• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“စတော့ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ကျနော်တို့နိုင်ငံက ဗဟုသုတနဲ့ ဝေးကွာခဲ့တာ ကြာခဲ့ပါပြီ”

by ဧရာဝတီ
21 September 2017
in အင်တာဗျူး
A A
ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦး  / မျိုးပပစန်း / ဧရာဝတီ

ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦး / မျိုးပပစန်း / ဧရာဝတီ

6.8k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ ပထဆုံး တည်ထောင်ထားတဲ့ ရန်ကုန်စတော့အိတ်ချိန်းဟာ သက်တမ်းအားဖြင့် ၁ နှစ်ခွဲ ကာလရှိပြီ ဖြစ်တာကြောင့် လက်ရှိအချိန်မှာ အောင်မြင်နိုင်မှု ရှိ၊ မရှိနဲ့ နောက်ပိုင်း ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းများ အကြောင်းကို ဧရာဝတီသတင်းထောက် မျိုးပပစန်းက ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထဆုံး တည်ထောင်ထားတဲ့ ရန်ကုန်စတော့အိတ်ချိန်းဟာ သက်တမ်းအားဖြင့် ၁ နှစ်ခွဲ ကာလရှိပြီ ဖြစ်တာကြောင့် လက်ရှိအချိန်မှာ အောင်မြင်နိုင်မှု ရှိ၊ မရှိနဲ့ နောက်ပိုင်း ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းများ အကြောင်းကို ဧရာဝတီသတင်းထောက် မျိုးပပစန်းက ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး – လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း အနေနဲ့ ၁နှစ်ခွဲကာလအတွင်း ဘယ်လောက်အထိ တိုးတက်ခဲ့ပြီး ဘာတွေ ဆက်လုပ်ဖို့ ရှိပါသလဲ။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
1.6k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.1k
တယောက်ထဲ မဲလာပေးလဲ ရွေးကောက်ပွဲ အထမြောက်တယ် (ရုပ်/သံ)

တယောက်ထဲ မဲလာပေးလဲ ရွေးကောက်ပွဲ အထမြောက်တယ် (ရုပ်/သံ)

19 May 2025
113

ဖြေ – ကျနော်တို့ ရန်ကုန်စတော့အိတ်ချိန်းက လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာ ၁ နှစ်ခွဲ ရှိပါပြီ။ ဒီကာလအတွင်း လက်ရှိမှာ အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီ စတော့ကို ကျနော်တို့ အရောင်းအဝယ်ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ဒီ ၁ နှစ်ခွဲကာလ အတွင်း ရှယ်ယာစုစုပေါင်း ၆ ဒသမ ၁ သန်း အထိ အရေအတွက်အားဖြင့် ရောင်းချခဲ့ရပြီးတော့ ငွေပမာဏအားဖြင့်တော့ ကျပ် ၉၄ဒသမ ၆ ဘီလီယံကျော် အထိ အရောင်းအဝယ် ပြုလုပ်နိုင်ခဲ့ပါတယ်။ သက်တမ်းအရမ်းနုနယ်သေးတဲ့ အချိန်မှာ ဒီလို အရောင်းအဝယ် ပမာဏကို ဆောင်ရွက်ပေးနိုင်တာကြောင့် ပါဝင် ရင်းနှီးမြှုပ်နှံသူတွေက အရမ်းပဲ အရေးပါပါတယ်။ ကနဦးကာလမှာ သူတို့သာ ပါဝင်ပတ်သက်မှုမရှိရင် မအောင်မြင်နိုင်ပါဘူး။

မေး – ရန်ကုန်စတော့အိတ်ချိန်းက အိမ်နီးချင်းစတော့အိတ်ချိန်းနဲ့ယှဉ်ရင် လက်ရှိအခြေအနေမှာ အားရ ကျေနပ်မှု ရှိပါ သလား။

ဖြေ – ကျနော်တို့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ ထူးခြားချက်ကတော့ ၇ နှစ်လောက်စောပြီး တည်ထောင်နိုင်ခဲ့တဲ့ အိမ်နီးချင်း စတော့အိတ်ချိန်းတွေရဲ့ ပမာဏကို အများကြီး သာလွန်နိုင်ခဲ့ပြီးတော့ ဒီနိုင်ငံအတွင်းမှာ အရောင်းအဝယ် ပြုလုပ်နိုင်မှု တခုအဖြစ်နဲ့  ၁ နှစ်ခွဲကာလအတွင်းမှာ ရပ်တည်နိုင်ခဲ့တာ အားသာချက်တခု ဖြစ်ပါတယ်။ မကြာခင်မှာ ပိုပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေ များလာမယ်ဆိုရင် ဈေးကွက်မှာ အောင်မြင်မှု ရရှိနိုင်မယ့် အနေအထားရှိပါတယ်။

မေး – အခု ၂၀၁၇ ခုနှစ်ကလည်း မကြာခင် ကုန်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုကာလအတွင်း ရန်ကုန်စတော့အိတ်ချိန်းမှာ ဈေးကွက်ဖွံ့ဖြိုးအောင် ဘာတွေလုပ်ဆောင်ဖို့ ရှိပါသလဲ။ဖြေ – ကျနော်တို့ ဒီ ၂၀၁၇ ခုနှစ်အတွင်း ပြီးခဲ့တဲ့ ကာလမှာတော့ ကျနော်တို့ စာရင်းဝင်ကုမ္ပဏီတွေကို ပရိုမိုးရှင်းတွေ လုပ်ခဲ့ပါတယ်။ အဓိက ဦးစားပေးပြီး ဆောင်ရွက်တဲ့ လုပ်ငန်းကြီး ၆ ခုရှိပါတယ်။

ဒါကတော့ အွန်လိုင်းကနေ စတော့ရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ခြင်းဖြစ်တယ်။ Customer (ဝယ်သူ)တွေအနေနဲ့ အရောင်းအဝယ်လုပ်ဖို့ စာရင်းဝင်ကုမ္ပဏီတင်တဲ့အခါ အင်တာနက် ဖုန်းလိုင်းနဲ့ပဲ အော်ဒါတင်လို့ ရတဲ့အနေအထားအဖြစ်ရှိတယ်ပေါ့။ ကိုယ်တိုင်သွားဖို့လာဖို့ မလွယ်ကူတဲ့ အခြေအနေ ရှိနိုင်တယ်။ ဖုန်းလိုင်းနဲ့ အော်ဒါတင်ဖို့အတွက်လည်း သူ့ရဲ့ သတ်မှတ်ချက် ရှိတဲ့အတွက် ဒါတွေကို ကျော်လွှားနိုင်ဖို့ လုပ်နေပါတယ်။

မေး – အွန်လိုင်းအရောင်းအဝယ် ပြုလုပ်ရင် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။ စာရင်းဝင် ကုမ္ပဏီ အနေနဲ့ကော စနစ်ကူးပြောင်းဖို့ ဘာတွေ လိုအပ်ပါသလဲ။ ဘယ်အချိန်လောက် စတင်ဖို့ လုပ်ထားပါလဲ။

ဖြေ – အွန်လိုင်း Trading ဆိုတာက Customer နဲ့ Listed ကုမ္ပဏီကြား မိုဘိုင်းဖုန်းနဲ့ဖြစ်စေ၊ လက်တော့ပ်နဲ့ဖြစ်စေ အော်ဒါတင်နိုင်မယ်။ အရောင်းအဝယ် ပြုလုပ်နိုင်မှာ ဖြစ်တယ်။ ကုမ္ပဏီလုံခြုံရေးနဲ့ ရန်ကုန်စတော့အိတ်ချိန်း ကြားမှာတော့ ဘာမှ မပြောင်းလဲပါဘူး။ ထူးခြားမှု မရှိပါဘူး။ ဒါပေမယ့် စာရင်းဝင် ကုမ္ပဏီက ဘာလုပ်ရမလဲဆိုတော့ ဒီလို အွန်လိုင်းက လုပ်နိုင်ဖို့အတွက် ပြင်ဆင်ရမယ်။ ပြုပြင်ရမယ်။ စမ်းသပ်မှုတွေ လုပ်ရပါတယ်။

အွန်လိုင်းကနေ အော်ဒါတင်တဲ့အခါ အမှန်တကယ် ရောက်ရှိရဲ့လားဆိုတာ စမ်းသပ်မှုတွေ လုပ်ရပါတယ်။ ရောက်ရှိတဲ့ အော်ဒါကို YSX (ရန်ကုန်စတော့အိတ်ချိန်း)ကို ဆက်ပို့ရင် အောင်မြင်ရဲ့လား စတာတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါတွေ အခု လုပ်ဆောင်နေပါတယ်။

YSX အနေနဲ့လည်း အွန်လိုင်း Trading လုပ်ရင် ဖြစ်ပေါ်လာနိုင်တဲ့ မသမာမှုတွေ၊ ဈေးကွက်ကို ကြိုးကိုင်မှုတွေ မဖြစ်နိုင်အောင် ကျနော်တို့ဘက်ကလည်း စည်းမျဉ်းတွေ ရေးဆွဲနေတဲ့ အဆင့်ဖြစ်ပါတယ်။ ဒါတွေအားလုံးက မကြာခင်ကာလ အတွင်းမှာ စတင်နိုင်တော့မယ်လို့ မျှော်လင့်ပါတယ်။ အချိန်အတိအကျတော့ ပြောလို့မရသေးပါဘူး။ လုံခြုံစိတ်ချရမှုအပိုင်းတွေ အားလုံးပြီးရင် ဒီနှစ်ထဲမှာ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

မေး – ဆရာတို့ ဒီလိုအွန်လိုင်း Trading လုပ်တဲ့အပြင် စတော့အရောင်းအဝယ် ပြုလုပ်တဲ့အချိန်ကို အခု ၂ ချိန်ကနေ နောက်ထပ်တိုးဖို့ လုပ်နေတယ် သိရပါတယ်။ အဲဒါကကော ဘယ်တော့ စမလဲရှင့်။

ဖြေ – ဟုတ်ပါတယ်။ Matching Time (ဈေးကွက်အရောင်းအဝယ်လုပ်သည့် အချိန်) တိုးဖို့ လုပ်နေပါတယ်။ လက်ရှိမှာ မနက် ၁၁ နာရီနဲ့ နေ့လယ် ၁ နာရီ လုပ်နေပါတယ်။ အဲဒီကနေပြီးတော့ နောက်ထပ်အကြိမ်ရေ တိုးဖို့အတွက် နည်းပညာ ပိုင်း ကွန်ပျူတာစနစ်ကို စမ်းသပ်နေပါတယ်။ အကြိမ်ရေတိုးရင် ဘာတွေဖြစ်လာနိုင်လဲ။ ကုမ္ပဏီနဲ့ ကျနော်တို့အကြား ဒီလိုလုပ်ရင် ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆန်းစစ်နေတဲ့ကာလ ဖြစ်ပါတယ်။ မကြာခင်မှာ စတင်နိုင်တော့မှာ ဖြစ်ပါတယ်။

မေး – အွန်လိုင်း Trading နဲ့ Matching Time နဲ့ဆိုရင် ဘယ်ဟာကို ဆရာတို့အနေနဲ့ အရင်လုပ်ဖို့ ရှိပါသလဲ။

ဖြေ – ကျနော်တို့က ဒီစနစ် ၂ ခု လုပ်တဲ့နေရာမှာ အချိန်တိုးတဲ့စနစ်ကို စလုပ်သွားမှာ ဖြစ်ပါတယ်။ စနစ်တွေအားလုံး စမ်းသပ်တာ အောင်မြင်ရင် ဒီနှစ်ထဲမှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ တတိယ စီစဉ်ဆောင်ရွက်နေတဲ့ လုပ်ငန်းကတော့ ကျနော်တို့ Secondary Bond Market (အစိုးရငွေတိုက်စာချုပ် ဈေးကွက်) ဒါတွေကို Primary Market မှာ ထုတ်ရောင်း တယ်။ အဲဒီအခါမှာ လေလံစနစ်နဲ့ ကျနော်တို့ အဖွဲ့အစည်းတွေက ဝယ်ယူကြတယ်။ အထူးသဖြင့်တော့ ပုဂ္ဂလိက ဘဏ် တွေ၊  အစိုးရဘဏ်တွေနဲ့ Securities ကုမ္ပဏီတွေက ဝယ်ယူကြတယ်။ သာမန်ကုမ္ပဏီတွေကတော့ မဝယ်ယူကြသေးဘူး။

အနာဂတ်မှာ ဒါတွေပါ ဝယ်ခွင့်ပေးမှာ ဖြစ်တယ်။ ကျနော်တို့ secondary ဈေးကွက် ဘာလို့ထောင်ရလဲ ဆိုတော့ သာမန်အားဖြင့် ငွေတိုက်စာချုပ်တွေ ကိုင်ထားပြီး ငွေလိုလို့ ထုတ်ရောင်းတဲ့အခါကျရင် ရောင်းမရဘူး။ ဒါကြောင့် ဒီဈေး ကွက် ပလက်ဖောင်းတခုကို ရန်ကုန်စတော့အိတ်ချိန်းက ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဘယ်လိုစနစ်နဲ့ သွားမယ်ဆိုတာ ဗဟိုဘဏ်နဲ့ရော ညှိနှိုင်းနေပါတယ်။ ဒါက ဒီနှစ် မစနိုင်တောင်မှ နောက်နှစ် ၂၀၁၈ ခုနှစ်မှာ စတင်နိုင်ဖို့ ဆောင်ရွက်နိုင်မယ် လို့ မျှော်လင့်ပါတယ်။

မေး – ဆရာတို့အနေနဲ့ နိုင်ငံခြားသား စတော့ရှယ်ယာရောင်းဝယ်ခွင့် ရရှိရန်အတွက်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်တော့လောက် သွားမလဲ။ အသစ်ပြင်ဆင်မယ့် ကုမ္ပဏီ ဥပဒေထဲမှာကော ဘယ်လိုအချက်ကို အဓိက ပြင်ဆင်သွားမလဲ။

ဖြေ – ၁၉၁၄ ခုနှစ် မြန်မာကုမ္ပဏီများ အက်ဥပဒေ၊ လွန်ခဲ့တဲ့ နှစ် ၁၀၀က ဆွဲခဲ့တဲ့ မြန်မာကုမ္ပဏီ ဥပဒေအရ နိုင်ငံခြားသားကို စတော့ရောင်းလို့မရပါဘူး။ ရောင်းလိုက်တာနဲ့ မြန်မာကုမ္ပဏီက အလိုလိုနေရင်း နိုင်ငံခြားသား ကုမ္ပဏီဖြစ်သွားပါတယ်။ အဲဒါကြောင့် ခေတ်ကာလနဲ့ မလျော်ညီတော့တဲ့ ကုမ္ပဏီများ ဥပဒေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) လက်အောက်ရှိ DICA (ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ) နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ ရေးဆွဲတဲ့ အဆင့်ကနေ  အခုလွှတ်တော်ကို ပို့တဲ့အထိ ရောက်သွားပါပြီ။ နောက်တပတ် ကျင်းပမယ့် လွတ်တော်မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အဲဒီမှာ ဘာတွေပါမလဲဆိုတော့ နိုင်ငံခြားသားကို ဘယ်လောက်ရာခိုင်နှုန်းအထိ ဝယ်ယူခွင့်ပြုမယ်။ ဒါဆိုရင် နိုင်ငံခြားသား ကုမ္ပဏီကို ရောင်းဝယ်ဖို့ ခွင့်ပေးရမယ့် အပိုင်းတွေ ပါလာမှာဖြစ်ပါတယ်။ နိုင်ငံခြားသားကို ဘယ်အပိုင်းတွေ ဝယ်ခွင့်ပေး မလဲဆိုတာ ကျနော်တို့ ပြင်ဆင်နေပါတယ်။

နံပါတ် ၅ အနေနဲ့က စာရင်းဝင်ကုမ္ပဏီပေါ့နော်။ နောက်ထပ် အလားအလာကောင်းတဲ့ ကုမ္ပဏီတွေ စတော့အိတ်ချိန်းမှာ ပါဝင်လာဖို့ ရန်ကုန်စတော့အိတ်ချိန်း မားကက်တင်းကနေပြီး အလားအလာရှိတဲ့ ကုမ္ပဏီတွေကို သွားရောက် ဆွေးနွေး နေပါတယ်။ စိတ်ဝင်စားလို့ လာဖို့အတွက်လည်း ပြင်ဆင်နေတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ ဒီနှစ်ထဲမှာပဲ နောက်ထပ် ကုမ္ပဏီ တွေ ရှိပါတယ်။

နောက်တခုကတော့ စတော့ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ကျနော်တို့နိုင်ငံက ဗဟုသုတနဲ့ ဝေးကွာခဲ့တာ ကြာခဲ့ပါပြီ။ တက္ကသိုလ်ကျောင်း ၊ အထက်တန်း၊ မူလတန်းကျောင်းတွေမှာ မရှိပါဘူး။ ဒါကြောင့် ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံသူကောင်း တွေ ဖြစ်ပေါ်လာအောင်၊ မှန်ကန်တိကျစွာ ဆုံးဖြတ်နိုင်တဲ့သူတွေ ဖြစ်ပေါ်လာအောင် စတော့ဈေးကွက်နဲ့ သက်ဆိုင်တဲ့ ပညာပေးတဲ့ အစီအစဉ်တွေ လုပ်ဖို့ရှိပါတယ်။

မေး – လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းကို အောင်မြင်တယ်လို့ ဆရာတို့ ထင်ပါသလား။ အခြားနိုင်ငံတွေကနေ လာရောက် လေ့လာတာတွေကော ရှိပါသလားရှင့်။

ဖြေ– ကျနော်တို့အနေနဲ့ ကတော့ ကိုယ့်လုပ်ဆောင်နိုင်မှုကို အားရကျေနပ်မှု ရှိပါတယ်။ အောင်မြင်တယ်လို့ ထင်ပါ တယ်။ နိုင်ငံခြားက လာရောက် လေ့လာတာကတော့ ဒီနေ့ဆိုရင် ထိုင်းကုန်သည်စက်မှုအသင်းက ဖွင့်ထားတဲ့ တက္ကသိုလ် ကျောင်းသားတွေ လာလေ့လာတယ်။ တရုတ်၊  စင်ကာပူ ပြီးတော့ ဥရောပ တက္ကသိုလ်က ကျောင်းသားတွေ လာလေ့လာ တာလည်း ရှိပါတယ်။ တခြားသက်ဆိုင်ရာ အိတ်ချိန်းတွေက လာလေ့လာတာလည်း ရှိပါတယ်။

Your Thoughts …
Tags: ရန်ကုန်စတော့အိတ်ချိန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦး / အောင်သီဟ / ဧရာဝတီ

စတော့အိတ်ချိန်း အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးနှင့် တွေ့ဆုံခြင်း

by အောင်သီဟ
22 July 2019
6.6k

စတော့အိတ်ချိန်း ဈေးကွက်အခြေအနေများကို ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးကို ဧရာဝတီ သတင်းထောက် အောင်သီဟ က သွားရောက် တွေ့ဆုံ မေးမြန်းထားပါသည်။

ရန်ကုန်စတော့အိတ်ချိန်း

အာဏာသိမ်းပြီးနောက် ရန်ကုန်စတော့အိတ်ချိန်း ရှယ်ယာဈေးနှုန်းများ ကျဆင်း

by အောင်သီဟ
5 February 2021
12.4k

MYANPIX သည် 443.72 မှ 408.96 သို့ ကျဆင်းခဲ့ပြီး ၄ နှစ်ကျော်ကာလအတွင်း အညွှန်းကိန်း 420 အောက်သို့ ပထမဆုံး ကျဆင်းခြင်းလည်း ဖြစ်သည်။

ရန်ကုန် စတော့ အိတ်ချိန်း  / YSX

AMATA ဟိုတယ်လုပ်ငန်းစုကို ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်ခွင့်ပြု

by အောင်သီဟ
29 December 2020
5.8k

ခရီးသွားလုပ်ငန်းအခြေပြု ဟိုတယ်လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ရာတွင် လိုအပ်လာမည့် အရင်း အနှီး ရရှိရန်အတွက် ပြင်ဆင်ဆောင်ရွက်သည့်အနေဖြင့် ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်လာခြင်း ဖြစ်

ရန်ကုန်မြို့ရှိ ရန်ကုန် စတော့အိတ်ချိန်းရုံးကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေး အတွက် စတော့အိတ်ချိန်းသို့ ဝင်ခြင်းဖြစ်ဟု EFR ဆို

by အောင်သီဟ
7 March 2020
3.9k

EFR ကုမ္ပဏီ၏ ရှယ်ယာများကို လာမည့် မတ် ၂၀ ရက်၌ စတင် အရောင်းအဝယ် လုပ်ဆောင် သွားမည် ဖြစ်ပြီး ရှယ်ယာဈေးနှုန်းကို မတ်လ ၁၉ ရက်တွင် ကြေညာသွားမည် ဖြစ်သည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ရန်ကုန် စတော့အိတ်ချိန်း(YSX)ရုံး  / ဧရာဝတီ

EFR ကုမ္ပဏီ ရန်ကုန်စတော့ အိတ်ချိန်းသို့ စာရင်းဝင်မည်

by အောင်သီဟ
29 February 2020
9.5k

EFR ကုမ္ပဏီ၏ ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဦးဆုံးရောင်းချမည့် ရှယ်ယာဈေးနှုန်း (Base Price) ကို လာမည့် မတ်လ ၁၉ ရက်တွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း YSX ထံမှ သိရသည်။

ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်က ရန်ကုန်စတော့အိတ်ချိန်း / Reuters

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီသစ် အစုရှယ်ယာဈေးနှုန်း မကြာမီကြေညာမည်

by မျိုးပပစန်း
6 December 2017
7.8k

ရန်ကုန်စတော့အိတ်ချိန်း (YSX) သို့ စာရင်းဝင် ကုမ္ပဏီအဖြစ် ဝင်ရောက်လာသော TMH Telecom ကုမ္ပဏီ၏ အစုရှယ်ယာရောင်းချမည့် ဈေးနူန်းကို လာမည့် ဖေဖော်ဝါရီ လဆန်းပိုင်း၌ ကြေညာသွားမည်ဖြစ်ကြောင်း

Next Post
၂၀၁၆ ဧပြီလအတွင်းက အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြ၍ တရားစွဲဆိုခံထားရသည့် အမျိုးသားရေး လှုပ်ရှားသူ ၄ ဦးအား ကမာရွတ်တရားရုံးတွင် စက်တင်ဘာလ ၂၁ ရက် နံနက်က ရုံးထုတ် စစ်ဆေးခဲ့သည်။ /  သက်ထွန်းနိုင် / ဧရာဝတီ

အမေရိကန်သံရုံးရှေ့ ဆန္ဒပြသူ ၄ ဦးကို ပုဒ်မ ၂ ခုဖြင့် ၂၈ ရက်နေ့ အမိန့်ချမည်

ရွှေဝါရောင်လှုပ်ရှားမှု ၁၀ နှစ်ပြည့်ပြီ (ရုပ်သံ)

ရွှေဝါရောင်လှုပ်ရှားမှု ၁၀ နှစ်ပြည့်ပြီ (ရုပ်သံ)

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

21 hours ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate