• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

သတင်းမီဒီယာကောင်စီရဲ့အသံက လုံးဝပျောက်နေတယ်

by စမ်းယမင်းအောင်
21 July 2017
in အင်တာဗျူး
A A
ဧပြီလ  ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျောက်တံတားမြို့နယ်ရဲစခန်းရှေ့တွေ့ရသော ဦးခင်မောင်မြင့်  / ချမ်းစွန်း/ ဧရာဝတီ

ဧပြီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျောက်တံတားမြို့နယ်ရဲစခန်းရှေ့တွေ့ရသော ဦးခင်မောင်မြင့် / ချမ်းစွန်း/ ဧရာဝတီ

6.4k
VIEWS
Share on FacebookShare on Twitter

ဥပဒေအကြံပေး ဦးခင်မောင်မြင့်မှ မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် ထိန်းသိမ်းခံထားရသည့် ဧရာဝတီနှင့် DVB သတင်းဌာနတို့မှ သတင်းထောက်သုံးဦးကို ဖမ်းဆီး တရားစွဲဆိုမှုနှင့်၊ သတင်းမီဒီယာကောင်စီအနေနှင့် မည် ကဲ့သို့ ရပ်တည်ဆောင်ရွက်သင့်ကြောင်းကို ဧရာဝတီမှသတင်းထောက် စမ်းယမင်းအောင်နှင့် ပြီးခဲ့သည့်အပတ်က အင် တာဗျူးတွင် ရှင်းလင်းပြောပြခဲ့သည်။

ဦးခင်မောင်မြင့်သည် မကြာသေးမီက အများပြည်သူကြား ဝေဖန်ပြောဆိုမှုများရှိခဲ့သည့် ဆယ်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့် အမှုဖွင့်ခံထားရသော Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းနှင့် ထိုပုဒ်မဖြင့်ပင် တရားစွဲဆို ထိန်းသိမ်းခံထားရသည့်The Voice Daily သတင်းစာ၏အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့၏ အမှုကိစ္စများတွင်လည်း လိုက်ပါဆောင်ရွက်ပေးနေသူတဦးဖြစ်သည်။

RelatedPosts

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

16 May 2025
51
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
988
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
2k

မေး ။ ။ ဖမ်းဆီးခံသတင်းသမားတွေကိစ္စအပေါ် ကူညီဆောင်ရွက်ပေးဖို့ ဘယ်အဖွဲ့မှာ တာဝန်ရှိပါသလဲ။

ဖြေ ။ ။ အဖမ်းဆီးခံလိုက်ရတဲ့သတင်းသမားတွေကိစ္စမှာ သူတို့က ဆိုင်ရာသတင်းဌာနတွေက တာဝန်ပေးချက်အရ သတင်းယူဖို့ သွားကြတာပဲ။ သူတို့ကလည်း ဒီဌာနတွေရဲ့တရားဝင်ခန့်ထားတဲ့သတင်းထောက်တွေပဲ။ အဲဒီတော့ တာ ဝန်အရ သွားခဲ့တာကို သတင်းမီဒီယာကောင်စီက တာဝန်ကို ယူပေးရမယ်။

ဒါတွေသည် သတင်းမီဒီယာလုပ်ငန်းအရ ဆောင်ရွက်တယ်ဆိုတာကို။ နှစ်အချက် ကျနော်တို့ သတင်းမီဒီယာ ကောင်စီ ဥပဒေထဲမှာ ပါပါတယ်။ အခု ဝိဝါဒ ကွဲပြားနေတဲ့ပြဿနာ လုံခြုံရေးနယ်မြေထဲမှာ သွားတဲ့အခါမှာ သတင်းမပို့လို့ ၁၇(၁) ဖြစ်တယ်။ ကျနော်တို့က ဒါကိုလက်မခံနိုင်ဘူး။

ဘာကြောင့်လဲဆိုတော့ သတင်းမီဒီယာဥပဒေမှာ ပြဌာန်းထားတာ လုံးဝမပါဘူး။ သတင်းမီဒီယာ ဥပဒေ အရ စစ်မက်ဖြစ်ပွားနေတဲ့ဒေသ သို့မဟုတ် အဓိကရုဏ်းဖြစ်ပွားနေတဲ့ ဒေသကို သွားရောက်သတင်းယူတဲ့သတင်းသမား တွက ဘယ်သူ့ကိုမှ သတင်းပို့ဖို့မလို၊ သတင်းပို့တဲ့အခြေအနေက သူရဲ့လုံခြုံရေးအတွက် လိုအပ်လာခဲ့ရင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေကို သတင်းပို့ပြီးတော့ သူ့လုံခြုံရေးအတွက် စီမံပေးဖို့ တောင်းခံခွင့်ရှိတယ်လို့ပဲပါတယ်။

သတင်းယူဖို့သွားတဲ့အခါမှာ စစ်တပ်ကိုဖြစ်စေ၊ လုံခြုံရေးအဖွဲ့ကို ဖြစ်စေ သတင်းပို့ပြီးသွားရမယ် ဆိုတဲ့ပြဌာန်းချက် မပါဘူး။ သူက လုံခြုံရေး လိုအပ်မှသာ တောင်းခံရပြီး အဲဒီလို တောင်းခံလာခဲ့ရင် လုံခြုံရေးအဖွဲ့တွေသည် သူ့လုံခြုံရေးအတွက် စီစဉ် ပေးရမယ်။ အဲဒီလို စီစဉ်ပေးတဲ့အခါမှာ သတင်းသမားဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက်အတိုင်းဆောင် ရွက်ရမယ်လို့သာ ပါပါတယ်။

မေး ။ ။ သတင်းမီဒီယာကောင်စီရဲ့အခန်းကဏ္ဍကရော

ဖြေ ။ ။ မီဒီယာကောင်စီဥပဒေမှာ အတိအကျ ပြဌာန်းထားပါတယ်။ မီဒီယာသမားတွေ မီဒီယာလုပ်ငန်းတွေနဲ့ပတ်သက်ရင် မီဒီယာ ကောင်စီဟာ အဆုံးအဖြတ်ပေးနိုင်တဲ့တခုတည်းသော အဖွဲ့အစည်းဖြစ်သည်လို့။ ဥပဒေကလည်း ယခင် သမ္မတ ကိုယ်တိုင် လက်မှတ်ထိုးပြီး ပြဌာန်းပေးထားတယ်။ သို့သော်လည်းပဲ မီဒီယာကောင်စီဥပဒေကလည်း အသက်မဝင်ဘူး။ အဲဒီဥပဒေအရ ဖြစ်ပေါ်ဖွဲ့စည်းလာတဲ့ ကောင်စီကိုယ်တိုင်ကလည်း အသက်ဝင်အောင် မလုပ်နိုင်သလို ဥပဒေကို အသက်ဝင်အောင် သူတို့ မဆောင်ရွက်နိုင်ဘူး။

အဲဒီတော့ ကျနော်မြင်တာကတော့ ဒီဖြစ်စဉ်သုံးခုလုံး ဦးကျော်မင်းဆွေ၊ ကိုဆွေဝင်း၊ လက်ရှိရင်ဆိုင်နေရတဲ့ သတင်းသမား ၃ ဦးကိစ္စမှာရော အဓိက တာဝန်အရှိဆုံးကတော့ သတင်းမီဒီယာကောင်စီပါပဲ။ သတင်းမီဒီယာကောင်စီက တကယ်ကို ထက်ထက်မြက်မြက် ဆောင်ရွက်နိုင်ရင် ဒီအမှုတွေက ဥပဒေလမ်းကြောင်းပေါ်မှာ ဥပဒေနဲ့အညီ ဖြစ်သွားလို့ရှိရင် အခု ရင် ဆိုင်နေရသလိုမျိုး မဟုတ်ဘဲ အေးအေးချမ်းချမ်း ဖြစ်သွားနိုင်တာပေါ့။

မေး ။ ။ မီဒီယာကောင်စီအနေနဲ့ ဘာတွေလုပ်ဆောင်လို့ရပါသလဲ။

ဖြေ ။ ။ အဲဒီတော့ ဒီသတင်းမီဒီယာဥပဒေကို တရားစွဲအဖွဲ့အစည်းတွေ ရှင်းလင်းသွားအောင်လို့ သတင်းမီဒီယာ ကောင်စီ က ရှင်းပြပေးရမယ်။ အဲဒီတော့ ဒီ ထိန်းသိမ်းခံထားရတဲ့ ဧရာဝတီနဲ့ DVB က သတင်းသမားသုံးယောက်ဟာ သတင်းလုပ် ငန်းအတွက် သွားတာဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ သတင်းပို့စရာမလိုဘူး။ ဒီဥပဒေထဲမှာလည်း ပြဌာန်းမထားဘူး။ ဒါကို သူတို့ တကယ်လုပ်နိုင်တယ်ဆိုရင် အစကတည်းက ၁၇(၁)နဲ့လည်း အစွဲခံစရာအကြောင်းမရှိဘူး။

သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာတွေနဲ့ပတ်သက်ရင် အဆုံးအဖြတ်ပေးနိုင်တဲ့တခုတည်းသောအဖွဲ့အစည်း ဖြစ် သည်လို့ ဥပဒေက တရားဝင်ပြဌာန်းပေးထားတာပဲ။ စစ်ဆေးစီရင်မယ့်တရားရုံးကို မပေးချင်ဘူးဆိုရင် အပေါ်က ပြည် ထောင်စုတရားလွှတ်တော်ချုပ်ကို သူ့ရဲ့သဘောထားမှတ်ချက်ကို တိုက်ရိုက်ပေးလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည် ထောင်စုတရားလွှတ်တော်ချုပ်နဲ့ မီဒီယာကောင်စီက level အတူတူပါပဲ။ မဏ္ဍိုင်အချင်းချင်း အဲဒီလို လှမ်းပြီးတော့လည်း ညှိနှိုင်းလို့ရပါတယ်။

သို့သော် ဒီသတင်းသမားသုံးယောက်ကိစ္စမှာရော ရှေ့က ကိစ္စတွေမှာပါ သတင်းမီဒီယာကောင်စီရဲ့အသံက လုံးဝပျောက် နေ တယ်။ ဆောင်ရွက်မှုကလည်း ဘာမှ မတွေ့ရဘူး။ ကောင်စီရဲ့လှုပ်ရှားမှုကလည်းမရှိဘူး။ သတင်းမီဒီယာကောင်စီရော ပြန် ကြားရေးဝန်ကြီးဌာနကပါ သူတို့ရဲ့မှတ်ချက်ကို တကယ်က တရားရုံးရဲ့မည်သည့်အဆင့်မှာမဆို လွတ်လပ်စွာ ပေးပိုင်ခွင့်ရှိ တယ်။ ဒါပေမယ့်လည်း ဝင်မရပ်တော့ အကာအကွယ် မဲ့သလိုဖြစ်နေတယ်။

မေး ။ ။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သတင်းသမားသုံးယောက်က အခုဆိုရင် တရားစွဲဆိုခံလိုက်ရပြီဖြစ်တဲ့အတွက် မီဒီ ယာကောင်စီအနေနဲ့ ရှေ့ဆက် ဘာလုပ်သင့်သလဲ။

ဖြေ ။ ။ အခုဆိုရင် ကျနော်တို့ဖြစ်စေချင်တာက သတင်းမီဒီယာကောင်စီက ကောင်စီဝင်တွေသည် အခင်းဖြစ်ပွားရာ နေရာ ကို ရောက်သွားဖို့လိုတယ်။ ဒီသတင်းသမားသုံးယောက်ကို ဖမ်းဆီးတဲ့အထဲမှာ ရိုးဖြောင့်စွာ ဖမ်းဆီးခြင်းခံရတာလား မရိုး မ ဖြောင့်သော်နည်းနဲ့ ဖမ်းဆီးခံရတာလား။ ဖမ်းဆီးပုံနည်းလမ်းတွေရော ဥပဒေနဲ့ညီညွတ်ရဲ့ လားဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြ ဌာန်းထားပြီးသား တရားရုံး တရုံးရုံး ရဲ့ချုပ်ရမန် မပါဘဲနဲ့ မည်သူ့ကိုမှ ၂၄ နာရီထက် ကျော်လွန်ပြီး ချုပ်နှောင်ခြင်းမပြုဆို ရင် ဖမ်းဆီးပြီးတဲ့နောက် ဘယ်လောက်နေမှ ရဲလက်ကို လွှဲပေးတာလဲ။

ဒါတွေကရော ဥပဒေနဲ့ညီရဲ့လား။ ဒါသတင်း မီဒီယာကောင်စီက အခင်းဖြစ်တဲ့နေရာမှာ သွားပြီးတော့ကို ကြီးကြပ်ပြီးတော့ ဆောင်ရွက်ပေးနေရမှာ။ အခုချိန်ထိ ဒီ လှုပ်ရှားမှုတွေ မတွေ့ရသေးဘူး။
နောက် မီဒီယာကောင်စီက ဧရာဝတီနဲ့ DVB သတင်းဌာနက တာဝန်ရှိသူတွေကို ခေါ်တွေ့ပြီး အသေးစိတ် အစီရင်ခံစာ တောင်းပြီးတာနဲ့ ဒါဟာ သတင်းရယူရေးသက်သက် ဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက်မပါတဲ့အတွက် ပြစ်မှုမမြောက်ဘူးဆိုတဲ့ သူ့ရဲ့သဘောထားမှတ်ချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပေးရမယ်။

အဲဒီလိုလုပ်ရင် သတင်းသမား ၃ဦးရဲ့ ကိစ္စဟာ အင်မတန် ရှောရှောရှူရှူ ဖြေရှင်းလို့ရသွားမယ် အဲလိုမှ မဟုတ်ဘဲ ဆက်ပြီး လက်ရှောင်နေဦးမယ်ဆိုရင်တော့ အခုစွဲထားတဲ့ မတရားအသင်းဥပဒေပုဒ်မ ၁၇(၁)က ကျော်လွန်နိုင်ဖို့ တော်တော်ခက်ခက် ခဲခဲကို ရုန်းကန်ရပါလိမ့်မယ်။

Your Thoughts …
Tags: သတင်းမီဒီယာကောင်စီ
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီဖွဲ့တဲ့ မီဒီယာကောင်စီမှာ ဘယ်လိုလူတွေပါလဲ (ရုပ်/သံ)

စစ်ကောင်စီဖွဲ့တဲ့ မီဒီယာကောင်စီမှာ ဘယ်လိုလူတွေပါလဲ (ရုပ်/သံ)

by ဧရာဝတီ
1 December 2024
518

အာဏာသိမ်းစစ်ကောင်စီက ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ နိုဝင်ဘာ၂၀ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ သတင်းမီဒီယာကောင်စီမှာ စစ်တပ်နဲ့ ဆက်နွယ် သူတွေ၊ စစ်အရာရှိဟောင်းတွေဖွဲ့ထားတဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေ ပါဝင်နေပါတယ်။

ဦးအေးချမ်းသည် ယခင် ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရုံး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်း၏ သား ဖြစ်သည်

မီဒီယာကောင်စီ အမည်ခံ စစ်တပ် ဝါဒဖြန့်မှု မြန်မာ မီဒီယာများ ကန့်ကွက်

by ဧရာဝတီ
13 September 2022
24.5k

ဦးအေးချမ်းသည် ယခင် ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရုံး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်း၏ သား ဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာ သတင်းမီဒီယာကောင်စီဝင်များ တွေ့ဆုံစဉ် / မြဝတီ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့တဲ့အခါ

by သာလွန်ဇောင်းထက်
22 December 2018
89.8k

ကျနော့်ကို တပ်ချုပ်နဲ့ မိတ်ဆက်ပေးဖို့ ဟန်ပြင်နေတုန်းမှာပဲ တပ်ချုပ်နှုတ်က ကျနော့် နာမည်စခေါ်တယ်။ "သာလွန်ဇောင်းထက်" တဲ့။

၂၀၁၈ ခုနှစ်  အောက်တိုဘာလ ၂၆ ရက်တွင် အာမခံဖြင့် ပြန်လွတ်လာသော Weekly Eleven ဂျာနယ်မှ သတင်းစာဆရာ သုံးဦး / မျိုးမင်းစိုး

သမ္မတအမိန့်ကို လျစ်လျူရှုနေဟု ရန်ကုန်အစိုးရအဖွဲ့ ဝေဖန်ခံရ

by ထွန်းထွန်း
26 October 2018
17.1k

သမ္မတ၏ညွန်ကြားချက်အပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လျစ်လျူရှုတွန့်ဆုတ်နေကြောင်း သတင်းစာဆရာတချို့က ဝေဖန်လိုက်သည်။

ရိုက်တာ သတင်းထောက် ၂ ဦးလွတ်မြောက်ရေး လှုပ်ရှားမှု / မျိုးမင်းစိုး / ဧရာဝတီ

ရိုက်တာ သတင်းထောက်နှစ်ဦးကိစ္စ စိစစ်ပေးရန် တပ်ချုပ်ထံ မီဒီယာကောင်စီတင်ပြ

by ကျော်မျိုး
21 December 2018
5.8k

ရိုက်တာသတင်းထောက်နှစ်ဦး ထောက်ချောက်ဆင် ဖမ်းဆီးခံရသည့်ကိစ္စကို ပြန်လည်စိစစ်ပေးရန် အပါအဝင် သတင်း မီဒီယာများ ကြုံတွေ့နေရသည့် အခက်အခဲများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ

Next Post
ပုဒ်မ ၆၆(ဃ)ဖြင့် ရုံးထုတ် စစ်ဆေးခံနေသည့် လယ်ဝေးမြို့နယ် NLD ပါတီဝင် ၂ ဦး / ထက်နိုင်ဇော် / ဧရာဝတီ

ပုဒ်မ ၆၆ (ဃ)ဖြင့် လယ်ဝေး NLD ပါတီဝင် ၂ ဦးကို ရုံးထုတ်

သကြား Re- Export ကုန်သွယ်မှုသည် တိုင်းပြည်အတွက် အကျိုးသက်ရောက်မှု မရှိ၍ ထိန်းချုပ်တော့မည်။ / မျိုးမင်းစိုး / ဧရာဝတီ

နိုင်ငံတကာမှ သကြားတင်သွင်းမှု ထိန်းချုပ်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate