ကြည်လင်း ဘယ်သူလဲ

ဧရာဝတီ
မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး မျိုးမင်းအောင် / ဇော်ဇော် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်သမားရဲ့ အနီးကပ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကို လေဆိပ်အတွင်းက တက္ကစီသမားတွေ ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့တဲ့အတွက် ချက်ချင်းဖမ်းမိခဲ့ပါတယ်။

တရားခံကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းချက်အရ တရားခံမှာ ကြည်လင်းဆိုသူဖြစ်ပြီး သူ့ရဲ့မိသားစုက မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ နေအိမ်မှာ ဌားရမ်းနေထိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ သတင်းအရ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးမှုတွေကို ၂၉ ရက် ညတွင်းချင်း ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး နောက်ဆက်တွဲ အခြေအနေတွေကို သိရှိနိုင်ဖို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး မျိုးမင်းအောင်ကို ဧရာဝတီသတင်းဌာနမှ သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်း ထားပါတယ်။

မေး။    ။ တရားလွှတ်တော်ရှေ့နေဦးကိုနီကို သတ်တဲ့တရားခံမိသားစု ဌားနေတဲ့နေအိမ်က မန္တလေးမှာဆိုပြီး စုံစမ်းစစ်ဆေးနေတဲ့ နောက်ဆက်တွဲ အခြေအနေသိပါရစေ။

ဖြေ။    ။ မန္တလေးနဲ့ ဘာမှမဆိုင်ဘူး။ ဘာမှမဆိုင်ဘူးဆိုတာ အကွက်နံပါတ် (၆၈၂) မှာ နေတယ်ဆိုလို့ သွားစစ်ကြတာ။ အိမ်နံပါတ်ဘာလဲ၊  ဘယ်နားကအိမ်လဲဆိုတာ သိလို့မဟုတ်ဘူး။ ဒါပေမယ့် ဒီအိမ်တော့ ထင်တယ်ဆိုတဲ့ အကြည့်နဲ့ပဲ ကြည့်ကြတာ။ စစ်ဆေးကြည့်တော့ အဲဒီအိမ်လည်း မဟုတ်သလို ဘာမှလည်း မဆိုင်ဘူး။ လက်ရှိအဲဒီအိမ်မှာ အဆင့်လိုက် ဌားနေတဲ့သူတွေ ရှိတယ်။ ဆရာဝန်လည်း နေတယ်။ ကျောင်းသားလည်း ဌားနေတယ်။ အိမ်ပိုင်ရှင်က အောက်ထပ်မှာနေတာ။ အဲဒီအကွက်ကိုစစ်တော့ အဲဒီအိမ်ဆိုပြီး လူတွေက ထင်ကြလို့ပါ။

မေး။    ။ အဲဒါဆို မနေ့ညက စစ်ဆေးမှုအရ တရားခံက မန္တလေးနဲ့ မဆိုင်ဘူးလို့ ပြောလို့ရမလား။

ဖြေ။    ။ မဆိုင်ဘူးဆိုတာ မန္တလေးမှာနေတာမှ မဟုတ်တာပါ။

မေး။    ။ တရားခံက တရုတ်လူမျိုးဆိုတာ ဟုတ်ပါလား။

ဖြေ။    ။ အဲဒီလိုတော့ မသိရသေးပါဘူး။

မေး။    ။ မနေ့ညက အဲဒီအိမ်အနီးဝန်းကျင်မှာ ဆူပူမှုပုံစံဖြစ်စေမယ့် လူစုလူဝေးပုံစံ ဖြစ်သွားခဲ့တယ်။ အဲဒါနဲ့ ပတ်သက်ပြီး မြို့တည်ငြိမ်အေးချမ်းရေးအတွက် ဘာတွေလုပ်သွားဖို့ရှိပါလဲ။

ဖြေ။    ။ သတင်းအမှန် ထုတ်ပြန်ပေးတယ်။ မနေ့က ရှင်းပြပေးတယ်။ ပြောပေးတယ်ဆိုတော့ အများပြည်သူလည်း နားလည်သွားကြတယ်။ ဒါပေမယ့် မနေ့ကဖေ့စ်ဘုတ်ပေါ်မှာ အဲဒီလမ်းရှေ့က ခေါက်ဆွဲဆိုင်အိမ်က အိမ်ပိုင်ရှင် သားအမိအကြောင်းကို မဟုတ်ဘဲ လျှောက်ပြီးရေးတင်ကြတဲ့ အကြောင်းအရာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ အဲဒါမျိုးက တည်ငြိမ်အေးချမ်းရေး ပျက်အောင် မလိုလားအပ်တာလုပ်တာ ဖြစ်သွားပြီ။ ကိုယ့်တိုင်းမှာ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်စေနိုင်တယ်လေ။ တကယ်ဆို အဲဒီခေါက်ဆွဲဆိုင်နဲ့လည်း ဘာမှမဆိုင်ဘူး။

မေး။    ။ တရားခံက စစ်ကိုင်းဘက်ကလို့လည်း သတင်းကြားတယ်။ အဲဒါကရော ဟုတ်ပါလား။

ဖြေ။    ။ အဲဒါကတော့ စစ်ကိုင်းကိုမေးမှ သိမယ်။

မေး။    ။ တရားခံက အိုးဘိုထောင်ထွက်ဆိုတော့ သူ့ရဲ့နောက်ကြောင်း ဘယ်လိုရှိပါလဲ။

ဖြေ။    ။ ထောင်ကျဖူးတာတော့ ဟုတ်တယ်။ ထောင်မှတ်တမ်းအရ ဘုရားခိုးမှုနဲ့ ထောင် (၂၇) နှစ် ကျဖူးတယ်။ မုံရွာဘက်က ဘုရားခိုးပြီး ရန်ကုန်ကို သယ်သွားတယ်။ ရန်ကုန်မှာ အဖမ်းခံရတယ်။ မန္တလေးအိုးဘိုထောင်ကနေ ၂၀၁၄ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတယ်လို့ သိရတယ်။

မေး။    ။ အဲဒါဆို တရားခံနောက်ဆက်တွဲ ရှာဖွေရေးကိစ္စတွေ မန္တလေးတိုင်းအနေနဲ့ ဘယ်လိုဆက်လုပ်မှာပါလဲ။

ဖြေ။    ။ တရားခံက ရန်ကုန်တိုင်းက ဖမ်းမိထားပြီဆိုတော့ ရန်ကုန်ကဆက်လုပ်မှာပါ။ တရားခံရှာဖွေရေးက မန္တလေးတိုင်းနဲ့တော့ ဘာမှမဆိုင်ပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading