• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

မောင်တော ကုန်သွယ်မှု ရပ်ဆိုင်းသွားတယ်

by မျိုးပပစန်း
28 August 2017
in အင်တာဗျူး
A A
မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်း  / ဧရာဝတီ

မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်း / ဧရာဝတီ

6.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ ရေထွက်ကုန်များ အဓိကထား တင်ပို့နေသည့် မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ကုန်သွယ်ရေးဇုန်သည် လက်ရှိတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသောကြောင့် ကုန်သွယ်ရပ်ဆိုင်းထားခြင်းများနှင့် ကြုံတွေ့နေရသည်။

အဆိုပါ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေသည့် မောင်တောနယ်စပ်ကုန်သွယ်ရေး လက်ရှိအခြေအနေများနှင့် ပတ်သတ်ပြီး ဖြစ်ပေါ်နေသည့် ကုန်ပစ္စည်းပိတ်မိနေသည့် အခက်အခဲများနှင့် ကုန်သွယ်မှုအခြေအနေများကို ဧရာဝတီသတင်းထောက် မျိုးပပစန်းမှ မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းကို တွေ့ဆုံမေးမြန်းခဲ့သည်။

RelatedPosts

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

13 June 2025
558
LGBT ဖြစ်တည်မှုကြောင့် သတ်သေသွားကြတဲ့လူတွေအများကြီးရှိတယ် (ရုပ်/သံ)

LGBT ဖြစ်တည်မှုကြောင့် သတ်သေသွားကြတဲ့လူတွေအများကြီးရှိတယ် (ရုပ်/သံ)

12 June 2025
70
၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

12 June 2025
345

မေး။ ။အခုလက်ရှိ မောင်တော နယ်စပ်ကုန်သွယ်ရေးအခြေအနေက ဘယ်လို ရှိပါသလဲရှင့်။ ကုန်ပစ္စည်းတွေ ပိတ်မိနေတယ်လို့လဲ သိရပါတယ်။ အဲ့ဒါတွေနဲ့ ပတ်သတ်ပြီး ဦးတို့ ဘယ်လို စီစဉ်ဆောင်ရွက်သွားဖို့ရှိပါသလဲ။ ဘယ်လို ကုန်ပစ္စည်းမျိုးတွေ ပိတ်မိနေပါသလဲ ရှင့်။

ဖြေ။ ။ကျနော်တို့ ယခုနှစ် သြဂုတ်၂၅ ရက်နေ့ ဖြစ်စဉ်ဖြစ်ပွားမှု အပြီးမှာပဲ သြဂုတ်လ ၂၆ ရက်နေ့ကမှာ ကုန်သွယ်မှု ရပ်ဆိုင်းသွားပါတယ်။ ပိတ်ထားတာ မဟုတ်ပါဘူး။ ရပ်ဆိုင်းသွားတာပါ။ အဲ့လိုရပ်ဆိုင်းတဲ့ အထဲမှာ အရေးကြီးဆုံးကတော့ ရေထွက်ပစ္စည်း ဖြစ်ပါတယ်။

ရေထွက်ပစ္စည်းထဲမှာက အဓိက ငါးမြစ်ချင်း၊ နောက်ပြီးတော့ စိုက်ပျိုးရေး ထွက်ကုန်ထဲမှာတော့ ဂျင်းစိမ်း၊ ပြီးတော့ ဆန်ဖြစ်ပါတယ်။ ဒီကုန်ပစ္စည်းတွေ ပိတ်မိနေပါတယ်။ အခုတော့ ကျနော်တို့ ရေထွက်ပစ္စည်းကို စစ်တွေကို ပို့ဖို့ လုပ်နေပါပြီ။ ကျန်တဲ့ ဂျင်းစိမ်းနဲ့ ဆန်ကိုတော့ ကျနော်တို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ စဉ်းစားနေပါတယ်။ လောလောဆယ် အခိုက်အတန့်ကို ဘယ်လို ပြန်ပြီး လုပ်ရမလဲပေါ့နော်။ ဂျင်းစိမ်းဆိုတာကလဲ ကြာရင် အပင်ပေါက်လာနိုင်တယ်။ ဆန်ကလဲ မဲလာနိုင်တယ်။ ကုန်သည်တွေကျတော့ ကိုယ့်ကုန်ပစ္စည်းက ကိုယ့်လက်ထဲရှိနေတဲ့အတွက် နစ်နာတယ်လို့တော့ ပြောလို့မရပါဘူး။ အဲ့သဘောလေးပါပဲ။

မေး။ ။ ကုန်ပစ္စည်းတွေက ဘယ်လောက် ပမာဏ (တန်ဖိုး) အားဖြင့် ရှိပါသလဲ။
ဖြေ ။ ကုန်ပစ္စည်းပမာဏ တန်ဖိုးအားဖြင့်တော့ ငါးမြစ်ချင်းက ကျပ်သန်း ၁၅၀၀ လောက် ရှိပါတယ်။ ဆန်ကတော့ တန်ချိန် ၃၀၀ ကျော်လောက်ရှိပါတယ်။ အဲတော့ ဆန်အိတ်ရေ ၆၀၀၀ ကျေ်ာလောက်တော့ ရှိပါတယ်။ အဲ့ဒီပတ်ချာလည်လောက်ပါပဲ။ ပြီးရင် ဂျင်းစိမ်းပေါ့နော်။ အဲဒါကတော့ တန်ချိန် ဘယ်လောက်ရှိတယ် မပြောနိုင်ပါဘူး။

မေး။ ။ အခုလက်ရှိ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သတ်ပြီး ဦးတို့အနေနဲ့ ဘယ်လိုမျိုး အစိုးရကို တင်ပြသွားဖို့ ရှိပါသလဲ။

ဖြေ။ ။ ဒါတွေကို ဖြေရှင်းဖို့ အများဆုံးဖြစ်နိုင်တာကတော့ စစ်တွေကို ပြန်ပို့ဖို့ပဲ ဖြစ်တယ်။ ပြန်ပို့ဖို့ ကျနော်အနေနဲ့ ထင်တာကတော့ အချိန်တိုမယ်ထင်တယ်။ ဒါပေမယ့် အချိန်ကြာခဲ့ရင် ဘယ်လိုလုပ်မလဲပေါ့။ ကျနော်က မှန်းတာက အချိန်တိုနိုင်တယ်။ ပြောတာက အခု အစိုးရနဲ့ တပ်မတော်နဲ့ လုပ်ထားတာက တော်တော်တော့ အားရကျေနပ်မှု ရှှိပါတယ်။ ဒါကြောင့် ကျနော်ထင်တာက အဲ့လောက်ထိ အရင် ၂၀၁၂ ခုနှစ်တို့ လိုတော့ မကြာနိုင်ဘူူးလို့ ကျနော်ထင်ပါတယ်။ ဒါ ကျနော် အတွေးပါ။

မေး။ ။ အရင်နှစ်တွေကရော အခုလို အကြမ်းဖက်ဖြစ်စဉ်တွေ ဖြစ်ပွားတဲ့အခါ ကုန်စည်တွေ ဘယ်လောက်ကြာကြာ ပိတ်မိတာ ရှိခဲ့ပါသလဲ။ အခုပိတ်တဲ့ ကုန်စည်တွေကရော လုံခြုံမှု ရှိပါသလား။

ဖြေ။ ။ အခုပိတ်မိနေတဲ့ ကုန်စည်တွေကတော့ လုံခြုံမှုရှိပါတယ်။ ကုန်ပစ္စည်းတွေအနေနဲ့က မပျက်စီးပါဘူး။ အခုဖြစ်ပွားနေတာက နေရာအကုန်လုံး မဟုတ်ဘူး။ ဥပမာပြောမယ်ဆိုရင် ကုန်ပစ္စည်းတွေက ရခိုင်လူမျိုုးပိုင်တဲ့ ကုန်ပစ္စည်းကလည်း ဂိုထောင်ထဲမှာ ရှိမယ်။ ဘင်္ဂါလီပိုင်တဲ့ ကုန်ပစ္စည်းကလည်း ဂိုထောင်ထဲ ရှိရင်ရှိမယ်ပေါ့နော်။ ဒါပေမယ့် အခု ကုန်သွယ်မှုပိုင်းမှာတော့ ဖျက်ဆီးတာတို့ ဘာတို့မရှိသေးပါဘူး။ ရှိမယ်လို့လည်း ကျနော်မထင်ပါဘူး။

မေး။ ။ ဦးတို့အနေနဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သတ်ပြီး အခု ဒုသမ္မတ ၁ နှင့် လုပ်ငန်းရှင် တွေ့ဆုံပွဲမှာရော ဘာတွေ အစိုးရကို တင်ပြခဲ့ပါသလဲ။ ဒေသ ဖွံ့ဖြိုးရေးအတွက် ဘာတွေလိုအပ်ပါလဲ။

ဖြေ။ ။ ဆင်းရဲနွမ်းပါးတဲ့သူတွေ အလုပ်အကိုင်မရှိတဲ့ သူတွေက ဆင်းရဲလွယ်တယ်။ ဥပမာ ကလေးမွေးဖွားမှု များတဲ့သူတွေက ဆင်းရဲတယ်။ စီးပွားရေးလည်း ကြပ်တည်းတဲ့အချိန်မှာ အကြမ်းဖက်ရ လွယ်ကူတာပေါ့။ ဒါကြောင့် ဒီနေရာမှာ အလုပ်အကိုင် အခွင့်အလမ်းတွေပေါ်လာရင် ဆင်းရဲရ မလွယ်ဘူးပေါ့။ ဒါကြောင့် အခုလို တပ်မတော်က လုံခြုံရေး အဆင့်မြင့်တင်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ အချိန်မှာ ကျနော်တို့ကလည်း လူမှုစီးပွား ဘဝလေးကို မြင့်တင်ပေးစေချင်တယ်။ ဒါကို အလေးထားပြီး အဓိက ဆွေးနွေးတင်ပြထားပါတယ်။ ဒုသမ္မတ ၁ ကလည်း စိတ်ဝင်စားပါတယ်။ စီမံဘဏ္ဍာ ဝန်ကြီးကလည်း အများကြီးစိတ်ဝင်စားပါတယ်။ ဝန်ကြီးဌာန အကုန်လုံးက ဆောင်ရွက်ဖို့လည်း ပြောပါတယ်။ ဆွေးနွေးနေကြပါတယ်။

မေး။ ။ အခုလက်ရှိ အဓိက ကုန်သွယ်နေရတာတော့ ဘင်္ဂလားဒေရှ့်ပေါ့နော်။ ဒီပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေ အကုန်လုံးက ဘင်္ဂလားဒေရှ့် တင်ပို့မှာလားရှင့်။ ပြည်နယ်အနေနဲ့ အဓိက ဘယ်ကုန်ပစ္စည်းတွေ ထွက်ပါသလဲ။

ဖြေ။ ။ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေက ဘင်္ဂလားဒေရှ့်ကို တင်ပို့မှာဖြစ်ပါတယ်။ အားလုံးက ကုန်သည်တွေရဲ့ ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ အခုက အစိုးရအနေနဲ့ ဖိဖိစီးစီနဲ့လုပ်နေတယ်။ ကျနော်ထင်ပါတယ်။ ၂၀၁၂ ခုနှစ်ကလိုတော့ မကြာနိုင်ဘူး။ အဲ့ဖြစ်စဉ်မှာ တော်တော်လေးကြာနေတယ်။ ၂၀၁၆ ခုနှစ်မှာလည်း တော်တော်လေးကြာခဲ့တယ်။ လေး၊ ငါးလလောက် ကြာခဲ့တယ်။ ကြာရင်တော့ အခြေအနေအရ စောင့်ရမှာပေါ့လေ။ လူတောင်မှ အသက်ဘေးမှ လွတ်ဖို့ပြေးနေရတာပဲ စောင့်ရမှာပေါ့။

အဓိကတင်ပို့နေတာကတော့ ရေထွက်ပစ္စည်းရယ်။ နောက်ပြီးတော့ ဆန်ရယ်၊ ဂျင်းစိမ်းရယ်၊ ဝါးလုံးရယ် ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဖြစ်စဉ် နောက်ပိုင်းသည်မှ အခုချိန် သွင်းကုန်မရှိဘူး။ ယခင်ကတော့ ဒန်အိိုး၊ ဒန်ခွက်ရယ်၊ စားသောက်ကုန်တွေ သွင်းပါတယ်။

Your Thoughts …
Tags: ကုန်သွယ်မှုမောင်တော
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

by ဧရာဝတီ
12 December 2024
22.2k

အာရက္ခတပ်တော် (AA) က လက်ရဖမ်းမိထားသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁၅) ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ပြစ်မှုပြစ်ဒဏ်မျှတအောင် စစ်ဆေးစီရင်သွားမည်ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ပလက်ဝမြို့နယ်တွင် လှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင်တဦး  / ဧရာဝတီ

ရခိုင်စစ်မျက်နှာတွင် ပြင်းထန်နေသည့် တိုက်ပွဲကြီး ၄ ခု

by အေးချမ်းဆု
28 November 2024
7.1k

တိုက်ပွဲကြီး အားလုံးတွင် စစ်ကောင်စီသည် လေကြောင်းပစ်ကူ အလွန်အကျွံ သုံးနေသော်လည်း တောင့်ခံနိုင်ခြင်းမရှိဘဲ တောက်လျှောက် ဆုတ်ခွာနေရသည်။

ARSA အဖွဲ့ မောင်တောမြို့နယ်သို့ ဝင်ရောက် ခြိမ်းခြောက် စည်းရုံးမှုများရှိလာ

ARSA အဖွဲ့ မောင်တောမြို့နယ်သို့ ဝင်ရောက် ခြိမ်းခြောက် စည်းရုံးမှုများရှိလာ

by ဧရာဝတီ
2 September 2023
5.1k

ARSA အဖွဲ့များ ဝင်ရောက်လှုပ်ရှားလာခြင်းကြောင့် နယ်မြေ မတည်ငြိမ်မှုဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေ ကြနေကြောင်း ယင်းမြို့နယ်အတွင်း နေထိုင်သူများက ပြောဆိုသည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA စစ်ဆေးနေ (ရုပ်/သံ)

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA စစ်ဆေးနေ (ရုပ်/သံ)

by ဧရာဝတီ
12 December 2024
4.6k

ရခိုင်ပြည်နယ်၊ မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း ကို အရေးယူဖို့ စစ်ဆေးမှုတွေလုပ်နေတယ်လို့ အာရက္ခတပ်တော် (AA) ကပြောပါတယ်။

မောင်တော နောက်ဆုံးခံတပ်ကို AA အပြင်းအထန် ဝင်တိုက်

မောင်တော နောက်ဆုံးခံတပ်ကို AA အပြင်းအထန် ဝင်တိုက်

by ဧရာဝတီ
1 August 2024
4.5k

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးအဖွဲ့ ( ARSA )၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့( RSO )စသော မွတ်စလင်လက်နက်ကိုင်များ အပါအဝင် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသော မွတ်စလင် လူငယ်များလည်း ဝင်တိုက်ပေးနေကြောင်း

မောရဝတီဗျူဟာနှင့် နယ်ခြားစောင့်တပ်ရင်း ၄ကို AA ဆက်လက် စစ်ဆင်

မောရဝတီဗျူဟာနှင့် နယ်ခြားစောင့်တပ်ရင်း ၄ကို AA ဆက်လက် စစ်ဆင်

by ဧရာဝတီ
10 June 2024
4.4k

မောင်တောမြို့တောင်ပိုင်း အမှတ် ၄ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၄) ဌာနချုပ်နှင့် မောရ ဝတီဗျူဟာ စခန်းသိမ်းတိုက်ပွဲ ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်နေကြောင်း

Next Post
အကြမ်းဖက်မှုကြောင့် တိမ်းရှောင်နေရသူ တချို့ကို မောင်တော မြို့နယ်တွင်း တွေ့ရစဉ်  / နိရဉ္စရာ

ရခိုင်တွင် အကြမ်းဖက်မှုများကြောင့် တိမ်းရှောင် နေရသူများ အတွက် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ

အကြမ်းဖက်မှု အပေါ် မြန်မာမွတ်စလင်များရဲ့ အမြင် (ရုပ်/သံ)

အကြမ်းဖက်မှု အပေါ် မြန်မာမွတ်စလင်များရဲ့ အမြင် (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate