“လုံခြုံမှုရှိဖို့က အရမ်း အရေးကြီးတယ်”

ဧရာဝတီ
ဒေသခံများကို အကူအညီ အထောက်အပံ့များ ပေးအပ်နေသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့ အစည်းမှ ဒေါ်မီးမီး (အကျီ အနက်နှင့် မိုက်ခရိုဖုန်း ကိုင်ထားသူ / The 88 Generation Peace and Open Society facebook

ရခိုုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များရှိ မြန်မာ့ လုံခြုံရေး တပ်ဖွဲ့စခန်းများ တပြိုင်နက် တည်း တိုုက်ခိုက် ခံခဲ့ရပြီးနောက် သြဂုတ်လ ၂၅ ရက်မှ စတင်ကာ ဒေသခံများသည် နေရပ်စွန့်ခွာ ထွက်ပြေး နေကြရ သူများ ရှိနေပြီး နေရပ်တွင် ဆက်လက် နေထိုင်နေရဆဲ ပြည်သူများလည်း ရှိသည်။

ထိုဒေသခံ လူထုုထံ လူသားချင်းစာနာမှု အကူအညီများ သွားရောက် ထောက်ပံ့နေသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဒေါ်မီးမီးကို ကူညီထောက်ပံ့မှုနှင့် ပတ်သက်သည့် အခြေအနေများ၊ ဒေသ အခြေအနေများ နှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံ မေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး။  ။ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း အနေနဲ့ အကူအညီ သွားပေးတဲ့အခါ ဘယ်နေရာတွေကို ရောက်ခဲ့ပြီး ဘယ်လောက် အထိ ကူညီနိုင်ခဲ့ပါသလဲ။

ဖြေ။  ။ ကျမတိုု့ ရခိုုင်ပြည်နယ် စစ်တွေမြို့ကို ၂ ရက်နေ့က စရောက်ပါတယ်။ ၃ ရက်နေ့မှာပဲ မောင်တောကို ဆက်တိုက် ကျမ တို့ ကူးခဲ့တယ်။ မောင်တောကို ၂ ညအိပ်တဲ့အချိန်ထိ သွားဖို့ လမ်းကြောင်း တောင်းတယ်။ တကယ့်ကို ပိတ်မိေနေတဲ့ နေရာကို တကယ် အခက်အခဲဖြစ်နေတဲ့ နေရာကိုသွားပြီး လှူချင်တယ်။

၂ ည စောင့်ပြီး၊ ခရက ဥက္ကဌ နဲ့ ညှိတယ်။ ခရက ဥက္ကဌ က ကျမတို့ ကြိမ်ချောင်းရွာကို လမ်းကြောင်းပေးတယ်။ လမ်းကြောင်း ပေးပြီးတော့ ကျမတို့ ကြိမ်ချောင်းရွာကို သွားပြီး လှူခဲ့တယ်။ အသွားမှာတော့ ဒီကနေ ရဲတပ်သား ၅ ယောက် ထည့်ပေးတယ်။ အဲဒီ ရဲတပ်သား ၅ ယောက်ကို နောက်ထပ် ဌာနချုပ်မှာ နစက ၅ ယောက်နဲ့ ထပ်ချိန်းတယ်။ ဒါပေမယ့် ကျမတို့ အဲဒီ ကြိမ်ချောင်းမှာ ညအိပ်တယ်။ ည အိပ်တဲ့အခါမှာတော့ အဲဒီ နစက ရဲ ကတော့ ပြန်တယ်ပေါ့။ ပြန်တဲ့အခါ လမ်းကြောင်း တောင်းတဲ့အခါ ကျမတို့ကို သီးသန့် လုံခြုံရေး မပေးနိုင်ဘူး။ လမ်းမှာ ကင်းတွေရှိတယ် ဆိုပြီးတော့ ကျမတို့ အကြောင်း ပြန်ချက် ရခဲ့တယ်။ အပြန်မှာတော့ လုံခြုံရေး လမ်းကြောင်းမပါဘဲ ကိုယ့်ဘာသာကိုယ် မောင်တောကို အရောက်ပြန်ခဲ့ရ တယ်။

မေး။  ။ ကြိမ်ချောင်းကို သွားတဲ့လမ်းမှာ မိုင်းတွေ ရှိတယ်လို့ ပြောကြတယ်။ မိုုင်းရှင်းလင်းရေးကို ဘယ်လိုတွေ့ခဲ့ရလဲ။

