ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေသော ရိုဟင်ဂျာ ကယ်တင်ရေး တပ်မ တော် (ARSA) သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း က အပစ်အခတ် ရပ်စဲပြီး အစိုးရနှင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောဆိုထားသော်လည်း အစိုးရက လက်ခံတုံ့ပြန်ခြင်း မရှိပေ။
ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်းကလည်း မည်သည့် အစိုးရကမှ အကြမ်းဖက်အဖွဲ့အစည်းကို ညှိနှိုင်းမည် မဟုတ် ကြောင်း၊ ၎င်းတို့အနေဖြင့်လည်း အသိအမှတ်ပြု ညှိနှိုင်းရန် မရှိကြောင်း ဧရာဝတီကို ပြော ဆိုထားသည်။
ထို ARSA ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင် ဆောင်ရွက် နေသော ဦးဟန်ညောင်ဝေ ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံ မေးမြန်းထားပါ သည်။
ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံ၏ပထမဆုံး သမ္မတ စပ်ရွှေသိုက်၏ သားတဦးဖြစ်ပြီး အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဝိုင်းများတွင် ပါဝင် ဆောင်ရွက်နေသော ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် ဥရောပ-မြန်မာရုံး (EBO)၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်။
မေး။ ။ ARSA က အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာပါဖိုု့ ပြောတာ တွေ့လာရတယ်။ အစိုးရဘက်ကတော့ လက်မခံ ထား ဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ကူညီနေတဲ့သူ တယောက်အနေနဲ့ ဒီအပေါ်မှာ ဘယ်လို အမြင်ရှိ ပါလဲ။
ဖြေ။ ။ ကျနော့် အနေနဲ့ကတော့ အတူတူပဲလေ။ လက်နက်ကိုင်ပြီး အဖြေရှာတာက မလွယ်ဘူး။ နိုင်ငံရေး ဆွေး နွေးပွဲနဲ့ ရှာမယ် ဆိုရင် ဖြစ်နိုင်တဲ့ အလားအလာ ရှိတာပေါ့။ သူတို့ကိုယ်တိုင်က ဆွေးနွေးချင်တယ် ဆိုတာ တ ကယ်တော့ ဆွေးနွေး သင့်တယ်။ ကြည့်ပေါ့။ သူတိုက ဘာကြောင့်မို့ တိုက်နေတာလဲ။ ဘာတွေ လိုချင်တာလဲ။ ပေးနိုင်မပေးနိုင်တာက တခြား။ ဒါပေမယ့် သူတို့က စကားပြောချင်တယ်ဆို ပြောသင့်တယ်လို့ မြင်တယ်။
မေး။ ။ သူတို့အဖွဲ့ကို အစိုးရက အကြမ်းဖက်အဖွဲ့ သတ်မှတ်ထားတော့ ပြောဆိုဆွေးနွေးဖို့ဆိုတာ ဖြစ်နိုင်ပါ့မ လား။
ဖြေ။ ။ အဲဒါကလည်း ဒီလိုလေ။ သူတို့ သတ်မှတ်တဲ့ကိစ္စဟာ သတ်မှတ်သင့်သလား ဆိုတဲ့ မေးခွန်းရှိတယ်။ ဘာ ကြောင့်လဲဆို သူတို့ စတိုက်တုန်းက (အောက်တိုဘာ) ၂၀၁၆ တုန်းက လုံး၀ အကြမ်းဖက်ပုံ မပေါ်ဘူး။ နောက်ပိုင်း ပေါ်ချင်ပေါ်မှာပေါ့။ သူတို့ ပြောတဲ့နေရာမှာလည်း သူတိုု့က အကြမ်းဖက်ချင်တယ် ဘာတယ် မဟုတ်ပါဘူး။ သူ တို့ နိုင်ငံတကာနဲ့လည်း မချိတ်ပါဘူးဆိုပြီး ပြောနေတာ။ သူတိုု့ပြောတဲ့အတိုင်းကို စုံစမ်း ကြည့်သင့်တယ်။ သူ တို့နဲ့ ဆွေးနွေး ကြည့်သင့်တယ်။ အဖြေရှာရင်တော့ လွယ်သွားမယ်လို့ ကျနော်မြင်တယ်။
မေး။ ။ အခု ARSA က တိုက်ရိုက် အစိုးရကို ကမ်းလှမ်းနေတဲ့ သဘော တွေ့ရတယ်။ ကြားခံ အဖွဲ့အစည်းတွေ ဘာတွေ နဲ့ အန်ကယ်တို့ကို ဆက်သွယ်တာတွေ ရှိလား။
ဖြေ။ ။ မရှိဘူး။ သူတို့ကတော့ အခု လောလောဆယ် အစိုးရဆီ တိုက်ရိုက်ပဲ ပြောတယ်။ အစိုးရက ဘယ်လို တုံ့ပြန် လာမလဲ။ အစိုးရကတော့ မတုံ့ပြန်ဘူးလို့ ကျနော်မြင်တယ်။
မေး။ ။ မြန်မာပြည်မှာ အများစုက သူတို့ဟာ ဌာနေ တိုင်းရင်းသား မဟုတ်ဘူး။ မွတ်စလင်လို့ပဲ သတ်မှတ်တယ်။ သူတို့ကိုယ်တိုင် ရိုဟင်ဂျာလို့ သုံးတဲ့ အသုံးအနှုန်းအပေါ် ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ အဲဒီဟာက ကျနော်မြင်တာက ဒီနှစ်ပေါင်း ၅၀ ကျော် စစ်ဘက် အစိုးရက သမိုင်းဖျက်ထားတယ်လို့ မြင် တယ်။ ဘာကြောင့်လဲဆို ကျနော်သိတယ်။ အရင်တုန်းက ရိုဟင်ဂျာ (အသုံး) ကို သုံးနေကြတယ်။ တပ်မတော် ကိုယ်တိုင်က ဒီ ၁၉၆၀ ခုနှစ်လောက်မှာ မေယုခရိုင် ဆိုတာ ဖွဲ့ပေးတယ်။ အဲဒါက တိုင်းရင်းသား ဖြစ်တဲ့ ရိုဟင် ဂျာ အတွက်ဆိုပြီး သူတို့ ကိုယ်တိုင်ပြောတယ်။ ပြောချင်တာက တခါမှ မရှိဘူး ဆိုတာလည်း မဟုတ်ဘူး။ ရှိဖူး ပါ တယ်။ အဲဒါမကဘူး မြန်မာ့ အသံ အသံလွှင့်ရုံမှာ ရိုဟင်ဂျာ စကား အစီအစဉ် ရှိခဲ့တယ်။
မေး။ ။ အဲဒါကို (ရိုဟင်ဂျာ စကားအစီအစဉ်) အခု ပြန်ထောက်ပြနေတာတွေ ရှိတယ်။ အဲဒါအပြင် မေယုခရိုင်တို့။ ၁၉၉၃ ခုနှစ်က ဒုက္ခသည် ပြန်လည် လက်ခံရေးဆိုင်ရာ စာချုပ်တွေမှာ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံး မပါဘဲ ရခိုင် ပြည်နယ် မြောက်ပိုင်းက မွတ်စလင်လို့ပဲ သုံးထားတာ မလား။
ဖြေ။ ။ မေယုမှာ သုံးတယ်။ အဲဒီတုန်းက အစိုးရဘက်က လက်မခံချင်တော့ဘူး။ သူတို့ ပြောတာက နိုင်ငံရေးအရ ထွင် ယူတယ် ပြောတယ်။ ဒီဟာက လူ့အခွင့်အရေး ရှုထောင့်နဲ့ ကြည့်ရင် လူမျိုးတိုင်းဟာ ကိုယ့်ဟာကို ထွင် လို့ရ တယ်။ ဥပမာ ထိုင်းဆိုရင်လည်း သူတို့ဟာ ထိုင်း လို့ ပြောတယ်။ တခြားလူတွေက သူတို့ကို ခေါ်တာ Siam (စယမ်) လေ။ ရှမ်းဆိုရင်လည်း ဒီလိုပဲ။ ရှမ်းကို ခေါ်တာ ရှမ်းပေါ့။ ရှမ်း ခပ်များများကပြောရင် သူတို့က တိုင်း လူမျိုးပေါ့။
မေး။ ။ တိုင်းရင်းသား အတော်များများက ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား မဟုတ်တဲ့ အတွက်ကြောင့် လက် မခံနိုင်ဘူး ပြောကြတယ်။ တချို့ကျတော့လည်း ဘာမှ မပြောဘူး။ အန်ကယ့်အနေနဲ့ကျတော့ ဒီလို ထောက်ခံခြင်း မထောက်ခံ ခြင်းထက် လူသားချင်း စာနာမှုဘက်ကပဲ ကြည့်ကြည့်၊ လူ့အခွင့်အရေး ဘက်ကပဲ ကြည့်ကြည့် ဘယ် လိုအခြေအနေ ဖြစ်သင့်တယ်လို့ထင်လဲ။
ဖြေ။ ။ ကျနော်မြင်တာကတော့ ဒီ ရိုဟင်ဂျာ ကိစ္စက သူတို့ကို ဖိနှိပ်ထားတာ နှစ်ပေါင်းကြာပြီ။ ဒါ ပြန်ကြည့် ရင် တွေ့ မယ်။ ဆိုတော့ ဘယ်လူမျိုးမဆို အဲဒီလိုမျိုး မဖိနှိပ်သင့်ဘူး။ ကျနော်ယုံတာတော့ ခပ်များများက နိုင်ငံသား ပဲ။ တချို့က ပြောတာပေါ့။ စာရွက်စာတမ်း အထောက်အထား မရှိဘူး။ တိုင်းရင်းသား ဒေသမှာလည်း မှတ်ပုံ တင် မရှိတာတွေ အများကြီးပဲ။ ဘာကြောင့်လဲ။ ကျနော်တို့ နိုင်ငံက အနောက်နိုင်ငံလို မဟုတ်ဘူး။ လူတိုင်းက ID ကတ်တွေ ဘာတွေ မရှိကြဘူး။ အဲဒီလိုမျိုး ငြင်းလို့တော့ ခက်မယ်။ ဒါပေမယ့် အဲဒီဒေသမှာ နေလာတာ လွတ်လပ် ရေး ကာလတုန်းက နေလာတာ ရှင်းတယ်။ တချို့ ခိုးလာ နေတယ်။ ရာခိုင်နှုန်းနဲ့ မများပါဘူး။ တရုတ်ဘက် က လည်း အများကြီး ဝင်လာ တာပဲ။
မေး။ ။ အဲဒီ ဒေသမှာအပြင် တနိုင်ငံလုံးမှာ နိုင်ငံသားပြုခွင့် ကတ်နဲ့နေကြတဲ့ တခြား ဟိန္ဒူလို၊ တရုတ်လို လူတွေ ရှိ တယ်။ နေကြတယ်။ ဒါပေမယ့် မွတ်စလင်နဲ့ချည်း ပြဿနာ ဖြစ်ကြတာ များတယ်။ အဲဒီဒေသမှာ ဒေသခံတွေရဲ့ စိုးရိမ် ချက်က နယ်မြေစိုးမိုးရေး ဆိုင်ရာ စိုးရိမ်ချက်တွေ ရှိတယ်ဆိုတာ သိရတယ်။ အဲဒီအပေါ် ဘာပြောနိုင်မလဲ။
ဖြေ။ ။ အဲဒါကတော့ ကျနော်မြင်တာက ခြောက်ထားလို့ပါ။ သူတို့က မိန်းမ လေးယောက် ရှိတယ်။ လူဦးရေများ လာ မယ်။ မွတ်စလင်က လွှမ်းမိုးမယ်။ အဲဒီလိုမျိုးတွေ ခြောက်ထားလို့။ တကယ် ပြန်ကြည့်မယ်ဆိုရင် မလေး ရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံက မွတ်စလင်တွေချည်းပဲ သူတို့က ကျနော်တို့ကို ဘာလာလုပ်လဲ။ ဘာမှ မလုပ်ပါဘူး။ သူတို့ဟာ သူတို့ပဲ နေတယ်။ ဆိုတော့ ဒီမှာရှိတဲ့ မွတ်စလင်တွေလည်း ကျနော် တို့ကို လာလွှမ်းမိုးမယ်လို့ မဖြစ်နိုင် ဘူး။ အခုက ၄ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အဲဒီလိုမျိုးတွေ။ တကယ်လက်တွေ့ ကြည့်မယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီ တခြား တိုင်းရင်းသားထဲမှာတောင် မှ မြန်မာပြည်ရဲ့ သမ္မတ ဝင်လုပ်ဖို့က မဖြစ်နိုင်ဘူး။ ခပ်များ များက ဗမာ ဖြစ်ရမယ်လေ။ ဆိုတော့ ရိုဟင်ဂျာက ဘယ်လိုလာ လုပ်မလဲဆိုတာ မဖြစ်နိုင်ပါဘူး။ စိုးရိမ်မှု တွေက တော့ ကြီးတယ်။ ဒါကလည်း ခြောက်ထားတဲ့ လူတွေရှိလို့ ဖြစ်တယ်။
မေး။ ။ တဖက်က ပြန်ကြည့်ရင် တိုင်းရင်းသားတွေထဲမှာ သူတို့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြည်နယ် တောင်းကြတယ်။ ၀ ဆိုလည်း သူတိုရဲ့၀ ပြည်နယ် တောင်းတယ်။ မွတ်စလင်ကလည်း မွတ်စလင် ပြည်နယ်တောင်းမယ်ဆိုတဲ့ စိုးရိမ်ချက် တွေ ရှိကြတယ်။
ဖြေ။ ။ ရှိတာပေါ့။ ကြောက်တာကို။ ဒီမှာကလည်း ဒီလိုုပဲ။ အခုလည်း တိုုင်းရင်းသားဘက်မှာ အငြင်းအခုံ ဖြစ်ကြတယ်။ ကိုယ်ပိုင်နယ်မြေ ရချင်တယ်ဆိုတာ ဘာကြောင့်မိုရချင်လဲ။ ခပ်များများ ပြန် ကောင်းကောင်း ဆွေးနွေးကြည့်ရင် သူတို က သူတိုကိုယ်ကို ကာကွယ်ချင်တယ်။ သူတို့ရဲ့ အခွင့်အရေးကို ရချင်တယ်။ အဲဒါကြောင့် သူတို့က ပြည်နယ် လိုုချင် တယ်။ တကယ် ဥပဒေအရ လူနည်းစုကို စောင့်ရှောက်ထားတယ်၊ ဘယ်သူမှ နှိမ်နှင်း လို့ မရဘူး၊ လူတိုင်းက အခွင့်အရေး ရှိတယ်ဆိုရင် ဒီကိစ္စတွေက လျော့သွားမှာပဲ။ အခုက လူတိုင်းက စိတ် သိပ်ပြင်းထန်တယ်။ အရင်တုန်းက ဖိနှိပ် ခံထားရတာကိုး။ ဥပမာ ကိုယ့်ဘာသာစကားကို သင်လိုမရဘူး။ အဲဒီလို ဆိုရင် အဲဒီလိုမျိုးဆို လူတွေက ပိုသင်ချင်လာရော။ သူတို့အမျိုးကို ကာကွယ်ချင်တဲ့ စိတ်တွေ ရှိလာရော။
မေး။ ။ အခု အန်ကယ်ပြောတာကို နားလည်ရမယ်ဆိုရင် ARSA က အခု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဖို တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တန်းညှိတာကို လက်ခံတဲ့သဘောလား။
ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ ဒီထဲကို မဝင်ရင်တောင် အနည်းဆုံးတော့ သူတိုနဲ့ ဆွေးနွေးသင့်တယ်။ လမ်းရှာ သင့်တယ်။ ဒီထဲမှာ ပါနိုင်ရင်တော့ တမျိုးပေါ့နော်။ မပါနိုင်ရင်လည်း ဘယ်လိုအဖြေရှာမလဲ ဆိုတာ။ တိုက် နေမယ့် အစား။ ကရင်တို့ ရှမ်းတိုနဲ့ တိုက်နေတာ နှစ်ပေါင်း ၇၀ မပြီးနိုင်ဘူး။ ဒီဟာလည်း ပြီးနိုင်မှာ မဟုတ်ဘူး။ ဆက် တိုက်နေမှာ။ ကျနော်တို့တိုင်းပြည်က ငြိမ်းချမ်းချင်တယ်။ တိုးတက်ချင်တယ်ဆို အဖြေရှာသင့်တယ်။
မေး။ ။ အရင်တခြား တိုင်းရင်းသားတွေနဲ့ တိုက်တဲ့အချိန်တုန်းက ဒီလောက်ထိလည်း လူမှုကွန်ရက်တွေမှာ မပျံ့ဘူး။ ကမ္ဘာကလည်း သိပ်မသိဘူး။ အခုကျတော့ သူတို့ရဲ့ တိုက်ခိုက်မှုအားလုံးက အကြမ်းဖက်မှု နဲ့ တိုက် ရိုက်သက်ဆိုင်တဲ့အခါကျတော့ အဲဒီအပေါ်မှာ ဘယ်လောက်အထိ ပြင်ဆင်မှုတွေရှိရမလဲ။ ဘယ်လောက်အထိ စိုးရိမ်သင့်လဲ။
ဖြေ။ ။ အဲဒါက အစိုးရပေါ်မှာ တည်တယ်။ ဘာကြောင့်လဲဆို အကြမ်းဖက် သတ်မှတ်တာ တို့ဘာတို့က အစိုးရ ဘက် ကပဲ လုပ်တာပဲ။ မကြာသေးခင်တုန်းကလည်း ဒီ တအာန်း (TNLA) တို့ ကချင် တို့ကိုလည်း အကြမ်းဖက် စာရင်းထဲ ထည့်ဖို့ ကြိုးစားခဲ့တယ်။ လူအများက ငြင်းလို့ မဖြစ်သွားတာ။ ဟိုဘက် မငြင်းဘူးဆိုရင် ဖြစ်သွားပြီ။ ကျနော်ပြောချင်တာက တကယ် မဟုတ်ဘူး။ အစိုးရအနေနဲ့ လက်ခံပြီး ဒီဟာက အကြမ်းဖက် မဟုတ်ဘူးဆိုတာ ပြောလို့ရပါတယ်။ ။