အစိုးရနဲ့ ဖက်ဒရယ်ကိစ္စကို အမြန်ဆုံးဖြစ်စေချင်တယ်

နန်းလွင်နှင်းပွင့်
KBC အထွေထွေ အတွင်းရေးမှူး ၊ သိက္ခာတော်ရ ဆရာတော်ကြီး ဒေါက်တာခလမ်ဆမ်ဆွန်
Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်က ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ကိုယ်စားလှယ်များကို တရုတ်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ ခေါ်ယူတွေ့ဆုံပြီး ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေး၊ စီးပွားရေးဆိုင် ရာ အကြောင်းအရာများ ဆွေးနွေး မေးမြန်းခဲ့သည့်အပြင် မြစ်ဆုံ ရေကာတာစီမံကိန်းနှင့် ပတ်သက်၍လည်း ကချင်လူ ထုရဲ့သဘောထားတွေကို မေးမြန်းတာတွေ စည်းရုံးတာတွေ ရှိခဲ့တဲ့အပေါ် ဧရာဝတီအကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က KBC အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ စက်တင်ဘာလ ၁ ရက်က တရုတ်ကိုယ်စားလှယ်တွေနဲ့ KBC (ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်)က တွေ့ ဆုံခဲ့တာ ပြောပြပါဦး ။

ဖြေ။ ။ စက်တင်ဘာ ၁ ရက်နေ့မှာ တွေ့ပါတယ်။ သူတို့ကတော့ ပီကင်းက တိုက်ရိုက် အကြံပေးအဖွဲ့ပါ။ သူတို့က နယ်စပ်တလျှောက် ငြိမ်းချမ်းရေးလုပ်ဆောင်တဲ့အဖွဲ့လို့ ပြောတယ်။ နယ်စပ်မှာ ငြိမ်းချမ်းဖို့အတွက် ပီကင်းအစိုးရကနေ တိုက်ရိုက်တာဝန်ပေးထားတဲ့ အဖွဲ့တဲ့။ ကျနော်တို့လည်း တရုတ်အစိုးရ ဖိတ်ကြားလို့ သွားတယ်ဆိုတာ ဒါ ပထမဆုံး အကြိမ်ပဲ။ ကြားထဲက စကားပြန် ပြန်ပေးတဲ့လူတွေ ပြောတာက သူတို့က ရှီကျင့်ဖင်(တရုတ်သမ္မတ)ရဲ့အထူးအဖွဲ့၊ သူ့ရဲ့ နိုင်ငံတော် အကြံပေးအဖွဲ့တဲ့။ သူတို့က လေးဦး၊ ရွှေလီမှာ တွေ့တာပါ။

မေး။ ။ ဘာတွေ ဆွေးနွေးဖြစ်လဲ။ နောက်မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှင်းပြပေးပါဦး။ တရုတ်က ပြန်စဖို့ ကြိုး စားတဲ့ အခြေအနေတွေရှိနေလား။

ဖြေ။ ။ ဝနဲ့ ပူးပေါင်းတာကို ကချင်လူထုက သဘောမကျဘူးဆိုတဲ့ ကျနော့်ရဲ့အင်တာဗျူးကို ဧရာဝတီက ထည့် လိုက်တော့ တရုတ်မှာ အဲဒီမှာ သွားရှင်းရတယ်။

သွားရှင်းရတော့ မြစ်ဆုံကိစ္စကို မေးလာတယ်။ မြစ်ဆုံကိစ္စကို ကျနော်တို့ KBC က ထုတ်ပြန်ချက် ထုတ်ထားတာကို သူ တို့က တရုတ်လို ဘာသာပြန်ပြီးမှ ကောင်းကောင်း နားလည်တယ်။ သူတို့က တိုင်းပြည်တပြည် တိုးတက်ဖို့အတွက် လျှပ်စစ်အရမ်းလိုတာပေါ့။ မြန်မာပြည်ကြီးကိုလည်း သူတို့ တိုးတက်စေချင်တယ်။ ဒါကြောင့် လျှပ်စစ်လုပ်ရမယ်ဆိုတဲ့ အကြောင်း နောက်ဓာတ်ငွေ့ကိုလည်း မြန်မာပြည် တိုးတတ်ဖို့အတွက် ရည်ရွယ်တယ်ဆိုတဲ့ အကြောင်း၊ ဓာတ်ငွေ့နဲ့ ဂတ်စ်နဲ့ မြစ်ဆုံကိုတော့ သူတို့ တော်တော့်ကို အဓိကထား ပြောတယ်။

အခု အားလုံး ကန့်ကွက်နေလို့ မြစ်ဆုံကို ရပ်ထားတယ်ဆိုတဲ့အကြောင်း၊ ကချင်ဒေသခံတွေ သဘောတူတယ်ဆိုရင် ဘယ်လို တစိတ်တပိုင်း သူတို့လုပ်နိုင်တယ်ဆိုတဲ့အကြောင်း သူတို့ ပြောလာတယ်။ ကျနော်ကတော့ နိုင်ငံရေး ငြိမ်း ချမ်းသွားပြီဆိုရင် ဘာမဆို လုပ်လို့ရပါတယ်။

အခု နိုင်ငံမအေးချမ်းဖြစ်နေတဲ့ အချိန်မှာ ဒီလိုလာလုပ်ခြင်းအားဖြင့် တရုတ်ကို စီးပွားရေးဆန်တယ်လို့ပဲ မြင်ကြတယ် လို့ ကျနော်က ပြောတယ်။ ကျနော်တို့ကတော့ ဒီလိုရှုပ်ထွေးနေတဲ့ အချိန်မှာ တောမီးလောင် တောကြောင် လက်ခ မောင်း မခက်စေချင်ဘူး။ အေးဆေးနေပြီးမှ နိုင်ငံရေး တည်ငြိမ်သွားတဲ့ အချိန်မှာမှ ကောင်းကောင်း မွန်မွန် ဆွေးနွေး ပြီး ဘယ်ကဏ္ဍ ဘယ်ကဏ္ဍလုပ်သင့်တယ်ပေါ့ ။

နောက် ကျနော် ပြောတာ မြစ်ဆုံမလိုပါဘူး။ ကျနော်တို့ ကချင်ပြည်နယ်မှာ မြစ်ဆုံလို ချောင်းတွေ အင်းတွေ
တနိုင်းဘက်မှာ အများကြီးရှိတယ်။ ရေတံခွန်တွေ လျှပ်စစ်လုပ်မယ့်နေရာတွေ အများကြီးရှိတယ်လို့ ပြောခဲ့တယ်။ သူတို့က တော့ ဒါ စီမံကိန်းအကြီးကြီးပဲ၊ အစိုးရရဲ့သဘောတူညီချက်နဲ့ ထိုးထားတဲ့အတွက် သူတို့က လက်မလျှော့ချင်ဘူး။

သူတို့ ပြောတာကတော့ ဒီမြစ်ဆုံက တာကြီး ကျိုးဖို့ ဥစ္စာမျိုးမဟုတ်ဘူးပေါ့။ သူတို့က ရှင်းပြတာကတော့ အင်ဂျင်နီယာ ဆိုက်ဒ်နဲ့ ရှင်းပြတာ ကျနော်တို့ သိပ်နားမလည်ဘူး။ ဒါပေမယ့် ကျနော်တို့ နားလည်တာက ပိတ်လိုက်ပြီဆို မိုးခေါင်ရေရှား ဖြစ်သွားမယ်။ ပြီးရင် ရေမရှိတော့ဘူး စိုက်ပျိုးရေးခက်မယ်။ နောက်ပြီး ဒါကြီး ကျိုးသွား ရင် အားလုံးသေရော ဆိုပြီးမှ ရိုးရိုးလေးပဲ ပြောချင်တယ်လို့ ပြောတာ၊ အဲဒါကို သူတို့ရယ်နေတယ်။

မေး ။ ။ တရုတ်အနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး နောက်ထပ် အခြားရည်ရွယ်ချက်တွေ ရှိနိုင်သလား။

ဖြေ ။ ။ ကျနော်ထင်တာတော့ သဘာ၀ သယံဇာတတွေကို သူတို့ နည်းနည်း မက်မောတယ် ထင်တယ်။ ဘာလို့လည်း ဆိုတော့ မြစ်ဆုံက သူတို့ ယူတဲ့ တူးတဲ့ မြေကြီးတွေ ကျောက်တွေကို တော်တော်သယ်တာပဲ စလုပ်တုန်းက ဆိုရင်။

ကျနော် ကြားတာ ယူရေနီယံတွေထွက်တယ်လို့ ပြောတာပဲ။ သူတို့က အဲဒါပါပဲ။ ကျနော်တို့နဲ့ တွေ့တုန်းက သူတို့က မြစ်ဆုံက အဓိက မဟုတ်ဘူးပေါ့။ အဓိကက ကျောက်ဖြူက ဒီ သဘာဝဂတ်စ်ကို အဓိက ထားတယ်လို့ ပြောတယ်။ သူတို့ရဲ့လမ်းကလည်း သူတို့ ပြထားတဲ့လမ်းက ကျောက်ဖြူကနေ တခါတည်းဖြတ်ပြီး ဒီမူဆယ်ကနေ တရုတ်ကို သွား ဖို့ ဒါက တဖြတ်။ နောက်ပြီးမှ ဒီ မြစ်ကြီးနားကနေ ဖြတ်ပြီးမှ ကလေး၊ တမူးကနေ အိန္ဒိယကို သွားဖို့။ လီဒိုလမ်းကို တောင် သူတို့က သိပ်အာရုံမရှိဘူး။

မေး ။ ။ မြစ်ဆုံက သူတို့ အရင်အစိုးရနဲ့ သဘောတူထားတဲ့ စာချုပ်က ဘယ်လောက်အတိုင်းအတာထိ ရောက်နေပြီ လဲ။ နောက်ဆုတ်လို့ လုံး၀ မရတော့တဲ့အခြေအနေမျိုးလား။

ဖြေ။ ။ တရုတ်အစိုးရက ပြောတာတော့ သူတို့ အတော် အခိုင်အမာလုပ်ထားတယ်ပေါ့ ။ ကျနော်တို့ သိရသလောက် တော့ သမ္မတ သိန်းစိန် ဝန်ကြီးချုပ်ဖြစ်တဲ့အချိန်မှာ သွားပြီး MOU (နားလည်မှု စာချွန်လွှာ)တွေ ထိုးကြတာ။ ဆိုတော့ အဲဒီ မြစ်ဆုံက နိုင်ငံတော်ရဲ့စီမံကိန်းထဲမှာ ပါတယ်လေ။ သတင်းစာမှာတောင် ကျနော် တွေ့လိုက်သေးတယ်။

နိုင်ငံတော်ရဲ့စီမံကိန်း ၆ ခုထဲမှာ အကြီးမားဆုံးစီမံကိန်း။ ဆိုတော့ တော်တော်ခိုင်ခိုင်မာမာတော့ လုပ်ခဲ့မယ့်ပုံပဲ။ ကျ နော်တို့ ပြည်သူတွေသာ မသိတာ။ နောက်ပြီးမှ သူတို့ ကံမကောင်းတာက အရင်တုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရက ညစ်ပတ်ချင်တဲ့ စိတ်တွေ ရှိတော့ ကျနော်တို့ ခရစ်ယာန်ဘာသာအရဆိုရင် ဘုရားသခင် ဆုံးမတယ်လို့ ခေါ်ရမှာပဲ။ တ ရုတ်က လျော်ကြေးအပြည့်ပေးတယ်။ သူတို့က ဖြတ်ပြီးမှ နည်းနည်းပဲ ပေးတာ။ တရုတ်ကတော့ ဥပမာ ဒီကနေ ပိုက် ဖြတ်သွားမယ် ဘယ်လောက်ထိခိုက်သလဲ သူတို့အားလုံး လျော်ကြေးပေးတယ်။

ဥပမာ မြစ်ဆုံလုပ်ဖို့ အတွက် တန်ဖရဲရွာကို လျော်ကြေးတွေ၊ သစ်ပင်ဆို ဘယ်လောက် မြေကွက် ဘယ်လောက်ကျယ် သလဲ အားလုံး ပိုက်ဆံပေးတယ်။ ဒါပေမယ့် ဖြတ်ညှပ်ကပ်လုပ်လိုက်တော့ လူထုဆီမှာ နည်းနည်းပဲရောက်တော့ အဲဒီ မှာ အမှန်မှာ လူထုက တရုတ်ပေးသလောက်သာ ရမယ်ဆိုရင် ကျနော်ထင်တာ မတွေးဝံ့စရာပဲ။ အားလုံးကတော့ ရောင်းလိုက်ကြမှာပဲ။ ကိုယ့်အိမ်တွေ ယာတွေပေါ့။ အခု ပိုက်ဆံနည်းလို့ ဒီကောင်တွေ ပြန်ဆူလာတာ။ ပိုက်ဆံသာ များများရရင် ကျနော် ထင်တယ် မတွေးဝံ့စရာပဲ။
မေး ။ ။ ကချင်နိုင်ငံရေး အလှည့်အပြောင်းတွေနဲ့ ပတ်သက်ပြီး တရုတ်ကိုယ်စားလှယ်တွေနဲ့ ဘာတွေ ပြောဖြစ်လဲ။ နောက် ဝ နဲ့ မဟာမိတ်လုပ်တာကြောင့် အနောက်နိုင်ငံတွေက ကချင်အသိုင်းအဝိုင်းကြား ဆက်ဆံရေး ဝေးစေမယ့် သဘောမျိုး ရှိလား။

ဖြေ ။ ။ အခု ကမ္ဘာ့အသိုင်းအဝိုင်းက KIAရဲ့နိုင်ငံရေးကို UNFC အနေနဲ့ လေးစားတယ်။ အခု ဝ နဲ့တွဲတဲ့ကိစ္စမှာ တော့ နိုင်ငံရေးအရဆိုရင်တော့ ကချင်လူထုဘက်ကလည်း စိုးရိမ်စရာတွေ တွေ့တယ်။ ကျနော်တောင် တရုတ်အစိုးရ ကို ပြောတယ်။ ကွန်မြူနစ်ကတော့ ဘာသာရေး လွတ်လပ်မှု မရှိဘူးပေါ့ ။ သူတို့က ကွန်မြူနစ်ဆိုပေမယ့် အရင်က ကွန်မြူနစ်တွေ မဟုတ်တော့ပါဘူး ဆိုပြီးတော့ ပြန်ပြောတယ်။ လွတ်လပ်မှုတော့ ရှိပါတယ်တဲ့။ ဒီနေရာမှာ ကချင်လူ ထုကတော့ စိုးရိမ်မှုနဲ့တော့ ရှိနေကြပါတယ်။ နိုင်ငံရေးအရ KIA က ဘယ်အနေအထားအထိ ဘယ်အဆင့်ထိ သွားနေ လဲဆိုတာလည်း ထဲထဲဝင်ဝင် အသေးစိတ် ရှင်းပြတာ မရှိသေးဘူး။

ကြားရသလောက်တော့ အခြေအနေတခုရဲ့အပေါ်မှာ သူတို့ သွားတယ်ဆိုတာတော့ ပြောသံကြားတယ်။ တရားဝင် ရှင်းပြတာတော့ ခုထိ မရှိသေးပါဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးကိုတော့ အပြစ်တော့ မဆိုလိုဘူး။ ဒါပေ မယ့် ဝနဲ့ဆိုရင်တော့ နိုင်ငံရေးမှာတော့ အမြတ်ရှိမယ်လို့ မယုံကြည်ဘူး။

တခြား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လက်တွဲတာတော့ နိုင်ငံရေးမှာ ပိုအမြတ်ရှိမယ်လို့ ကျနော်က ယုံကြည် တယ်။

အနောက်နိုင်ငံကတော့ သဘောထားကြီးပါတယ်။ အနောက်အုပ်စုဘက်ကတော့ လူ့အခွင့်အရေးကို ပို Focus လုပ် တယ်ဆိုတော့ သူတို့ နားလည်တယ်။ တရုတ်နဲ့ နီးလို့ တရုတ်နဲ့ ကျနော်တို့ ပေါင်းစည်းနေရတယ်ဆိုတာကို နားလည် တော့ သိပ်ဒီလောက်ကြီး အဆိုးဘက်တော့ မယူဘူး။ ဒါပေမယ့် ခုနက ပြောတဲ့ အတိုင်း နိုင်ငံရေးမှာ ဝရဲ့ကိစ္စတွေက သူတို့အနေနဲ့ စိုးရိမ်မှုတွေ အများကြီး ရှိတယ်ဆိုတာ ကျနော်နဲ့ အမေရိကန် သံအမတ်တွေ့တုန်းကလည်း အဲဒါပဲ ပြော တယ်။

နောက် ငြိမ်းချမ်းရေးအင်စတီကျူမှာ ဒဲရစ်မစ်ရှယ် လာတွေ့တုန်းကလည်း အဲဒီလိုပဲ ပြောတယ်။ ကချင်နိုင်ငံရေးကို စိုး ရိမ်မှု ရှိနေတယ်ဆိုတာ တွေ့ရတယ်။

တဖက်မှာ ကြည့်မယ်ဆိုရင်လည်း အနီးစပ်ဆုံးက တရုတ်ဖြစ်နေတယ်။ ခုနက ဝ မှာ ဆွဲတဲ့ Constitution တွေကလည်း တရုတ်ရဲ့ပန်းတိုင်ကို ပိုပြည့်စုံစေမယ်လို့ပဲ ယုံကြည်တယ်။ ဒါပေမယ့် အသေးစိတ်တော့ မသိရသေးဘူး။ ဒုတိယပင်လုံ ညီလာခံတုန်းက KIO က ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ AA တို့ TNLA တို့အားလုံး သွားကြတယ်။

အစတုန်းက သူတို့က မသွားဘူးလုပ်တဲ့အဖွဲ့တွေပဲ။ တရုတ်က Push လုပ်တော့ သွားရတာပဲ။ တရုတ်က တော်တော့် ကို သြဇာလွှမ်းတယ်။ ဝရဲ့အပေါ်မှာ အားလုံးအပေါ်မှာ ကိုင်နိုင်မယ်လို့ ကျနော် ထင်တယ်။ အခု စိုးရိမ်တာက အားလုံး ထင်မြင်ချက်ပေးနေကြတာက နောက်ဆုံး NCA လည်း တရုတ်ရဲ့အားပေးမှု၊ တရုတ်ရဲ့တွန်းအားကြောင့် ဖြစ်သွားနိုင် တယ်လို့ ထင်နေကြတယ်။

မေး ။ ။ ကချင်တွေက အရင်တုန်းက လွတ်လပ်ရေးကို တောင်းပြီး နောက်ပိုင်းတောင်းဆိုမှုက ဖက်ဒရယ် ဖြစ်လာ တယ်။ အခု KIA ပါဝင်နေတဲ့ ဝရဲ့မူဝါဒက ကွန်ဖက်ဒရိတ် (မဟာမိတ်အဖွဲ့)အဆင့်လို တောင်းဆိုချက်တွေ တွေ့ရ တယ်။ ဒီတော့ ကချင်တွေရဲ့နိုင်ငံရေးရလိုမှု ပန်းတိုင်က ဘာလဲ။

ဖြေ။ ။ ဟုတ်တယ် ရှုပ်တော့ ရှုပ်တယ်။ ကျနော်လည်း KIO ခေါင်းဆောင်တွေကို အမြဲတမ်းမေးတယ်။ ကျနော်တို့ က ဘယ်ကို သွားနေတာလဲ ။ လွတ်လပ်သော ကချင်ပြည်နယ်လား၊ ပြည်ထောင်စုလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လား ရှုပ် နေတယ် ။ ဒါပေမယ့် အခုနောက်ပိုင်း အားလုံးနားလည်တာကတော့ ကျနော်တို့က ပင်လုံစာချုပ်ကိုပဲ အမြဲတမ်း ပြော နေတယ်။

ပင်လုံစာချုပ်ကတော့ ဘာပဲဖြစ်ဖြစ် ပြည်ထောင်စုမှာပဲ နေရမယ်။ အဲဒီမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ပြဌာန်းခွင့်ပေါ့။ ဒီ တော့ ကျနော်တို့က ဖက်ဒရယ်ကို ပိုပြီး သဘောပေါက်ကြတယ်။ ပြည်ထောင်စုကလည်း ခွဲစရာမလိုဘူး။ ဖက်ဒရယ် ကိုပဲ အကောင်ထည်ဖော်မယ်ဆိုရင် ကချင်တွေအားလုံးက အဲဒီမှာ သဘောတူတယ်။ KIO လည်း ၄၇ ပင်လုံပဲ။၊
ပင်လုံတောင် KIO က စပြောလို့ အခုပင်လုံ ဖြစ်နေတာ ။ ဘယ်သူမှ ပင်လုံ မပြောဘူးနော်။ KIO က Ceasefire (အ ပစ်ခတ်ရပ်စဲရေး) စလုပ်တည်းက ပင်လုံကို သွားရမယ်လို့ ပြောနေလို့ အခု NLD အစိုးရခေတ်မှာ ၂၁ ရာစုတွေဖြစ် လာတာ။

ပင်လုံအရတော့ ကျနော်တို့ကချင်ခေါင်းဆောင်တွေက အရင်တုန်းက သဘောတူညီမှုတွေ လက်မှတ်ထိုးထားပြီးပြီ ဆို တော့ ခွဲထွက်ဖို့ထက် မြန်မာပြည်ကြီးမှာ အတူနေပြီးမှ ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့်ပေါ့။

အခု ဒီမိုကရေစီအစိုးရခေတ်မှာလည်း ကချင်ကသာ ဝန်ကြီးချုပ်လုပ်နေတာ ဘာမှ အာဏာမရှိဘူး။ အခုဆို ပိုဆိုးတာ ပေါ့ ။ အစိုးရဆိုရင် စစ်တပ်ကလည်း သူတို့က သူတို့ပါဝါကို ပိုအားကြီးအောင် လုပ်နေတယ်ဆိုတော့ ပိုပြီး ခံရတာပေါ့။ ကချင်ကတော့ ဝန်ကြီးချုပ် ဟုတ်တယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့်တွေ မရှိဘူး။ ကျနော်တို့ လိုချင်တဲ့ဖက်ဒရယ်က မြန်မာ ပြည်မှာပဲ ရှိမယ်။ ဒါပေမယ့် ကချင်ပြည်နယ်မှာတော့ ကချင်ပြည်ရဲ့ဦးဆောင်မှုမှာ ရှိရမယ်။ ဆိုလိုတာက ကချင်ဖြစ်ချင် မှဖြစ်မယ်။ ဒီမှာ တိုင်းရင်းသားတွေ အများကြီးရှိတာကိုး။

ဆိုတော့ ဒီကချင်ပြည်မှာရှိတဲ့ လူတွေ၊ ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်မှု ဦးဆောင်မှုမှာ သွားစေချင်တယ်။ ဘယ်လိုဖက် ဒရယ်ဆိုတာကတော့ အများကြီးရှိဦးမယ်။ ဒါပေမယ့် သွားချင်တဲ့လမ်းကြောင်းကတော့ အဲဒါပဲ။

မေး။ ။ ဝနဲ့ မဟာမိတ်ပြုလုပ်ထားတဲ့ မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တရုတ် ရဲ့မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံမှုရှိတဲ့ဒေသတွေမှာ အရေးပါတဲ့သူတွေ ဖြစ်နေတယ်။ သူတို့ကလည်း ဝနဲ့အတူသွား နေပြီဆိုရင် နောက်ပိုင်းမှာ တရုတ်ရဲ့စီမံကိန်းတွေမှာ လိုက်လျောပေးရမယ့်ပုံစံမျိုးတွေရှိတယ်လို့ မြင်လား။

ဖြေ။ ။ အဲဒါတော့ သေချာတာပေါ့။ အသေချာဆုံးပဲ။ ကျနော်တို့အားလုံး တွက်ချက်တာ မြင်တာက ဒါတွေပါပဲ။ နောက်ဆုံး တရုတ်က လက်မှတ်ထိုးပါဆို ဒီတိုင်းရင်းသားတပ်တွေက ငြင်းလို့မရဘူး။

တရုတ်က ကျနော်တို့ အတွေ့အကြုံအရဆိုရင် သူက အာဏာရှိတဲ့လူနဲ့ ပြီးရင် ပြီးပြီထင်ခဲ့တာ။ အဲဒါ သူ့အမှားပဲ။ ဥပမာ ဒီ ကချင်ပြည်နယ်ဘက်မှာ သစ်ကိစ္စတွေ သတ္တုကိစ္စတွေ သူက စစ်တပ်နဲ့ပဲ တွဲပြီး လုပ်သွားတယ်။ နောက် KIAကို လည်း သူက အခွန်ပေးနေရတယ်ဆိုတော့ သူက စိတ်ထဲမှာ မင်းတို့အစိုးရ များတာပေါ့။

ဟိုမှာလည်း အခွန်ပေးရ ဒီမှာလည်း အခွန်ပေးရ ဆိုတော့ ကဲ မင်းတို့ KIA ကို တိုက်၊ သူတို့ အားပေးခဲ့တာပဲ။ ဒါပေ မယ့်အလုပ်မဖြစ်ဘူး။ အခု KIO ကို လျှော့တွက်လို့ မရဘူးဆိုတာ သူတို့ သိလာပြီ။ အမှန်ဆို တရုတ်က KIO ကို ဘာမှ ကူ ညီတာမဟုတ်ဘူး။ စစ်ရှောင်မှာ တရုတ်ရဲ့အကူအညီဆိုရင် တပြားတချပ်မှ ရတာမဟုတ်ဘူး ဒါတောင် မောင်း ထုတ်ခံရသေးတာ။

အခု တရုတ်က တပ်မတော်နဲ့လည်း အလုပ်မဖြစ်လာဘူးဆိုတော့ သူတို့ရဲ့စည်းရုံးရေးက လက်နက်ကိုင်အဖွဲ့အစည်း တွေ အားလုံးထဲ ပါသွားတာပေါ့။ အဲဒါမျိုးမှာ အဲဒီကိစ္စမျိုးတော့ အဖြစ်နိုင်ဆုံးပဲ။ ဝနဲ့ သူနဲ့ ခွဲလို့မှ မရတာ။ ၀ စီးပွားရေး ဆိုတာ အားလုံး တရုတ်ချည်းပဲလေ။ ၀ က နာမည်သာ ၀ ဖြစ်နေတာ။ ဖားကန့်မှာဆိုရင် ၀ ကုမ္ပဏီဆိုရင် အားလုံး တ ရုတ်ချည်းပဲ။ ဆိုတော့ တရုတ်နဲ့ ဝကတော့ အတူတူပါပဲ။ စီးပွားရေးအရတော့ အများကြီး ဖြစ်နိုင်ခြေတွေ အများကြီး ပေါ့။

မေး။ ။ ရေရှည် ကချင်တွေရဲ့နိုင်ငံရေးအကျိုးစီးပွားကို ကာကွယ်ဖို့ ဘယ်လိုမျိုး စဉ်းစားမိတာရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ အဲဒါကြောင့်မို့ အစိုးရနဲ့ ဖက်ဒရယ်ကိစ္စကို အမြန်ဆုံးဖြစ်စေချင်တယ်။ အစိုးရနဲ့ အခိုင်အမာလုပ် ထားပြီးမှ တရုတ်နဲ့လည်း ဘယ်လိုကဏ္ဍတွေမှာ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုဆိုတာ ပြန်ပြီးမှ လုပ်ဖို့လိုတယ်ဆို တာ စဉ်းစားမိတယ်။

အခု အခက်အခဲက ဒီဖက်ဒရယ်ဆိုတာကို အမြဲတမ်း တပ်မတော် မြင်တာက ခွဲထွက်ရေးပဲ။ အခုထက်ထိ တပ်မတော် ရဲ့အမြင်မှာ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးပဲလို့ သူတို့မြင်တယ်။ ဒီတခေါက် တွေ့တဲ့အချိန်မှာလည်း ၂၀၀၈ က အခုပဲ စ သေးတယ် ဘယ်လိုပြင်မလဲပေါ့ဆိုတဲ့ လေသံထွက်ကတည်းက ဒါက ကြာဦးမယ့် သဘော ရှိနေတယ်။ ဆိုတော့ ဖက် ဒရယ်စနစ်လည်း အမြန်မဖြစ် ဒီမိုကရေစီလည်း မပီပြင်၊ ဒီအပြင် တရုတ်ရဲ့ဖိအားကလည်း များဆိုရင်တော့ ကျနော် ထင်တာတော့ ကျနော်တို့ ကချင်ရဲ့ရှေ့ရေးကတော့ အရမ်းစိုးရိမ်ဖို့ ကောင်းတယ်လို့ မြင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading