• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

အမြန်ပွဲသိမ်းဖို့ ရည်ရွယ်ထားတဲ့ “မြန်မာ့စပါးကြီးမြွေ” အောင်လအန်ဆန်

by ဧရာဝတီ
29 June 2017
in အင်တာဗျူး
A A
အမြန်ပွဲသိမ်းဖို့ ရည်ရွယ်ထားတဲ့ “မြန်မာ့စပါးကြီးမြွေ” အောင်လအန်ဆန်
15.8k
VIEWS
Share on FacebookShare on Twitter

တိုက်ခိုက်မှု နည်းစနစ်ပေါင်းစုံပညာရှင် မြန်မာ့ စပါးကြီးမြွေ အောင်လအန်ဆန်သည် သူ၏ သမိုင်းတလျှောက် အကြီးမားဆုံး ပွဲဖြစ်လာမည့် စိန်ခေါ်ပွဲ အတွက် ပြင်ဆင်ရန် အမေရိကန်ပြည်ထောင်စုမှ မိခင်နိုင်ငံမြန်မာပြည်သို့ ပြန်လာခဲ့သည်။

အသက် ၃၂ နှစ် အရွယ် ကချင် တိုင်းရင်းသား တိုက်ခိုက်ရေး သမားသည် မနက်ဖြန် ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်ရှိ သုဝဏ္ဏ အားကစားရုံတွင် မစ်ဒယ်လ်ဝိတ် ချန်ပီယံ ဗစ်တလီဘစ်ဒက်ရှ် နှင့် ONE Championship ခါးပတ် အတွက် ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်သည်။

RelatedPosts

မြေးဖြစ်သူပြောတဲ့ ဦးရာဇတ်အကြောင်း ( ရုပ်/သံ)

မြေးဖြစ်သူပြောတဲ့ ဦးရာဇတ်အကြောင်း ( ရုပ်/သံ)

19 July 2025
130
အားကိုးစရာ အဖွဲ့အစည်းနဲ့ ဥပဒေ မရှိတော့တဲ့အခါ (ရုပ်/သံ)

အားကိုးစရာ အဖွဲ့အစည်းနဲ့ ဥပဒေ မရှိတော့တဲ့အခါ (ရုပ်/သံ)

14 July 2025
68
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
3.1k

ကချင်ပြည်နယ် မြစ်ကြီးနားတွင် မွေးဖွားခဲ့သော အောင်လသည် ရန်ကုန် နိုင်ငံတကာ ကျောင်း (Yangon International School) တွင် ပညာသင်ကြားခဲ့ပြီးနောက် ဆယ်ကျော်သက် အရွယ်တွင် အမေရိကန် ပြည်ထောင်စု မီချီကန်သို့ ရောက်လာသောအခါ မိတ်ဆွေတဦးက သူ့ကို တိုက်ခိုက်မှု နည်းစနစ်ပေါင်းစုံ ပညာနှင့် မိတ်ဆက်ပေးခဲ့သည်။

ထိုအားကစားနည်းတွင် သူသည် အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့ပြီး သူ၏ ၄ ပွဲဆက်တိုက် အောင်မြင်မှုများကို ဘစ်ဒက်ရှ်က ၂၀၁၆ ခုနှစ် ဇန်နဝါရီလက လှောင်အိမ် အတွင်းတိုက်ခိုက်ယှဉ်ပြိုင်မှုတွင် ရပ်တန့်စေခဲ့ပြီး သူ၏ ချန်ပီယံ ခါးပတ်ကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ယခုအခါ သူတို့ ၂ ဦး ပြန်လည် ထိုးသတ်ကြမည် ဖြစ်ပြီး ယခုပွဲ၏ ထူးခြားချက်မှာ သူ၏နောက်တွင် မိခင်နိုင်ငံသား ပရိသတ်များ ရှိနေခြင်း ဖြစ်သည်။ မြန်မာ့စပါးကြီးမြွေသည် အောင်ပွဲရမည် ဟု ယခင်ကထက်ပင် ပိုမိုယုံကြည်နေသည်။

မေး။ ။ ၂ နှစ် အရွယ်သားတယောက်ရဲ့ ဖခင်ဖြစ်လာတော့ မိဘဘဝက ခင်ဗျားရဲ့ ကစားနည်းအပေါ် ဘယ်လို သက်ရောက်မှု ရှိပါသလဲ။

ဖြေ။ ။ မိဘဘ၀ ဆိုတာ သားသမီးတို့ အတွက် ဘဝကို ပိုမိုမြှုပ်နှံ လုပ်ကိုင်စေပြီး ပိုမိုပညာရှင် ဆန်စေတယ်။ ပိုပြီး အာရုံစူးစိုက်လာ စေတယ်။ ကိုယ့်ဘ၀ အတွက် ကိုယ် လုပ်နေတာ မဟုတ်တော့ဘူး ကိုယ့်သားရဲ့ ဘဝ၊ ကိုယ့်သားရဲ့ အနာဂတ် အတွက်ပါ လုပ်နေတာ ဖြစ်နေပြီ။ ကျနော့်ကို ပိုအားအင် ဖြစ်စေပြီး ကျနော့်ကို ပိုမိုကောင်းမွန်တဲ့ တိုက်ခိုက်ရေးသမား ဖြစ်စေတာ သေချာတယ်။

မေး။ ။ ခင်ဗျား အကြိုက်ဆုံး MMA ကစားသမားတွေကဘယ်သူတွေလဲ။

ယှဉ်ပြိုင်တိုက်ခိုက်ပွဲ အများအပြားနဲ့ ပြိုင်ပွဲဝင်အများအပြားကို ကျနော် ကြည့်တယ်။ အရမ်းကြီး ကြိုက်သွားတဲ့ သူ တော့ မရှိဘူး။ ဒါပေမယ့် ကျနော် ကစားသမား အမျိုးမျိုးဆီက မှတ်သားတယ်၊ အကြံယူတယ်။ လွိုက်တိုမချစ်ဒါ ကို သူ့ တိုင်မင် (timing) အတွက် သဘောကျတယ်။ သူ့ထက် အသက်ကြီးသွားတဲ့ ရော်ဘီလော်လာ လိုလူမျိုးတွေကို သူတို့ရဲ့ စိတ်နှလုံးအတွက် သဘောကျတယ် ဗျာ။ ပွဲတပွဲမှာ ရော်ဘီလော်လာနဲ့ ဆုံဖူးတယ်။ သူက သဘောထားကောင်းတဲ့ သူပါ။ MMA ကစားသမား အများစုက လူကောင်းတွေ ပါ။ ဒီလို အားကစားမျိုးကို စွဲစွဲမြဲမြဲ လုပ်ဖို့၊ ချစ်မြတ်နိုးဖို့၊ ဒီအားကစားနည်းနဲ့ ဆက်လက် ရပ်တည်နေဖို့ ဆိုတာ အချို့သော အကျင့်စရိုက်တွေ ရှိဖို့လိုတယ်။ MMA ကစားသမား အများစုဆိုတာ လူကြီးလူကောင်းတွေ ပါ။

မေး။ ။ ခင်ဗျား ယှဉ်ပြိုင်ချင်တဲ့ အဓိက ပြိုင်ဖက်ရှိလား။

ကျနော် Ultimate Fighting Championship middleweight ချန်ပီယံ ယူရီယာဟော နဲ့ တပွဲလောက် စမ်းချင်တယ်ဗျာ။ ကျနော် ငယ်ငယ်တုန်းကတော့ တပွဲကစားဖူးတယ်။ အခု ပြန်ကစားချင်တယ်။ ကျနော်တို့တွေ့ကြမှာပဲ။

မေး။ ။ လှောင်အိမ်ထဲရောက်ရင် ခင်ဗျားရဲ့ အကောင်းဆုံး အရည်အသွေးတွေက ဘာတွေလဲ။

ဖြေ။ ။ ကျနော့်ရဲ့ ကြံ့ခိုင်မှုနဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်ပဲ။ ကျနော် တိုက်ခိုက်တဲ့ အခါ ပွဲသိမ်းတဲ့ နှုန်းကောင်းတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘယ်အချိန်မှာ ပွဲသိမ်းရမယ် ဆိုတာ ကျနော် ကောင်းကောင်းသိလို့ပဲ။ ပွဲသိမ်းတော့မယ်လို့ ကျနော် ထင်ရင် ကျနော်ကတော့ ပွဲသိမ်းအောင် လုပ်တာဘဲ။

မေး။ ။ အနားယူမယ်လို့ စိတ်ကူးထားတဲ့ အသက်အရွယ် သတ်မှတ်ချက် ရှိလား။

ဖြေ။ ။ တိုက်ချင် ခိုက်ချင်တဲ့ စိတ်တွေ မရှိတော့တဲ့ အခါ၊ ကျနော့် ခန္ဓာကိုယ်က စတင် နှေးကွေးသွားတဲ့အခါမျိုးမှာ ပေါ့။ အခုတော့ မသိသေးပါဘူး။ ၃၀ ကျော်သွားတဲ့ နှစ်တွေမှာပေါ့။ အခုတော့ ကျနော် အရင်ကထက်တောင် ပိုသန်၊ ပိုမြန်လာ တယ် ထင်တာဘဲ။ စိတ်ကလည်း ပိုမိုစူးရှလာတယ်၊ နည်းစနစ်လည်း ပိုကောင်းလာတယ်။

ကျနော့် အတွက် အခုမှ အစပဲရှိ။ လက်ဝှေ့သမားတွေနဲ့ ယှဉ်ရင် ကျနော်တို့ အသက်က အရမ်းမြင့်တယ်။ ဒါပေမယ့် MMA ဟာ တိုက်ခိုက်နည်းပေါင်းစုံ ပေါင်းစပ်ထားတာဆိုတော့ ကျွမ်းကျင်မှုတိုးတက်ဖို့ အချိန် အရမ်းယူရတယ်။ ကျနော့် အတွက် အကောင်းဆုံး အချိန် ရောက်နေတယ် လို့ ကျနော် ခံစားနေရတယ်။ ခုချက်ချင်း ကစားတာရပ်ဖို့ ဆိုတာ ဘယ်လိုမှကို စဉ်းစားလို့ မရဘူး။ ၃၂ နှစ်ထဲကို လွန်ခဲ့တဲ့လကမှ ဝင်လာတာ။ ဒါသိပ်တော့ မငယ်လှတော့ဘူး။ ဒီ အသက်မွေး ဝမ်းကျောင်းရဲ့ နောက်ဆုံးအချိန်နားကို ရောက်လာနေပြီ။ ဒါပေမယ့် ကျနော့်မှာ တိုက်ခိုက်ချင်စိတ်တွေ အများကြီး ကျန်နေသေးတော့ ဒီအားကစားက ဘယ်တော့အနားယူမယ် ဆိုတာ မပြောနိုင်ဘူး။

မေး။ ။ တိုက်ခိုက်ကစားတာ နားပြီးရင် လက်ဝှေ့သမား မန်နီပက်ကွီယို တို့၊ ဗစ်တာလီကလစ်ရှကို တို့လို မိခင်နိုင်ငံမှာ နိုင်ငံရေး လုပ်ဖို့ စဉ်းစားထားလား။

ဖြေ။ ။ ကျနော်က နိုင်ငံရေးသမား မဟုတ်လို့ မဖြစ်နိုင်လောက်ပါဘူး။ အဲဒါ ကျနော် ကျွမ်းကျင်တဲ့ နယ်ပယ်တော့ မဟုတ်ဘူး။ ကိုယ် နားမလည်တဲ့ ကိစ္စကို ဘာကြောင့်စမ်းကြည့်ရမှာလဲ။ လူတိုင်းမှာ နိုင်ငံရေးတာဝန် ရှိပေမယ့် အဲဒါ ကျနော့် ဝါသနာ မဟုတ်ဘူး။ လုပ်ရတာ ပင်ပမ်းတယ်လို့ မထင်ရတဲ့ ကိုယ့်ဝါသနာကို ကိုယ်လုပ်တာပဲ ကောင်းပါတယ်။

နိုင်ငံရေးသမား အနေနဲ့ ကိုယ့်မှာ ရှိတာ အကုန်ပေးဆပ်ဖို့ အရေးကြီးတယ်။ MMA ကစားသမားတွေလိုပဲ ရှိသမျှ အိတ်သွန်ဖာမှောက် ထုတ်သုံးရတာ။ မန်နီပက်ကွီယိုလို လူမျိုးတွေက နိုင်ငံရေးကို စိတ်ဝင်စားတယ်။ ကိုယ့်မှာ ပြင်းထန်တဲ့ ဆန္ဒရှိရင် လိုက်စားရမှာပေါ့။ ကျနော့် ကျတော့ တခါတခါ နိုင်ငံရေးကြောင့် ခေါင်းကိုက်ရတယ်။

မေး။ ။ ခင်ဗျားရဲ့ ပြိုင်ဘက် ဘစ်ဒက်ရှ်ကြောင့် ချန်ပီယံခါးပတ် တခါ ဆုံးရှုံးရပြီး ၄ ပွဲဆက်တိုက်အနိုင်စံချိန်ကိုလည်း ချိုးဖျက်ခဲ့တယ်။ ဒီပွဲ အတွက် စိတ်အားတက်ကြွမှုကို ဘယ်လိုရလာတာလဲ။

ဖြေ။ ။ ဒီပွဲက ကျနော့်ကို အဆင့်တဆင့် တက်သွားစေတယ်။ ဒီပွဲ အတွက် ကျနော် ရင်းမြစ်တွေ အများကြီး အသုံးချတယ်။ ကျနော့် အတွက် အစာအာဟာရ ကျွမ်းကျင်သူနဲ့ လေ့ကျင့်ဘက် ကောင်းကောင်းရအောင် လုပ်ရတယ်။ ဘစ်ဒက်ရှ်ဟာ ဘယ်အဆင့်ရှိတဲ့ ကစားသမားလဲ ဆိုတာ ကျနော် သိနေတော့ သင်တန်းပေးတာတို့၊ စီးပွားရေး လုပ်တာတို့ကို နားထားရတယ်။

ဒီပွဲက ကျနော့် ကစားနည်းကိုရော တိုက်ခိုက်ရေး သမားအနေနဲ့ ကျနော့်ကိုရော တိုးတက်စေတယ်။ ဖြတ်သန်းခဲ့တဲ့ လေ့ကျင့်မှုနဲ့ သူနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲကြောင့် ကျနော် ပိုကောင်းကောင်း တိုက်ခိုက်နိုင်တယ်။ ကျနော် စိတ်လှုပ်ရှားနေမိတယ်။ ဘာကြောင့်လဲ ဆိုတော့ အရင်ပွဲတုန်းက ကျနော်ဟာ ၅ ချီ ပုံကျပန်းကျ ထိုးနိုင်တဲ့သူပုံ မပေါက်ဘူး။ အဲဒီပွဲက ကျနော့် အတွက် အဆင်မပြေဘူး။ ဒီတပွဲတော့ သူ့ အတွက် အဆင်မပြေတဲ့ပွဲ ဖြစ်ရမှာပေါ့။

မေး။ ။ သူ့ရဲ့ အားနည်းချက်နဲ့ အားသာချက်တွေက ဘာတွေလဲ။

ဖြေ။ ။ ရုပ်ပိုင်းအရ သူဟာ အရမ်းကြံ့ခိုင်တယ်။ သူက ကန်တာ၊ ဆွဲချတာ ကောင်းတယ်။ သူက ဘက်စုံရတဲ့ ကစားသမားပါ။ သူအားနည်းချက် ရှိရင် ရှိသလောက် ကျနော်လည်း ကျနော့် လက်ဝှေ့ပညာကို သုံးနိုင်မှာ ပါပဲ။

မေး။ ။ ခင်ဗျားအလဲထိုးနိုင်မလား။

ဖြေ။ ။ ကျနော်ကတော့ အဲဒီလိုပဲ ကြံစည် ထားပါတယ်။ ဒုတိယအချီ၊ တတိယအချီလောက်မှာ ပွဲသိမ်းနိုင်ဖို့ မျှော်လင့် တယ်။ ပွဲသိမ်းနိုင်အောင် လုပ်ရမှာပဲ။ သေသွားရင်တောင် ဂရုမစိုက်ဘူး၊ ပွဲသိမ်းအောင်လုပ်မယ်။ ဒီပွဲကတော့ ပွဲကြီးပွဲကောင်း ဖြစ်မှာပါ။

မေး။ ။ မြန်မာနိုင်ငံက ပိရိသတ်တွေကို ဘာများ ပြောချင်သေးလဲ။

ဝိုင်းဝန်း ထောက်ခံအားပေးတာ၊ ကျနော့် အပေါ်ထားတဲ့ မေတ္တာတွေ အတွက် အားလုံးကို ကျေးဇူးတင်တယ်။ ကျနော်ဟာ ဒီလောက်ကြီး ထောက်ခံ အားပေးတာတွေနဲ့ မထိုက်တန်သေးပါဘူး။ ကျနော် ထင်ထားထက် များနေပါတယ်။ ကျနော့် ပြည်သူတွေကို ကိုယ်စားပြုခွင့်ရတာ ဂုဏ်ယူပါတယ်။ လူတိုင်း ကိုယ်ယုံကြည်ရာ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ပြီး ကိုယ့် ဆန္ဒအတိုင်း ကြိုးစားလုပ်ဆောင်နိုင်ကြပါစေ။

(ဧရာဝတီ သတင်းထောက် Lorcan Lovett ၏ Aung La ‘Burmese Python’ Nsang Set for Myanmar Showdown ကို ဘာသာပြန်သည်။)

Your Thoughts …
Tags: Aung La NSang
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကမ္ဘာကျော်လက်ဝှေ့ကစားသမား Aung La NSang  / နိုင်လင်းစိုး / ဧရာဝတီ

ကမ္ဘာကျော်လက်ဝှေ့သမား အောင်လအန်ဆန်း ကြော်ငြာရိုက်ကူးမည်

by ထက်ဦးဝေ
29 March 2017
8.4k

ကျနော့်ရည်မှန်းချက်က ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကျနော်ကြိုးစားမယ်။ ကျနော် အများကြီးပိုပြီး ပြင်ဆင်ရမယ်၊ ပိုကောင်းအောင် ကြိုးစားမယ်။

Next Post
Coach အလှကုန်အမှတ်တံဆိပ်ရဲ့ မော်ဒယ်လ်ဖြစ်လာသူ ဆယ်လီနာ

Coach အလှကုန်အမှတ်တံဆိပ်ရဲ့ မော်ဒယ်လ်ဖြစ်လာသူ ဆယ်လီနာ

မန္တလေး ဘိလပ်မြေစက်ရုံစီမံကိန်းအပေါ်ဆန့်ကျင်နေမှု နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း ခုခံနေရ

မန္တလေး ဘိလပ်မြေစက်ရုံစီမံကိန်းအပေါ်ဆန့်ကျင်နေမှု နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း ခုခံနေရ

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.1k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate