• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

၂၉ နှစ်တာကာလ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေ ပြည့်စုံနေပြီလား

by ဇူးဇူး
8 August 2017
in အင်တာဗျူး
A A
/ မျိုးမင်းစိုး / ဧရာဝတီ

/ မျိုးမင်းစိုး / ဧရာဝတီ

6.7k
VIEWS
Share on FacebookShare on Twitter

သြဂုတ် ၈ ရက်နေ့သည် မြန်မာ့နိုင်ငံရေး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ခဲ့သည့် ဒီမိုကရေစီလှုပ်ရှားမှု လူထုအရေး တော်ပုံကြီး (ရှစ်လေးလုံးအရေးတော်ပုံ) ၂၉ နှစ် ပြည့်မြောက်နေ့ဖြစ်သည်။ ၎င်းနေ့ အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းနှင့်ပြည်နယ်တချို့တို့တွင် ကျင်းပကြပြီး အရေးတော်ပုံလှုပ်ရှားမှုတွင် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြသော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့အား ဦးညွတ်ဂါရဝ ပြုကြသည်။

ရှစ်လေးလုံး လူထုဆန္ဒပြပွဲတွင် အနယ်နယ်အရပ်ရပ်မှ လူတန်းစားအလွှာပေါင်းစုံကပါဝင်ခဲ့ကြပြီး ဒီမိုကရေစီရရှိရေး၊ တပါတီအာ ဏာရှင်စနစ် ပျက်သုဉ်းရေး၊ မွေးရာပါအခွင့်အရေး ရရှိရေးတို့အတွက် အင်အားအလုံးအရင်းဖြင့် လမ်းမထက်တက်ကာ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်သည်။ ယနေ့ ကျရောက်သည့် ရှစ်လေးလုံး ၂၉ နှစ်ပြည့်မြောက်တွင် အဆိုပါရည်မှန်းချက်များ ပြီးပြည့်စုံစွာ ရရှိခြင်း ရှိ၊ မရှိအပေါ် ရှစ်လေးလုံးအရေးတော်ပုံတွင် အခန်းကဏ္ဍအသီးသီးမှ ပါဝင်လှုပ်ရှားခဲ့ကြသူများကို ဧရာဝတီ မှ သတင်းထောက် ဇူးဇူးက ဆက်သွယ် မေးမြန်း ထားပါသည်။

RelatedPosts

အားကိုးစရာ အဖွဲ့အစည်းနဲ့ ဥပဒေ မရှိတော့တဲ့အခါ (ရုပ်/သံ)

အားကိုးစရာ အဖွဲ့အစည်းနဲ့ ဥပဒေ မရှိတော့တဲ့အခါ (ရုပ်/သံ)

14 July 2025
59
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
2.7k
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
2.5k

ဦးမြအေး

ပွင့်ပွင့်လင်းလင်းပြောရရင် ရှစ်လေးလုံးအရေးတော်ပုံရဲ့ တောင်းဆိုချက်တွေ အပြည့်အဝမရသေးပါဘူး။ အဲဒါတော့ ရှင်းပါ တယ်။ ဘယ်လောက်အတိုင်းအတာထိ ရောက်ပြီလဲဆိုတာကတော့ အရင်တုန်းက လုံးဝပိတ်ဆို့ထားတဲ့ ကာလတရပ်က နေ အခုတော့ အတန်ငယ်ပွင့်လင်းလာတဲ့ လွတ်လပ်လာတဲ့ ကာလတရပ်တော့ ရောက်ခဲ့ပြီ။ ဒါပေမယ့် နိုင်ငံရေးဆိုတာ အချက် အလက်တွေပေါ်မှာပဲ အခြေခံတာနဲ့မရဘူး။ ဆိုလိုချင်တာက issue တွေပေါ်မှာပဲ သွားလို့မရဘူး။ ပေါ်လစီအရရော ဘယ်လောက်ထိရောက်ပြီလဲ။

တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ပြီလားဆိုတာ ပြန်သုံးသပ်ရမယ်လို့ ထင်ပါတယ်။ လက်ရှိအခြေအနေကတော့ ကျနော်တို့လိုချင်တဲ့ အခြေအနေကို မရောက်သေးပါဘူး။ သို့သော် အရင်ခေတ်ကာလထက်စာရင်တော့ တစုံတရာအားဖြင့် ပွင့်လင်းလွတ်လပ်လာတဲ့ ကာလတော့ ရောက်လာပါပြီ။

တိုင်းပြည်တခု အသွင်ကူးပြောင်းတယ်ဆိုတဲ့ဟာက သူ့ဘာသာသူ ကျနော်တို့နိုင်ငံက ကူးပြောင်းသွားတာမဟုတ်ဘူး။ ပေးဆပ်မှုတွေ၊ စွန့်လွှတ်မှုတွေ များစွာရှိတယ်။ ကျနော်တို့ရှေ့ ၆၂ ခုနှစ် ကတည်းက နောင်တော်တွေရှိခဲ့တယ်။ ၈၈ မှာ ကျနော်တို့ထက် ငယ်တဲ့ ကျောင်းသားလေးတွေ၊ ရဟန်းရှင်လူ၊ ပြည်သူများစွာ ပေးဆပ်ခဲ့တယ်။ အသက်တွေ စေတေးခဲ့ ရတယ်။ ဘဝတွေ ပျက်ခဲ့ရပါတယ်။ ဒီကာလကြီးမှာ ထောင်ကျတန်းကျ တော်တော်လေးကို ဆိုးဆိုးရွားရွားဖြစ်သွားတာ။ အဲဒီလို အခြေအနေတွေကြောင့် ဒီနေ့ပွင့်လင်းလွတ်လပ်လာတဲ့ကာလတခု ရတာ။ ဒီတိုင်း အခွင့်အရေးတခု အလွယ် တကူနဲ့ရခဲ့တာ မဟုတ်ဘူး။ ရှေ့လျှောက်ပြီးတော့ ပိုပြီးလွတ်လပ်ပွင့်လင်းတဲ့ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီတင်းပြည့်ကျပ် ပြည့် နိုင်ငံ တနိုင်ငံရောက်အောင် ဆက်ကြိုးစားသွားမှာဖြစ်တယ်။ အဲဒီတာဝန်ကတော့ ကျနော်တို့ပေါ်မှာတည်သလို နောက် မျိုးဆက်ကို လက်ဆင့်ကမ်းပြီးတော့မှ သူတို့ဦးဆောင်မှုကို ကျနော်တို့က ခံယူဖို့အဆင်သင့်ရှိတယ်ဆိုတာလည်း ပြောချင်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ သမိုင်းအမှန်ကို သိဖို့ကြိုးစားကြပါ။ သမိုင်းမှာ စနစ်ဆိုးတွေရဲ့ မကောင်းမှုကို သိမှသာလျှင် စနစ်ကောင်းတွေနဲ့ တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာသိမှာဖြစ်ပါတယ်။ စနစ်ဆိုးတွေက ဘယ်လောက်ဖျက်ဆီးခဲ့တယ်ဆိုတာ သိအောင် လေ့လာကြပါလို့ တိုက်တွန်းပါတယ်။

ရဲဘော် နန်းယဉ်

ပွင့်ပွင့်လင်းလင်းပြောရရင် လိုချင်တဲ့အချက်တွေ အပြည့်အဝရပြီလို့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ဘာပဲပြောပြော ၂၉ နှစ်တာလောက်ဖြတ်သန်းပြီးမှ လှုပ်ရှားလာခဲ့ကြတဲ့အတွက်ကြောင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်မှာတော့ သွား ချင်သည်ဖြစ်စေ၊ မသွားချင်သည်ဖြစ်စေ အားလုံးကတော့ သွားနေကြတာ တခုရှိတယ်။ ဒါပေမယ့် ကိုယ်တွေတကယ် အဲဒီ တုန်းက တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီရရှိရေးလို့ပြောလို့ရှိရင် တကယ်ပဲစစ်မှန်တဲ့ ကိုယ်တွေလိုချင်တဲ့ဟာကို မရောက်နိုင် သေးဘူး ဖြစ်နေတယ်။ နောက်တခုက အာဏာရှင်စနစ် အကြွင်းမဲ့ဖျက်သိမ်းရေး ဖြုတ်ချရေးဆိုတာကို ပြောခဲ့ကြတာတွေရှိ ပေမယ့် အခုအချိန်အထိ ကိုယ်တွေလိုချင်တဲ့ အခြေအနေထိကတော့ မရောက်သေးပါဘူး။

အခုအခြေအနေအရ ကျမတို့တိုင်းပြည်ဟာ ၈၈ အခြေအနေထက်စာရင် ဒီဘက်ခေတ်ပိုပြီး ဆိုးဝါးလာတဲ့အခြေအနေဖြစ် နေတယ်။ Failure Sate လို့ခေါ်တဲ့ ပြိုပျက်နေတဲ့နိုင်ငံအဖြစ် ရောက်နေတယ်။ ပြည်သူလူထုတွေဟာလည်း တကယ်ပဲ ဆင်းရဲဒုက္ခရောက်တာ အားလုံးပဲ ကြားနေရတဲ့ အနေအထားဖြစ်တယ်။ နှစ်ပေါင်း ၂၀ ကျော်ထိ တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ အနေအထားတွေလည်း ရှိပြီ။ ဒါကြောင့် ခုချိန်မှာ ကျမတို့သွားရမယ့်လမ်းကြောင်းမှာ တွေ့ဆုံဆွေးနွေးပြီးမှ တိုင်းပြည်ရဲ့ အစုအဖွဲ့အားလုံး နိုင်ငံ ရေးပါတီအကုန်လုံး တပ်မတော်အပါအဝင် အစိုးရ အားလုံးဟာ ကျမတို့တိုင်းပြည်ရဲ့ အနာဂတ် အရေးအတွက် တကယ်ပဲ အမြော်အမြင်ကြီးကြီးနဲ့ နောင်လာနောက်သားတွေအတွက် စဉ်းစားသင်တဲ့အချိန် စေတနာမှန် မှန်နဲ့ သွားသင့်တဲ့အချိန်လို့ မြင်ပါတယ်။

ဒေါ်ညိုညိုသင်း

ဒေါ်ညိုညိုသင်း

အဲဒီတုန်းက အန်တီတို့ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဟာ အခုအချိန်မှာ ဘယ်အဆင့်ရောက်ပြီလဲလို့ မေးလို့ရှိ ရင် အရုဏ်ဦးအနေအထားမှာ ရှိနေပြီ။ လှမ်းလှမ်းကနေမြင်နေရတဲ့ အနေအထားမှာ ရှိတယ်။ လက်ဆုပ်လက်ကိုင် ရောက် ပြီလားဆိုတဲ့အခါကျတော့ အာမခံချက်အပြည့်နဲ့ ရထားတာမျိုးတော့ မဟုတ်ဘူး။ လှမ်းပြီး မျက်စပစ်နိုင်တဲ့ အနေအထားမှာ တော့ ရှိနေတယ်။ အန်တီတို့ ပြည်သူတွေ တကယ်လိုချင်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကိုရဖို့အတွက် တခဲနက် ပြည်သူလူူထုက တင်မြှောက်ထားတဲ့ NLD အစိုးရ၊ NLD လွှတ်တော်တွေက သူတို့သက်တမ်းမကုန်ခင် ဆောင်ရွက်ပေး သွားမယ်လို့ မျှော်လင့်ပါတယ်။

ဦးမင်းဇေယျ

အခုဆိုရင် ရှစ်လေးလုံးအရေးတော်ပုံရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်ဆိတ်သုဉ်းရေးနဲ့ ဒီမိုကရေစီရရှိရေးဆိုတဲ့ လမ်းကြောင်းပေါ်ကိုတော့ သွားနေပြီ။ ဒါပေမယ့် ပန်းတိုင်ကိုတော့ မရောက်သေးဘူး။ ပန်းတိုင်ရောက်ဖို့အတွက်ကတော့ အများကြီးလုပ်ဆောင်စရာ အလုပ်တွေရှိသေးတယ်။ အဲဒီတုန်းက ပြည်သူ့အားကို စုစည်းပြီးတော့ တညီတညွတ်တည်း အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ခဲ့တယ်။ အခုလည်း ဒီရည်မှန်း ချက်အောင်မြင်ဖို့ ပြည်သူ့အားကို တစုတစည်းတည်းစုစည်းနိုင်မယ့် ဗျူဟာတွေကို မှန်မှန်ကန်ကန်ချနိုင်ရင်တော့ တကယ့် ပန်းတိုင်ကို ရောက်မယ်လို့ ယုံကြည်တယ်။

အဓိကအားနည်းချက်က ၂၀၀၈ ဖွဲ့စည်းပုံပဲ။ အခုသွားနေရတဲ့ နိုင်ငံရေးလမ်းကြောင်းက ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်ထဲကနေ သွားနေရတာ။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အားနည်းချက်ကြောင့် ပြည်သူတွေတကယ်လိုလားတဲ့ အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဒီမို ကရေစီရရှိရေးလမ်းကြောင်းကတော့ အဟန့်အတားတွေ အနှောင့်အယှက်တွေ ရှိနေမယ်။ တကယ့် ရှည်ကြာတဲ့လမ်း ကြောင်းကို လျှောက်သွားရမယ့်ပုံစံတွေ ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရကို ဘယ် လောက်ပဲ မျှော်လင့်မျှော်လင့် ၂၀၀၈ ဖွဲ့စည်းပုံဘောင်ထဲကနေ သွားနေသ၍ကတော့ ပြည်သူတွေတကယ်လိုလားတဲ့ ရှစ်လေးလုံးရဲ့ တကယ့်ရည်မှန်းချက်ကိုရောက်ဖို့ကတော့ အများကြီး ရုန်းကန်ရအုံးမယ်။

ကိုမာကီး

ရည်မှန်းချက် ပန်းတိုင်ရောက်ပြီလား။ အပြည့်အဝခံစားရပြီလားဆိုရင်တော့ အပြည့်အဝမခံစားရသေးဘူးလို့ ပြောရမှာပါ။ ဒါပေမယ့် လမ်းကြောင်းပေါ်ရောက်နေပြီလို့တော့ ပြောလို့ရပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံရဲ့ အသီးအပွင့်အဖြစ်နဲ့ အခု လက်ရှိ နိုင်ငံရေးအပြောင်းအလဲတွေ ခံစားနေရတယ်။ အရင်ထက်စာရင် ပြောရေးဆိုခွင့်တွေ၊ နိုင်ငံရေးလုပ်ပိုင်ခွင့်တွေ ရှိ လာတယ်။ အရင်တုန်းကဆိုရင် ပြောဖို့မဝံ့မရဲဖြစ်ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်းတွေ ရေငုံနှုတ်ပိတ်နေခဲ့ရ တယ်။ အခုအချိန်မှာဆိုရင် ထုတ်ဖော်ပြောဆိုခွင့်တွေ ရရှိလာတယ်။

အဓိကကတော့ ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေမှုမရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အဟန့်အတား အကြီးမားဆုံး ဖြစ်နေတယ်။ အဲဒီအဟန့်အတားအပြင် ပြောရေးဆိုခွင့် သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြခွင့် တွေမှာလည်း အကန့်အသတ်တွေ အများကြီးရှိနေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ့်ကို ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဖက်ဒရယ်စနစ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပြီ။ အဲဒီအတိုင်း လိုက်နာကျင့်သုံးနိုင်ပြီဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၉ နှစ်က ရဟန်းရှင်လူ ကျောင်းသားပြည်သူတရပ်လုံး တောင်းဆိုခဲ့ကြတဲ့ အခွင့်အရေးတွေ အဲဒီတော့မှ အပြည့်အဝခံစားရမယ်လို့ ယုံကြည်ပါတယ်။

ဒေါက်တာ စင်သီယာမောင်

ဒေါက်တာ စင်သီယာမောင်

ကျမတို့ ၈၈ အရေးခင်းမှာ ပါဝင်တောင်းဆိုခဲ့တာတော့ အထူးသဖြင့် ပြည်သူလူထုအားလုံး တရားမျှတတဲ့ ငြိမ်းချမ်းတဲ့ ပြည် ထောင်စုထဲမှာ အတူကွနေထိုင်နိုင်ဖို့။ သို့သော်လည်း လက်တွေ့မှာတော့ အများစုသောပြည်သူလူထုတွေကတော့ တရားမျှ တမှုအရဖြစ်စေ စားဝတ်နေရေး ကျန်းမာရေးပညာရေးအရဖြစ်စေ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာဆိုရင် စစ်မှန်တဲ့ ရေရှည်ငြိမ်းချမ်းရေး မရှိသေးတဲ့အတွက်ကြောင့် လက်ရှိအချိန်အထိ ကျမတို့ တောင်းဆိုမှုတွေကတော့ မပြည့်သေးပါဘူး။

ပြည်သူလူထုတွေဟာ ကိုယ့်ရပ်ရွာကိုယ့်ဒေသ၊ ကိုယ့်အိမ်ကိုယ့်ယာမြေမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်နေထိုင် နိုင်တဲ့အခြေအနေဖြစ်ဖို့။ အခြေခံကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကလေးတွေအားလုံး ပညာသင်ကြားခွင့်ရရှိဖို့။ တချိန် တည်းမှာပဲ သူ့ဒေသအလိုက် လူထုတွေဟာ စည်းစည်းလုံးလုံးနဲ့ ကွဲပြားခြားနားတဲ့ ထုံးထမ်းစဉ်လာတွေနဲ့ လူမျိုးစုတွေကြား မှာ ခင်မင်ရင်းနှီးမှုတွေ တည်ဆောက်ထားတဲ့ အခြေအနေဖြစ်အောင်ဆိုတာ ကဏ္ဍပေါင်းစုံရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး လိုအပ်နေပါသေးတယ်။

Your Thoughts …
Tags: ရှစ်လေးလုံး အရေးတော်ပုံ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

စစ်ဗိုလ်လူထွက်များ ရေးသားခဲ့သည့် သမိုင်းကို ပုံဖျက်သော စာအုပ်များ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

by ဧရာဝတီ
24 June 2022
16.3k

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

လားရှိုး ရှစ်လေးလုံး အရေးတော်ပုံတွင် အစာငတ်ခံဆန္ဒပြနေသည့် အမျိုးသမီးတဦး / လားရှိုးဓာတ်ပုံတိုက်

ရှစ်လေးလုံးအရေးတော်ပုံထဲက စွန့်လွှတ်စွန့်စား အမျိုးသမီးများ

by ပစ်တိုင်းထောင်မ
8 August 2017
42.5k

အဲဒီကဗျာလေးထဲက အခုချိန်အထိ သူမှတ်မိနေတဲ့ စာကြောင်းလေးကတော့ “ဖုန်းမော် ပြုံးပျော်ကာ သေသွား၊ မေ့မရခဲ့ဘူး လွမ်းမျက်ရည် ကြွေပါပေါ့လား” တဲ့။

၁၉၈၈ ခုနှစ် က ဖြစ်ပွားသော ရှစ်လေးလုံး အရေးတော်ပုံကာလ ရန်ကုန်မြို့တွင် တွေ့ရသည့် လူထုဆန္ဒပြပွဲ တခု

၈၈ အရေးတော်ပုံ နှင့် သူရဲကောင်းများ

by ထက်မြက်
8 August 2017
11.5k

ထိုသို့သော စစ်အာဏာရှင် စနစ်နှင့် အတူ ပေါက်ဖွားလာခဲ့သော မဆလ တပါတီ အာဏာရှင် စနစ်ကို ဖြုတ်ချနိုင်ခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ပြည်သူလူထု အသက်ပေါင်းများစွာ စတေး၍ တိုက်ပွဲ ဝင်ခဲ့ကြရ လေသည်။

ကမ္ဘာမကြေသီချင်းကို ရေးဖွဲ့ခဲ့သူ တေးရေး နိုင်မြန်မာ / မျိုးမင်းစိုး / ဧရာဝတီ

ရှစ်လေးလုံးက အလိမ်ခံလိုက်ရတယ်လို့ပဲ ခံစားရတယ်

by သဇင်လှိုင်
6 August 2020
24.1k

ရှစ်လေးလုံး အရေးတော်ပုံတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည့်အပြင် ရှစ်လေးလုံး အရေးတော်ပုံ၏ အနှစ်သာရသီချင်း ဖြစ်လာခဲ့သည့် ကမ္ဘာမကြေသီချင်းကို ရေးဖွဲ့ခဲ့သူ တေးရေး နိုင်မြန်မာ ကို ဧရာဝတီ သတင်း ထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းခဲ့သည်။

၁၉၈၈ ဩဂုတ်လ ၂၆ ရက် ရွှေတိဂုံ ခြေရင်းတွင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို မိန့်ခွန်းပြောကြားစဉ် / ထိန်ဝင်း

ရှစ်လေးလုံး အရေးတော်ပုံ ရှားပါးဓာတ်ပုံများ ပြမည်

by ကျော်ဖြိုးသာ
28 July 2018
20.3k

အချို့သော ဓာတ်ပုံများမှာ အင်တာနက်တွင် ပြန့်နှံနေပြီး ဖြစ်သော်လည်း ၎င်းတို့ကို မြန်မာနိုင်ငံတွင် ပြပွဲအဖြစ် ခင်းကျင်းပြသခြင်းမှာ ယခု ပထမဆုံး အကြိမ်ဖြစ်သည်။

၃၁ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားတွင် တွေ့ရသည့် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး / အောင်ကျော်ထက် / ဧရာဝတီ

ရှစ်လေးလုံး ငွေရတု စာတမ်းပါ အချက်တချို့ အကောင်အထည် မဖော်နိုင်သေးကြောင်း ဦးကိုကိုကြီး ပြော

by လဲ့လဲ့
8 August 2019
5.4k

ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်သည့် အမျိုးသား အင်အားစု အားလုံး ပါဝင် သော ညီလာခံတရပ် ကျင်းပနိုင်ရေးဆိုသည့် အချက်အား အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးကြောင်း

Next Post
မောင်တော၌ ဒေသခံများ ကျေးရွာများမှ စွန့်ခွာမှုများရှိနေ / နိရဉ္စရာ သတင်းဌာန

မောင်တော၌ ဒေသခံများ ကျေးရွာများမှ စွန့်ခွာမှုများရှိနေ

တပ်မတော်စစ်ကြောင်းများ ဖမ်းဆီးသွားသည့် ဦးအင်လမ်းဘောက်နော်

ဖမ်းဆီးသွားသည့် အရပ်သားအား အမြန်ပြန်လွှတ်ပေးရန် ကချင်အဖွဲ့များ တောင်းဆို

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate