• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဇက်သတ်ထားရတဲ့ သရော်စာရေးသူ ဗြိတိသျှ ကိုကိုမောင်

by စမ်းယမင်းအောင်
31 July 2017
in အင်တာဗျူး
A A
The Voice သတင်းစာ၏ ပင်တိုင် သရော်စာ ဆောင်းပါးရှင်  ဗြိတိသျှကိုကိုမောင် ခေါ် ကိုကျော်စွာနိုင် / သက်ထွန်းနိုင် / ဧရာဝတီ

The Voice သတင်းစာ၏ ပင်တိုင် သရော်စာ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် ခေါ် ကိုကျော်စွာနိုင် / သက်ထွန်းနိုင် / ဧရာဝတီ

7.4k
VIEWS
Share on FacebookShare on Twitter

“ကျည်ထောင်စုသစ္စာ” ဟု အမည်ပေးထားသည့် ဆောင်းပါး The Voice သတင်းစာတွင် ဖော်ပြပြီးနောက်  စာဖတ် ပရိတ်သတ်ကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ ဆောင်းပါး ခေါင်းစဉ်ကြောင့်လည်း အချို့ စာဖတ်သူများက   စိုးရိမ်မကင်း ဖြစ်ခဲ့ကြသည်။ ယခုဆောင်းပါး မတိုင်မီအထိ The Voice သတင်းစာ၏ ပင်တိုင် သရော်စာ ဆောင်းပါးရှင်  ဗြိတိသျှကိုကိုမောင် ခေါ် ကိုကျော်စွာနိုင်၏ သရော်စာရေးသားမှုများမှာ အထိုက်အလျောက် လွတ်လွတ်လပ်လပ် ရှိခဲ့သည်။

သူ၏ သရော်စာများတွင် လွှတ်တော်၊ ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကို မေးခွန်း ထုတ်သည်။ တိုင်းဒေသကြီး အစိုးရများနှင့် ပြည်ထောင်စုအစိုးရ၏ လွဲမှားနေသော မူဝါဒများ၊ လုပ်ဆောင်မှုများကို  ဝေဖန်ထောက်ပြသည်။ အခြေခံလူတန်းစားများ၊  ပြည်သူများ၏ အခက်အခဲ အဆင်မပြေမှုများကို ထုတ်ဖော် ရေးသားသည်။

RelatedPosts

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
2.2k
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
2.2k
NUG ဒီထက်ပို အလုပ်ဖြစ်ဖို့ လိုပြီ (ရုပ်/သံ)

NUG ဒီထက်ပို အလုပ်ဖြစ်ဖို့ လိုပြီ (ရုပ်/သံ)

8 July 2025
149

သို့သော် တပ်မတော်မှ အရာရှိတဦးက စစ်တပ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟု ဆိုကာ ဗြိတိသျှကိုကိုမောင် ရေးသားခဲ့သည့် “ကျည်ထောင်စုသစ္စာ” သရော်စာဆောင်းပါးကို အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် ဇွန်လ ၂ရက်နေ့တွင်   ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် ဝေဖန်မှုများ ရှိနေသည့် နာမည်ကျော် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နှင့် တရားစွဲဆို ခံခဲ့ရသည်။

ယင်းဆောင်းပါးသည် လက်နက်ကိုင်ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်အကြောင်းကို ရေးသားထားခြင်း ဖြစ်သည်။ မတ်လ ၂၆ ရက်နေ့တွင် ပုံနှိပ်ဖော်ပြခဲ့သော သရော်စာသည် ၇၂ ကြိမ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်း အဖြစ်   ရိုက်ကူး ပြသခဲ့သည့်  “ပြည်ထောင်စုသစ္စာ” ဇာတ်ကားအမည်ကို ယူကာ သရော်စာဆောင်းပါး ခေါင်းစဉ်ပေးထားခြင်း ဖြစ်သည်။

ဆောင်းပါးကို ပုံနှိပ်ဖော်ပြခဲ့သော The Voice သတင်းစာ၏ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေသည်လည်း ဆောင်းပါးရှင် ကိုကျော်စွာနိုင်နှင့် အတူ ဖမ်းဆီး တရားစွဲဆို ခံခဲ့ရသည်။

၂ ပတ်ခန့် ဖမ်းဆီးထိန်းသိမ်း ခံရပြီးနောက် ကိုကျော်စွာနိုင်သည် ပုဒ်မ ၆၆ (ဃ) နှင့်စွဲဆိုထားမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပြီး အယ်ဒီတာချုပ် ကိုကျော်မင်းဆွေမှာမူ အဆိုပါပုဒ်မနှင့် ဆက်လက်တရားရင်ဆိုင်နေရဆဲ ဖြစ်ကာ ယခုအချိန်ထိ ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။

ပြီးခဲ့သည့်အပတ်တွင် ၎င်းတို့ ၂ ဦးစလုံးကို တပ်မတော်မှ ထပ်မံအမှုဖွင့်သဖြင့် မီဒီယာဥပဒေပုဒ်မ ၂၅ (ခ) နှင့် တရားစွဲဆို ခံခဲ့ရသည်။ ပထမအမှုနှင့် ဖမ်းဆီးထိန်းသိမ်းခံရစဉ် မိသားစုနှင့် ပတ်ဝန်းကျင်ရှိလူများ ထိခိုက်နစ်နာရမှုက ၎င်းကို ထင်မှတ် မထားသော နာကျင်မှုများကို ခံစားရစေခဲ့သည်။

သရော်စာ ဆောင်းပါးရှင် ကိုကျော်စွာနိုင် ခေါ် ဗြိတိသျှကိုကိုမောင်က မကြာသေးမီက ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရာက လွတ်မြောက်ပြီးနောက်ပိုင်း ၎င်း၏ ခံစားချက်များနှင့် သရော်စာ ရေးသားမှုအပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိကြောင်း ပြောကြားထားသည် များကို ဧရာဝတီပရိသတ်များ အတွက် ဖော်ပြလိုက် ပါသည်။

မေး။      ။ အကိုရေးတဲ့ သရော်စာ အပေါ် ဖမ်းဆီးအမှုဖွင့်တယ်၊ ခု နောက်ထပ်တမှုနဲ့ ဖွင့်တယ် ဘာမှတ်ချက် ပြုချင်လဲ။

ဖြေ။      ။ နှစ် ၅၀ ရှိနေပြီ ဖြစ်တဲ့ ပြည်တွင်းစစ် တခုလုံးရဲ့ current ဖြစ်စဉ် တခုလုံးကို ခြုံပြီး အဒီအပေါ်မှာ satire စည်းမျဉ်း စည်းကမ်းနဲ့ အညီ ရေးလိုက်တာပါ။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်း တစုံတယောက်ကိုမှ တိုက်ရိုက်ကြီး မပြောဆိုထားဘူး။ ဒါပေမယ့် ၆၆ (ဃ) နဲ့စွဲတယ်။ မီဒီယာဥပဒေပုဒ်မ ၂၅ (ခ) နဲ့ ထပ်စွဲတယ်။

တကယ်တမ်း ဖြစ်သင့်တာက မီဒီယာဥပဒေက ရှိပြီးသား အတည်ပြုပြီးသား ဖြစ်တဲ့ အတွက် မီဒီယာမှာ ဖော်ပြထားတဲ့ဟာ အတွက် စွဲရင် မီဒီယာဥပဒေနဲ့ပဲ စွဲသင့်ပါတယ်။ အဲဒီအတွက် ၂၅ (ခ) နဲ့ စွဲတာကိုတော့ ဘာမှ မှတ်ချက်မပြုချင်ဘူး။ ၆၆ (ဃ) သဘောတရားက အာမခံပေးရ၊ မပေးရ မပါဘဲ အဓိက ထောင်ဒဏ် ၃ နှစ် ချမှတ်ရမယ် ဆိုတဲ့ အချက်ပေါ် မူတည်ပြီး အာမခံ မပေးကြတာပေါ့။

ကျနော့်အမှုမှာ ဆိုရင် အမှုတည်ဆောက်ဆဲ ကာလမှာတင် အဖမ်းခံထားရတယ်။ ကျနော်နဲ့ ကိုကျော်မင်းဆွေက မှားတယ် မှန်တယ် မဆုံးဖြတ်ရသေးခင် ကြိုတင် အပြစ်ပေးသလို ဖြစ်တယ်။ ကျနော် ဆိုရင် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဒီပုဒ်မက ဆက်သွယ်ရေး ပုဒ်မ ဖြစ်တယ် print media မှာ စာရေးတဲ့ သူနဲ့ မဆိုင်ဘူး ဆိုပြီးတော့မှ တရားစွဲဆိုရန် မသင့် ဆိုတဲ့ မှတ်ချက်နဲ့ လွတ်မြောက်လာတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာကျနော်က ၁၄ ရက်နေပြီး သွားပြီ။ လူမှုရေးအရရော၊ စီးပွားရေး အလုပ်အကိုင်အရရော အများကြီး အဆုံးအရှုံးတွေ ဖြစ်တယ်၊ နောက်ဆုံး ကိုယ်ဝန် ၂ လ ရှိနေတဲ့ ကျနော့် အမျိုးသမီးက ကျနော့် အတွက် စိတ်ပူပန်မှုတွေ ဖြစ်ရ၊ အိမ်မှာလည်း လူခွဲ မရှိတော့ တရားရုံး၊ အင်းစိန်ထောင်နဲ့ ရဲစခန်းတို့ကို သွားလိုက်လာလိုက် လုပ်လိုက်ရတဲ့ အတွက် ကိုယ်ဝန် ပျက်ကျသွားတယ်။ အဲ့ဒါတွေ အတွက် ဘယ်သူက ကျနော်တို့ရဲ့ နစ်နာမှုအတွက် တာဝန်ယူပေးမှာလဲ။

မေး။      ။ ဒီလိုမျိုးနဲ့ တရားစွဲခံရဖို့ အဖမ်းခံရဖို့ တွေးမိဖူးလား။

ဖြေ။      ။ Satire ရေးတယ် ဆိုတာ တကယ်တမ်းတော့ ထောင်နှုတ်ခမ်းမှာ လမ်းလျှောက်နေရတာပဲ။ ဟိုဘက် ခေတ်မှာတော့ satire ကို အရမ်းကို သွယ်ဝိုက်ပြီး ရေးကြတယ်။ ဒီဘက်ခေတ် ရောက်လာတော့ သတင်း ခေတ်လည်း ဖြစ်လာတယ်။ လွတ်လပ်ခွင့်လည်း ရလာတယ်။ တို့စိတို့စိနဲ့ တိုးပြီး ရေးလာတယ်။ satire ဘောင်ကို မကျော်ပေမယ့်လည်း သတင်းကို ပြည်သူအလွယ် နားလည်နိုင်အောင် ရေးရတာပေါ့။

ကျည်ထောင်စုသစ္စာ ဆိုရင် ကျနော်ရေးပြီးတော့ စာကို သေချာပြန်ကြည့်တယ်။ တဖက်က လူကို ထိခိုက် သွားမလား အမြဲတွက်တယ်။ နောက်ဆုံး အသရေဖျက်မှု မမြောက်နိုင်အောင် ရှောင်ရေးတာပေါ့။ ဒီမှာဆို ရေးပြီး ၃ ခါ ပြန်ဖတ်ကြည့် တယ်။ ဖတ်ကြည့်တဲ့ သူလည်း သိပါတယ်။ ဒီထဲမှာ အဖွဲ့အစည်း တခုတစုံတရာကို ထိခိုက်စေလိုတဲ့ သဘောထက် စေတနာ ပိုပေါ်လွင်တာကတော့ ကျနော့်ကိုယ် ကျနော် ယုံကြည်တယ်။ ပြည်တွင်းစစ်မှာ ဖြစ်ပျက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေကြားက ခံစားမှုတွေ အားလုံး ထိခိုက်မှုတွေ နစ်နာမှုတွေပဲ ပါတာပါ။ အဲ့ဒီအတွက် ကျနော့်အနေနဲ့ကတော့ အခု အစွဲခံရတဲ့ အချိန်မှာ နည်းနည်း အံ့သြသွားတယ်။

မေး။      ။ Satire ရေးတာ ကြာပြီလား။ ဘယ်တုန်းက စရေးတာလဲ။

ဖြေ။      ။ 2012 က ဒီကလောင်နာမည်နဲ့ပဲ။ The Voice ၊ Myanmar Post နဲ့ တော်တော်များများမှာ ရေးတယ်။

မေး။      ။ လွတ်လာပြီးနောက်ပိုင်းရော သရော်စာ ဆက်ရေးဖြစ်သေးလား။

ဖြေ။      ။ ရေးဖြစ်တယ်။ The Voice မှာလည်း တပတ်ခြား ရေးဖြစ်တယ်။

မေး။      ။ ပုံမှန်ပို့နေကျ The Voice အပါအဝင် မီဒီယာတိုက်တွေကကော သရော်စာလက်ခံတဲ့ အပိုင်းမှာ ပိုစိစစ်လာတာ မျိုး ရှိလား။

ဖြေ။      ။ တောင်းကြပါတယ်၊ ပုံမှန်တောင်းနေကြလူတွေ။ တချို့တိုက်တွေကျတော့လည်း အကိုရေ တအားထိအောင် မရေးနဲ့ ဆိုတာမျိုးပေါ့။ ဥပမာတပ်မတော်၊ တချို့ကျတော့လည်းပိုင်ရှင်က တရုတ် ဖြစ်နေတာတော့ တရုတ်ကို မထိပါနဲ့ ဆိုတာမျိုး မေတ္တာရပ်ခံတဲ့ သဘောပေါ့။ အရမ်းကြီး ရှောင်နေရရင်လည်း အဲဒါမျိုးကျ ကျနော်တို့က အဆင်မပြေတော့ဘူး။ ကျနော့်အနေနဲ့ကတော့ ကျနော်ယုံကြည်ရာ စိတ်ပါရာ ရေးတာဆိုတော့ မရေးရရင် မပို့တော့ဘူး။ ကိုယ်ကလည်း သူတို့အတွက် ပြန်တွက်ပေးရတာပေါ့။

မေး။      ။ တပ်နဲ့ငြိမ်းချမ်းရေး အကြောင်းဆက်ပြီး သရော်စာ ရေးဖြစ်သေးလား။

ဖြေ။      ။ Satire သမားတယောက်ဖြစ်တဲ့ အတွက် တပ်ကိစ္စ တခုတည်းတင် မဟုတ်ဘဲ တခြားနိုင်ငံရေး ဖြစ်စဉ် current ဖြစ်တဲ့ ဟာတွေကို ကျနော်မြင်ရင် မြင်သလို ရေးတာပေါ့။ သူ့ကိစ္စချည်းပဲ သီးသန့်ရေးတာတော့ မရှိပါဘူး။ နောက်ကြုံလာရင်လည်း ရေးဦးမှာပါ။ အခုက နည်းနည်းဇက်သတ်ထားတဲ့ သဘောပေါ့ (ဟဲဟဲ)

မေး။      ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သိစိတ်မှာ ဖြစ်ဖြစ်၊ မသိစိတ်မှာဖြစ်ဖြစ် Self censorship ရှိသွားပြီလား။

ဖြေ။      ။ ကျနော့်အနေနဲ့ ငါယုံကြည်ရာ လုပ်တာ ဆိုပေမယ့် အဲဒီနောက်ပိုင်းမှာ ဘာဖြစ်လာလဲ ဆိုတော့ ကျနော့် အမျိုးသမီးဆိုလည်း ခံစားလိုက်ရတာ ရှိတယ်၊ ပြီးတော့ ကိုကျော်မင်းဆွေဆိုလည်း ကျနော်က လွတ်လာပေမယ့် သူ အချုပ်ထဲမှာ နေနေရတယ်။ သူ့အမျိုးသမီး၊ သူ့မိသားစုဆိုလည်း ရှိတယ်။ ခံစားခဲ့ကြရတယ်။ အဲတော့ တွေးရတာပေါ့ ဗျာ။ ကိုယ် တယောက်တည်း မဟုတ်ဘဲ ပတ်ဝန်းကျင်ကိုပါ သွားထိခိုက်တာမျိုး ရှိတာကို။ သွယ်ဝိုက်သော နည်းနဲ့ ဖြစ်ဖြစ်၊ တိုက်ရိုက် ဖြစ်ဖြစ် ကျနော့်အနေနဲ့ ငါ ဒီဟာကြီးကို ဆက်ချမယ်။ တော်လှန်ရေးကြီး ဒီဟာကြီးကို ဆက်ချမယ်ဆိုတဲ့ စိတ်မျိုးပေါ်လာခဲ့သည် ရှိသော် နောက်အတွေးတခုက ပေါ်လာပြီးတော့ ထိန်းချုပ်သွားတဲ့ သဘောပေါ့။ နောက်ထပ် ရေးရဲတဲ့ ရေးဝံ့တဲ့ မီဒီယာသမား၊ စာရေးဆရာ ဖြစ်လာမယ့်သူတွေ ဒီဖြစ်စဉ်ကို ကြည့်ပြီး လက်တွန့်လိုက်တာမျိုး ဖြစ်မှာကို စိတ်ပူတယ်။ အဲလိုဆိုရင်လည်း ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီ အတွက်ရော၊ စာနယ်ဇင်း လွတ်လပ်ခွင့် အတွက်ရော မကောင်းဘူး။

Your Thoughts …
Tags: တပ်မတော်ဗြိတိသျှကိုကိုမောင်
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.3k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.1k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး  (ရုပ်/သံ)

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး (ရုပ်/သံ)

by ဧရာဝတီ
12 April 2025
3k

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ သား အောင်ပြည်စုံ၊ သမီး ခင်သိရီသက်မွန် တို့နဲ့အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ “ရွှေဘုန်းပွင့်” စေတီတော်ကို ဧပြီလ ၁၁ ရက်နေ့က မိသားစုလိုက် ရွှေထီးတော်တင်အခမ်းအနားကျင်းပခဲ့ပါတယ်။

တပ်မတော် စစ်သမိုင်း ပြတိုက်တွင် တွေ့ ရသည့် စစ်ရာထူးခန့်ထားသည့် ဇယား

တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

by ထက်နိုင်ဇော်
8 May 2020
169.5k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ မှဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး(မန္တလေး) မဖြစ်မီ စစ်ဦးစီး အရာရှိ ဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်။

Next Post
နတ်မင်းလည်း မကူနိုင်

နတ်မင်းလည်း မကူနိုင်

ချယ်လ်ဆီးအသင်းရဲ့ ဂိုးသွင်းစက် ဒီယေဂို ကော်စတာ

ချယ်လ်ဆီးအသင်းရဲ့ ဂိုးသွင်းစက် ဒီယေဂို ကော်စတာ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 days ago
3.6k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate