NLD အစိုးရတက်လာပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးအတွင်းဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးအခြေအနေများ၊ မြေယာပြဿနာအခြေအနေများနှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား ဧရာဝတီ သတင်းဌာနမှအကြီးတန်း သတင်းထောက်ဇူးဇူးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး – အစိုးရသစ်သက်တမ်း ၁နှစ်နီးပါးမှာ တိုးတက်ပြောင်းလဲမှု ဘာတွေလုပ်နိုင်ခဲ့ပါသလဲ။ ဘယ်လို အကောင်အထည် ဖော်သွားဖို့ရှိပါသလဲ။
ဖြေ – တနင်္သာရီတိုင်းမှာ ထားဝယ်ခရိုင်၊မြိတ်ခရိုင်၊ ကော့သောင်းခရိုင်ဆိုပြီး ခရိုင်၃ခုရှိတယ်။ အားလုံးညီတူညီမျှဖွံ့ဖြိုး တိုး တက်စေချင်တယ်။ ဥပမာ- ရန်ကုန်ဆိုရင် ဖွံ့ဖြိုးမှုကောင်းပြီးတော့ ကော့မှူးဆို ဖွံ့ဖြိုးမှုအားနည်းတယ်။ အဲဒီလိုမဟုတ်ဘဲ တနင်္သာရီတိုင်းမှာရှိတဲ့မြို့နယ်တွေကို ညီတူညီမျှဖွံ့ဖြိုးစေချင်တာ။
ဒေါ်အောင်ဆန်းစုကြည်က ပထမရက်၁၀၀မှာ ရေရယ်၊ မီးရယ်၊ လမ်းရယ်ကောင်းအောင် လုပ်ပါလို့ပြောတယ်။ တနင်္သာရီတိုင်းမှာ လူဦးရေ၁ ဒဿမ၄သန်းမှာ ၇သိန်းက မြိတ်မှာ၊ ဒါကြောင့် မြိတ်မြို့ ရေရရှိရေးဦးစားပေးတယ်၊ ကန်၂ကန်ဖော်တယ်၊ မိုးရေလှောင်မယ်၊မြေအောက်ရေရရှိရေး အဝီစိတွင်းတူးပေးတယ်၊ ရေရှားတဲ့နေရာမှန်သမျှ အကုန်လုပ်ပေးတယ်။
လျှပ်စစ်ကတော့ကြိုးစားတုန်း။ အခုထိ မဟာဓာတ်အားလိုင်း မရသေးဘူး။ လမ်းပန်းဆက်သွယ်ရေးကောင်းမှ ကုန်စည်ကူးသန်းမှုကောင်းမယ်။ ဒါကြောင့် လမ်းတွေကောင်းအောင်ပိုကြိုးစားပြီးလုပ်တယ်။
တနင်္သာရီတိုင်းကအင်မတန်လှပတဲ့သဘာဝတွေရှိတော့ပြည်တွင်းပြည်ပခရီးသွားတွေကိုမျှော်တယ်။ပြည်ပခရီးသွားဆိုရင်ကိုယ်တွေနဲ့ယဉ်ကျေးမှုဓလေ့စရိုက်ချင်းမတူသလို အစားအသောက်ချင်းလည်းမတူဘူး၊ပြဿနာတွေပါလာတတ်တော့ ပြည်တွင်းခရီးသွားကိုပဲ နည်းနည်းလေးအာရုံစူးစိုက်တယ်။ ဒါ့ကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းအောင်လုပ် တယ်။ လမ်းတွေကောင်းလာရင် ပြည်တွင်းခရီးသွားများများလာမယ်။ ကိုယ့်ဒေသရဲ့အလှအပတွေပြမယ်။ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရလာမယ်။ ဒေသစီးပွားရေးတိုးတက်လာမယ်။ ပထမရက်၁၀၀မှာ အဲဒီပုံစံလုပ်တယ်။
တနင်္သာတိုင်းဒေသကြီးဖွံ့ဖြိုးဖို့ စိုက်ပျိုးရေး၊မွေးမြူရေး၊ခရီးသွားနဲ့ ငါးလုပ်ငန်းတွေတိုးတက်အောင် ဂျပန်စီးပွားရေးပညာ ရှင်တွေ Survey လုပ်နေတယ်။ မြိတ်မှာ ငါးလုပ်ငန်း၊ ကော့သောင်းမှာခရီးသွားလုပ်ငန်း၊ ထားဝယ်မှာစိုက်ပျိုးရေး စတာတွေ ကိုတိုးတက်အောင်လုပ်နေတယ်။
မြန်မာ့ပင်လယ်ပြင်မှာ ငါးတွေအများကြီးပဲ၊လက်ရှိမှာငါးဖမ်းပြီး ယိုးဒယားမှာသွားရောင်းနေရတာ ဈေးနှိမ်ခံနေရတယ်၊ ဒါကြောင့် ငါးလေလံဈေးကိုမြိတ်နဲ့ထားဝယ်မှာ ဖွင့်ဖို့လုပ်နေတယ်၊ဒေသခံကမ်းနီးကမ်းဝေး ငါးဖမ်းတဲ့လူတွေ လေလံဈေး မှာတင်ပြီးနိုင်ငံခြားကုမ္ပဏီကို ဈေးခေါ်ရောင်းမယ်၊ သူတို့က ငါးတွေကိုပြန်သယ်ရင် သယ် ဒါမှမဟုတ် ဒီမှာပဲ Value Product ပဲလုပ်လုပ်ပေါ့၊ ဒါပေမယ့် အခုတော့ Value Active Product မရှိသေးဘူး။
မေး – ဒီကာလအတွင်းမှာ ဘယ်လို စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရလဲ။
ဖြေ – စိန်ခေါ်မှုတွေကတော့အများကြီးပဲ။ အလုပ်များများ လုပ်လေ စိန်ခေါ်မှုများလေပဲ၊ အဓိက ဘယ်အစိုးရပဲဖြစ်ဖြစ် ပြည် သူပူးပေါင်းမှုမရှိဘူးဆို ရေရှည်မတည်တံ့ဘူး၊ အောင်မြင်ဘူး၊ဒီဒေသမှာပြည်သူပူးပေါင်းပါဝင်မှုက အားနည်းသေးတယ်။ အစိုးရ ကိုပြည်သူယုံကြည်ဖို့လိုသေးတယ်။ ပါတီပိုင်းသာမကအစိုးရပိုင်းကိုလည်း ယုံကြည်မှုအားနည်းတယ်။ အရင်အစိုးရ လိုပဲဖြစ်မှာပဲလားဆိုပြီး ယုံကြည်မှုမရှိတဲ့အခါကျတော့ လုပ်ရကိုင်ရတာခက်တာပေါ့။
မေး – အစိုးရအဆက်ဆက်ဖြစ်နေတဲ့မြေယာပြဿနာတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းဆောင်ရွက်နေပါသလဲ။
ဖြေ – မြေယာပြဿနာကိုအုပ်စုခွဲတဲ့အခါ သုံးမျိုးတွေ့တယ်။ ညီအကိုမောင်နှမချင်းဖြစ်တဲ့အမွေမှု၊ ဒါကိုတော့ တရားဥပဒေ အတိုင်းပဲဖြေရှင်းခိုင်းတယ်။ ဒါပေမယ့်ကျေးလက်က သူတွေကတရားဥပဒေလမ်းကြောင်း ဆိုကြောက်တယ်။ တရားရုံးကို သွားရင်ဆိုင်ရင် အချိန်ကုန်ငွေကုန်လူပင်ပန်းတယ်၊ မြေဖိုးမကကုန်တယ်ဆိုပြီး မသွားကြဘူး၊ဒါကြောင့် ပြည်သူကို နှစ်သိမ့် ဆွေးနွေးလုပ်ရတယ်။
ဒုတိယအချက်ကတော့ အရင်တုန်းကလူပုဂ္ဂိုလ်၊ အစုအဖွဲ့၊ တပ်မတော် စသဖြင့် သိမ်းထားတဲ့မြေတွေပဲ၊ တပ်မတော်က လုံခြုံရေးအတွက် သိမ်းထားတဲ့မြေတွေက နည်းနည်းတော့ခက်တယ်။ တပ်မတော်ကပြန်စွန့်လွှတ်မှ၊ ဘယ်အစိုးရအဆက်ဆက်ကပဲ သိမ်းသိမ်း သူတို့ပြန်စွန့်မှကိုယ်ကရမှာ၊ ဒါကိုလူထုကနားလည်ဖို့လိုတယ်။ ဒါကိုနား မလည်ဘဲ အရင်တုန်းက သိမ်းထားတယ်။ ပြည်သူကရွေးချယ်တဲ့အစိုးရသစ်မှာ ငါတို့မြေတွေပြန်ရမယ်ဆိုတော့ ဘယ်ရ မလဲ။ သူတို့က အားလုံးတရားဝင်သိမ်းထားပြီးပြီလေ။ ပြန်စွန့်ရင်ပြန်ဖြေရှင်းပေးလို့ရတယ်၊ အစိုးရသစ်လက့်ထက်နည်း နည်းပြန်စွန့်ပေးတော့ မြန်မြန်ပဲ မူလပိုင်ရှင်လက်ထဲကို ပြန်ပေးလိုက်တာပဲ။
နောက်ပြီးကုမ္ပဏီတွေ၊ အရင်တုန်းကစစ်အစိုးရ၊ စစ်တိုင်းမှူးတွေဘာတွေနဲ့အဆင်ပြေပြီးပိုင်ရှင်ကို လျော်ကြေး အထိုက် အလျောက်ပေးပြီး ယူလိုက်တယ်၊ေ လျာ်ကြေးက အခုမြေဈေးနဲ့ဆိုရင် အရမ်းကွာနေတယ်။ မူလပိုင်ရှင်က မြေဖိုးပြန်လို ချင်တဲ့ပြဿနာတွေပါ။
ကုမ္ပဏီတွေက မြေဧက ၅ သောင်းယူပြီး တသောင်းလောက်ပဲ စိုက်ပြ၊ ကျန်တာကို ဒီတိုင်းထား၊ အဲဒါတွေကိုပြန်သိမ်းဖို့ လုပ်နေတယ်။ သတင်းစာထဲကလည်း ကြေညာပြီးပြီ။ ဇန်နဝါရီ ၁၉ ရက်နေ့က ကြေညာတယ်ဆိုတော့ ဖေဖော်ဝါရီ ၁၉ ဆို တလပြည့်ပြီ။ ဒီမြေတွေကို NGO တွေနဲ့ ပြန်တိုင်းနေတယ်။ အသုံးမပြုဘဲထားတဲ့ မြေတွေကို ပြန်သိမ်းရမယ်။ ၂၀၁၂ ဥပဒေ အရ မြေဧက ၁၀၀ ပေးတာ ကို ၅၀ ပဲစိုက်တယ်ဆိုရင်၄ နှစ် ကျော်သွားရင် အစိုးရမြေအဖြစ် ပြန် အကျူံးဝင်တယ်။ အခု အဲဒီမြေတွေ ပြန်တိုင်းပြီးလိုချင်တဲ့ပြည်သူတွေကို မြေလွတ်မြေရိုင်း ဥပဒေနဲ့ ပြန်ပေးမယ်။
မေး -အသုံးမပြုဘဲထားတဲ့မြေတွေကို တိုင်းတာတဲ့အခါ ဘယ်လို အခက်အခဲတွေရှိလဲ။
ဖြေ -ဒီနှစ် ဇန်နဝါရီ ၁၉အစိုးရသတင်းစာကြေညာပြီး၁ လပြည့်မှ လုုပ်လို့ရတာဆိုတော့၊ ပြီးခဲ့တဲ့ လွှတ်တော်မှာလည်း တင်ပြပြီးပြီ၊ လာမယ့်လွှတ်တော်မှာလည်း တင်ပြမယ်၊ ကုမ္ပဏီ ၄၀လောက်မှာ ယိုးဒယားကုမ္ပဏီတွေလည်း ပါတယ်၊ အဲဒါကို တခုချင်းလုပ်မယ်။ ဥပမာ – ရွှေကမ္ဘောဇဆို သူ့ကို ပေးထားတဲ့ နေရာ ဧက ၁သိန်းမှာ ၅သောင်းပဲ စိုက်တယ်ဆိုရင် ကျန်မြေကို တိုင်းပြီး မြေပုံထုတ်မယ်ပေါ့။
တိုင်းတာတဲ့အခါ တော်တော်ခက်တယ်။ အရင်တုန်းက Google မြေပုံမှာ ဒီနေရာက မင်းယူလိုက်ဆိုပြီးပေးလိုက်တာ။ ဘာမှ သတ်မှတ်ပြီး မတိုင်းထားဘူး။ အခု တိုင်းနေရတဲ့အခါမှာ တောင်ကုန်းတွေမှာ သိပ်မြင့်တဲ့တောင်တွေဆိုလည်း မတိုင်းနိုင်ဘူး။ အဲဒီလို ဧရိယာတွေ၊ မြစ်ချောင်းဧရိယာတွေ၊ ကမ်းပါးစောက်တွေ ပါတယ်။ အဲဒါတွေကို ချန်လှပ်ပြီးမှ ကျန်တဲ့ဧရိယာတွေ ထပ်တိုင်းနေရတာ။
မေး – တနင်္သာရီတိုင်းမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာတွေများ စီမံဆောင်ရွက်ထားပါသလဲ။
ဖြေ – ဟိုတုန်းကမြိတ်မှာကျွန်း၈၀၀ကျော်ရှိတယ်။ Survey သေချာလုပ်တဲ့အခါမြိတ်နဲ့ကော့သောင်းနှစ်ခု ပေါင်းမှာ ကျွန်းစု ပေါင်း၁၁၀၀ကျော်ရှိတယ်။ ၁၂ကျွန်းကတော့ဟိုးအရင်အစိုးရလက်ထက်တုန်းက သူတို့အဆင်ပြေသလို ပေးထား တယ်။ အခု ဒီလိုမပေးဘဲနဲ့ကော်ဖီဆိုင်လေးတွေမျိုး၊ Souvenir shop လေးတွေလိုမျိုးခေတ္တနားစခန်းလို လုပ်ပြီး၂ကျွန်း ၃ကျွန်း လောက်ကို အကောင်အထည်ဖော်မယ်။
တိုင်းရင်းသားလုပ်ငန်းရှင်တွေ မြိတ်၊ကော့သောင်းက လူတွေလာလုပ်ခွင့်ပေးမယ်။ ဒေသကိုအခွန်ပေးရမယ်။ ဒါပေမယ့် ဒီမြေလည်းမပေးဘူး။ မြေပိုင်ဆိုင်မှုလည်းမရှိဘူး။ ခေတ္တခဏလုပ်ပြီးအချိန်တန်လို့ ရိုးရိုးသားသားနဲ့ဆက်ပြီး လုပ်မယ်ဆိုရင် လုပ်ပေါ့။အဆင်မပြေရင်သွားပေါ့။ ဒီလိုမျိုး စီစဉ်ထားတယ်။
အခုဆို သန္တာကျောက်တန်းတွေ ခိုးပြီးတော့ရောင်းတာတွေရှိတော့ သဘာဝသယံဇာတတွေထိန်းသိမ်းဖို့ လှေတစီးမှာ မြန်မာနိုင်ငံသားကောာင်းကောင်းလေ့ကျင့်ထားတဲ့ ဧည့်လမ်းညွှန်တယောက်ကို မဖြစ်မနေခေါ်ရမယ်။
ပင်လယ်ပြင်မှာ တရားဥပဒေစိုးမိုးရေးလုံးဝမရှိဘူး။ဟိုတနေ့ကပြည်ထဲရေးဝန်ကြီးလာတော့ Tourism ကရတဲ့အခွန်ငွေကို တိုင်းဒေသကြီးကတပြားမှမရဘူး။ ပြည်ထောင်စုကိုပဲ အားလုံးသွင်းရတာ။ ဥပမာ- လှေတစင်းမှောက်တယ်ဆိုပါစို့။ ဒါကို ဘယ်သူ တာဝန်ယူပြီးကယ်မလဲ။ သူများနိုင်ငံတွေဆိုတချိန်လုံးပင်လယ်ကမ်းခြေမှာ ပတ္တရောင် လှည့်သလိုမျိုး လှည့် နေရတာ။ အခုဒီမှာဒါတွေမရှိ။ ဆိပ်ကမ်းရဲမရှိ။ ကျန်းမာရေးစောင့်ရှောက်တဲ့အဖွဲ့တွေလည်းမရှိဘူး။
တနေ့တနေ့ကို လူ၇၀၀ကျော်လာတယ်၊ တယောက်ဘတ်၁၀၀ဆို မနည်းဘူး၊ထိုင်းလူမျိုးဆို ဘတ်၁၀၀၊ နိုင်ငံခြားသားဆို ဒေါ်လာ၃၀။ ပြည်ထောင်စုကချည်းပဲ ယူတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ၃၀ရာခိုင်နှုန်းပေးမယ်ဆိုရင်လုံခြုံရေး လုပ်ပေးနိုင်တယ်၊ ဒီကလူမရှိရင် ယိုးဒယားကရဲကို ငှားပြီး ဘုတ်တခုဝယ်ပေးပတ်ခိုင်းမှာပေါ့။ ကျန်းမာစောင့်ရှောက်မှုအတွက် train လုပ်ထားတဲ့ Nurse ထည့်ပေးမှာပေါ့။ ဒါမျိုးတွေ စီစဉ်ထားတယ်။
မေး – ထားဝယ်အထူးစီးပွားရေးဇုန်ကို အခုအစိုးရလက်ထက်မှာ ပြန်စနေပြီဆိုတော့ အခြေအနေလေးပြောပြပေးပါလား။
ဖြေ – ထားဝယ်အထူးစီးပွားရေးဇုန်က ၂၀၀၈ကလုပ်ပေမယ့်ဒီကြားထဲမှာ ရပ်နေတာတော် တော်ကြာတယ်၊ အီတာလျံ ထိုင်း ကုမ္ပဏီ(ITD)နဲ့လုပ်တယ်။ သူကဆောက်လုပ်ရေးကုမ္ပဏီဆိုတော့ ဒီစက်မှုဇုန်ကြီး တခုလုံးကိုတည်ထောင်ဖို့က သူမစွမ်းဘူး။ အဲဒီလောက် ပိုက်ဆံလည်မရှိတော့ ဒီပရောဂျက်ကြီးက ကြာနေတာပေါ့။ SEZ တခုလုံးမှာ Initial Phase ရှိ တယ်။ Full Phase ရှိတယ်။ Initial Phase ကိုတော့ ITD ကပဲဆက်လုပ်မယ်။ Full Phase ဆိုတဲ့ Industrial Zone တွေဖော်ဆောင်တဲ့ဟာကိုတော့ ဂျပန်ရယ်၊မြန်မာအစိုးရရယ်၊ ထိုင်းအစိုးရရယ် သုံးယောက်က လက်မှတ်ထိုး ထားတယ်။ အခုပြန်စရင်Initial Phase ရော Full Phase ရော တပြိုင်နက် အတူတူ လုပ်မယ်လို့စဉ်းစားထားတယ်။
မေး -အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့မပြေလည်မှုဖြစ်ခဲ့တာတွေကို ဘယ်လိုကိုင်တွယ်ဆောင်ရွက် သွား ဖို့ရှိပါသလဲ။
ဖြေ – မြေယာကတော့ပြဿနာမရှိပါဘူး။အရင်အစိုးရလက်ထက်ကတည်းက ITD အနေနဲ့ဧက၅၅၀၀ကျော်မြေယာ လျော် ကြေးပေးထားတယ်။ နောက်မြေလွတ်မြေရိုင်းလို့ခေါ်တဲ့တိုင်းဒေသကြီး အစိုးရစီမံခန့်ခွဲတဲ့ ဧက၁၆,၀၀၀ကျော်ရှိတယ်။ စုစု ပေါင်း ဆို၂၁,၀၀၀မြေဧကရှိတယ်။ စီမံကိန်းအကောင်အထည်ဖော်ဖို့မြေဧက ၂၁,၀၀၀ဆိုတာလုံလောက်တယ်။ သီလဝါမှာ မြေဧက၂,၀၀၀ပဲရှိတယ်။ Initial Phase က၁၀၀၀ Second Phase က၁၀၀၀၊ ဒီမှာ၂၁,၀၀၀ ကျော်ရှိတာကိုလုပ်ပါလေ့။ လောဘကြီးပြီး အများကြီးထပ်သိမ်းနေလို့မရဘူး။ ပြည်သူ့အကျိုးစီးပွားလည်းရှိသေးတယ်။ အခုလက်ထက်မှာ သိမ်းဖို့ မစဉ်းစားပါဘူး။ ရှိတဲ့ဟာကို အဆင်ပြေအောင် ဖွံ့ဖြိုးတိုးတက်အေင်လုပ်ဖို့ပဲ စီစဉ်ထားပါတယ်။
မေး – စီမံကိန်းတွေ၊ခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့ အတူသဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုဘဝ ဆိုင်ရာ အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်တဲ့အတွက် ဘာတွေများကြိုတင်စီမံထားပါသလဲ။
ဖြေ – ဘာစီမံကိန်းပဲလုပ်လုပ်ပတ်ဝန်းကျင်စီမံခန့်ခွဲ မှုအစီအစဉ်(EMP)ပါရမယ်။ တိုင်းအစိုးရ စီမံခန့်ခွဲမှုရှိတဲ့ဧရိယာမှာ စက်မှုလက်မှုလုပ်ငန်းတွေဆိုရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ EMP မပါရင်ဘယ်သူ့ကိုမှ လက် မခံဘူး။ နောက်မြေယာနဲ့ပတ်သက်လို့ Clear ဖြစ်ရမယ်။မြေယာနဲ့ပတ်သက်လို့ သိမ်းပေးတာတွေ၊ လုပ်ပေးတာတွေ ဘာမှမလုပ်ဘူး။ အစိုးရစီမံခန့်ခွဲတဲ့မြေဖြစ်တယ်ဆိုရင်လည်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထိတက်မယ်။ ဒါကိုပေး လိုက်ရမလား။ ဒါမှမဟုတ်ရင် ဒုသမ္မတကြီးဒါကို လာစစ်ကြည့်မလား။ ကိုယ့်သဘောနဲ့တခုမှမပေးဘူး။ ဗဟိုက ခွင့်ပြုမှ ပေးမယ်။ ဒါကတော့ မြေယာနဲ့ပတ်သက်တာပါ။
မေး-ပြီးခဲ့တဲ့လကမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးရာထူးကနေ နုတ်ထွက်သွားခဲ့တယ်။ တဆက်တည်းမှာ ဝန်ကြီး ချုပ်တွေ၊ ဝန်ကြီးတွေ အပြောင်းအလဲရှိမယ်ဆိုတဲ့သတင်းတွေလည်း ကြားနေရတဲ့အပေါ်မှာ စိုးရိမ်မှုများရှိပါသလား။
ဖြေ – မရှိပါဘူး။ ပါတီက တာဝန်ပေးလို့လုပ်တာပဲ။ဘာ Stress မှမရှိဘူး။နိုင်ငံရေးသမားလေ။ကိုယ့်နိုင်ငံရေး Image ကို ဘယ်တော့မှအကျမခံဘူး။ နိုင်ငံရေးသမားဘဝကိုပဲမြတ်နိုးတယ်။ ဝန်ကြီးချုပ်ရာထူးကို မမက်မောဘူး။ ဒါအမှန်အတိုင်း ပဲပြောတာ။ နိုင်ငံရေးသမားစလုပ်ကတည်းက နိုင်ငံရေးသမားဆိုတဲ့ပုံရိပ်ကိုပဲထိန်းတာ။ ပါတီကဝန်ကြီးချုပ်လုပ်တာ အဆင်မပြေဘူးဆိုရင် အေးအေးဆေးဆေးပဲသွားမှာပဲ။ နိုင်ငံရေးသမားဘဝကိုပဲမြတ်နိုးတာ။ ဝန်ကြီးချုပ်ဘဝကို မမြတ် နိုးဘူး။