• English
Monday, September 25, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

    TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

    ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

    ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

    တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

    တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

    သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

    သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

    ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

    ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home အာဘော် အင်တာဗျူး

          မူးယစ်ဆေးဝါးက အင်မတန်မှ ခက်ခဲကြီးမားတဲ့ ပြဿနာကြီး

          by နန်းလွင်နှင်းပွင့်
          22 September 2017
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် / နန်းလွင်နှင်းပွင့်

          ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် / နန်းလွင်နှင်းပွင့်

          8.5k
          VIEWS
          Share on FacebookShare on Twitter

          ကချင်ပြည်နယ်အတွင်း အရပ်သားအစိုးရ တာဝန်ယူလိုက်သည့် တနှစ်ခွဲကာလအတွင်း ဘာတွေ လုပ်ဆောင်ဖြစ်သလဲ ။ ကျန်ရှိနေသေးတဲ့ အစိုးရသက်တမ်းကာလတွေမှာ ပြည်သူတွေအတွက် ဘာတွေ လုပ်သွားဖို့ အစီအစဉ်တွေ ရှိလဲ။ ပြည်သူတွေ စိုးရိမ်နေကြတဲ့ မြစ်ဆုံစီမံကိန်းကြီးကို ပြန်စဖို့ ဆိုပြီး ကောလာဟလတွေ ကြားနေတာ တကယ်ပဲလားဆို တာတွေကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဧရာဝတီအကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့် တွေ့ဆုံစဉ် မေးမြန်းထားချက်များကို ဖော်ပြလိုက်သည်။

          မေး ။ ။ ကချင်ပြည်နယ် အစိုးရရဲ့၁၈ လတာ ကာလတွင်းမှာ ဘာတွေ လုပ်ဖြစ်လဲ။

          RelatedPosts

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          16 September 2023
          3.2k
          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          13 September 2023
          9.2k
          လွန်ခဲ့တဲ့ ၈၈နှစ်က စာရေးဆရာ ဂျော်လီစိန်ကို ရှာနေတဲ့ ထိုင်းသုတေသီ

          လွန်ခဲ့တဲ့ ၈၈နှစ်က စာရေးဆရာ ဂျော်လီစိန်ကို ရှာနေတဲ့ ထိုင်းသုတေသီ

          3 September 2023
          2k

          ဖြေ ။ ။ အဓိက ကတော့ အခြေခံဖွံ့ဖြိုးရေးကိုပဲ အဓိက လုပ်ဆောင်ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးပိုင်းမှာဆိုရင် လမ်းတံ တား၊ လျှပ်စစ်၊ လျှပ်စစ်ကြိုးတွေ သွယ်တန်းတယ်။ လျှပ်စစ်ဓာတ်ခွဲရုံတွေ လုပ်ပေးတယ်။ မီးလင်းရေးအတွက် ရွာ ၂၀၀ စွန်းစွန်းလေး မီးလင်းအောင် ဆောင်ရွက်ခဲ့ပါတယ်။

          ဒါကတော့ ၂၀၁၆-၁၇ ဘတ်ဂျတ် ကျနော်တို့ ရရှိတဲ့ ဘတ်ဂျတ်နဲ့ ဆောင်ရွက်ခဲ့တာပါ။ နောက် ဆွမ်ပရာဘွမ်လမ်း၊ အဲ ဒါလည်း ဘဏ္ဍာငွေ တော်တော်လေး ဝင်သွားတဲ့လမ်းကြီးပါ။ ပြည်ထောင်စုလမ်းကြီးပေါ့နော်။ အရင်က မိုးတွင်းဆိုရင် ဆိုင်ကယ်လည်း ဖြတ်သွားဖြတ်လာ လုပ်လို့ မရဘူး။ ခြေကျင်ပဲ သွားလို့ ရတဲ့လမ်းကြီးကို ကျနော်တို့က ၂၀၁၆-၁၇ ဘတ်ဂျတ်ကနေ လုပ်လာတာပါ။ ဒီနှစ်တော့ ကားတွေ မပျက်ဘူး။ မိုးတွင်းလည်း ကားတွေ မပျက်တော့ဘူး။

          မေး ။ ။ ဝန်ကြီးတို့က အရပ်သားအစိုးရ စပြီး တာဝန်ယူချိန်မှာ ကချင်ပြည်နယ်အတွက်ဆိုရင် ဘာလုပ်ငန်းတွေ အရေးကြီးဆုံးလုပ်မယ်ဆိုပြီးတော့ ရည်မှန်းထားတာ ရှိပါသလဲ။

          ဖြေ ။ ။ အဓိက က ငြိမ်းချမ်းရေးကတော့ ပြည်ထောင်စုကနေ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကနေ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဖော်ဆောင်နေတာပေါ့လေ။ အဓိကကတော့ အန်ကယ်တို့က ငြိမ်းချမ်းရေး လို ချင်ပါတယ်။

          နံပါတ် ၂ ကတော့ မူးယစ်ဆေးဝါးပါ။ အန်ကယ် မဲဆွယ်တရား ဟောတုန်းကတောင် အန်ကယ့်ကို မေးတယ်။ မူးယစ် ဆေးဝါးကြီးက အမျိုးသားရေးအသွင်နဲ့ကို တိုက်ဖျက်ရမယ်။ ဘာကြောင့်လည်းဆိုတော့ အင်မတန်မှ စိုးရိမ်ရတဲ့ အနေ အထားမှာ ရောက်နေတယ်။

          ဘာကြောင့် ဒီလို ပြောလည်းဆိုတော့ အခု ငြိမ်းချမ်းရေးခရီးစဉ်မှာလည်း အကုန်လုံးကို ဒါပဲ ပြောတယ်။ ဘာကြောင့် ပြောရလဲဆိုရင် ဗန်းမော်ခရီးစဉ်မှာ ဗန်းမော်အကျဉ်းထောင်ကို အန်ကယ် သွားတယ်။ အကျဉ်းထောင်မှာ မေးကြည့် တော့ အကျဉ်းသား ဘယ်လောက်ရှိလဲဆိုတော့ ထောင်ပိုင်ကြီးကို အန်ကယ်မေးတော့ ၁၄၉၃ ယောက်လောက် ရှိတယ် တဲ့။ ဘာအမှုနဲ့ အကျဉ်းကျတာများလဲဆိုတော့ မူးယစ်ဆေးဝါးအမှုက ၁၄၉၃ ထဲမှာ ၁၂၀၀ ကျော်ရှိတယ်ဆိုတော့ ဒီဟာ က သိပ်ပြီးမကောင်းတဲ့ အနေအထားပေါ့လေ။

          နောက်မြစ်ကြီးနား အကျဉ်းထောင်ကို သွားတယ်။ ၃၂၀၀ ကျော်ရှိတယ်။ အဲဒီထဲမှာ ၂၈၀၀ ကျော်လောက်က မူးယစ်နဲ့ အကျဉ်းကျတာ။

          ပြီးခဲ့တဲ့ လတ်တလောမှာ မိုးညှင်းသွားတယ်။ အုပ်ချုပ်ရေးမှူးပြောတယ်။ အကျဉ်းထောင်မှ ဆောက်ပြီးတာ မကြာ သေးဘူး။ ဖွင့်ပွဲတောင် မလုပ်ရသေးဘူး။ အကျဉ်းသားတွေက ပြည့်နေပြီ။ ၉၀ ရာခိုင်နှုန်းက မူးယစ်ဆေးဝါးနဲ့ ကျ တယ်။

          ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် ကချင်ပြည်နယ်ကိုရော တတိုင်းပြည်လုံးအတွက်ရော မူးယစ်ဆေးဝါးက အင်မတန်မှ ခက်ခဲကြီးမားတဲ့ ပြဿနာကြီး ဖြစ်နေတယ်။ ပြည်နယ်နဲ့နိုင်ငံရဲ့ အနာဂတ် အတွက် အင်မတန်မှ စိုးရိမ်စရာ ဖြစ်တယ်။ အဲဒါကြောင့် အန်ကယ်က ဒါကို တတ်နိုင်သလောက် တိုက်ဖျက်နေတယ်။ ဖမ်းတယ်။ ဆီးတယ်။ ပြီးခဲ့တဲ့ မိုးညှင်းခရီး စဉ်တုန်းကလည်း သိန်းပေါင်း သုံးထောင်ကျော် ဖမ်းမိတယ်။ ဒါကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေ ပေါ့လေ။

          မေး ။ ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ကချင်လူထု အခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) မူးယစ် ဆေး တိုက်ဖျက်တာ လုပ်ပေမယ့် ပစ်ခတ်ခံရတဲ့အထိ ဖြစ်ပြီး ရပ်သွားတယ်။ Pat Jasan အပေါ်မှာ ဝန်ကြီးချုပ်အနေနဲ့ ဘယ် လို မြင်ပါသလဲ ။

          ဖြေ ။ ။ အန်ကယ်တို့ အနေနဲ့ကတော့ သူတို့လည်း ကောင်းတဲ့ အလုပ်လုပ်တဲ့အတွက် ဒီ Pat Jasan အဖွဲ့ကို အန် ကယ်တို့ အစိုးရက ပူးပေါင်းစေချင်တယ်။ ဥပဒေဘောင်အတွင်းမှာ ပိုပြီး ထိထိမိမိလေး တိုက်ဖျက်သွားဖို့။ ဒီမူးယစ် ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ အန်ကယ်တို့ ဒီလိုရည်ရွယ်ထားပါတယ်။ သူတို့ကိုလည်း ခေါ်တာပေါ့လေ။ နောက်ပြီး တော့ ပြောရမယ်ဆို မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ အန်ကယ်တို့က ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးဆိုပြီး ကော်မ တီတွေ ဖွဲ့ထားတယ်။

          ဒီဟာတွေ အကုန်လုံး အချိတ်အဆက် မိမိနဲ့ ဆောင်ရွက်သွားရင် မူးယစ်ဆေးဝါးပြဿနာကို နှိမ်နင်းနိုင်မယ်။ နောက် Pat Jasan သူတို့လည်း သေချာ အန်ကယ်တို့နဲ့ ဥပဒေဘောင်အတွင်းမှာ ပူးပေါင်းလာမယ်ဆိုရင်တော့ ပိုပြီး ကောင်း တာပေါ့လေ။

          မေး ။ ။ အထူးဒေသ (၁) မှာဆို ပြည်သူ့စစ်တွေက ဘိန်းစိုက်တဲ့ထဲ ပါဝင်နေတာကို ဝေဖန်မှုတွေ ရှိသလို သူတို့ ဘက် ကလည်း ဝန်ခံထားတာရှိတယ်။ ဒီအပေါ်မှာဆိုရင် အစိုးရအနေနဲ့ ဘယ်လို ကိုင်တွယ်ရမလဲ။

          ဖြေ ။ ။ အန်ကယ်တို့ အနေနဲ့ ရိုးရိုးသားသားပြောရမယ်ဆိုရင် နည်းနည်းခက်ပါတယ်။ ပြည်သူ့စစ်တို့ နယ်ခြား စောင့် တပ်တို့ ဆိုတာက တပ်မတော်နဲ့ပဲ ဆိုင်တာပေါ့။ အန်ကယ်တို့ တိုက်ရိုက်ကြီး သွားကိုင်တွယ်လို့ မရဘူး ဆိုတော့ အခက် အခဲ ရှိပါတယ်။

          မေး ။ ။ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) တွေ့တုန်းက စစ်ရှောင်တွေ ကိစ္စမှာ ကူ ညီဖို့ ပြည်နယ်အစိုးရနဲ့လည်း ချိတ်ဆက်လုပ်ရမယ်ဆိုတာတွေ ပြောထားတာရှိတော့ ကချင်ပြည်နယ် အစိုးရမှာ လုပ် ဆောင်ချက် ဘာတွေရှိလဲ သိချင်ပါတယ်။

          ဖြေ ။ ။ အန်ကယ်တို့ကတော့ တောက်လျှောက် လူ/ကယ်ပြန်ကနေရော ဒီဟာကို အသေးစိတ်ဆိုရင်တော့ လူမှုရေး ဝန်ကြီးကို မေးရင်တော့ ပိုကောင်းပါတယ်။ နေရပ်ပြန်ရေးတို့ ဘာတို့ကတော့ အန်ကယ်တို့လည်း သူတို့ ဆန္ဒအတိုင်း လုပ်ပေးဖို့ အဆင်သင့် အနေအထားမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ ကဆုန်လတုန်းကလည်း အန်ကယ်ကိုယ်တိုင်သွားပါတယ်။ သူတို့ရပ်ရွာကို ပြန်ပို့ပါတယ်။ အသေးစိတ်ဆိုရင်တော့ လူမှုရေးဝန်ကြီးကို မေးလို့ ရပါတယ်။

          မေး ။ ။ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်တဲ့အခြေအနေတွေရော ဘယ်လိုရှိပါသလဲ ။

          ဖြေ ။ ။ မြစ်ဆုံအခြေအနေက အစီရင်ခံစာ မတင်ရသေးဘူး။ အဲဒီလောက်ပဲ ပြောလို့ရပါမယ်။ အစီရင်ခံစာ မတင်ရ သေးဘူး။ သမ္မတဆီကို အစီရင်ခံစာ တင်ပြီးတဲ့ နောက်မှပဲ ပြည်သူတွေ အားလုံးသိပါမယ်။

          မေး ။ ။ စက်တင်ဘာ၁ ရက်က တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့က KBC ကို ခေါ်တွေ့ပြီး မြစ်ဆုံ ပြန်စဖို့ စည်းရုံး သလို ကချင်လူထု အသံမေးသလို ပြောဆိုတာတွေ ရှိတယ်လို့ သိရတယ်။ အစိုးရဘက်ကိုရော တရုတ်က ပြောတာရှိ ပါသလား။

          ဖြေ ။ ။ အန်ကယ်တို့ကိုတော့ လုပ်ရအောင်ဆိုပြီး လာပြောတာ မရှိဘူး။ အစိုးရကို လာပြောတာ မရှိပါဘူး။

          မေး ။ ။ မြစ်ဆုံစီမံကိန်းကို လူထုက လက်မခံဘူး။ ကချင်ပြည်နယ် အစိုးရသဘောထားကရော ဘယ်လိုရှိပါသလဲ။

          ဖြေ ။ ။ ကျနော်တို့ သဘောထားကတော့ ဒီတိုင်းပဲ ။ ကျနော်တို့က ပြည်သူက ရွေးချယ်တင်မြှောက် လိုက်တာဆို တော့ ပြည်သူရဲ့ဆန္ဒက အဓိကပဲ။ ပြည်သူက မလိုချင်ဘူးဆိုရင် လက်မခံဘူးဆိုရင် ဒါက ဖြစ်လာမှာ မဟုတ်ပါဘူး။

          မေး ။ ။ မြစ်ဆုံကော်မရှင်ရဲ့ အစီရင်ခံစာက နိုင်ငံတော်သမ္မတထံ တင်ပြဖို့က ဘာကြောင့် ကြာနေတာလဲ ။

          ဖြေ ။ ။ သတ်မှတ်ချိန်ကတော့ အကုန်လုံး ညှိနှိုင်းဆွေးနွေးရမယ့် အချက်တွေ အများကြီး ရှိလို့ပါ။ တဖွဲ့နဲ့ တဖွဲ့ အ များကြီး ညှိနှိုင်းရမှာတွေ အပြည်ပြည်ဆိုင်ရာအကြံပေးအဖွဲ့ဆိုတာတွေနဲ့လည်း မေးပြီးတော့ အစီရင်ခံစာကို တင်ဖို့ပါ။ ဒါကြောင့် ကြန့်ကြာနေတာပါ။

          မေး ။ ။ ဒေသခံတွေနဲ့ တွေ့တဲ့အခါ သူတို့က မြစ်ဆုံစီမံကိန်း ပြန်စတော့မှာကို စိတ်ပူနေကြတယ်။ ဝန်ကြီးအနေနဲ့ ဘာပြောချင်ပါသလဲ။

          ဖြေ ။ ။ ပြည်သူလူထုကို ပြောချင်တာက ခင်ဗျားတို့ ဆန္ဒအတိုင်းပဲလို့ ပြောချင်ပါတယ်။ အဲဒီလို အမှာစကား ပါးချင် ပါတယ်။

          မေး ။ ။ တနိုင်းတိုက်ပွဲတုန်းက တပ်မတော်ဘက်က နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးတယ်လို့ ကြေညာပြီး တိုက်ခိုက် တယ်။ တပ်မတော်တိုက်ခိုက်လို့ KIA ဘက်ကလည်း သူတို့ စီးပွားရေးထိခိုက်တယ်လို့ ဆိုတယ်။ ကြားမှာ ဒေသခံတွေက စစ် ရှောင်တွေ ဖြစ်နေရတယ်။ ဒီအပေါ်မှာ ဝန်ကြီးချုပ် ဘယ်လို သဘောထား မှတ်ချက်ရှိလဲ။

          ဖြေ ။ ။အဲဒါ ပြောရမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးမရသေးတော့ အစိုးရ ထိန်းချုပ်နယ်မြေ မဟုတ်တဲ့ Non Government Control Area ၊ အန်ကယ်တို့ မအုပ်ချုပ်နိုင်တဲ့ ဧရိယာကို တပ်မတော်က ဝင်ရှင်းတယ်ဆိုတဲ့ သဘော မှာ ပြဿနာတွေ ပေါ်လာတယ်။ စစ်ရှောင်တို့ ဘာတို့ အကုန်လုံးပေါ့ ။ အဲဒီလိုဖြစ်လာတာကို အန်ကယ်တို့ အနေနဲ့ကတော့ ပြည်သူတွေ ရင်ဆိုင်လာရတဲ့ ဒုက္ခတွေကို အတတ်နိုင်ဆုံး ဖြေလျော့ပေးဖို့ ကူညီပေးဖို့ ဒါပဲ ရှိပါတယ်။ မတူဘူးပေါ့ဗျာ။ တပ်မတော်ကလည်း စစ်ရေးအမြင်နဲ့ လုပ်တာ။ အဲဒီလိုပေါ့။

          မေး ။ ။ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေမှာ တပ်မတော်က စတိုက်တယ်။ သဘောထား တင်းမာတယ်။ ငြိမ်းချမ်း ရေး မလိုချင်တာ တပ်မတော်လို့ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေ ဒေသခံတွေက ဆိုကြတယ်။ ဝန်ကြီးအနေနဲ့ဆိုရင် တပ်မတော်ရဲ့သဘောထားကို ဘယ်လို မြင်မိလဲ။

          ဖြေ ။ ။ သူတို့ရဲ့သဘောထားက ခုနပြောသလိုပဲ သူတို့ စစ်ရေးအမြင်နဲ့ အလုပ်လုပ်တယ်။ သူတို့ရဲ့အဓိက က ပြည် နယ်ရဲ့ လုံခြုံရေး၊ အဲဒီအတွက် သူတို့က ဆောင်ရွက်တယ်။ အန်ကယ်ကတော့ ဘာမှလည်း ထွေထွေထူးထူး မပြောလို ပါဘူး။

          မေး ။ ။ ကချင်ပြည်နယ်အရပ်သားအစိုးရအနေနဲ့ ဘာတွေ စိန်ခေါ်မှုတွေ ရှိလဲ။

          ဖြေ ။ ။ စိန်ခေါ်မှုတွေကတော့ ပြောရမယ်ဆို ငြိမ်းချမ်းရေး မရသေးတဲ့အတွက် အုပ်ချုပ်ရေးစနစ်မှာ နည်းနည်း အခက်အခဲတွေ အဆင်မပြေမှုတွေ ရှိပါတယ်။ ဒါ တချက်ပါပဲ။ ကျန်တာ မပြောလိုပါဘူး။

          မေး ။ ။ NLD အရပ်သားအစိုးရကို ကချင်ပြည်သူတွေက တော်တော် မျှော်မှန်းထားတယ်။ ဝန်ကြီးကို ဆိုလည်း အ ရင်ဝန်ကြီးတွေထက် သူတို့အရေး ပိုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် တချို့ကိစ္စတွေမှာ အားမလို အား မရ ဖြစ်တာတွေရှိပြီး ဝေဖန်နေကြတာ တွေ့ရတယ်။ ဝန်ကြီးအနေနဲ့ ကချင်ပြည်နယ်က ပြည်သူလူထုကို ဘာများ ပြော ချင်ပါသလဲ။

          ဖြေ ။ ။ အန်ကယ်တို့အနေနဲ့တော့ အခု ၁နှစ်ခွဲပဲ ရှိသေးတော့ ၁နှစ်ခွဲကာလမှာ ပြည်သူတွေ ဘာအခက်အခဲ ရှိ တယ်၊ ဘယ်လိုပြဿနာတွေ ရှိတယ်ဆိုတာကို ပိုပြီး သိမြင်လာတယ်။ အဲဒီလို ဖြစ်တဲ့အခါကျတော့ ဒီဟာတွေကို အတတ်နိုင်ဆုံး ဖြည်းဖြည်းချင်း ဖြေလျှော့သွားမယ်။ အခုက ၂၀၁၆-၂၀၁၇ ဘတ်ဂျတ်ပဲ ရှိသေးတယ်။ ၂၀၁၇-၁၈ ဘတ်ဂျတ်က အခု အ ကောင်အထည်ဖော်မယ်။ အဲဒီလို သွားပါမယ်။

          အန်ကယ်တို့ကတော့ Mission တို့ Vision တို့ ရှိပါတယ်။ Vision ကတော့ ငြိမ်းချမ်းသာယာပြီး ပြည်ထောင်စုတိုင်း ရင်းသားများ အတူတကွ ယှဉ်တွဲနေထိုင်သည့် ခေတ်မီဖွံ့ဖြိုးတိုးတတ်သော မူးယစ်ဆေးဝါး ကင်းစင်သည့် ပြည်နယ်ကြီး တ ခု ဖြစ်ပေါ်လာရေးပါ။

          နောက်ပြီးတော့ Mission အနေနဲ့ကတော့ ငြိမ်းချမ်းရေးရယ် လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့ရယ် မြို့ကျေးရွာ အား လုံး လျှပ်စစ်မီးအားလုံး ရရှိရေး၊ မူးယစ်ဆေးဝါးပပျောက်ရေး၊ တိုင်းရင်းသားလူမျိုး အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မြဲစေရေး၊ လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေး ဒါတွေပေါ့။

          နောက် ပြည်နယ်သူ ပြည်နယ်သားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အဲဒါကတော့ ဘယ်မှာ အခြေခံမလဲဆို တော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ ခရီးသွားကဏ္ဍကို မြင့်တင့်ခြင်းဖြင့် အလုပ်အကိုင် ရရှိဖို့အတွက် နိုင်ငံခြားက Foreign Direct Investment ဖြစ်တဲ့ ပြည်ပက လုပ်ငန်းရှင်တွေ ပြည်နယ်မှာ လာပြီးတော့ စိုက်ပျိုးရေးကဏ္ဍ မွေးမြူရေးကဏ္ဍ တွေမှာ ရင်းနှီးမြှုပ်နှံဖို့ အန်ကယ်တို့က ဖိတ်ခေါ်နေတယ်။ အဲဒါလေးတွေပါ။ ဒါကတော့ အန်ကယ်တို့ရဲ့ Mission ပါ။

          နောက်ပြီး ဌာနဆိုင်ရာ အသီးသီးရဲ့လုပ်ဆောင်ချက်တို့သည် အများပြည်သူ ယုံကြည်အားထားလက်ခံသည့် ဝန် ဆောင် ချက်များ ဖြစ်စေရေး၊ မလိုလားအပ်ဘဲ နှောင့်နှေးကြန့်ကြာမှု အခက်အခဲ ဖြစ်စေမှု အဂတိလိုက်စားမှု အစရှိ သည်တို့ကို တိုက်ဖျက်လျှော့ချရေး ၊ ဒါပဲ ပြည်သူတွေအတွက် အန်ကယ်တို့ လုပ်သွားပါမယ်။

          ကြိုးစားပြီး လုပ်သွားပါမယ်။ ဒါက ၅နှစ်တာ ကာလသက်တမ်းမှာ ရည်မှန်းထားတာတွေပါ။

          Your Thoughts …
          Tags: ကချင်ပြည်နယ်ဒေါက်တာခက်အောင်
          နန်းလွင်နှင်းပွင့်

          နန်းလွင်နှင်းပွင့်

          ဧရာဝတီ

          Similar Picks:

          ဆယ်ဇင်းရွာက လူအစုလိုက် သတ်ခံရမှု

          ဆယ်ဇင်းရွာက လူအစုလိုက် သတ်ခံရမှု

          by ဧရာဝတီ
          9 September 2023
          7.3k

          ဗီဒီယိုဖိုင်တွေက အတုတွေလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်တုန်းကဆိုတော့ လူတွေကလည်းစုံတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း အဲဒီနားမှာ တအားများနေတဲ့ အခါကျတော့။ ဆယ်ဇင်းရဲစခန်းမှာ အဖမ်းခံရတာဆိုရင် ရဲစခန်းနဲ့ပဲဆိုင်မှာပေါ့။ SNA ကို လာမေးနေတယ်ဆိုတာက မင်းတို့ မဟုတ်သေးဘူးလေ

          KIA ဌာနချုပ် လိုင်ဇာမြို့အတွင်း ၂၀၁၃ ခုနှစ်က မြင်တွေ့ရသော ကချင်စစ်သားများ

          လိုင်ဇာအနီးက စစ်ရိပ်စစ်ငွေ့များ

          by မိုးစက်ငြိမ်းချမ်း
          15 July 2023
          14.3k

          မြန်မာစစ်တပ်၏ စိတ်ထဲ၌ လိုင်ဇာအား အမှန်တကယ်သိမ်းလိုသည့် ဆန္ဒတော့ရှိပုံရ၏။ လိုင်ဇာသိမ်းမည်ဟူသည့် ဝါဒဖြန့်ပြောဆိုမှုများကို မကြာခဏ ပြုလုပ်လေ့ရှိသည်။

          ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်ကို ဖြတ်သန်းလာသော ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ယာဉ်တန်း / Supplied

          NUG ကို အကြောင်းကြားရန် ပျက်ကွက်မှု ကုလယာဉ်တန်းများကို ထိခိုက်လာနိုင်

          by Paul Greening
          17 March 2023
          8.2k

          PDF များအနေဖြင့် ယာဉ်တန်းတခုသည် ကုလသမဂ္ဂယာဉ်တန်း ဟုတ်၊ မဟုတ် အမြဲတမ်း သေချာပေါက်သိရန် ခက်ခဲသည်။

          ဦးတေဇ၊ မိုးဖုန်းဆရာတော်နှင့် ဦးသုခမိန္ဒတို့၏ ပူတာအို ခရီးစဉ် / Sao Su Kham

          မိုင်းဖုန်းဆရာတော် ခရီးစဉ်နှင့်အတူ ခရိုနီဦးတေဇ ပြန်ပေါ်လာ

          by ဧရာဝတီ
          19 April 2023
          10.5k

          လတ်တလောတွင် စစ်ကောင်စီသည် ဦးတေဇ၏ ထူးအုပ်စုကို မြန်မာသို့ တလလျှင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်း တန်သည့် စားအုန်းဆီများ တင်သွင်းခွင့်ပြုထားသည်။

          တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ / ဧရာဝတီ

          ရှမ်းနှင့်ရခိုင်မှ အချိန်မရွေးပေါက်ကွဲနိုင်သည့် “လက်နက်အသင့်ငြိမ်းချမ်းရေး”

          by ကိုဦး
          17 February 2023
          8.6k

          အကယ်၍သာ ရှမ်းတောင်တွင် တိုက်ပွဲဖြစ်ပွားပါက ရှမ်းအရှေ့သို့ပါ ကူးစက်နိုင်ခြေရှိသည်။

          ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် တဦး / ဧရာဝတီ

          ကချင်ပြည်နယ်အတွင်းရှိ BGF နှင့် ပြည်သူ့စစ်များကို တိုက်မည်ဟု KIO ကြေညာ

          by ဧရာဝတီ
          16 May 2022
          18.9k

          ကချင်ပြည်နယ်ထဲရှိ စစ်ကောင်စီ ဒေါက်တိုင် နယ်ခြားစောင့်တပ် (BGF) နှင့် ပြည်သူ့စစ်များကို စစ်ရေး၊ နိုင်ငံရေးအရ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ သတင်းနှင့် ပြန်ကြားရေးဌာနက မေလ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

          Next Post
          အူရီဒူးရဲ့ "M-ပိုက်ဆံ" ဝန်ဆောင်မှု / သီဟတိုး / ဧရာ၀တီ

          အူရီဒူးမြန်မာရဲ့“M-ပိုက်ဆံ” ဝန်ဆောင်မှု စတင်အသုံးပြုနိုင်ပြီ

          ဖရန့်ဖတ်ကားပြပွဲမှာ Formula One ကားမောင်းသမား လူးဝစ်ဟာမီတန်နဲ့ ကြော်ငြာခဲ့တဲ့ Project ONE

          ၂၀၁၉မှာ စတင်ရောင်းချမယ့် Mercedes က ဒေါ်လာ ၂.၇သန်းတန် မော်ဒယ်သစ်

          No Result
          View All Result

          Recommended

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          3 days ago
          8.5k
          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          2 weeks ago
          26.6k

          Most Read

          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0
          • စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

            shares
            Share 0 Tweet 0
          • စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

            shares
            Share 0 Tweet 0
          • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

            shares
            Share 0 Tweet 0
          • တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved