ကျောက်မီးသွေးကို အားကိုးရင် လူမွဲစာရင်းက မထွက်နိုင်တော့ဘူး ဆိုသူ

ငြိမ်းငြိမ်း
ဘာလင်အခြေစိုက် စွမ်းအင်စောင့်ကြည့်ရေးအဖွဲ့၏လက်ရှိ ဥက္ကဌ ဟန်းစ် ဂျိုးဇက် ဖဲလ်
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ကြီးထွားနေသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြေရှင်းရန် အစိုးရသည် ကျောက်မီးသွေးသုံး ဓာတ် အားပေး စက်ရုံများ တည်ဆောက်ရေးကို တွန်းအားပေးနေသော်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာကျွမ်းကျင်သူ ဟန်းစ် ဂျိုးဇက်ဖဲလ်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်စီမံချက် မည်သို့ တိုးတက်နိုင်သည်ကို ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်းအား ပြောပြသည်။

ဖဲလ်သည် ဂျာမဏီတွင် ပါလီမန်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်ပြီး ဘာလင်အခြေစိုက် စွမ်းအင်စောင့်ကြည့်ရေးအဖွဲ့၏ လက်ရှိ ဥက္ကဌဖြစ်သည်။

မေး။ ။ မြန်မာအစိုးရက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို အဆိုပြုနေတယ်။ ဒါပေမယ့် ဒီနည်းလမ်းကို သဘော မတူသူ အများအပြားရှိတယ်။ ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ကျောက်မီးသွေးလို ကျောက်ဖြစ်ရုပ်ကြွင်း စွမ်းအင်အသုံးပြုရေးတွေဟာ ပုဂ္ဂလိက ကဏ္ဍရော ပြည်သူပိုင်ကဏ္ဍ တွေပါ လူမွဲစာရင်း ကြေညာရနိုင်ပါတယ်။ ဂျာမဏီကိုပဲ ကြည့်၊ လွန်ခဲ့တဲ့ ဆယ်နှစ်က ဂျာမန်အများပြည်သူဝန်ဆောင်မှု လုပ်ငန်းတွေက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။

အခုတော့ ဒီစက်ရုံတွေဟာ ဝင်ငွေ၊ ထွက်ငွေမမျှတော့ဘူး။ ဒါဟာ ဒီဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ် လာတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဟာ ဘယ်လောက်ဈေး သက်သာလာမယ်ဆိုတာကို ထည့်မတွက်ကြလို့ပဲ။ ဂျာမန်ပြည်သူ သန်းပေါင်းများစွာကတော့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှာ ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေဟာ အမြတ်ရတဲ့ဈေးနဲ့ လျှပ်စစ်ဓာတ်အား မရောင်းချနိုင်တော့ဘူး။ မြန်မာနိုင် ငံမှာလည်း ဒီအတိုင်းဖြစ်မှာပဲ။

နေအား၊ လေအားလျှပ်စစ်က ဈေးပေါပြီး ပြည်သူတွေက ရင်းနှီးမြှုပ်နှံလိမ့်မယ်။ မြန်မာနိုင်ငံဟာ ကျောက်မီးသွေးသုံး ဓာတ်အားပေးရေး စက်ရုံစီမံကိန်းတွေကို ဖျက်သိမ်းပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ ဒါ ဟာ အလုပ်အကိုင်နဲ့ဖွံ့ဖြိုးမှုကို အားပေးပြီး ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်နိုင်ပါတယ်။ ဒါကို အ မြန်လုပ်ရမယ်။ မြန်မာနိုင်ငံကလည်း လျှပ်စစ်ဓာတ်အား ပိုပြီး အမြန်လိုအပ်နေတယ်။

မေး ။ ။ ဈေးပေါပြီး အကောင်အထည်ဖော်ရ လွယ်တဲ့ပြန်လည်ပြည့်ဖြိုးုမြဲစွမ်းအင် ဒါမှမဟုတ် ကျန်တဲ့ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရှိလား။

ဖြေ ။ ။ နေအားနဲ့လေအားကတော့ လက်ရှိကမ္ဘာမှာ ဈေးအပေါဆုံးပဲ။ ဇီဝစွမ်းအင်နဲ့ ဘူမိစွမ်းအင်က သိပ်ဈေးမပေါလှဘူးဗျ။ အစဉ်အလာအရ ရေအားလျှပ်စစ်ဆိုတာကလည်း ဈေးချိုတယ်။ ဒါကြောင့် ဇီဝနဲ့ဘူမိစွမ်းအင်ကို သိုလှောင်နိုင်တဲ့စွမ်းအင် အဖြစ်နဲ့အပြင် နေအား၊ လေအားလျှပ်စစ်နဲ့ ပေါင်းပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရောအနှောဟာ ရေအားနဲ့ ဇီဝစွမ်း အင်ကို တိုးချဲ့နိုင်တယ်။

ဓာတ်အားသိုလှောင်မှုစနစ်၊ ရေအားလျှပ်စစ်၊ ဘက်ထရီတွေနဲ့ဓာတ်အားတွေစတဲ့ ပြန်လည် ပြည် ဖြိုးမြဲစွမ်းအင် အရော အနှောတွေမှာ ရင်းနှီးမြှုပ်နှံနိုင်ရင် ဈေးပေါတဲ့နေအား၊ လေအားစွမ်းအင်ကြောင့် စနစ်ရာနှုန်းပြည့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်သွာနိုင်တယ်။ ကျောက်မီးသွေး၊ နျူကလီးယား၊ ရေနံ၊ သဘာဝဓာတ်ငွေ့တွေရဲ့ base-loaded စနစ်ထက် ဈေးသက်သာတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းနဲ့ နျူကလီးယားစွမ်းအင်က ဈေးက ကြီးလွန်းတယ်။

မေး။ ။ ဒီပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုအားလုံးဟာ သန့်ရှင်းတဲ့စွမ်းအင်လား။ သန့်ရှင်းတဲ့စွမ်းအင်ကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။

ဖြေ ။ ။ အသေးစိတ်ကြည့်ဖို့ လိုတယ်။ နိုင်ငံရေးသမားတွေရဲ့သတင်းစာတွေမှာတော့ သန့်စင်တဲ့စွမ်းအင်ဆိုတာ နျူကလီး ယားတို့၊ သန်စင်တဲ့ ကျောက်မီးသွေးတို့၊ သဘာဝဓာတ်ငွေ့တို့ စတာတွေကို ဖော်ပြကြတာ တွေ့ရတယ်။ ဒါဟာ သန့်စင်တဲ့ စွမ်းအင်မဟုတ်ဘူး။ ကျောက်မီးသွေးကို ကျနော်တို့ သန့်စင်အောင် လုပ်လို့မရဘူး။ ကျောက်မီးသွေးဟာ တူးဖော်ချိန်မှာ တောင် အများကြီး ညစ်ညမ်းစေတယ်။ ရေကိုညစ်ညမ်းစေတယ်။ ကျောက်မီးသွေးကို သန့်စင်အောင် လုပ်ဖို့မဖြစ်နိုင်ဘူး။ အရမ်းဈေးကြီးတယ်။ သန့်စင်တဲ့ ကျောက်မီးသွေးသုံးစက်ရုံတွေဟာ ဈေးကွက်မှာ မယှဉ်ပြိုင်နိုင်ကြဘူး။

ဘာကြောင့်လဲဆိုတော့ ဓာတ်အားပေးစက်ရုံခေါင်းတိုင်က ကာဗွန်တွေကို ဖယ်ရှားပေးဖို့ ကာဗွန်ဖမ်းကိရိယာတွေကို တပ် ဆင်တဲ့အခါ အရမ်းဈေးကြီးတယ်။ တန်ဖိုးကို နှစ်ခါပေးနေရတယ်။ နေအားနဲ့ လေအားကို ဘယ်လိုယှဉ်မလဲ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နေအား လေအား အရမ်းအကုန်အကျ သက်သာတာ။

သဘာဝဓာတ်ငွေ့ကလည်း လေထုပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ရာသီဥတုပြောင်းလဲမှုကို မကာကွယ်နိုင်ဘူး။ နျူက လီးယားစွမ်းအင်ကလည်း ကာဗွန်နဲ့ မကင်းလွတ်သလို ရေဒီယိုသတ္တိကြွတယ်။ ရေဒီယိုသတ္တိကြွမှုက ဂျပန်က ဖူကူရှီးမား မှာ၊ ယူကရိန်းနဲ့ရုရှားက ချာနိုဘိုင်းမှာ၊ တခြား ယူရေနီယမ်တူးဖေါ်တဲ့နေရာတွေမှာ နေရာ အကျယ်ကြီး ညစ်ညမ်းစေတယ်။ ယူရေနီယမ်နဲ့ နျူကလီးယားစွမ်းအင်က မသန့်စင်ဘူး။ ရေဒီယိုသတ္တိကြွမှုဟာ ကမ္ဘာအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုပဲ။ လေအား၊ နေအားနဲ့ ဇီဝစွမ်းအင်တွေ စတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို သဘာဝပတ်ဝန်းကျင်မထိခိုက်ဘဲ ထုတ်လုပ် နိုင်မှသာ ရေအားလျှပ်စစ် ရေကာတာအသေးတွေ၊ ဘူမိ အပူစွမ်းအင်တွေ၊ လှိုင်းနဲ့ ဒီရေ စွမ်းအင်တွေဟာ သန့်စင်မယ်။

မေး ။ ။ ဂျာမဏီနိုင်ငံမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းတွေ စတင်တုန်းက အစိုးရက အကူအညီပေးလား။

ဖြေ ။ ။ ဒီနေ့ခေတ်မှာတော့ ဆင်းရဲတဲ့နိုင်ငံတွေ အပါအဝင် အားလုံးအတွက် အကုန်အကျ အသက်သာဆုံးကတော့ ဆို လာပဲ။ ဘင်္ဂလားဒေ့ရှ်ကို ကြည်လိုက်။ အသေးစားချေးငွေလုပ်ငန်းတွေရဲ့အကူအညီနဲ့အတူ လူ ၂ သန်းလောက်ဟာ ဆိုလာပါဝါရဲ့ဘက္ထရီတွေကြောင့် ညတိုင်း အလင်းရောင်ရနေတယ်။ ဒါမျိုးကို ကျောက်မီးသွေးတို့နျူကလီးယား စွမ်းအင်တို့က လုပ်ပေးလို့မရဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်က ပြန်လည်ပြည့်ဖြိုးမြဲ ဆိုလာစွမ်းအင်ဆိုတာ ဈေးကြီးခဲ့တယ်။ ဒီတော့ ကျနော်တို့က ဂျာမန်ပါလီမန်မှာ စည်းရုံးပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှာ ရင်းနှီးမြှုပ်နှံသူတွေ အမြတ်ပြန်ရမယ့်ဥပဒေတခုု ပြဌာန်းခဲ့ တယ်။

ဒီဥပဒေဟာ အင်မတန်ကြီးမားတဲ့ တိုးတက်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာသစ်တွေ၊ အကြီးအကျယ်ထုတ်လုပ်မှုနဲ့ အင် မတန်ုကြီးမားတဲ့ စက်ရုံတွေပေါ်ပေါက်လာစေခဲ့တယ်။ နောက် ၁၅ နှစ်ကြာတော့ ဆိုလာက အကုန်အကျ အသက်သာဆုံး ဖြစ်လာတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို နိုင်ငံကြီးတနိုင်ငံက အကုန်အကျအသက်သာဆုံး ဖြစ်အောင်လုပ်ခဲ့ရပြီး ကမ္ဘာတဝန်း ပျံ့နှံ့အောင် လုပ်တယ်၊ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ဖို့လုပ်တယ်။ ကျနော်တို့ဟာ တကမ္ဘာလုံး ဒီအ တိုင်း လိုက်လုပ်အောင် လုပ်နိုင်တဲ့အခြေအနေရောက်နေပြီ။

မေး ။ ။ ဇူလိုင်လ ၁၂ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ စားပွဲဝိုင်းဆွေးနွေးပွဲကို ဘယ်လိုထင်လဲ။

ဖြေ ။ ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရဲ့အကျိုးကျေးဇူးတွေကို ဝန်ကြီးဌာနက သိပ် အသိအမှတ်မပြုခဲ့ဘူး။ သူတို့က ဒါဟာ ဈေးကြီးမယ်လို့ပဲ ထင်တယ်။ ဒါပေမယ့် အကုန်အကျ မများပါဘူး။ သူတို့က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကြောင့် ဓာတ်အား ပြတ်တောက်ဦးမှာလို့ ထင်တယ်။ မပြတ်တောက်ပါဘူး။ ကျနော်တို့ဂျာမဏီမှာ နည်းပညာတွေ ပေါင်းစည်းလိုက်တော့ ဆိုလာအား၊ လေအားစွမ်းအင်တိုးတက်မှုနဲ့အတူ ဓာတ်အားပြတ်တောက်မှုတွေ လျှော့ကျသွားတယ်။ ဓာတ်အားလိုင်းကြီးကြပ် သူတွေဟာ ကိုင်တွယ်ဖြေရှင်းလာနိုင်တယ်။ အမြဲလုပ်နိုင်တယ်။

ဒါပေမယ့် သူတို့က ကမ္ဘာတဝန်းက တွေ့ရှိချက်သစ်တွေကို ကောင်းကောင်းစောင့်ကြည့်နေကြတာ။ ကမ္ဘာကြီးက ပြောင်း လဲနေတယ်။ ဒီစားပွဲဝိုင်းဆွေးနွေးပွဲကြောင့် အပြုသဘော သက်ရောက်မှုတွေ ဖြစ်လာမယ်ထင်တယ်။ မြန်မာနိုင်ငံဟာ လာ မယ့်လ အနည်းငယ်အတွင်း စွမ်းအင်သေနင်္ဂဗျူဟာသစ်ကို အဆိုပြုလာမယ်လို့ ကျနော်ထင်တယ်။
မေး ။ ။ မြန်မာနိုင်ငံဟာ ဘယ်လို အကူအညီတွေ လိုနေတယ်လို့ထင်လဲ။

ဖြေ ။ ။ အများကြီး လိုတယ်။ ပြန်လည်ပြည့်ဖြိုးုမြဲစွမ်းအင်မှာ ရင်နှီးမြှုတ်နှံဖို့ မြန်မာနိုင်ငံဟာ တင်ဒါဥပဒေမလိုဘူး၊ ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဥပဒေလိုသလို အများပြည်သူဝန်ဆောင်မှု ကုမ္ပဏီကြီးတွေလည်း လိုတယ်။ တင်ဒါစနစ်မှာ ငွေကြေးအင်အားကောင်းတဲ့လုပ်ငန်းတွေသာ အောင်မြင်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှာ ပုဂ္ဂလိက ရင်း နှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် ကျနော်တို့ဟာ ကျေးလက်ဒေသကို ဆုံးရှုံးကြရတယ်။

ပညာရေးနဲ့ သုတေသနလည်း လိုတယ်။ မြန်မာနိုင်ငံမှာ အစိုးရက အကူအညီပေးနေရတဲ့ကဏ္ဍ အများအပြားရှိတယ်။ ပြည် သူ့ဆီက အခွန်ငွေအများအပြားကို ကျောက်မီးသွေး၊ လျှပ်စစ်နဲ့ ရေအားလျှပ်စစ်ဆည်ကြီးတွေက ရတဲ့လျှပ်စစ် ဓာတ်အား ဈေးနှုန်းလျှော့ချဖို့ သုံးနေရတယ်။ ဒါဟာ မှားတယ်။ အဲဒီငွေကို ပညာရေး၊ အခြေခံအဆောက်အအုံနဲ့ တခြားနေရာတွေမှာ လိုတယ်။ ဒီငွေဟာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းရေးကို အထောက်အကူ မပြုသင့်ဘူး။ ဒီငွေဟာ ပြည်သူတွေတတ်နိုင် တဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ဖန်တီးပေးသင့်တယ်။ အချိန်ရလာတဲ့အခါ ပြန်လည်ပြည်ဖြိုးုမြဲစွမ်းအင်ဟာ စီးပွားရေးနဲ့ အလုပ်အကိုင်တိုးတက်မှုအပါအဝင် ပြည်သူတွေရဲ့အကျိုးစီးပွားကို ယူဆောင်လာမှာပါ။ မြန်မာနိုင်ငံဟာ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်နဲ့ ကြွယ်ဝချမ်းသာမှုအတွက် ဆောင်ရွက်နိုင်ပါတယ်။

မေး ။ ။ လတ်တလော အစိုးရရဲ့စွမ်းအင်မူဝါဒ ချမှတ်သူတွေဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို စိတ်ဝင်စားပုံမရဘူး။ သူ တို့ကို ဘာအကြံပေးမလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံက မူဝါဒချမှတ်သူတွေဟာ ခပ်ညံ့ညံ့တွေလို့ ကျနော်မထင်ဘူး။ သူတို့တွေ ပတ်ဝန်းကျင်ကို လေ့လာ လိုက် ရင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဟာ တရုတ်မှာ၊ အမေရိကမှာ၊ အီးယူမှာ၊ တောင်အမေရိကမှာ ကုန်ကျစရိတ် အသက်သာဆုံး မှန်း သူတို့ သိလာမယ်။ တကမ္ဘာလုံးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို သွားနေတယ်။ မြန်မာလည်း ဒီလမ်းလိုက်ရမှာပေါ့။

Did you find apk for android? You can find new Free Android Games and apps.
Loading