စမတ်ဖုန်းကနေ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာအခုဆို ဖွံ့ဖြိုးတိုးတက်မှုရှိလာပါပြီ၊ ဒီငွေကြေး ဝန်ဆောင်မှုအခန်းတွေဟာ ယနေ့မြန်မာနိုင်ငံမှာ ဘယ်လောက်အထိ ဝန်ဆောင်မှုရှိနေပြီလဲဆိုတာကို အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ လုပ်သက် နှစ် ၂၀ ကျော်ရှိနေပြီဖြစ်တဲ့ မပွင့်ထွန်းကို ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းဌာနမှာ အကြီးတန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ Contributor ကျော်ဆုမွန်က တွေ့ဆုံမေးမြန်းထားပါတယ်။
ကျော်ဆုမွန်။ ။ မပွင့်ထွန်းရေ။ အခု Mobile Financial Service နဲ့ပတ်သက်ပြီးတော့ အမရဲ့ အတွေ့အကြုံတွေ၊ လုပ်သက်တွေ အမလက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်အကိုင်အကြောင်းလေးတွေကို စပြီး မိတ်ဆက် ပြောပြပေးပါဦး။
မပွင့်ထွန်း။ ။ ကျမကတော့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ကနောင်ဘက်က ကြီးပြင်းခဲ့တာပါ။ ဒါပေမယ့်ကျမက ငယ်ငယ်ကတည်းက အမေရိကားကိုထွက်သွားပြီးတော့ Telecommunication နဲ့ ဆက်သွယ်ရေး စက်ရုံမှာလုပ်နေတာ အနှစ် ၂၀ ကျော်ကြာပါပြီ၊ ကျမ မြန်မာပြည်ကို ၂၀၁၂ ခုနှစ် ကမှ ပြန်လာပြီးတော့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးက ကိုယ့်တတ်နိုင်တဲ့ဘက်က နေပြီးတော့ ပြန်လာပြီးတော့ ကူညီပေးဖို့ မြန်မာပြည်ကို ပြန်လာဖြစ်တာပေါ့နော်။ ကျမက ဆက်သွယ်ရေးဘက်ကနေ လာတာဆိုတော့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးက ဆက်သွယ်ရေးက အဲဒီ အချိန်မှာ အရမ်းကိုနောက်ကျနေတော့ ကိုယ်တတ်နိုင်တဲ့ဘက်က လာကူညီတဲ့အချိန်မှာ ကျမတွေ့တာပေါ့နော်။
ဆက်သွယ်ရေးက Mobile Financial Services က လူတွေအတွက် အရမ်းကိုလိုအပ်နေတယ် Industry တခုဖြစ်နေတယ် ဆိုတာတွေ့လိုက်ရတော့ ကျမက Mobile Financial Services ကို အခြေခံလူတန်းစားတွေဆီကိုရောက်အောင် ဘယ်လို လုပ်မလဲဆိုပြီးတော့ အဲဒီအချိန်တည်းကနေ စတင်ပြီးတော့ လုပ်ကိုင်ခဲ့တာပေါ့။
ကျော်ဆုမွန်။ ။ အခုတော်တော်များများသိကြတဲ့ Mobile Financial Service က နားရည်တော့ ဝနေပြီပေါ့ မပွင့်ရေ။ ဒါပေမယ့် သူ့ရဲ့ တကယ့်အနှစ်သာရနဲ့ လုပ်ထုံးလုပ်နည်းပုံစံပေါ့နော် ဘယ်လောက်ထိ ဒီလူတွေအတွက်ကို အကျိုးရှိသလဲ။ သူရဲ့အဓိက လုပ်ငန်းလုပ်ဆောင်နေတဲ့ပုံစံတွေ ဘယ်လိုပုံစံမျိုးလဲဆိုတာ ပြောပြပေးပါဦး။
မပွင့်ထွန်း။ ။ ဟုတ်ကဲ့၊ ကျမအခုတွေ့သမျှ Mobile Financial Services ကို ပြောလိုက်လို့ရှိရင် လူတွေက ဘာတွေ သွားစဉ်းစားကြလည်း ဆိုတော့ Mobile Banking နဲ့ သွားစဉ်းစားကြတယ်ပေါ့ ဆိုတော့ Mobile Banking နဲ့ Mobile Financial က ၂ ခုရှိတယ်။ မြန်မာပြည်မှာ ဗဟိုဘဏ်ကနေ ထုတ်ပေးထားတာ Regulation ၂ ခု ရှိတယ်ပေါ့နော်။ Mobile Banking ၂ အချိုး ၁၉ နှုန်း ဆိုတာ ၂၀၁၃ ဒီဇင်ဘာထဲမှာတည်းက ထုတ်ပေးထားတဲ့ Regulation ရှိတယ်၊ ဘဏ်တွေ အတွက်ကို ဝန်ဆောင်မှုအတွက်ကို သူတို့ခွင့်ပြုထားတာ။ Mobile Financial Services Regulation ကတော့ မနှစ်က မတ်လကုန်လောက်မှ ထုတ်ထားတဲ့ Regulation အသစ်ရှိတယ်ပေါ့လေ။
ကိုယ်တွေအတွက်ကို ထုတ်ပေးထားတဲ့ တခြား Mobile Financial Services ကို ဘာမဟုတ်တဲ့ အဖွဲ့အစည်းတွေက Mobile Financial Services ကို ဝန်ဆောင်မှုပြုဖို့ အတွက်ကို သူတို့ လုပ်ပေးထားတာ။ အဲဒီ Regulation ၂ ခု ရှိတော့ ဘဏ်တွေ ကလည်း ၂၀၁၃ ဒီဇင်ဘာထဲက စပြီးတော့ လုပ်ခွင့်ပြုထားတယ်။ အဲဒီတော့ ၂ ဖွဲ့လုံးရှိတယ်။ ကြည့်တဲ့အချိန်မှာ မြန်မာနိုင်ငံမှာ Mobile Money ပိုက်ဆံလို့ ပြောလိုက်ရင် လူတွေက ဒီက ကိုယ့်အသိတယောက်ကို ငွေလွဲလိုက်တယ်လို့ စဉ်းစားတယ်။ ဒါ ရန်ကုန်မှာပဲသုံးတာတွေ တွေ့သေးတယ်၊ ဒါပေမယ့် ကျမက မြန်မာပြည်မှာ ဖြစ်စေချင်တာက မြန်မာပြည်မှာ ရှိတဲ့ ဖုန်းတွေအားလုံးကို ငွေလွှဲတဲ့ဟာ ချက်ချင်းကိုရောက်တဲ့ ပိုက်ဆံနဲ့ ကိုယ့်အတွင်းထဲမှာ ရှိတဲ့ Network ထဲမှာ တယ်လီနော်က လူကိုပဲ လွှဲရမယ်လို့၊ အော်ရီဒူးက လူကိုပဲ လွှဲရမယ်လို့ မဟုတ်ဘဲနဲ့ မြန်မာပြည်မှာရှိတဲ့ ဖုန်းတွေအားလုံးက မြန်မာပြည်မှာရှိတဲ့ ဖုန်းတွေအားလုံးကို ချက်ချင်း ငွေလွှဲလို့ရသွားအောင် ကျမ မြင်ချင်တယ်ပေါ့။ တကယ်လည်း ဖြစ်တော့မှာပါ။
နောက်ပြီးတော့ ကျမမြင်ချင်တာက လူတိုင်းဟာ အဓိကကျတဲ့ Mobile Financial Services တခုမှာ ငွေသွင်းငွေထုတ်တဲ့ နေရာတွေပေါ့ ဆိုတော့ ငွေသွင်းငွေထုတ်တဲ့နေရာတွေက Agency Network လို့ခေါ်တယ်ပေါ့။ Cash in Cash out Agency Network ပေါ့။ Mobile Financial Services Industry အတွက် အခရာ အကျဆုံး၊ တကယ်လို့သာ Mobile Financial Services, Cash in Cash out Agency Network တခုလုံးမှာ အနည်းဆုံး အမျိုးသမီး ၅၀ ရာခိုင်နှုန်းပါတယ်။ အမျိုးသမီးအငယ်တွေလည်း အများကြီး သူတို့သုံးဖို့အတွက်က ပိုလွယ်ကူသွားစေချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် တကယ်လို့ Cash in Cash out agency က အမျိုးသားတယောက်ဆိုရင် သူတို့ ဖုန်းနံပတ်ကို ပေးချင်မှပေးမယ်လေ။ အဲဒီလိုတွေရှိတော့ ဖြစ်နိုင်လို့ရှိရင် မြန်မာပြည်မှာ ရှိတဲ့သူတွေအားလုံးအတွက်ကို လွယ်လွယ်ကူကူနဲ့သုံးနိုင်တဲ့ Mobile Financial Services တခု ဖြစ်စေချင်တယ်။
ကျော်ဆုမွန်။ ။ မပွင့်ဆိုလိုချင်တာက Mobile Financial Services က ဘယ်အချိန်ကတည်းက စပြီး သန္ဓေတည်ပြီးတော့ စပြီးဖွံ့ဖြိုးလာတယ်လို့ မြင်သလဲ။
မပွင့်ထွန်း။ ။ ၂၀၁၂ မှာစပြီးတော့ သန္ဓေ စပြီးတော့ စဉ်းစားကြတယ်ပေါ့၊ ၂၀၁၂ မှာက မြန်မာပြည်မှာ အဲဒီ အချိန်တုန်းက ကမ္ဘာပေါ်မှာ ဆက်သွယ်ရေးက တတိယ အဆိုးဆုံးနေရာမှာ ရှိနေတယ်ပေါ့နော်၊ အဲဒီ အချိန်မှာ စပြီး ပြုပြင်ပြောင်းလဲရေးတွေ စစဉ်းစားနေတဲ့အချိန်မှာ သမ္မတရုံးကရော ဆက်သွယ်ရေးဝန်ကြီးဌာနကရော အကုန်လုံးက စပြီးတော့ Mobile Financial Services ကို သူတို့လည်း နားလည်လာအောင် သူတို့လည်း လေ့လာကြရင်းနဲ့ ဗဟိုဘဏ် ဆက်သွယ်ရေးဝန်ကြီးဌာနရယ်၊ သမ္မတရယ်နဲ့ ကျမတို့ ဆွေးနွေးကြတဲ့အချိန်မှာ အဓိကအကျဆုံးက ဆက်သွယ်ရေးကို ဖွင့်ပေးလိုက်တဲ့အချိန်မှာ လာတဲ့ကုမ္ပဏီတွေအကုန်လုံး၊ ရွေးတဲ့ကုမ္ပဏီတွေအကုန်လုံးက Mobile Financial Services ကိုအတွေ့အကြုံရှိနေဖို့က အဓိက ကျတယ်။
နောက်ပြီးတော့ ဗဟိုဘဏ်အနေနဲ့ကလည်း Mobile Financial Services မှာ ဆက်သွယ်ရေးက ဘာဖြစ်လို့ အဓိကကျလည်းဆိုတော့ သူတို့က နယ်တွေမှာက ငွေသွင်းငွေထုတ် ဝန်ဆောင်မှု အားလုံးလုပ်တဲ့နေရာတွေမှာ မြို့တိုင်းမှာ ရှိတော့မယ်ဆိုတာ နားလည်တယ်။ မြို့တိုင်းမြို့တိုင်းမှာ Human Odium Network က နယ်တွေအထိကို ရောက်သွားအောင် လုပ်ဆောင်ရမှာက ဆက်သွယ်ရေး ကုမ္ပဏီတွေက အင်အား အဓိကကျတယ်ပေါ့နော်။ ကျမအနေနဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ပါဝင်စေချင်တဲ့ဟာက ငွေဖြည့်ကဒ်ဝယ်တဲ့ နေရာတွေ က မြန်မာနိုင်ငံနေရာတိုင်းမှာ ရှိတော့မယ်ဆိုရင် ဒီနေရာတွေက လူတွေအားလုံးအတွက်က ငွေသွင်းငွေထုတ်လုပ်လို့ရတဲ့ နေရာတွေ အများကြီးရှိသွားနိုင်တယ်။ အဲဒါကြောင့် သူတို့ကိုလည်း ပါစေချင်တာပါ။
ကျော်ဆုမွန်။ ။ နောက်တခုဆိုရင် တယ်လီနော်ကလည်း သူတို့တွေက Wave Money ဆိုပြီး စနေတာရှိတယ်လေ၊ သူတို့ Outlet တွေကလည်း တနိုင်ငံလုံးမှာ ထောင်ဂဏန်းပေါ့လေ၊ တကယ့်ကို များများစားစားဖြစ်လာပြီ ဆိုတော့ အမအနေနဲ့ ဒါကိုဘယ်လိုမြင်သလဲ Industry ကသူရဲ့အစပိုင်းက ဖွံ့ဖြိုးမှုအားကောင်းလား၊ လူတွေက ဘယ်လောက်ထိ လက်ခံသလဲလို့ ပန်ပြီးတော့ လေ့လာလိုက်တာ ဘယ်လိုမြင်သလဲ။
မပွင့်ထွန်း။ ။ ကျမအမြင်က ဒီ Industry က အခုမှ အစပဲရှိသေးတယ်။ မြန်မာပြည်မှာ Agency network က ထောင်ဂဏန်းပဲ ရှိသေးတယ်။ မြန်မာပြည်မှာ Agency Network သိန်းဂဏန်းရှိစေချင်တယ်။ လူတိုင်းသည် လူတိုင်းလူတိုင်းရဲ့ Human ATM ဖြစ်စေချင်တယ်။ ကျမက ကျော်ရဲ့ Human ATM ဖြစ်သလို လူတိုင်းလူတိုင်းက Human ATM ဖြစ်သွားပြီဆိုလို့ရှိရင် တနိုင်ငံလုံးက Human ATM Network အကြီးကြီးဖြစ်သွားပြီ။ ပြီးတော့ ဆိုင်တိုင်းမှာ ငွေသွင်းငွေထုတ် အားလုံးလုပ်ရတာ လွယ်သွားပြီ။ သိန်းဂဏန်းလောက် ရောက်သွားပြီဆိုရင် တိုင်းပြည်အတွက် အများကြီးကို ဖွံ့ဖြိုးလာမှာပါ။ ပိုပြီးတော့ တိုးတက်လာဖို့ပဲ ရှိတော့တယ်ပေါ့။
ကျော်ဆုမွန်။ ။ အစ်မ အခုဟာက တယ်လီနော်ကပဲ စတာ ရှိသေးတယ်လေ။ တခြားဆက်သွယ်ရေးကုမ္ပဏီတွေကလည်း ရှိသေးတာကိုး၊ အော်ရီဒူးတို့၊ MPT တို့ နောက် အသစ်ထပ်လာမယ့် ဗီယက်နမ်နဲ့ပူးပေါင်းထားတဲ့ Vital လိုမျိုး တခုလာဦးမယ်ဆိုတော့ သူတို့တွေရဲ့ ပူးပေါင်းပါဝင်မှုကရော ဘယ်လောက်အရေးကြီးတယ်လို့ အမထင်သလဲ။
မပွင့်ထွန်း။ ။ မြန်မာပြည်အတွက်ဆိုရင် ဒီမှာရှိတဲ့ ဆက်သွယ်ရေးကုမ္ပဏီအားလုံးက ပူးပေါင်းဆောင်ရွက်ဖို့က အရမ်းကို အခရာကျတယ်ပေါ့။ အခရာ ကျတာက ဘာဖြစ်လို့လဲဆိုတော့ တယ်လီနော်တင်မကဘူး။ အော်ရီဒူး၊ MPT ရော Vital ရော အားလုံးက Mobile Financial Services ကစိတ်ဝင်စားတယ် အဲဒီတော့ အော်ရီဒူးကလည်း မကြာခင်လာတော့မှာပါ။ MPT ကလည်း မကြာခင် Mobile Financial Services လာတော့မှာပဲ။ ပြီးတော့နောက်ထပ်တခု ကောင်းတဲ့ဟာက ဆက်သွယ်ရေးကုမ္ပဏီတွေအကုန်လုံးက အားလုံးကို ပူးပေါင်းဆောင်ရွက်ဖို့က သူတို့တွေက အဆင်သင့်ဖြစ်နေတယ် ပေါ့နော်။ အဲဒီတော့ သူတို့တွေအတွက်က အရမ်းကို တိုင်းပြည်အတွက်ကို ဖွံ့ဖြိုးတိုးတက်သွားအောင်၊ တောင်သူလယ်သမားတွေ လက်ထဲကို ဥပမာပြောရမယ်ဆိုရင် ကျမတို့နယ်တွေ အထိကို တောင်သူလယ်သမားတွေ လက်ထဲမှာလည်း စမတ်ဖုန်း ကိုင်နိုင်ကြတယ်။ တကယ်လို့သာ စဉ်းစားမယ်ဆိုရင် ဥပမာ စိုက်ဘဏ်တွေက ချေးငွေပဲထား၊ စိုက်ဘဏ်ကနေ ချေးငွေ တွေကို တောင်သူလယ်သမားတွေလက်ထဲကို ရောက်ဖို့ဆိုရင် အရမ်းကိုကြာတယ်။ တခါတလေကျရင် တောင်သူလယ်သမား တွေက ကြားထဲကနေ ၁၀ တိုး၊၂၀ တိုးတို့နဲ့ အတိုးယူထားပြီးတော့ စိုက်ပျိုးရေးအတွက်ကို ပိုက်ဆံလိုတဲ့အချိန်မှာ မရောက်လာနိုင်တော့ အခက်အခဲတွေကြုံရတယ်။ အဲဒီတော့ သူတို့တွေအတွက်၊ အခက်အခဲတွေအတွက် အတိုးတွေယူရတဲ့ဟာတွေ ပျောက်သွားအောင်လို့ ကျမက တကယ်လို့သာ စိုက်ဘဏ်တို့ ဘာတို့က Mobile Financial Services ကိုသုံးတယ်ထား၊ အဲဒီလိုဆိုရင် တောင်သူလယ်သမားလက်ထဲမှာ လိုအပ်တဲ့ ပိုက်ဆံကို လိုတဲ့အချိန်မှာ တိုက်ရိုက် တန်းရောက်သွားနိုင်မယ်ဆိုရင် တိုင်းပြည်အတွက် ဖွံ့ဖြိုးမှု အများကြီးတိုးနိုင်တယ် ဘာဖြစ်လို့လဲ ဆိုရင် တောင်သူ လယ်သမားတွေ ကလည်း မလိုအပ်ဘဲနဲ့ အတိုးယူစရာ မလိုတော့ဘူး။ အဲဒီတော့ သူတို့တွေအတွက်ကို အရမ်းကို အဓိက ကျပါတယ်။
ကျော်ဆုမွန်။ ။ တောင်သူလယ်သမားတယောက်က သူ့မှာစမတ်ဖုန်းရှိတယ် ဒါပေမယ့် သူဟာ အရေးပေါ် ငွေလိုနေတဲ့ အခါ ဘယ်လို Mobile Financial Services ကနေ ငွေဘယ်လိုရနိုင်မလဲ၊ အဲ့ဒီအကြောင်းလေးကို မတချက်လောက်ပြန်ပြောပြပေးပါ။
မပွင့်ထွန်း။ ။ တကယ်လို့သာ Mobile Financial Services က တောင်သူလယ်သမားတွေအတွက်၊ အခြေခံ လူတန်းစား အတွက်ရော ဘယ်လိုအသုံးကျလဲဆိုတော စဉ်းစားမိတဲ့အခါ တကယ်လို့ တောင်သူလယ်သမား တယောက်က အရေးပေါ် ငွေလိုနေပြီဆိုရင် သူသိတဲ့မိတ်ဆွေတွေထဲက သူရဲ့ ဆွေမျိုးသားချင်းတယောက်က တခြားမြို့တွေမှာ ရောက်နေတာ ဖြစ်စေ လှမ်းဖုန်းခေါ်ပြီးတော့ ကျမ၊ ကျနော့်ဆီကို လှမ်းပြီးတော့ ငွေပို့လိုက်ပါဆိုပြီးတော့ ပြောလိုက်လို့ရှိရင် မိနစ်ပိုင်းအတွင်းကို သူ့လက်ထဲကို ပိုက်ဆံရောက်သွားနိုင်မယ်။ ကျမမြင်တာ အာဖရိကတိုက်မှာဆိုရင် အထူးသဖြင့်က အနည်းဆုံးလူတွေ လူတန်းစားအတွက်က ဘာဖြစ်လို့ Mobile Financial Services ကအရမ်းအထောက်အကူပြုတာလဲ ဆိုတော့ ဆင်းရဲသားတယောက်က သူငွေလိုတဲ့အချိန်မှာ ချက်ချင်း ပိုက်ဆံမရောက်လာဘူး ဆိုရင် သူတို့ရဲ့ ကျွဲ၊ နွား တိရိစ္ဆာန်ကိုရောင်းလိုက်ရတယ်၊ သူတို့ရဲ့ ကလေးတွေကို ကျောင်းထုတ်လိုက်ရတယ်၊ အဲလိုမျိုးတွေမဖြစ်ဘဲနဲ့ လူတိုင်းလူတိုင်း က ချက်ချင်းသူတို့လိုတဲ့ပိုက်ဆံရောက်လာပြီဆိုလို့ရှိရင် သူတို့တွေရဲ့ အခြေခံလူတန်းစားရဲ့လူမှုဘဝကိုပိုပြီးတော့ ဖူလုံ စေတယ်ပေါ့နော်။
ကျော်ဆုမွန်။ ။ မြန်မာပြည်မှ နည်းနည်းပြဿနာရှိတာက Network Connection ပေါ့နော်။ ဆက်သွယ်ရေးဧရိယာက တနိုင်ငံလုံးကို coverage ဖြစ်ဖို့က နည်းနည်းလေး လိုအပ်ချက်တွေရှိနိုင်သေးတယ်ပေါ့။ အဲဒီဟာက တချို့ဝေးလံခေါင်းပါးတဲ့ဒေသတွေမှာဆို ထိရောက်မှုရှိပါ့မလား။ ဘယ်လိုမြင်သလဲ ရှိလာမယ့် အလားအလာကို။
မပွင့်ထွန်း။ ။ ကမ္ဘာမှာ ဆက်သွယ်ရေးကွန်ရက်ကတော့ အားလုံးထဲမှာ အဓိကပေါ့နော်။ သူတို့တွေ ဆက်သွယ်ရေး ကုမ္ပဏီတွေ အားလုံးကလည်း သူတို့ဝေးလံတဲ့ ကျေးလက်ဒေသတွေ ထိရောက်အောင် သူတို့တွေက Coverage ပေးရမယ် ဆိုပြီးတော့ သူတို့လိုင်စင်ထဲမှာ သူတို့ permission တောင်းထားတယ်ပေါ့။ အဲတော့ အခုလောလောဆယ်က မြန်မာပြည်ရဲ့ လူဦးရေ ၉၀ ရာခိုင်နှုန်းက မိုဘိုင်း coverage ရှိနေပြီပေါ့။ အများကြီးတော့ ဒီထက်ပိုပြီးတော့ ပြုပြင်ရမှာတွေတော့ လိုသေးတယ်။ ဒါပေမယ့် နောက်ထပ် ၂ နှစ်အတွင်းမှာ မြန်မာပြည်ရဲ့ ၉၄ ရာခိုင်နှုန်းက ဆက်သွယ်ရေးကွန်ရက် ကောင်းကောင်းရှိလောက်ပြီလို့ မျှော်လင့်တယ်၊ ပြီးတော့ ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း ဒီဟာကို ၉၄ ရာခိုင်နှုန်းထက် ပိုပြီးတော့ တခြားကျန်သေးတဲ့ နောက်ဆုံးလူတွေ ထိရောက်အောင်ကို သူတို့အများကြီးစီစဉ်နေတယ်။ မြန်မာပြည်ရဲ့ ဆက်သွယ်ရေးကွန်ရက်က နောက်ဆိုရင်လည်း ပိုပြီးတော့ ကောင်းလာဖို့ပဲရှိတယ်။ ကျေးလက်ဒေသတွေဘက်ကို ဆက်သွယ်ရေး ရောက်တယ်ဆိုတာနဲ့ ဘဏ်ရော၊ စီးပွားရေးအတွက်ကိုရောသူတို့ပြောင်းလဲ သွားအောင် ဒီ Mobile Financial Services ပြုလုပ်ပေးမှာပါ။
ကျော်ဆုမွန်။ ။ မြန်မာနိုင်ငံမှာ Mobile Financial Services ကိုပိုပြီးတော့ဖွံ့ဖြိုးအောင်၊ develop ဖြစ်အောင် ဗဟိုဘဏ်အနေနဲ့က ဘယ်လိုပိုပြီးတော့ ကိုင်တွယ်ပြီးတော့ ထိန်းသိမ်းသင့်တယ်လို့ ထင်သလဲ၊ ဥပမာအားဖြင့် ညီမတို့ တချို့သိတဲ့ ၁၂ အချိုး ၂၇ လို့ပြောမလား၊ ဒါမှမဟုတ်ရင် တချို့ပြောရခက်တဲ့ ငွေပေးငွေယူမှုလိုမျိုး ကိစ္စမျုးိကလည်း ဈေးကွက်ထဲ မှာရှိနေသေးတယ်လေ၊ တချို့နာမည်ပြောလို့မကောင်းတဲ့လုပ်ငန်းတွေရှိတယ်၊ သူတို့ကရောတရားဝင် လိုင်စင်ရထားသလားဆိုတဲ့မေးခွန်းထုတ်ရမယ်၊ ဒီလိုဟာမျိုးတွေကလည်း ဈေးကွက်မှာ ရှိနေတဲ့အခါကျတော့ တရားဝင်လုပ်နေတဲ့ ကုမ္ပဏီတွေအတွက်ကို ဘယ်လောက်အထိ ထိခိုက်မှုရှိမလဲ နောက်တခုကရော အဲ့ဒီဟာကရော အခုသွားနေတဲ့လုပ်ငန်းကြီးတခုလုံးအတွက်ကို ဘယ်လောက်ထိ နစ်နာမှုရှိသလဲ။ ဗဟိုဘဏ်က ဘာတွေ Protection ပေးဖို့လိုအပ်သလဲ။
မပွင့်ထွန်း။ ။ ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်မရဘဲနဲ့ လုပ်ဆောင်နေတဲ့ကုမ္ပဏီတွေဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရမ်းကိုထိခိုက်စေနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်မရဘဲ လုပ်နေတဲ့ ကုမ္ပဏီတွေဆိုရင် ဗဟိုဘဏ်က သူတို့ဘာတွေလုပ်နေတာလဲ ဆိုတာလည်း မသိဘူးလေ၊ တကယ်လို့ ခွင့်ပြုချက် ရပြီးတော့ လိုင်စင်ရထားတဲ့ကုမ္ပဏီတွေကို ဘယ်လိုထိခိုက်စေသလဲဆိုရင် သူတို့တကယ်လို့သာ လိမ်လည်မှုတွေဖြစ်တယ်၊ ငွေပျောက်တယ်လို့ ဆိုရင် ပိုက်ဆံဆုံးရှုံးမှု တခုခုဖြစ်သွားတယ်ဆိုရင် ခွင့်ပြုထားတဲ့ကုမ္ပဏီတွေက ဘယ်လိုလုပ် ဆောင်ရမလဲဆိုတာ သူတို့နားလည်တယ်။ သူတို့တွေက ဝန်ဆောင်မှုဘယ်လိုပေးရမလဲ၊ ဘယ်လိုတာဝန်ယူရမလဲဆိုတာ နားလည်တယ်၊ ဒီ လိုင်စင်မရဘဲနဲ့ လုပ်ထားတဲ့ကုမ္ပဏီတွေက သူတို့ဖောက်သည်ကို ဘယ်လိုကူညီပေးရမလဲ ဆိုတာကို သူတို့ဗဟိုဘဏ်ကမမြင်နိုင်ဘူးပေါ့နော်၊ ပြည်သူတွေက ကုမ္ပဏီတခုခုကို ယုံကြည်မှု လျော့သွားပြီဆိုလို့ရှိရင် ဒီဟာက အားလုံးအတွက်ကို လုပ်နေတဲ့သူတွေ အများကြီးထိခိုက်နိုင်တယ်။၊ Industry တခုလုံးကို အများကြီးထိခိုက်နိုင်တယ်။
ကျော်ဆုမွန်။ ။ Mobile Financial Service လာတဲ့အခါ မိရိုးဖလာလုပ်နေတဲ့ ဘဏ်လုပ်ငန်းကနေ ဒီငွေသွင်းငွေထုတ်ကိစ္စတွေ၊ ငွေလွှဲပြောင်းတဲ့ကိစ္စတွေကိုရော အကျိုးသက်ရောက်မှုရှိနိုင်သလား ဘာဖြစ်လို့လဲဆိုတော့ အခုမြန်မာနိုင်ငံမှာက ဘဏ်လုပ်ငန်းကလည်း ရှင်းရှင်းပြောရရင် အခုမှ အစကောင်းလာတဲ့အနေအထားပဲ ရှိသေးတဲ့အခါကျတော့ ဒီလိုမျိုး Mobile Financial Service အသစ်တခုထပ်ထွက်လာတဲ့အတွက် သူတို့အတွက် ဘာများထိရောက်မှု Impact သက်ရောက်မှုရရှိမလဲ။
မပွင့်ထွန်း။ ။ Mobile Financial Service Industry ပေါ်လာခြင်းက ဘဏ်တွေအတွက်ကို အများကြီးအကူအညီပြုပါ တယ်၊ ဘဏ်လုပ်ငန်းတွေအတွက်ကို ဘယ်လိုအကူအညီပြုနိုင်သလဲဆိုတော့ အခုလောလောဆယ်က ငွေသားနဲ့ပဲ သုံးနေတဲ့သူတွေက တကယ်လို့ Mobile Wave ထဲကိုထည့်လိုက်ပြီဆိုတာနဲ့ ဒီပိုက်ဆံက Mobile Wave ထဲကို ရောက်လာတဲ့ပိုက်ဆံက ဘဏ်တွေထဲမှာက သူနဲ့အတူတူ Amount ထည့်ထားတာပဲလေ၊ ဒီဟာက Mobile Financial Service က ငွေသားတွေကို ဘဏ်ထဲရောက်သွားအောင် တနည်း ပြုလုပ်ပေးတာပဲ။ တကယ်တော့ ဘဏ်တွေအတွက်က Mobile Financial Services က ဘဏ်တွေအတွက်ကို အများကြီးအထောက်အကူပြုပါတယ်။
ကျော်ဆုမွန်။ ။ ဒီ Mobile Financial Service ကိုအောက်ခြေအထိကို ဒီလူတွေသုံးနိုင်အောင် လုပ်နိုင်အောင် ဒီထက်ပိုပြီးတော့ ဝန်ဆောင်မှုပိုပေးနေတဲ့ ကုမ္ပဏီတွေအနေနဲ့က အမက Connection Networkကို ကျယ်ပြန့်အောင် လုပ်ဖို့လိုအပ်တယ် ပြောတယ် ဒါပေမယ့် လူတွေသိဖို့အတွက်၊ ဗဟုသုတပေးဖို့အတွက်ကို ဘာတွေလိုအပ် မယ်ထင်သလဲ၊ တော်တော်များများက အခုလက်ရှိ အောက်ခြေဖြစ်နေတဲ့ကိစ္စမှာက Smart Phone သုံးတယ် ဆိုပေမယ့် Smart phone ကို social network ဆိုရင် ဖေ့်စဘုတ် လောက်ပဲသုံးကြတယ်လေ၊ တကယ့်ကို သူတို့ဘဝ လူနေမှုဘဝမြင့်ဖို့အတွက် သိတဲ့ဗဟုသုတအပိုင်းကနည်းသေးတယ် ဆိုတော့ အဲဒီ အပိုင်းကိုရော ဘယ်လောက်အထိ လုပ်ဖို့လိုအပ်သလဲ။
မပွင့်ထွန်း။ ။ ကျမအနေနဲ့ပြောရမယ်ဆိုရင်တော့ Mobile financial Service Industry ရော၊ ကျန်တဲ့ ပုဂ္ဂလိကရော အစိုးရကော အကုန်လုံးပူးပေါင်းပြီးတော့ တတိုင်းပြည်လုံးမှာ ဖုန်းသုံးတဲ့သူအားလုံးက Digital literacy နဲ့ financial literacy ကိုရော တကယ်အဓိကကျတဲ့ ကမ်ပိန်းတခု လုပ်ဖို့လိုပါတယ်။ ဘာလို့ဆို smart phone လက်ထဲမှာရှိတယ်၊ ဒီ smart phone ရှိတဲ့ လူတွေရဲ့ ဘဝကို အများကြီးပြောင်းလဲနိုင်တယ်ဆိုတဲ့ဟာကို အရမ်းအဓိကကျတဲ့ tool တခုကို ဘယ်လို သုံးရမလဲဆိုတာကို သုံးတတ်အောင် သင်ပေးဖို့လိုအပ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျမအမြင်မှာက ဖုန်းတလုံးနဲ့ ဆိုရင် ပညာရေးပဲဖြစ်စေ၊ စီးပွားရေးပဲဖြစ်စေ၊ အများကြီးကို ဖွံ့ဖြိုးတိုးတက်သွားနိုင်စေတယ်။ အဲဒီတော့ ဒီဖုန်းကို ဘယ်လို သုံးမလဲဆိုတဲ့ဟာကို သေသေချာချာသင်ပေးဖို့ လိုတယ်။ ပြီးတော့ Mobile Banking နဲ့ပတ်သက်လာလို့ရှိရင် ဒီဖုန်းကို ပထမဦးဆုံးသုံးတဲ့သူက ဒီဖုန်းကို ပိုက်ဆံထည့်ပြီး သုံးဆိုရင် သူတို့အတွက်က ကောင်းကျိုးတခုဖြစ်ဦးမှာ မဟုတ်သေးဘူး၊ သက်တောင့်သက်သာမဖြစ်သေးဘူး ပေါ့နော်။ သူတို့သုံးရဲလာအောင်၊ သုံးတတ်လာအောင် ဒီဟာကို practice လုပ်တဲ့အနေနဲ့ သင်ပေးဖို့ လိုတယ်။ သင်ပေးပြီးတော့ တကယ်လက်တွေ့အတွေ့အကြုံရအောင် ကူညီပေးဖို့ လိုတယ်။
ကျော်ဆုမွန်။ ။ Mobile Financial Services လုပ်ငန်းကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီး၊ ကျေးလက်ဒေသမှာရှိတဲ့ အမျိုးသမီးတွေ သူတို့အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးတော့ တိုးလာနိုင်တယ်လို့ပြောတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ရလာနိုင်တာလဲ။ နည်းနည်းရှင်းပြပေးပါ။
မပွင့်ထွန်း။ ။ ကျေးလက်ဒေသက အမျိုးသမီးတွေကိုကြည့်မယ်ဆိုရင် သူတို့မှာ နယ်တွေမှာရှိတဲ့ ကုန်ပစ္စည်းတွေကို မြို့ကိုတင်တယ်ထား၊ အိမ်တွင်းမှုလုပ်ငန်းကနေ ထုတ်တဲ့ပစ္စည်းတွေကို ရောင်းချင်တယ်ပဲထား မြို့တွေ အထိကိုတက်ပြီးတော့ ပိုက်ဆံရအောင်မယူတော့ဘဲနဲ့ ဖုန်းကနေပဲဆိုရင် သူတို့အတွက်ရောင်းဖို့လည်း Market ပိုကျယ်လာ မယ်၊ ပြီးလို့ရှိရင် မြင့်မားလာမယ်၊ ပြီးတော့နောက်ထပ်အဖွဲ့တွေရှိတာက မြန်မာပြည်မှာ ကျမ ရွာတိုင်း၊ ရွာတိုင်းမှာဖြစ်စေချင်တာက အမျိုးသမီးတွေအားလုံးစုပြီးတော့ ငွေစုတဲ့အသင်းတွေရှိတယ်၊ ဒီငွေစုတဲ့အသင်းတွေဆိုလို့ရှိရင် ဒီလိုမျိုး Mobile Phone နဲ့ Mobile Financial Services နဲ့ နှစ်ခုပေါင်းလိုက်တယ်ဆိုလို့ရှိရင် သူတို့အသင်းတွေ အချင်းချင်းကို အသင်းသားတွေအကုန်လုံး ငွေစုလာအောင် Mobile Financial Services နဲ့ပေါင်းပြီးတော့ သူတို့ပိုပြီးတော့ စုတတ်လာ အောင် တွန်းအားပေးနိုင်တယ်။
တကယ်လို့သာ နယ်မှာရှိတဲ့အမျိုးသမီးတယောက်က အရေးပေါ်ငွေလိုအပ်လာရင် သူတို့တွေရဲ့ အသိထဲကနေလှမ်းပြီးတော့ လှမ်းတောင်းလို့ရတယ်။ နောက်ပြီးတော့ ပစ္စည်းလှမ်းရောင်းလို့ရတယ်၊ သူတို့ဈေးကွက်တွေဘယ်လို ဘယ်နေရာမှာရှိလဲဆိုတဲ့ဟာကို လှမ်းရှာလို့ရတယ်ပေါ့နော်။ အဲဒီတော့ ကျမသိသလောက်တော့ နယ်တွေမှာရှိတဲ့ အမျိုးသမီးနဲ့ ကျမတွေ့ပြီးတော့ ကိုယ်တိုင် ဆွေးနွေးတဲ့အချိန်မှာ သူတု့ိတွေအတွက်ကို အဓိက အခရာ ကျမှာက သူတို့တွေအတွက်ကို သူတို့တွေရဲ့ ဝင်ငွေပိုတိုးလာအောင် သူတို့တွေရဲ့ ကုန်တွေပိုပြီးတော့ တခြားနေရာရောက် သွားအောင် ပြောင်းနိုင်ဖို့ပေါ့နော်။ ငွေက အဲဒီလို ဆိုရင် မြို့ကပိုက်ဆံတွေက နယ်တွေကို ရောက်သွားအောင် အများကြီး ပိုလွယ်ကူသွားတယ်။ Mobile Financial Services Industry ကို အခုမြန်မာပြည်မှာ ပေါ်လာအောင် လာရောက်လုပ်ကိုင်သယ်ယူလာတာပါ။
ကျော်ဆုမွန်။ ။ အမက ဒါကိုအစပျိုးခဲ့တော့ ၂၀၁၂ ဆိုတော့ အရင်အစိုးရလက်ထက်ဆိုတော့ အစိုးရ ၂ ဆက်လုံးမှာ ။ အခုလက်ရှိအစိုးရရဲ့ ဒီလုပ်ငန်းအပေါ်မှာ သဘောထားကရော ဘယ်လိုရှိသလဲ။ သူတိုနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ စကားပြောကြည့်တဲ့အခါမှာရော သူတို့ရဲ့ သဘောထားက ဘယ်လိုရှိသလဲ၊ ဒီလုပ်ငန်းအပေါ်မှာရော စိတ်ဝင်တစားရှိရဲ့လား။ နောက်ပြီးတော့ လူတွေအတွက်ပိုကောင်းအောင်ဖန်တီးဖို့ သူတို့စိတ်ဝင်စားမှုရှိရဲ့လား။
မပွင့်ထွန်း။ ။ အခုလောလောဆယ်အစိုးရမှာတော့ Mobile Financial Service Industry က ကျေးလက်ဒေသတွေ အထိရောက်သွားအောင် ဖွံ့ဖြိုးမှုအတွက် အရမ်း အခရာ ကျတယ်ဆိုတာ သူတို့ကောင်းကောင်း နားလည်ပါတယ်။ ကောင်းကောင်းနားလည်တဲ့အပြင်ကို ဒါ ၂၀၂၀ မကုန်ခင်မှာ Mobile Financial Service တတိုင်းပြည်လုံးမှာတကယ်ဖွံ့ဖြိုးတဲ့ Industry ဖြစ်လာအောင် တကယ်ကိုတိုက်တွန်းပြီးတော့ အားပေးနေပါတယ်။ ကျမအနေနဲ့ နောက် ၃ နှစ်အတွင်းမှာ Mobile Financial Services က လူတိုင်းလူတိုင်းသုံးနေကြမယ် လို့ ယုံကြည်တယ်။
ကျော်ဆုမွန်။ ။ Human ATM ဆိုပြီးပြောသွားတာရှိတယ်၊ လူတယောက်က နောက်လူတယောက်ကို ATM စက်ဖြစ်ရမယ်ပေါ့နော်၊ အခုလက်ရှိ အမလည်းကြားမှာပေါ့ ညီမတို့ဆီမှာ ဘာအခက်အခဲတွေရှိလဲဆိုတော့ ATM စက်တွေက အခြေခံအဆောက်အအုံတွေ အားနည်းတဲ့အတွက်ကြောင့် အင်တာနက်ကော်နက်ရှင်တွေမကောင်းတာ၊ အခြေခံအဆောက်အအုံပိုင်းက ပြဿနာရှိနေတဲ့အခါကျတော့ ထုတ်တာ၊ သွင်းတာကအစ ပြဿနာရှိနေတဲ့အခါကျတော့ ရိုးရိုး Traditional Banking မှာတောင် ပြဿနာလေးတွေရှိနေတဲ့အခါ ကျတော့ Human ATM က ဘယ်လောက်ထိအောင်မှ ဒီထက်ပိုပြီးတော့ အလုပ်လုပ်ဖြစ်မလဲ။
မပွင့်ထွန်း။ ။ ကျေးလက်ဒေတွေအထိကို ဒီ Human ATM မရောက်နိုင်တာက ဒီဖွဲ့စည်းပုံတွေရှိနေလို့ပေါ့နော်၊ နယ်တွေမှာရှိတဲ့လူတွေထဲမှာလည်း လက်ထဲမှာပိုက်ဆံတွေရှိတယ်၊ တယ်လီဖုန်းရှိတယ်။ သူတို့တွေသာ တကယ်လို့ လူတိုင်းလူတိုင်းသာ Human ATM ဖြစ်သွားပြီဆိုလို့ကတော့ တတိုင်းပြည်လုံးမှာရှိတဲ့ ၅၄ သန်းလုံးမှာရှိတဲ့သူတွေက သွားပြီးတော့ ကျမ ပိုက်ဆံသွင်းချင်ပါတယ်၊ ပိုက်ဆံထုတ်ချင်ပါတယ်ဆိုရင် Transaction လုပ်လို့ များကြီးရသွားပြီပေါ့။ အဲဒီတော့ Human ATM Network က မဖြစ်လာနိုင်စရာအကြောင်းတော့ လုံးဝမရှိဘူး။ အားလုံးကလည်း ငွေသားကို သုံးပြီးတော့ လုပ်နေတာဆိုတော့ ဘယ်လိုပြောမလဲ လူတိုင်းလူတိုင်းမှာ ပိုက်ဆံရှိတယ်၊ အချင်းချင်းဟာ Human ATM ဖြစ်နိုင်တယ်ဆိုတဲ့ဟာကို နားလည်သွားပြီဆိုရင် Mobile Financial Services ကို မြန်မာပြည်မှာရှိတဲ့ ဖုန်းတိုင်းက ငွေလွှဲနိုင်တဲ့ဟာ အောင်မြင်သွားပြီဆိုတာနဲ့ တတိုင်းပြည်လုံးမှာရှိတဲ့ ဖွံ့ဖြိုးမှုဟာ အများကြီးကို တိုးတက်သွားမှာပါ။
ကျော်ဆုမွန်။ ။ ဒီ Mobile Financial Services က လုပ်ငန်းက ဆက်သွယ်ရေး ကုမ္ပဏီတွေအပြင် ဘယ်လုပ်ငန်းတွေက လိုင်စင်ရဖို့အတွက်ကို အလားအလာဖြစ်မလဲ။ အဲဒီ ဆက်သွယ်ရေး ကုမ္ပဏီတွေအပြင် ဒီလုပ်ချင်တဲ့သူတွေအတွက်ကိုရော ဗဟိုဘဏ်အနေနဲ့ ဘယ်လိုပုံစံမျိုးလေးတွေနဲ့ ခွင့်ပြုထားတာမျိုး အမလေ့လာထားသေးလဲ အဲ့ဒါလေးပြောပေးပါဦး။
မပွင့်ထွန်း။ ။ ဆက်သွယ်ရေးကုမ္ပဏီတွေအပြင်ကို ကျမနားလည်သလောက်က micro finance & Institution ပေါ့ အသေးစားငွေချေးတဲ့ အသင်းတွေအတွက်ကိုလည်း ဒီ Mobile Financial Services က အများကြီးအထောက်အကူပြုပါ တယ်၊ အဲဒီတော့ Mobile Financial Microfinance & Institution တွေအတွက်က မဟုတ်လို့ရှိရင် နယ်တွေအထိကို ရောက်သွားအောင် ပိုက်ဆံပေးဖို့တာဝန် ကလည်းအရမ်းများတော့ ခရီးစရိတ်နဲ့တင် ကုန်ခကအရမ်းများနေပြီလေ။ အဲဒီအတွက်ကြောင့် Microfinance & Institution တွေ စိုက်ဘဏ်လိုမျိုးအဖွဲ့တွေကသာ Mobile financial Services သုံးပြီးတော့ တောင်သူလယ်သမားတွေလက်ထဲကို ပိုက်ဆံရအောင် အောက်ခြေလူတန်းစားတွေအတွက်ကို ပိုက်ဆံရအောင် သုံးပြီဆိုလို့ရှိရင် Mobile Financial Services Industry ထပ်တိုးတက်ဖို့ပဲရှိတော့တယ်ပေါ့နော်။ သူတို့တွေလည်း လိုင်စင်ရမှာပါ။