ဖြေ။  ။ သူတိုု့က မနက်ဆို စောစော မိုင်းရှင်းတယ်။ ကျမတို့ သွားတဲ့အချိန်က နေ့ခင်းပိုင်းဖြစ်တယ်။ မိုုင်းလည်းရှင်းပြီးသား အချိန်ပေါ့။ ကြိမ်ချောင်းကို ရောက်သွားတဲ့အချိန်ထိ လမ်းဆိုးတာလွဲပြီး ကားက ဝိတ်ပါတဲ့အခါကျတော့ နွံနစ်တာက လွဲပြီး ကျမတို့ မိုင်း မတွေ့ခဲ့ရဘူး။ ပြန်တဲ့အချိန်မှာလည်း ကျမတို့ သွားဖို့ လမ်းကြောင်း တောင်းတဲ့အခါ မိုုင်းရှင်းနေတဲ့ အချိန်မို့ မသွားပါနဲ့ဦး ဆိုလို့ စောင့်တယ်။ ၂ နာရီလောက်စောင့်ပြီး ကျမတို့ ထွက်တဲ့အချိန်မှာ ကျမတို့ လမ်းတလျှောက် မိုင်းတွေ မတွေ့ခဲ့ရဘူး။ ကျမတို့ ကြိမ်ချောင်းမှာ ညအိပ်စဉ်မှာ ၂၄ မိုင်မှာ မီးရှို့တာတွေ့ရတယ်။ မီးရောင်မြင်ရတယ်။ နောက်ပြီးတော့ တိုက်ပွဲဖြစ်တဲ့ အသံတွေ သေနတ်သံတွေ ကြားရတယ်။

မေး။  ။ ဒေသခံတွေဟာ သူတို့ လုံခြုံရေးအတွက် အရမ်းစိုးရိမ်နေတာကို တွေ့ရတယ်။ အဲဒီ သူတို့ စိုုးရိမ်မှုတွေ ပျောက် အောင် အစိုးရ အာဏာပိုင်တွေ အနေနဲ့ လုံခြုံရေးအတွက် ပြင်ဆင်မှုက ဘယ်လောက်အထိ အားနည်းနေလိုု့လဲ။

ဖြေ။  ။ ကျမတို့ ကြိမ်ချောင်းမှာနေစဉ် အဲ့ဒီလို အသံတွေ ကြားရတယ်။ ကြိမ်ချောင်းမှာ ထွက်တဲ့ ညမှာပဲ စရဖ ရုံးရှေ့က ဆိုုင်ခန်း မီးလောင်တယ်လို့ ပြောတယ်။ ကျမတိုု့ မျက်မြင်တွေ့ရတာတော့ လူတွေက အရမ်း ကြောက်ကြတယ်။ ကျမတိုု့ ကုန်တင်ကား ၄ စီးပေ့ါနော်။ မယက ကုန်တင်ကား ၂ စီး၊ ပြည်သူ့လွှတ်တော်ရဲ့ ကား ၁ စီး၊ ကျမတို့ ၁ စီး၊ အားလုံးပေါင်း ၄ စီးပါတယ်။ အဲဒီ ၄ စီးပါတဲ့အချိန်မှာ အဲဒီကုန်တင်ကား ၄ စီးလုံးအပေါ်ကို လူတွေက အလုအယက် တက်ကြတယ်။

ဘာဖြစ်လို့လဲဆို ညဘက် တိုုက်ပွဲဖြစ်တဲ့ ရန်အောင်မြင်က လူတွေက ပြေးလာတယ်။ ပြေးလာပြီးတော့ အလုအယက်တက် တယ်။ ဘယ်လိုမှ တားလို့မရဘူး။ နစက လည်း တားလို့မရဘူး။ တပ်ကလည်း တားလို့မရဘူး။ ရဲကလည်း တားလို့မရဘူး။ ကျမတိုု့နဲ့ ပါတဲ့ မယက ဒုဥက္ကဌ လည်း တားလို့မရဘူး။ အကုန် အလုအယက် တက်ကြတယ်။ ကျမတို့လည်း နောက်ဆုံး ဘယ်လိုမှ ဆွဲချလိုု့မရဘူး။ ခေါ်လာခဲ့ရတယ်။

လူထုသိတာသည် ငါတိုု့ရှေ့မှာ မားမားမတ်မတ် ကာကွယ်ပေးမယ့်၊ မားမားမတ်မတ် ရပ်တည်ပေးမယ့် ရဲဘော်တွေ သူတိုု့ ရှေ့မှာ ရှိနေတယ် ဆိုုရင် ဘယ်သူမှ မကြောက်ကြဘူး။ အခုုက ကျမတိုု့ မြင်ရတာက ကြိုပြီးတော့ ဒီအန္တရာယ်ကို ကာကွယ် ပေးဖိုု့ထက် ဖြစ်လာတဲ့အခါမှ ဖြစ်လာတော့မှ လာတိုုက်တဲ့အခါကျမှ ပြန်တိုုက်တယ်။ ပြန်ပြီးတော့ နယ်မြေ ရှင်းလင်းရေး ပြန်လုပ်တယ်။ အရာရှိတယောက်ရဲ့ ပြောစကားအရဆိုရင် သူတိုု့ နယ်မြေရှင်းလင်းရေး လုုပ်လာတဲ့အခါ တပ်ကြပ်ကြီး တယောက် ဆွဲမိုင်းထိသွားတယ်။ ဆွဲမိုင်းထိခံရတဲ့ တပ်ဖွဲ့တိုုင်းကို ကျမမေးကြည့်တော့ ဆွဲမိုင်းထောင်တဲ့လူကို မိသလားဆို သူတိုု့က ဆွဲမိုင်းထောင်တဲ့လူဆီ မလိုုက်နိုုင်ဘူး။ လုပ်တဲ့လူတွေက နယ်မြေ ကျွမ်းကျင်မှု အရမ်းရှိတဲ့အခါကျတော့ သူတိုု့ နောက်ကို မလိုုက်နိုုင်ဘဲ ဒီမှာ ဆွဲမိုင်းထိတဲ့ လူရဲ့ အသက်အန္တရာယ်ကယ်ဖိုု့ ဆေးရုံဆေးခန်းပို့ဖိုု့ ဒါကိုပဲ အရင်ကြိုးစားနေ ရတဲ့ အခါကျတော့ ဟိုဘက်ကို လိုုက်ပြီး လက်ဆုပ် လက်ကိုင် မပြနိုုင်ဘူး။ ဒါ ကျမ တွေ့ခဲ့တဲ့ လူတိုုင်းကို မေးခဲ့တာ။

တချို့ကျတော့လည်း ကျမ မမြင်ကွယ်ရာမှာ မိချင်လည်း မိမယ်ပေါ့နော်။ တွေ့တဲ့ တပ်ဖွဲ့တိုင်း တပ်ဖွဲ့ဝင်တိုင်းကို မေးတော့ သူတိုု့က ဆွဲမိုင်းထောင်တဲ့လူကို မမိလိုုက်ဘူး။ ဒီဘက်လူရဲ့ အသက်အန္တရာယ် ကာကွယ်ပေးဖို့ လုပ်ရတဲ့အခါကျတော့ အချိန်မီ ဆေးရုံပို့ဖို့ လုပ်ရတဲ့အခါကျတော့ ဟိုဘက်ကို မလိုုက်နိုုင်ဘူး ပြောတယ်။ နယ်မြေရှင်းလင်းရေးကို နောက်က လိုက် တယ်။ ဆိုလိုတဲ့ သဘောက ကျမတို့ တိုင်းရင်းသားတွေ အဲဒီမြေဟာ နေဖိုု့၊ သူတိုု့ကို အကြောက်တရား ကင်းကင်းနဲ့ နေဖို့ဆိုတာ သူတိုု့ကို လုံခြုံမှုပေးဖိုု့လိုတယ်။ သူတိုု့ကို ကျမမေးတဲ့အခါ သူတိုု့က စားဖို့ သောက်ဖိုု့မလိုဘူးတဲ့။ စားဖိုု့အတွက် ကျမတိုု့ မစိုးရိမ်ဘူးတဲ့။ ဒါပေမယ့် လုံခြုံမှုရှိဖိုု့က အရမ်း အရေးကြီးတယ်။

ဒါဟာ အရမ်း အရေးကြီးပါတယ်။ ဘာဖြစ်လိုု့လဲဆို ၂၀၁၂ ဖြစ်တာနဲ့ အခုဖြစ်စဉ်ဟာ ဘယ်လိုမှ မတူပါဘူး။ ကျမတိုု့ တိုုင်းပြည် ရဲ့ အချုပ်အခြာ အာဏာကို ထိပါးတဲ့ ဖြစ်စဉ် တခုုပါ။ ကျမတိုု့ တိုုင်းပြည်အတွက်၊ ကျမတိုု့ တိုုင်းသူပြည်သား အားလုံး အတွက် အရမ်းအရေးကြီးတဲ့ အနေအထား ဖြစ်ပါတယ်။

မေး။  ။ တဖက်က အမြဲတမ်းပြောနေတာက ဒီ အိမ်မီးရှို့မှုတွေက တပ်မတော်က လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိတယ်။ ကိုယ်အောက်ခြေမှာ သွားတဲ့အခါ ဒေသခံတွေက ဒီလိုမျိုး အဖြစ်အပျက်တွေကို သိကြသလား။ သူတိုု့က လွတ်လွတ် လပ်လပ် ပြောနိုုင်ကြသလား။ ဘယ်သူတွေက လုပ်တယ်ဆိုတဲ့ အသိမျိုး သူတို့မှာ ရှိကြသလား။

ဖြေ။  ။ သူတိုု့ အများစု ပြောတာကတော့ အားလုံးက ကိုုယ့်အိမ်ကိုယ် မီးရှို့ပြီး ထွက်ပြေး သွားကြတယ်ပေါ့။ ဒါက ကျမတိုု့ က အိမ်မီးရှို့တာကို ကျမတိုု့ကိုုယ်တိုင် မမြင်ရဘူး။ ကျမတိုု့က အိမ်မီးလောင်တာကို မြင်ရတယ်။ ဒါပေမယ့် အဖြစ်အပျက် ကို ဖြစ်လာတဲ့လူတိုုင်း လူတိုုင်းကို လိုုက်မေးကြည့်တဲ့ အခါကျတော့ သူတိုု့ဟာ ကိုယ့်အိမ်ကို မီးရှို့ပြီး ထွက်ပြေး သွားကြ တယ် ဆိုတာကတော့ ရွာသားတိုင်းလိုလို ပြောကြတယ်။

မေး။  ။ လူဟာ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ထွက်ပြေးပါ့မလား ဆိုတဲ့ မေးခွန်းကို အများစုက မေးခွန်းထုတ်ကြတယ်။ အစ်မ အနေနဲ့ရော အခု ဖြစ်နေတဲ့ အပေါ်မှာ ဘယ်လို သုံးသပ်မိလဲ။

ဖြေ။  ။ ဒီမီးရှို့တယ် ဆိုတဲ့အပေါ်က ကျမက မျက်မြင်ကိုယ်တွေ့ မဟုတ်တဲ့အခါကျတော့ ဒီမီးက ဘယ်သူရှို့သလဲ၊ ဘာ ကြောင့် ရှို့သလဲ ဆိုတဲ့အရာထက် ကျမ ပိုုင်ပိုုင်နိုုင်နိုင်ပြောနိုင်တာ တခုုပဲ ရှိတယ်။ အဲဒါဘာလဲ ဆိုတော့ လက်လုပ်ဗုံး တွေနဲ့ ပစ်တယ်၊ ဆွဲမိုုင်းတွေ ထောင်တယ်၊ သေနတ်တွေနဲ့ ပစ်တယ်။ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိတယ်။ တကယ်တမ်း ကျလိုု့ ရှိရင် ကျမတိုု့ တိုင်းပြည်မှာ လက်နက်ကိုင်ရမယ် ဆိုတာ ကျမတိုု့ တိုုင်းပြည်မှာ ရှိတဲ့ ကျမတိုု့ တိုုင်းပြည်က ပိုုင်ဆိုုင်တဲ့ တပ် မတော်၊ ရဲ ကသာ လက်နက်ကိုင်ရမယ်။ ဒီ တခြား ရွာသွားတွေဆီ ဘာကြောင့် လက်နက်တွေ ရောက်နေရ သလဲ၊ ဘာ ကြောင့် သူတိုု့က ပစ်ခတ်ရတာလဲ။ ဘာကြောင့် လက်ပစ်ဗုံးတွေနဲ့ ပစ်ရတာလဲ။ ဘာကြောင့် ဆွဲမိုင်းတွေ ထောင် ရ တာလဲ။ ဒီ အိမ်မီးရှို့ခြင်း မရှို့ခြင်းထက် အရေးအကြီးဆုံး အချက်က ကျမတိုု့ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးဖိုု့ ကြိုးစား နေတယ် ဆိုတဲ့ အချက်ပါပဲ။  ။

Loading