• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ရေကြီးရေလျှံမှုများအပေါ် မိုး/ဇလ ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးနှင့် တွေ့ဆုံခြင်း

by သဇင်လှိုင်
18 August 2017
in အင်တာဗျူး
A A
မိုး/ဇလ ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး

မိုး/ဇလ ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး

11.7k
VIEWS
Share on FacebookShare on Twitter

သြဂုတ်လအတွင်း ဧရာဝတီမြစ် နှင့်ချင်းတွင်းမြစ်တို့သည် စိုးရိမ်ရေအမှတ် အသီးသီးသို့ ရောက်ရှိနေကြပြီး လာမည့် ရက်များ အတွင်း ဧရာဝတီ၊ ချင်းတွင်း၊ သံလွင် အစရှိသည့် မြန်မာနိုင်ငံတဝန်း မြစ်ကြီးများတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိ လာနိုင်သည့် အခြေ အနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေသော ရေကြီး ရေလျှံမှုများနှင့် ပတ်သက်ပြီး မိုးလေ ဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ မြန်မာနိုင်ငံတဝန်းမှာ ရေကြီးနေတဲ့ အခြေအနေတွေ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် လက်ရှိ ရေကြီးနေမှု အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

RelatedPosts

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
513
ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

13 May 2025
70
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.6k

ဖြေ ။ ။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ လွန်ခဲ့တဲ့ ၄၊၅၊၆ ရက်လောက်က နေရာကွက်ပြီး မိုးကြီး ခဲ့တယ်။ နောက်တရက် နှစ်ရက်လောက်မှာ မိုးအားလျော့သွားမယ့် အနေအထားရှိပါတယ်။ ဒါကြောင့် ခန္တီး တို့မှာ မနက်ဖြန် လောက် ကနေစပြီး ရေပြန်ကျလာနိုင်တယ်။ ဒါပေမယ့် ဟုမ္မလင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့ မှာတော့ ၂ ရက်အတွင်းမှာ ထပ်တက်လာနိုင်တယ်။

ဒီရေတွေက အောက်ကိုဆက်ပြီး စီးဆင်းနေတာ ဖြစ်တဲ့အတွက် ကလေးဝ၊ မော်လိုက် ၊ မုံရွာမြို့မှာတော့ ၃ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်ပါတယ်။ ဒါကတော့ ချင်းတွင်းမြစ်အပိုင်းပေါ့။ ဧရာဝတီ မြစ်အပိုင်းမှာတော့ ဒီနေ့ ရေပြန် တက်လာမယ့် အနေအထားရှိတဲ့အတွက်ကြောင့် ဗန်းမော်မှာလည်း ၂ရက်အတွင်း စိုးရိမ် ရေမှတ်ကို ရောက်သွားနိုင် တယ်။

မေး ။ ။ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ကြီး ၂ ခုအပြင် နောက်ထပ် ဘယ်မြစ်တွေကကော စိုးရိမ်ရေမှတ်ကို ကျော်လာနိုင် ပါသလဲ။

ဖြေ ။ ။လောလောဆယ် သံလွင်မြစ် ၊ ဘားအံမှာတော့ စိုးရိမ်ရေမှတ်ကို မရောက်သေးဘူး။ နောက် ၃ ရက် လောက်ဆိုရင် စိုးရိမ်ရေမှတ်ကို ရောက်နိုင်တဲ့ အနေအထားရှိတယ်။ နောက် ၂ ရက် ၃ရက်အတွင်းမှာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးကောင်းလာတာရယ်၊ နောက်ပြီး ဒီရေ ပြန်တက်ချိန်လည်း ရှိနေတဲ့အတွက် သံလွင်မြစ် ၊ ဘားအံမြို့မှာတော့ စိုးရိမ်ရေမှတ် ရောက်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

မေး ။ ။ မိုးကောင်းလို့ သံလွင်မြစ်ရေ တက်လာမယ်ဆိုရင် အဓိကသတိထားရမယ့် မြို့တွေက ဘယ်မြို့တွေ ဖြစ်မလဲ။

ဖြေ ။ ။ ဘားအံမှာ သတိပြုဖို့ လိုတယ်။ ဒါပေမဲ့ နောက် ၂ ရက် ၃ ရက်အတွင်းမှာ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ မိုးများလာနိုင်တဲ့ အတွက်ကြောင့် အဲဒီဒေသတွေမှာရှိတဲ့ မြစ်ငယ်၊ ချောင်းငယ်တွေမှာလည်း ရေကြီး ရေလျှံမှု တွေ ဖြစ်လာနိုင်ပါတယ်။

မေး ။ ။ မြစ်ရေကလည်း တက်နေတယ်။ ဒီရေလည်း ရှိနေတော့ ဒီရေအခြေအနေကကော ဘယ်လိုရှိပါသလဲ၊ ဘယ် လောက် စိုးရိမ်ရပါသလဲ။

ဖြေ ။ ။ သူက နေ့ ပုံမှန်မရှိဘူး။ မနက်ပိုင်းမှာ တက်တယ်၊ ညပိုင်းမှာ ပြန်ကျတယ်။ တချို့ဒေသတွေမှာလည်း နေ့ခင်းပိုင်း တက်လာတယ်၊ ည ပြန်ကျသွားတယ်။ ရက်နဲ့ အချိန်အပေါ် မူတည်ပြီး အတက်အကျက နေ့စဉ် ပြောင်းလဲတာပေါ့။ ဒီရေ အတက်အကျက ပင်လယ်ရေစီးကြောင်းတွေရဲ့ သက်ရောက်မှုတွေ ပေါ်မှာလည်း မူတည်တယ်။ အခု ဒီရေအတက်အကျ အခြေအနေကတော့ မနက်ဖြန် သန်ဘက်ခါဆိုရင် ပြန်တက်မယ့် အနေအထားရယ်၊ မိုးကလည်း ထပ်ပြီးရွာမယ့် အနေ အထားပေါ့။ မြစ်ရေကလည်း အတက်ဘက်ကို ရောက်တဲ့ အနေအထားတွေကြောင့် ဘားအံမြို့မှာ နောက် ၃ ရက်လောက် အတွင်း စိုးရိမ်ရေမှတ် ရောက်နိုင်တယ်ဆိုပြီး ထုတ်ထားတာ။

မေး ။ ။ ရေကြီးမှုတွေက နှစ်တိုင်း ကြုံနေရတာဆိုတော့ မြန်မာနိုင်ငံမှာ ရေကြီးမှု အဖြစ်အများဆုံး ကာလတွေက ဘယ် ကာလတွေလဲ။ ဘယ်အချိန်တွေမှာ သတိထားရမှာလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ ရေကြီးမှု ဖြစ်တာက ဇူလိုင်နဲ့ သြဂုတ်လမှာ အများဆုံး ဖြစ်တယ်။ ဇူလိုင်မှာတော့ မြစ်အထက်ပိုင်း တွေ ကြီးပြီးတော့ ဇူလိုင်လကုန်ပိုင်းမှာတော့ မြစ်အောက်ပိုင်းတွေမှာ ကြီးတယ်။ ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ ဇူလိုင်လ မှာတင် မြစ်အထက်ပိုင်းရော အောက်ပိုင်းရော ကြီးသွားတာပေါ့။ သြဂုတ်လမှာလည်း အထက်ပိုင်းတွေမှာ ကြီးနေတယ်။ အထူးသဖြင့် ဒုဋ္ဌဝတီမြစ်တို့ စစ်တောင်းမြစ်တို့နဲ့ ဘားအံမြို့တို့မှာတော့ စက်တင်ဘာ၊ အောက်တိုဘာတွေမှာ ရေကြီးမှု ဖြစ် တယ်။

ဧရာဝတီမြစ်တို့ ချင်းတွင်းမြစ်တို့ကတော့ ဇူလိုင်လနဲ့ သြဂုတ်လမှာ အများဆုံးဖြစ်တယ်။ အရင်တုန်းကတော့ ရေကြီး ကာလကို ၂ ကြိမ်လို့ပဲ သတ်မှတ်ထားတယ်။ ဇူလိုင်၊ သြဂုတ်က တဆက်တည်း သွားတယ်။ မိုးလယ်ကာလ အနေနဲ့ တကြိမ်ပဲ ယူတယ်ပေါ့။ ပြီးရင် စက်တင်ဘာ၊ အောက်တိုဘာကို တကြိမ် ယူတယ်။ ဒီနှစ်မှာ ထူးခြားသွားတာက ဇူလိုင် လဆန်း ၁ ရက်မှာကတည်းက အထက်ပိုင်းမှာ ရေကြီးနေတဲ့ အခါကျတော့ ဇူလိုင် လ ၁၀ ရက်လောက်မှာ အောက်ပိုင်း ဒေသတွေမှာ မြစ်ရေကြီးတာတွေ ဖြစ်လာတာပေါ့။ ဇူလိုင်လထဲမှာတင် အထက်ရော အောက်ရော ဖြစ်သွားတဲ့ အခါ ကျတော့ သြဂုတ်လမှာလည်း နောက်တကြိမ် ထပ်ဖြစ်တယ်။ ဒီနှစ်ရဲ့ ထူးခြားချက်ပေါ့။ အောက်တိုဘာ နောက်ပိုင်းဆို ရေကျတဲ့အတွက်ကြောင့် နိုဝင်ဘာကနေစပြီး မတ်လအထိကို ရေတွေပြန်ကျတဲ့ ကာလ (Low Flow Season) ဆိုပြီး သတ်မှတ်ထားပါတယ်။

မေး ။ ။ ဒီ ၂၀၁၇ ခုနှစ်ထဲမှာ ရေကြီးမှုဖြစ်စဉ် ဘယ်နှကြိမ်လောက် ဖြစ်ပြီးပြီလဲ။ ဘယ်အချိန်တွေမှာ ဖြစ်လာနိုင်ခြေ ရှိသလဲ။

ဖြေ ။ ။ဒီနှစ်အနေနဲ့ ဇူလိုင်လမှာ တကြိမ်၊ သြဂုတ်လမှာ တကြိမ် ဖြစ်လာတယ်။ စက်တင်ဘာ ၊ အောက်တိုဘာလမှာ တကြိမ်၊ သူကတော့ မြစ်အငယ်လေးတွေမှာ ကြီးတာပေါ့။ ၃ကြိမ်ပေါ့။

မေး ။ ။ ခုန ပြောသွားသလို ဒီနှစ်ရဲ့ ထူးခြားချက်အနေနဲ့ မြစ်အထက်ပိုင်းရော အောက်ပိုင်းမှာပါ တပြိုင်တည်း မြစ်ရေကြီး တာက ဘာကြောင့်ပါလဲ။

ဖြေ ။ ။ အဓိကက ရာသီဥတု ပြောင်းလဲမှုပေါ့။ မုတ်သုံအင်အားက မိုးလယ်ကာလအတွင်းမှာ အားအသင့်အတင့်ကနေ အားကောင်းတဲ့ ရက်တွေက များတယ်။ အနောက်ဘက်ကနေ လာတဲ့ လေပွေလှိုင်းတွေကြောင့် ကချင်ပြည်နယ်နဲ့ စစ် ကိုင်းတိုင်းတွေမှာ မိုးရွာသွန်းမှုတွေ ဖြစ်တယ်။ ဇွန်လကုန်ခါနီးမှာ အနောက်ဘက်ကနေ လာတဲ့ လေပွေလှိုင်းတွေကြောင့် မိုးရွာသွန်းမှုတွေ ၄၊ ၅၊ ၆ ရက်လောက် ဖြစ်ပြီး ရေကြီးမှုတွေ ဖြစ်တယ်။ အခုလည်း ဒီလိုပဲ။ အနောက်ဘက်ကနေ လာတဲ့ လေပွေလှိုင်းတွေနဲ့အတူ ပါလာတဲ့ တိမ်တိုက်တွေကြောင့် ရေကြီးမှု ဖြစ်တာပေါ့။

မေး ။ ။ နှစ်တိုင်း ဖြစ်နေကျ ဆိုပေမယ့် ရေကြီးတိုင်း ဆုံးရှုံးမှုတွေကလည်း ရှိနေတာဆိုတော့ ဒီနှစ်ကကော စိုးရိမ်ရတဲ့ အနေအထား ရှိလား။ ပိုပြီး ဆိုးရွားလာနိုင်လား။

ဖြေ ။ ။ ရေကြီးမှု ဖြစ်လာပြီဆိုရင်တော့ စိုးရိမ်ရတာပေါ့။ ထူးထူးခြားခြား အနေနဲ့က မရှိဘူး။ အရင်တုန်းကတော့ ဒီလိုရေကြီးမှု ဖြစ်စဉ်တွေက ၃၊၄နှစ်မှ တကြိမ်ဖြစ်တာ။ ၂၀၁၅ ကနေ စပြီးတော့မှ နှစ်စဉ်နှစ်တိုင်း ဖြစ်တယ်။ ၃ နှစ်ဆက်တိုက် ရေကြီးမှုဖြစ်တာ ကတော့ နည်းနည်း ထူးခြားတယ်။

မေး ။ ။ရေကြီးလာရင် တခြားဘယ်လို အန္တရာယ်တွေကို သတိထားဖို့ လိုပါသေးလဲ။

ဖြေ ။ ။ အဓိကကတော့ ရေကြီးလာရင် ရေစီးကြောင်းက တိုက်စားတဲ့ မြစ်ကမ်းပါး ပြိုတဲ့ကိစ္စတွေ။ နောက်ပြီးတော့ မြစ်ရေ တွေ ဝင်ရောက်တဲ့အတွက်ကြောင့် နေရာ၊ မြေပြင် ပျက်စီး ဆုံးရှုံးမှုတွေ။ အဲဒီလိုပဲ ရေကြီးမှုနဲ့အတူ ပါလာတဲ့ အဆိပ်ရှိတဲ့ သတ္တဝါတွေ။ သူတို့ရဲ့ဘေးအန္တရာယ်တွေကိုလည်း သတိပြုဖို့ လိုပါတယ်။ မြစ်ရေတွေ မြင့်တက်လာပြီဆိုရင် မြစ်ထဲကို သစ်တွေ၊ ဝါးတွေ မျောတာပေါ့ ။ အဲဒီအခါကျရင် လှေတွေ ၊ သင်္ဘောငယ်တွေ အနေနဲ့ သစ်လုံးတွေနဲ့ ဝင်တိုက်ပြီးတော့မှ သင်္ဘောမှောက်တဲ့ ဘေးအန္တရာယ်တွေကို သတိပြုဖို့တော့ လိုတယ်။

မေး ။ ။ အခုလက်ရှိ ရေကြီးတဲ့ အချိန်မှာ ဘယ်တိုင်းနဲ့ ပြည်နယ်တွေ သတိထားရမယ့် အနေအထား ရှိလဲ ဆိုတာ သုံးသပ် ပြောကြားပေးပါဦး။

ဖြေ ။ ။ အခု လောလောဆယ် ဖြစ်နေတာတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး။ နောက် ရေတွေက အောက်ကို ချင်းတွင်းနဲ့ ဧရာဝတီပေါင်းစုံပြီး ဆင်းလာတဲ့ အတွက်ကြောင့် သတိပြုဖို့တော့ လိုတယ်။ အခု မန္တလေးတိုင်းနဲ့ မကွေး တိုင်းမှာ ရေက တော်တော်ပြန်ကျသွားပေမယ့် သတိပြုဖို့ လိုပါတယ်။ နောက်ပြီးတော့ ဧရာဝတီတိုင်းဒေသကြီး၊ နောက် ကရင်ပြည်နယ် ဒီဒေသတွေမှာ သတိပြုဖို့ လိုပါတယ်။ မန္တလေးတိုင်းတို့ ၊ မကွေးတိုင်းတို့မှာ လောလောဆယ် ရေကြီးမှုတော့ မဖြစ်သေးဘူးပေါ့။ အပေါ်မှာ ရေကြီးလာတဲ့အတွက်ကြောင့် အောက်ကို ဆင်းလာမယ့် ရေကို သတိပြုဖို့လိုတယ်။ ကရင်ပြည်နယ် ဘားအံမှာ ၃ရက် လောက်နေရင် စိုးရိမ်ရေမှတ်ကို ရောက်နိုင်တဲ့အတွက် သတိပြုဖို့ လိုပါတယ်။

Your Thoughts …
Tags: မိုးရွာသွန်းမှု
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ငလျင်ဒဏ်ခံရတဲ့နေရာတွေမှာ မိုးများရင် မြေကျွံပေါက်တွေဖြစ်လာနိုင်  (ရုပ်/သံ)

ငလျင်ဒဏ်ခံရတဲ့နေရာတွေမှာ မိုးများရင် မြေကျွံပေါက်တွေဖြစ်လာနိုင် (ရုပ်/သံ)

by ဧရာဝတီ
9 April 2025
134

စစ်ကိုင်းတိုင်း၊ ရေမျက်ကြီးအင်းအနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်း၊ မန္တလေး နဲ့ နေပြည်တော် အနီးတဝိုက် မှာ မြေကြီးအက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ပြသာဒ်ကြီးဘုရား အနောက်ဘက်မုဒ်တံကဲ ပြုတ်ကျ

မိုးများ၍ ပုဂံဘုရား ၁၄ ဆူ ထိခိုက်ပျက်စီး

by ဧရာဝတီ
19 October 2021
4.5k

မနေ့က ဖြစ်တာတော့ စုစုပေါင်း ဘုရား ၁၄ ဆူပါ။ မိုးများလို့ ဖြစ်တာပါ။ ဒီမှာက ဆက်တိုက် ၂ ရက်လောက်က မိုးရွာတော့ မိုးများ လို့ ဖြစ်သွားတာတွေပေါ့။ ဘုရားအဆူက များပေမယ့် ပျက်စီးမှုက အရမ်းမများပါဘူး

ယနေ့ညနေ ထုတ်ပြန်သည့် ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည့် အခြေအနေ / မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန

မွန်၊ ကရင်နှင့် တနင်္သာရီ တို့တွင် မိုးပိုဦးမည်

by သဇင်လှိုင်
9 August 2019
10.4k

မွန်ပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် ၃ ခုတွင် လာမည့် ၃ ရက်အတွင်း မိုးဆက်လက် ရွာသွန်း နေဦးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)မှ သိရသည်။

ရန်ကုန်မြို့ မိုးရွာချိန်တွင် ဖြတ်သန်းနေကြသူများ / ထက်ဝေ / ဧရာဝတီ

မုတ်သုံလေလျော့၍ မိုးရွာသွန်းမှု လျော့ကျနိုင်ဟု မိုးဇလပြော

by သဇင်လှိုင်
14 August 2019
6.8k

မုတ်သုံလေ အားပျော့လာသဖြင့် ယခုရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှု လျော့ကျသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

တောင်ကိုရီးယားမှာ ကြုံတွေ့နေရတဲ့ မိုးရွာသွန်းမှု

တောင်ကိုရီးယားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူသေဆုံးမှု ဖြစ်ပွား

by ညီညီသူ
4 August 2020
32.1k

တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတ Moon Joe-in ကလည်း တနိုင်ငံလုံးကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရေကြီးရေလျှံ ဖြစ်ပွားနေစဉ်  / ဧရာဝတီ

ဇွန်လအတွင်း ရေဘေးကြောင့် လူ ၂၄ ဦး သေဆုံးခဲ့

by သဇင်လှိုင်
23 June 2018
11.2k

မကွေးတိုင်းဒေသကြီးတွင် ရေဘေးကယ်ဆယ်ရေး စခန်း ၈ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် စခန်း ၁၀ခု နှင့် မွန်ပြည်နယ် တွင် စခန်း ၃၉ခုတို့ကို ဖွင့်လှစ်ခဲ့ပြီး ဇွန်လ၂၁ ရက်နေ့တွင် စခန်းအားလုံး ပိတ်သိမ်းပြီး ဖြစ်

Next Post
ရွှေတိဂုံဘုရားအနီးရှိ စစ်သမိုင်းပြတိုက်ဟောင်းနေရာကို စတင် ရှင်းလင်းနေစဉ် / သက်ထွန်းနိုင် / ဧရာဝတီ

စစ်သမိုင်းပြတိုက်ဟောင်းနေရာတွင် တည်ဆောက်မည့် စီမံကိန်းအပေါ် မေးခွန်းထုတ်

အားကစား စိတ်ဓာတ်ရှိရဲ့လား (ကာတွန်း – ကျော်သူရိန်/ဧရာဝတီ)

အားကစား စိတ်ဓာတ်ရှိရဲ့လား (ကာတွန်း - ကျော်သူရိန်/ဧရာဝတီ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate