပ်ခဲ့ရင် ဒါဟာ ထောင်တွင်းလူသတ်မှုပဲ (ရုပ်/သံ)

သူတို့တကယ်ကို လုပ်ခဲ့ရင် ဒါဟာ ထောင်တွင်းလူသတ်မှုပဲ (ရုပ်/သံ)

by ဘုန်းအောင်
25 September 2024
194

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၇ ဦးကို သေဒဏ်စီရင်မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ အတွက် ကာယကံရှင်မိသားစုဝင်တွေနဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတွေကြား စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

/ World Vision

ပဋိပက္ခတွေကို ပိုမိုကြီးထွားစေတဲ့ အမုန်းတရား ပြောဆိုမှုများ

by ဟန်ပိုင်
11 January 2017
14.3k

မြန်မာနိုင်ငံအနေနဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်တာ ဖြစ်လို့၊ အားလုံးရဲ့ မတူကွဲပြားစွာ တည်ရှိမှုတွေကို လက်ခံပြီး တဦးကိုတဦး အပြန်အလှန်လေးစား၊ တန်းတူညီမျှမှုရှိတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်မှသာ တိုင်းပြည် ငြိမ်းချမ်းမှာ ဖြစ်ပါတယ်။

ပထမအကြိမ် မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေး ညီလာခံသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

မသန်စွမ်းသူများကို ဖေးမ၍ တန်းတူ အခွင့်အရေးပေးရန် ဒေါ်အောင်ဆန်းစုကြည် ပြော

by ထက်နိုင်ဇော်
24 November 2016
17.9k

ဒီလိုဉာဏ်ရည် မသန်စွမ်းတဲ့ကလေးများ၊ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် မသန်စွမ်းတဲ့ ကလေးများ၊ လူငယ်များ၊ လူကြီးများအတွက် အရေးကြီးဆုံးကိစ္စတစ်ခုဟာ မိမိတို့ရဲ့ဘဝဟာ တန်ဖိုးရှိတယ်ဆိုတာကို ယုံကြည်နိုင်ဖို့ပဲ ဖြစ်ပါတယ်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာကို စုံစမ်းစစ်ဆေးရန် မစ္စယန်ဟီးလီက တိုက်တွန်းခဲ့သည် / Reuters

ကုလသမဂ္ဂ စုံစမ်းရေးသည် ဒီမိုကရေစီ လမ်းမပေါ်သို့ မြန်မာ ရောက်လာရန် ကူညီမည်

by ရည်မွန်ထွန်းနှင့် တိုင်လာဂီယန်နီနီ
4 April 2017
20.6k

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် လိုအပ်သော အခြေခံ စောင့်ကြည့် စစ်ဆေးမှုများ ကင်းမဲ့ နေသည့် အတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးက လိုအပ်သည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး / သူဇာ / ဧရာဝတီ

“လူမှုဝန်ထမ်းသမားသည် အမြဲတမ်း အဆင်သင့် ရှိနေပါတယ်”

by ဧရာဝတီ
4 November 2016
13.6k

ကျမတို့ အမြဲတမ်း ရှိနေပါတယ်။ ကျမတို့ လုပ်ဆောင်နေတဲ့ အလုံးစုံ လူမှုကာကွယ် စောင့်ရှောက်ရေး အစီအမံမှာ စနစ်တခုဖြစ်အောင် လုပ်မယ်ဆိုရင် ကျမတို့အနေနဲ့ တာဝန်ပေးထားတဲ့ ဦးစီးအရာရှိတွေကို တမြို့နယ် တယောက်ထားဖို့ အစီအစဉ် ရှိတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်၏ တိုက်ခိုက်မှုကို ရန်ကုန်မြို့တွင် ဆန့်ကျင်ဆန္ဒပြစဉ်  / Reuters

စစ်ပွဲတွေရှိရာအရပ်မှာ မွေးလာခြင်းက ရာဇဝတ်မှုလို့ ပြောကြတယ်

by စတယ်လာနော်
19 March 2017
5.3k

ကချင်ရှေ့နေများကွန်ရက်က ၂၀၁၁ နှင့် ၂၁၀၄ အတွင်း ပုဒ်မ ၁၇ (၁) အမှု ၅၀ ခန့်ရှိသည်ဟု ပြောသည်။ ၂၀၁၆ ခုနှစ်တွင် အဆိုပါ ဥပဒေဖြင့်ပင် လူငယ် ၄၉ ဦးအပါအဝင် လူ...

Next Post
ဓာတ်ပုံ - mprlexp.com

ရခိုင်ကမ်းလွန် သဘာဝ ဓာတ်ငွေ့သိုက် တွေ့ရှိမှု စိစစ် အတည်ပြုမည်

ထိုင်းလေတပ်မှ Gripen တိုက်လေယာဉ် သရုပ်ပြစဉ်ပျက်ကျ၊ လေယာဉ်မှူးသေဆုံး

ထိုင်းလေတပ်မှ Gripen တိုက်လေယာဉ် သရုပ်ပြစဉ်ပျက်ကျ၊ လေယာဉ်မှူးသေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate