• English
Tuesday, September 26, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

    စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

    ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

    ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

    တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

    တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

    စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

    စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

    ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

    ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

    NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

    NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home အာဘော် အင်တာဗျူး

          Taxi လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေချင်သူ Oway Ride ကိုနေအောင်

          by တင်ထက်ပိုင်
          25 May 2017
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          Oway Ride ၏ အမှုဆောင်အရာရှိချုပ်နှင့် တည်ထောင်သူလည်း ဖြစ်သူ ကိုနေအောင် / တင်ထက်ပိုင် / ဧရာဝတီ

          Oway Ride ၏ အမှုဆောင်အရာရှိချုပ်နှင့် တည်ထောင်သူလည်း ဖြစ်သူ ကိုနေအောင် / တင်ထက်ပိုင် / ဧရာဝတီ

          28.9k
          VIEWS
          Share on FacebookShare on Twitter

          အငှားယာဉ်ပေါင်း ၇၀၀၀၀ ကျော်ရှိ ရန်ကုန်မြို့တွင် အငှားယာဉ်မောင်းနှင့် အသုံးပြုလိုသူတို့ကြား ဖုန်း အက်ပလီကေးရှင်းမှ တဆင့် ချိတ်ဆက်ပေးသည့် စနစ်ကို ပြည်တွင်းကုမ္ဗဏီ ၂ ခုဖြစ်သည့် Hello Cabs နှင့် Oway တို့က အစပြု လုပ်ကိုင်ခဲ့သည်မှာ တနှစ်ကျော် ရှိပြီ ဖြစ်သည်။ ယခုနှစ် မတ်လဆန်းပိုင်းတွင် စင်ကာပူ အခြေစိုက် Grab နှင့် မေလတွင် အမေရိကန် အခြေစိုက် Uber ကုမ္ဗဏီတို့သည် ပြည်တွင်း အငှားယာဉ် ပြေးဆွဲသည့် ဈေးကွက်ကို ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

          နည်းပညာအခြေပြု နိုင်ငံတကာ အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းများ ပြည်တွင်းဈေးကွက်ကို ထိုးဖောက်လာချိန်တွင် ပြည်တွင်း လုပ်ငန်းရှင်များ ရင်ဆိုင်ရနိုင်သည့် စိန်ခေါ်မှုများနှင့် ရန်ကုန်မြို့ရှိ အငှားယာဉ်လုပ်ငန်းတွင် လုပ်ဆောင်သင့် သည့် ပြုပြင်ပြောင်းလဲမှုများ အကြောင်းကို Oway Ride ၏ အမှုဆောင်အရာရှိချုပ်နှင့် တည်ထောင်သူလည်း ဖြစ်သူ ကိုနေအောင်ကို ဧရာဝတီ သတင်းထောက် တင်ထက်ပိုင်က တွေ့ဆုံမေးမြန်းထားပါသည်။

          RelatedPosts

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          16 September 2023
          3.2k
          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          13 September 2023
          9.6k
          လွန်ခဲ့တဲ့ ၈၈နှစ်က စာရေးဆရာ ဂျော်လီစိန်ကို ရှာနေတဲ့ ထိုင်းသုတေသီ

          လွန်ခဲ့တဲ့ ၈၈နှစ်က စာရေးဆရာ ဂျော်လီစိန်ကို ရှာနေတဲ့ ထိုင်းသုတေသီ

          3 September 2023
          2k

          Oway Ride သည် ခရီးသွားလုပ်ငန်း အွန်လိုင်းဝန်ဆောင်မှု နှင့် အငှားယာဉ် ဝန်ဆောင်မှုကို အဓိက လုပ်ကိုင်သည့် Oway Group လက်အောက်ရှိ ကုမ္ဗဏီတခု ဖြစ်သည်။ လက်ရှိတွင် အငှားယာဉ် အစီးပေါင်း ၄၀၀၀ ခန့်နှင့် Oway ၏ ဖုန်း အက်ပလီကေးရှင်းကို အသုံးပြုသူပေါင်း တသိန်းခွဲခန့် ရှိကြောင်း ကိုနေအောင်က ဧရာဝတီကို ပြောသည်။

          မေး။ ။ အရင်ဆုံး Oway စခဲ့တဲ့ အချိန်တုန်းက အခြေအနေတွေ အကြောင်း ပြောပြပေးပါ။

          ဖြေ။ ။ Oway က ၂၀၁၆ ခုနှစ် မတ်လ လောက်မှာ စခဲ့တယ်။ တကယ်တော့ ကျနော်တို့ မတိုင်ခင်မှာ စခဲ့တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် concept က နည်းနည်း ကွာတာပေါ့လေ၊ ဒါပေမယ့် အက်ပလီကေးရှင်း သုံးဖို့က ခက်နေခဲ့သေးတယ်။ အငှားယာဉ်ကားမောင်းတဲ့သူ ဘက်မှာရော ဖောက်သည်တွေ ဘက်မှာရော ဒီဟာကို ပြောင်းလဲ သုံးစွဲဖို့က ခက်နေခဲ့တယ်။ အဲဒီအခါမှာ ကျနော်တို့ အကုန်လုံးကို သေချာပြန်ပြီး သင်ပေးနေရတယ်။ အငှားယာဉ်မောင်း ဆိုလည်း ခန့်တယ်၊ လေ့ကျင့်ပေးတယ်၊ အက်ပလီကေးရှင်းကို ဘယ်လို သုံးရမလဲ ပြောတယ်၊ အစကနေ ပြန်စရ တယ်။ ဖောက်သည်တွေကို ဆိုလည်း၊ ကျနော်တို့ အနေနဲ့ ဒီဟာ ရှိတယ် ဆိုတာကို ပြောရတယ်။

          အခု Uber တို့ Grab ထိရောက်လာတယ် ဆိုတော့ တော်တော်များများ ကျနော်တို့ တွေရဲ့ အက်ပလီကေးရှင်းကို သုံးဖူးတဲ့ ဖောက်သည်တွေက ရှိနေပြီးသား ဖြစ်တယ်၊ ယာဉ်မောင်းတွေ ဆိုလည်း ကျနော်တို့ဆီက ယာဉ်မောင်းတွေ တော်တော်များတယ် ဗျ၊ အစကနေ မသင်ရတော့ဘူး ပေါ့၊ ထရိန်နင်တွေ တော်တော်လေး ပေးထားပြီးသားတွေပါ။

          မေး။ ။ ဒီလို နိုင်ငံတကာက လုပ်ငန်းတွေ ဝင်လာတော့မယ် ဆိုတာ သိတော့ ဘယ်လို ပြင်ဆင်ထားခဲ့လဲ။

          ဖြေ။ ။ ဘယ်လိုပြင်ဆင်လဲ ဆိုတော့ ကျနော်တို့ အနေနဲ့က ရေတိုစီမံကိန်း ဘယ်လို ရှိမလဲ၊ ရေရှည်စီမံကိန်း ဘယ်လိုရှိမလဲ ပေါ့၊ ကျနော်တို့ အမြင်ကတော့ ရေတိုဖြစ်ဖြစ် ရေရှည်ဖြစ်ဖြစ် အရေးကြီးတာကတော့ ဖောက်သည်တွေ အတွက်ပါပဲ၊ နောက်ဆုံးကျတော့ ဖောက်သည်တွေက ရွေးချယ်ရတာ၊ တကယ့်တကယ် ရွေးချယ်မှုက ဖောက်သည်ရဲ့ ရွေးချယ်မှုပေါ့။

          ကျနော်တို့တွေ ဖောက်သည်ရဲ့ ရွေးချယ်မှု ဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတာကို ပြန်ကြည့်လိုက်တဲ့ အခါမှာ အက်ပလီကေးရှင်းနဲ့ ဘွတ်ကင်လုပ်ပြီး ကားခေါ်ရတဲ့ experience အတွေ့အကြုံတခုတည်းတင် မဟုတ်တော့ ဘူး၊ ကားပေါ်မှာ ဘယ်လို စီးမလဲ၊ ယာဉ်မောင်းတွေကို ဘယ်လို လေ့ကျင့်ပေးမလဲ၊ ကားခတွေကို ဘယ်လိုပေးမလဲ၊ ဘယ်လို ကားမျိုးတွေ ဖြစ်လာမလဲ၊ တခြား partnership တွေရော ဘယ်လိုဖြစ်လာမလဲ၊ ဗျူဟာကျကျ ဘယ်သူတွေနဲ့ ကျနော်တို့တွေ ပေါင်းလုပ်လို့ ရမလဲ၊ ဒါမျိုးတွေ အများကြီး ပါလာတယ်၊ တခြား ဘာ product တွေ ပေးလို့ရဦးမလဲ၊ အဲဒီလိုမျိုးတွေ ရှိတယ်။

          ရေရှည်လုပ်ငန်းတွေ အတွက် ဒီ support system ကြီး တခုလုံးကို ပြန်ကြည့်ရတယ်။ ရေတိုမှာတော့ ကမောက်ကမ အခက်အခဲလေးတွေတော့ နည်းနည်း ဖြစ်လာတယ်။ ပြိုင်ဆိုင်မှုက ချက်ချင်း ရုတ်တရက်ကြီး အရမ်းကို များလာတာ ဆိုတော့ ကျနော်တို့ အနေနဲ့ ရေတို စိန်ခေါ်မှုတွေတော့ အများကြီး ရှိလာတယ်။ ဒါပေမယ့် ကျနော်တို့တွေ ရေရှည် အတွက်ကို ကြည့်ပြီးတော့ သေချာ အာရုံစိုက် လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

          Oway Ride တံဆိပ်တပ်ထားသော အငှားယာဉ်တစီး

          မေး။ ။ ဘယ်လို ရေတိုစိန်ခေါ်မှုမျိုးတွေလဲ အသေးစိတ် ပြောပြပေးပါလား။

          ဖြေ။ ။ အဓိကကတော့ အငှားယာဉ်မောင်းတွေ ခေါ်ခန့်ဖို့ နေရာမှာ ပြိုင်ဆိုင်မှုတွေ ရှိလာတယ်။ ကျနော်တို့က ယာဉ်မောင်းတွေ အများကြီး လေ့ကျင့်ပေးထားတယ်၊ ထောင်ချီပြီး… ၄၀၀၀ လောက် ရှိတယ်၊ ဈေးကွက်မှာက မတူတဲ့ incentive တွေ ဖြစ်လာတယ်။ တချို့က ကျနော်တို့ထက် ပိုပေးတယ်၊ ဈေး ၂ ဆလောက် ပေးသွားတာတွေ ရှိတယ်၊ အဲဒီလိုမျိုး ကလည်း ဘယ်လောက်ကြာကြာ ဖြစ်မလဲ ကျနော်မသိဘူး၊ ရေတိုလည်း ဖြစ်နိုင်တယ်၊ ရေရှည်လည်း ဖြစ်နိုင်တယ်။ အဲ့နေရာမှာ ခက်သွားတယ်။ ကျနော်တို့တွေ အနေနဲ့ လက်လွှတ်လိုက်တာတွေ ရှိသွားတယ်။

          အစကဆို ကျနော်တို့က တော်တော်များများ ရှိတယ်၊ အခုကျတော့ ကျနော်တို့ ကားတွေ မအားတာမျိုးတွေ ဖြစ်လာ နိုင်တယ်၊ အဲဒီတော့ အစီအစဉ်အသစ်တွေကို အမြဲ ဆန်းသစ်အောင် ပြန်လုပ် နေရတယ်။ product အသစ်တွေ ထပ်လုပ်တယ်၊ ဝန်ဆောင်မှု ပေးသူနဲ့ ယူသူကြားက ဂေဟစနစ်ကြီးတခု ပြန်ဖြစ်လာအောင် လုပ်ရတယ်။ ဖောက်သည် တွေ အတွက်ကျတော့ ကားခတွေ ပိုပြီး တွက်ခြေကိုက်လာအောင် လုပ်ပေးနေတယ်။ အခုတော့ ဖောက်သည်အသစ် ဆို ၂၀၀၀ ပေးတယ်။

          ယာဉ်မောင်းတွေ အတွက် ဈေးကွက် incentive က အရမ်း များသွားတယ်လို့ ပြောလို့ ရတယ်။ ဒါပေမယ့် ဒီဟာက ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် ကြည့်လိုက်ရင် ဈေးကွက်အတွက် ရေရှည်အကျိုး မဖြစ်ဘူးလို့ ပြောလို့ ရတယ်။ သူတို့ကိုယ်တိုင် လည်း သိတယ်။ ပိုက်ဆံတွေ အရမ်း ဖြုန်းလိုက်သလို ဖြစ်သွားတယ်။ အဲတာမျိုးက ဈေးကွက်အတွက် ရေရှည်မှာ သိပ် မကောင်းဘူး။

          မေး။ ။ မြန်မာနိုင်ငံမှာက နိုင်ငံတကာ brands တွေကို ကြိုက်တတ်တာမျိုး ရှိနေတယ် ဆိုတော့ ဒီက ဖောက်သည် တွေရဲ့ အကြိုက်ကိုရော ထည့်တွက်ဖို့ လိုမယ် ထင်လား။
          ဖြေ။ ။ မြန်မာပြည်ရဲ့ ဖောက်သည်တွေ အတွက် အဲဒါက တော်တော်မှန်တယ်။ ကျနော် အစက မထင်ခဲ့ဘူး။ မြန်မာပြည်ရဲ့ ဖောက်သည်တွေဟာ နိုင်ငံတကာ brands တွေကို အရမ်းကြိုက်တတ်တယ် ဆိုတာကို ဒီနှစ်ပိုင်းတွေမှာ ကျနော် သိလာရတယ်။

          မေး။ ။ ဒီကဏ္ဍမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတော့ နိုင်ငံတွင်းက အလားတူ ဝန်ဆောင်မှု ကုမ္ပဏီတွေ ကောင်းကောင်း တောင့်ခံနိုင်ဖို့ ဒီကုမ္ဗဏီတွေ ကိုယ်တိုင် ပြင်ဆင်ထားတာ အပြင် တခြားဘယ်အချက်တွေ လိုဦးမယ် ထင်လဲ။ ဥပမာ အစိုးရက သူ့ရဲ့ ပြည်တွင်း ကုမ္ပဏီတွေကို ကူညီထောက်ပံ့ပေးဖို့ လိုမလား။ ဘယ်လိုထင်လဲ။

          ဖြေ။ ။ လက်ရှိ အစိုးရက open market ပုံစံ ကျင့်သုံးနေတာ ဆိုတော့ ကျနော်တို့ အနေနဲ့ကလည်း အစိုးရရဲ့ မူဝါဒအတိုင်း သွားနေပါတယ်။ ကျနော်တို့ အနေနဲ့ အောင်မြင်ဖို့ ဆိုတာက ကိုယ့်အားကိုယ် ကိုးရပါတယ်။ ကိုယ့်ဘာသာ ဈေးကွက်ဗျူဟာ ချမှတ်ရတယ်၊ လုပ်ငန်း လည်ပတ်မှု ပြန်ငြိမ်အောင် လုပ်ရတယ်၊ ကိုယ့်ဘာသာ ငွေကြေး တောင့်တင်းအောင် ရင်းရတယ်။ ကိုယ့်ရဲ့ စီးပွားရေးနဲ့ ကိုယ့်အနာဂတ်က ကျနော်တို့ကိုယ်တိုင် အပေါ်မှာပဲ မူတည်တယ်၊ ဖောက်သည်ရဲ့ ရွေးချယ်မှုပေါ်မှာ မူတည်တယ်။ ကျနော်တို့နဲ့ တွဲဖက် လုပ်ကိုင်နေတဲ့ အငှားယာဉ်မောင်း တွေ အပေါ်မှာ မူတည်တယ်။ လောလောဆယ်တော့ အဲဒီလိုပဲ ဆုံးဖြတ်ထားပါတယ်။

          မေး။ ။ ပြည်တွင်းကုမ္ပဏီတွေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ယှဉ်ပြိုင်နိုင်ဖို့ နေရာမှာ အစိုးရ အထောက်အပံ့က လိုရော လိုလား။

          ဖြေ။ ။ ဒါက အစိုးရရဲ့ မူဝါဒ အပေါ်မှာပဲ မူတည်ပါတယ်။ အစိုးရက local champion တွေ လိုချင်တယ်၊ ကုမ္ပဏီ တွေ ကလည်း အစိုးရကို ဗျူဟာအရ အထောက်အကူ ပြုမယ်၊ အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုဖန်တီးပေးနိုင် မယ် ဆိုရင်တော့ သူတို့ ကြည့်ရပါမယ်။ အစိုးရအပေါ် မူတည်တယ်၊ ကဏ္ဍ တခုချင်းစီ အလိုက်ရှိတယ်။ ဘယ်ဟာ ကတော့ ဗျူဟာကျတယ်၊ ဘယ်ဟာကတော့ ဗျူဟာ မကျဘူး ပေါ့။

          ဥပမာ လေကြောင်းလိုင်းတွေ ဆိုရင် အစိုးရက အခုလောလောဆယ် ပြည်တွင်း လုပ်ငန်းရှင်ကိုပဲ ချပေးထားတယ်၊ ဘဏ်ဆိုရင်လည်း ပြည်တွင်းဘဏ်တွေပဲ လုပ်ကိုင်ခွင့် ပေးထားတယ်၊ ပြည်ပဘဏ်တွေက ရုံးခန်းလောက်ပဲ ဖွင့်ခွင့် ရသေးတယ်၊ ဒါပေမယ့် နောက်ပိုင်းကျ ရှိရင် ရှိလာနိုင်ပါတယ်။ လက်ရှိ ကျနော့် အမြင်မှာတော့ (ground transportation) သယ်ယူပို့ဆောင်ရေး စနစ်အတွက်ကို အစိုးရကပဲ ကိုင်ထားတယ်။ ဘတ်စ်ကား ဆိုရင်လည်း အစိုးရပဲ၊ ဒါပေမယ့် တက္ကဆီလုပ်ငန်းမှာကျ အစိုးရရဲ့ မူဝါဒက ပြောင်းသွားတယ်။ တသမတ်တည်း မရှိဘူး ဖြစ်နေတယ်။ ဖြစ်နိုင်တာက ဘတ်စ်ကားက တက္ကစီလုပ်ငန်းနဲ့ မတူလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
          စီးပွားရေးသမားကို အစိုးရအကူအညီ လိုလား ဆိုရင်တော့ We like it ကြိုက်တာပေါ့၊ ဒါပေမယ့် ဘယ်အချိန်မှာ ဘာကို ပေးမလဲ ဆိုတာတော့ အစိုးရရဲ့ မဟာဗျူဟာ အရ ဆုံးဖြတ်ချက်တွေပေါ်မှာပဲ မူတည်ပါတယ်။

          မေး။ ။ ဒီလိုအငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းတွေ အတွက် ကောင်းမွန်တဲ့ ဈေးကွက်နဲ့ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှု တခုဖြစ်လာဖို့ ဘာတွေလိုမလဲ။

          ဖြေ။ ။ အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းကြီးတခုလုံး တိုးတက်ဖို့ ဆိုရင် အဓိက ၃ ခု လိုပါတယ်၊ တခုက ကားတွေ အကုန်ပြောင်းသွားရမယ်၊ ကား ပိုကောင်းလာရမယ်။ ဒုတိယ တခုက ကားမောင်းတဲ့ သူတွေက ပိုပြီး အရည်အချင်း ပြည့်လာရမယ်၊ တတိယတခုက မီတာနှုံးထားတွေ အတွက် စည်းမျဉ်းစည်းကမ်း ချမှတ်နိုင်မယ်။

          ဒီ ၃ ခု ဖြစ်လာမှ တကယ့်တကယ် အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းက တိုးတက်သွားလိမ့်မယ်။ အခု ကျနော်တို့က ဘယ်လို ပြန်ဖြစ်နေလဲ ဆိုတော့ အက်ပလီကေးရှင်းကနေ ကားဘွတ်ကင် လုပ်တာကို ပိုခရီးပေါက်အောင် လုပ်တာပဲ ပြန်ဖြစ်နေတယ်။ ဒါပေမယ့် ကျနော်တို့ ကတော့ တခုချင်းစီကို ဟိုးထဲထဲဝင်ဝင် အထိ သွားချင်တယ်။ အဲဒီလို လုပ်နိုင်ဖို့ အတွက် လိုတဲ့ အစိုးရရဲ့ မူဝါဒကို မသိသေးဘူး။

          အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်တဲ့ ကားတွေ၊ ကားမောင်းတဲ့ သူတွေ၊ ကားအရေအတွက် ဘယ်လောက်ထား သင့်တယ် ဆိုတာတွေ ဒါတွေက အဓိက လုပ်ဆောင်ရမယ့် ပြုပြင်ပြောင်းလဲမှုတွေပါ။ ကဏ္ဍ တခုကို နက်နက်နဲနဲ ပြုပြင်ပြောင်းလဲ လေလေ အဲဒီကဏ္ဍရဲ့ လုပ်ငန်းတွေက ကြာရှည်မှာ အောင်မြင်လေပဲ။ အပေါ်ပိုင်းလေးပဲ သွားမယ် ဆိုရင်တော့ ကျနော်တို့လည်း တာရှည်ခံမှာ မဟုတ်ဘူး။ နက်နက်နဲနဲ ပြုပြင်ပြောင်းလဲဖို့ကျ ကောင်းတဲ့ မူဝါဒတွေ ပိုလိုု လာတာပေါ့။
          မေး။ ။ အငှားယာဉ် ဝန်ဆောင်မှုကဏ္ဍမှာ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ရသေးခင်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတော့ ဒီကဏ္ဍမှာ ကမောက်ကမ ဖြစ်သွားနိုင်လား။

          ဖြေ။ ။ အဲဒီလို ဖြစ်လာနိုင်တယ် လို့ ကျနော်ယူဆတယ်၊ အခုကျတော့ market forces တွေ ရှိနေတယ်။ ဝန်ဆောင်မှု ပေးတဲ့ ကုုမ္ဗဏီတွေက သူတို့ရဲ့ အကျိုးစီးပွားတွေ ပြန် ရှိလာလိမ့်မယ်။ ဒါပေမယ့် တိုင်းပြည် အတွက် ဘယ်ဟာက အကျိုးစီးပွားလဲ ပေ့ါ။ ခုနကပြောတဲ့ ၃ ခုပေါ့။ ဘယ်သူလာလာ ဒီ ၃ ခု ရှိနေရင် ဒါတိုင်းပြည် အတွက် အကျိုးဖြစ်တယ်၊ တိုးတက်လာတယ်။ ယာဉ်မောင်းတွေလည်း အရည်အသွေး တက်လာတယ်။ ဈေးနှုန်းက ငြိမ်သွားတယ်၊ ကျနော်တို့ လုပ်ဖို့လိုနေတာ ဒီဟာပဲ။ အခုကျတော့ ဘယ်လိုဖြစ်နေလဲဆိုတော့ a lot of simulation ဈေးကွက်စမ်းတာတွေ ပြန် ဖြစ်နေတယ်၊ အဲ့ဒါက ပုံမှန်အားဖြင့်က ၃ လ ၆ လ ပဲ ခံတယ်၊ ၃ လ ၆ လက simulation ကာလပေါ့။ ပြုပြင်ပြောင်းလဲမှု တွေတော့ လုပ်ဖို့ လိုနေသေးတယ် လို့ မြင်တယ်။ ဒါတွေကတော့ အစိုးရ အလုပ် ဖြစ်သွားပြီ။

          မေး။ ။ ရန်ကုန်မြို့ရဲ့ အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍ အတွက် ဘယ်လိုပုံစံမျိုးက အသင့်တော်ဆုံးလဲ၊ လမ်းပေါ်မှာ လက်တားငှားလိုက်တာက ပို အဆင်ပြေတယ် မြင်ကြတာလည်း ရှိတယ်။ အခုလိုမျိုး အက်ပလီကေးရှင်းနဲ့ ငှားတာမျိုး ပိုုအဆင်ပြေတယ် ထင်တာလည်း ရှိတယ်။

          ဖြေ။ ။ အပြင်ထွက် လမ်းပေါ်မှာ ချက်ချင်း လက်တားငှားတာမျိုးက တကယ့်တကယ် လူသိပ်မသွားတဲ့ နေရာမျိုးမှာ တားကြည့် ချက်ချင်း မရဘူး။ ဘွတ်ကင်နဲ့ သွားတာမျိုးက အငှားယာဉ်မောင်း တယောက်ရဲ့ မောင်းနိုင်တဲ့ အခေါက်အရေအတွက်ကို မြင့်သွားစေတယ်။ ဖောက်သည်တွေ အတွက်ကျတော့ ကားခတွေက ပို အဆင်ပြေလာ မယ်။ လုံခြုံရေး အတွက် ပိုကောင်းလာတယ်။ ပစ္စည်းပျောက်တာတို့ ဘာတို့ တခုခု ဖြစ်လာတယ် ဆို ပြန်လိုက်လို့ ရတယ်။ အက်ပလီကေးရှင်းနဲ့က တကယ်ကောင်းပါတယ်။ လူမှုအသိုင်းအဝိုင်း အတွက် ကောင်းကျိုး ရှိပါတယ်။

          မေး။ ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ အဆိုအရ ရန်ကုန်ရဲ့ အငှားယာဉ် အရေအတွက်က တော်တော်များနေတယ် လို့ ပြောတယ်၊။ ကိုုနေအောင်ရော ဘယ်လိုမြင်ပါသလဲ။

          ဖြေ။ ။ ဥပမာ စင်ကာပူမှာ ဆိုပါတော့။ စင်ကာပူက လူဦးရေက ဒီက လူဦးရေနဲ့ အတူတူနီးပါးပဲ။ စင်ကာပူမှာ တက္ကစီ ၂၈၀၀၀ ရှိတယ်၊ ရန်ကုန်မှာ ၇၀၀၀၀ ကျော် ရှိတယ်၊ ဒါပေမယ့် တခုပြန်တွက်ရမှာက စင်ကာပူမှာက (MRT) မြေအောက်ရထား ရှိတယ်၊ ဒီမှာက မြေအောက်ရထား မရှိဘူး၊ စင်ကာပူက ဘတ်စ်ကားနဲ့ ဒီက ဘတ်စ်ကား ဆိုရင် လည်း ဒီမှာ ဘတ်စ်ကို သုံးတဲ့သူ ပိုများတယ်၊ စင်ကာပူမှာက ကားတွေကို သေချာ စည်းမျဉ်းစည်းကမ်း ချထားတယ်။ ပြောရရင် လူဦးရေနဲ့ တက္ကစီကား အရေအတွက် အချိုးအစားကို ရုတ်တရက်ကြီး ကြည့်မယ် ဆိုရင်တော့ များတယ်။ ဒါပေမယ့် ဒီက အခြေအနေအရ ကြည့်မယ် ဆိုရင်တော့ ဒီမှာရှိတဲ့ နောက်ထပ်ရွေးချယ်စရာက ဘယ်လောက် လက်ခံနိုင်တဲ့ အနေအထားရှိလဲ ပြန်ကြည့်ရမယ်။ ကျနော့် အထင်ကတော့ အချိုးအရ ဆိုရင်တော့ နည်းနည်းလေး တော့ များနေတယ် လို့ထင်တယ်။

          Your Thoughts …
          Tags: Oway Ride
          တင်ထက်ပိုင်

          တင်ထက်ပိုင်

          Freelancer

          Similar Picks:

          No Content Available
          Next Post
          ဆိုင်းဘုတ်

          ဆိုင်းဘုတ်

          စံချိန်တင် ဘတ် ၁သန်းနဲ့ အရောင်းအဝယ်ဖြစ်တဲ့ တိုက်ကြက်

          စံချိန်တင် ဘတ် ၁သန်းနဲ့ အရောင်းအဝယ်ဖြစ်တဲ့ တိုက်ကြက်

          No Result
          View All Result

          Recommended

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          6 days ago
          12.9k
          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          5 days ago
          9k

          Most Read

          • ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            shares
            Share 0 Tweet 0
          • စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

            shares
            Share 0 Tweet 0
          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0
          • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

            shares
            Share 0 Tweet 0
          • မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved