ကြားဖြတ်ရွေးကောက်ပွဲကိုု ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုုင်ပြည်နယ်၊ ပဲခူးတိုုင်း၊ စစ်ကိုင်းတိုင်း နှင့် ရန်ကုန်တိုင်းတို့မှ ၁၉ နေရာ တွင် ပါတီ ၂၄ ပါတီ၊ လွှတ်တော်ကိုုယ်စားလှယ်လောင်း ၉၆ ဦး ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသမီး လွှတ်တော်ကိုုယ်စားလှယ် ၁၇ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ လက်ရှိတွင် မကြာခဏ တိုုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်တောင်ပိုုင်း မိုုင်းရှူးမြို့ နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် ၁ ပြည်နယ် လွှတ်တော်ကိုုယ်စားလှယ်လောင်း ဒေါ်နန်းကောင်ခမ်းကို အမျိုးသမီး လွှတ်တော်ကိုုယ်စားလှယ်လောင်းတဦး၏ မဲဆွယ်စည်းရုံးရေး အခက်အခဲနှင့် စိန်ခေါ်မှုများကို ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ တိုုက်ပွဲတွေဖြစ်ပွားတဲ့နေရာမှာ အမျိုးသမီးတဦးအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့အ တွက် ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။
ဖြေ။ ။ ဖွံ့ဖြိုးမှု အလွန်နည်းပါးပြီး ဒုုက္ခပေါင်းစုံ ရင်ဆိုုင်ကြုံတွေ့နေရတဲ့ တောင်ပေါ်နေ တောင်သူ လယ်သမားတွေနဲ့ ပြည်သူများရဲ့ ပညာရေး ကျန်းမာရေး၊ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်လာအောင်၊ လူမှုဘဝမြင့်မား တိုးတက်လာအောင်၊ တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက် ပေးချင်လိုု့ လွှတ်တော်ကိုယ်စားလှယ် ဝင်ရောက် ယှဉ်ပြိုင်တာပါ။ တိုုက်ပွဲတွေ မကြာခဏ ဖြစ်ပွားတဲ့ နေရာမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းတဦးအနေနဲ့ သွားရလာရ မလွယ်ကူသလို အစစအရာရာ သတိနဲ့ နေထိုင် သွားလာလှုပ်ရှားနေရပါတယ်။
မေး။ ။ တကယ်လို့ လွှတ်တော်ကိုုယ်စားလှယ် ဖြစ်လာမယ်ဆိုုရင် ဘယ်အရာကို အဓိက လုပ်ဆောင်သွားမှာလဲ။
ဖြေ။ ။ လက်ရှိ ကျမဝင်ရောက်ယှဉ်ပြိုင်တဲ့ဒေသတွေမှာ အရင်က တိုက်ပွဲတွေ ဖြစ်ခဲ့လိုု့ စစ်ဘေးရှောင်တွေလည်း ရှိနေခဲ့နေရာတခုလည်း ဖြစ်ပါတယ်။ တကယ်လိုု့များ ကျမနိုင်ခဲ့ရင် သူတို့တွေရဲ့ ကြုံတွေ့နေရတဲ့ စားဝတ်နေရေး အခက်အခဲကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပြီး ဖြေရှင်းပေးသွားပါမယ်။ စစ်ဘေးရှောင်တွေရဲ့ ဘဝလုံခြုံမှုရှိအောင်၊ ပညာရေးပိုင်းမှာလည်း ကောင်းစွာ သင်ကြားခွင့်ရရှိအောင် ဆောင်ရွက်သွားပါမယ်။
မေး။ ။ အမျိုးသမီးလွှတ်တော်ကိုုယ်စားလှယ်အနေနဲ့ စည်းရုံးရေးဆင်းတဲ့နေရာမှာ ဘယ်အရာတွေက ခက်ခဲနေပါသလဲ။
ဖြေ။ ။ စည်းရုံးရေးဆင်းတဲ့အခါမှာလည်း တောင်ပေါ်ဒေသဖြစ်တဲ့အတွက် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး တရွာမှတရွာ သွားရလာရတာ မလွယ်ကူပါဘူး။ တချို့နေရာဆို ရင် လမ်းမပေါက်ဘူး။ ခြေလျင်နဲ့သွားရသလိုု တချို့နေရာဆိုရင် ဆိုင်ကယ်ငှားစီးသွားရပါ တယ်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း တဦးအနေနဲ့ လွယ်တော့မလွယ်ပါဘူး။ မျက်လုံးပေါင်းတထောင်နဲ့ စောင့်ကြည့်ခံရသလိုု စိမ်ခေါ်မှုပေါင်းများစွာကို ကြံ့ကြံ့ ခံနိုင်ဖို့ အင်အားတွေ အများကြီးမွေးရပါတယ်။ အဖက်ဖက်က စိန်ခေါ်မှုတွေကို သတိရှိရှိနဲ့ ကျော်လွှားနိုင်မယ်လို့ ကျမ ထင်ပါတယ်။
မေး။ ။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ဒေသခံတွေ လက်ခံမှုရှိပါသလား။
ဖြေ။ ။ အမျိုးသမီး လွှတ်တော်ကိုုယ်စားလှယ်အနေနဲ့ ဒေသခံတွေ လက်ခံမှုတော့ ရပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုကတော့ တချို့ယောက်ျားတွေက အမျိုးသမီးဆိုရင် အထင်မကြီးတာတွေ စောင့်ကြည့်ရသေးတာပေါ့ဆိုတဲ့ ပုံစံမျိုးတွေ တွေ့ရပါတယ်။