• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဓမ္မစက်၊ အာဏာစက် နဲ့ ကားပျက်ကြီး

by ဧရာဝတီ
26 November 2017
in အင်တာဗျူး
A A
ကမ္ဘာ့သာသနာပြု ပီနန် ဆရာတော်ကြီး ဦးပညာဝံသ ပန်းချီပုံ / သရုပ်ဖော် ပန်းချီ - ဟန်လေး / ဧရာဝတီ

ကမ္ဘာ့သာသနာပြု ပီနန် ဆရာတော်ကြီး ဦးပညာဝံသ ပန်းချီပုံ / သရုပ်ဖော် ပန်းချီ - ဟန်လေး / ဧရာဝတီ

15.6k
VIEWS
Share on FacebookShare on Twitter

(ကမ္ဘာ့သာသနာပြု ပီနန် ဆရာတော်ကြီး ဘဒ္ဒန ္တပညာဝံသ (အဂ္ဂမဟာပဏ္ဍိတ) သည် နိုဝင်ဘာ ၂၄ ရက် သောကြာနေ့ နံနက် ၅ နာရီကျော်က မလေးရှားနိုင်ငံ ပီနန်မြို့တွင် ပျံလွန်တော်မူခဲ့ပါသည်။ နိုင်ငံပြင်ပတွင် နှစ်ပေါင်း ၆၀ ကျော် ဗုဒ္ဓဘာသာ ကမ္ဘာ့ သာသနာပြု ဆောင်ရွက်နေသော ဆရာတော်ကြီးကို ၂၀၀၉ ခုနှစ် မတ်လ အတွင်းတွင် ဧရာဝတီက ဆက်သွယ် မေးမြန်းခွင့်ရ ခဲ့ပါသည်။ အဆိုပါ ဆရာတော်ကြီးနှင့် ဆက်သွယ် မေးမြန်းချက်များကို အမှတ်တရ အနေဖြင့် ပြန်လည် ဖော်ပြ လိုက်ပါ သည်။)

မလေးရှားနိုင်ငံ ပီနန်မြို့တွင် သီတင်းသုံးနေသော သာသနာ့မောဠိ(သာသနာ့ ဥသျှောင်)အဖွဲ့ ဥက္ကဌ ဆရာတော်ကြီး ဦးပညာဝံသ (ဘဒ္ဒန္တ ပညာဝံသ) သည် ကမ္ဘာ့ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းများအပြင် ၂၀၀၈ ခုနှစ် မေလ က တိုက်ခတ် ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး အတွက်လည်း ပြည်ပမှ ဝတ္ထုငွေကြေးများစွာ ဖြင့် ထောက်ပံ့ လှူဒါန်းခဲ့သည့် ဆရာတော်ကြီး တပါးဖြစ်ပါသည်။

RelatedPosts

ပျက်ကျပြီး သေတဲ့ ပိုင်းလော့တိုင်း F 7 နဲ့ချည်းပဲ (ရုပ်/သံ)

ပျက်ကျပြီး သေတဲ့ ပိုင်းလော့တိုင်း F 7 နဲ့ချည်းပဲ (ရုပ်/သံ)

16 June 2025
107
ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
2.3k
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
2.4k

မကြာသေးခင်က (၂၀၀၉ ခုနှစ် မတ်လအတွင်း) ရန်ကုန်မြို့တွင် ကျင်းပသွားသော ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ (၄၇)ပါး စုံညီ သတ္တမ အစည်းအဝေး၌ ဥက္ကဌ ဆရာတော်ကြီး ဘဒ္ဒန္တ ကုမာရ၏ သြဝါဒ မိန့်ကြားချက်တွင် ပါဝင်သည့် ပိဋကတ်တော်နှင့် မညီညွတ်ဟု ဆိုသော ကိစ္စရပ်များနှင့် မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာ သံဃာတော်များ တင်းကျပ်ခံနေရမှုများ အပါ အဝင် သာသနာတော်ဆိုင်ရာ အရေးကိစ္စများနှင့်ပတ်သက်ပြီး ဆရာတော်ကြီးအား ဧရာဝတီ ကိုစိုးက ဆက်သွယ်မေးမြန်း လျှောက်ထားခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။  ။ မြတ်စွာဘုရား ပိဋကတ်တော် နဲ့ မညီညွတ်တဲ့ ရေးသား၊ ပြသ၊ ဟောပြောတယ်ဆိုတာ ဘာကိုရည်ညွှန်းတယ်၊ ဘယ်လို အခြေအနေကို ဖော်ပြတယ်၊ ညီညွတ်ခြင်း မညီညွတ်ခြင်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကို ဆုံးဖြတ်သလဲဆိုတာ သိချင်ပါတယ်ဘုရား။

ဖြေ။  ။ မြတ်စွာဘုရားရဲ့ သာသနာတော်ဆိုင်ရာမှာ ဘုန်းကြီးတို့ သေသေချာချာ လိုက်နာကျင့်ဝတ်တဲ့ အခါကျတော့ ဘုန်းကြီးတို့ တခုတည်းလည်း ပြောလို့ မရဘူး၊ မြတ်စွာဘုရားက အထူးသဖြင့်တော့ ဘုန်းကြီးတွေပေါ့လေ၊ ပိဋကတ် သုံးပုံ ရှိတဲ့အနက်မှာ၊ အဘိဓမ္မာတဲ့၊ သုတ္တန်တဲ့၊ ဝိနည်းတဲ့ ၊ ဝိနည်းဆိုတာက တကယ်တော့ စည်းကမ်း ပါပဲ၊ ဥပဒေ ပါပဲ၊ ဗုဒ္ဓဘာသာ Law ပဲ ၊ ဗုဒ္ဓဘာသာ Law ဆိုတဲ့ ဥစ္စာက ဘုန်းကြီးတို့ ဘာပဲဖြစ်ဖြစ် သာသနာ့ဝန် ထမ်းတဲ့ ပုဂ္ဂိုလ်က သံဃနာယကရယ်၊ ဦးပဉ္ဖင်းလေးရယ်၊ ဦးပဉ္ဖင်းကြီးရယ် ဒီလို ပြောလို့တော့လည်း မရဘူး၊ မြတ်စွာဘုရား ကိုယ်တိုင် ဟောထားတာက သာသနာတော်ကို ဝင်ပြီး သသနာ့ ဝန်ထမ်းချင်တဲ့ ပုဂ္ဂိုလ်ဆိုလို့ ရှိရင် အကုန်လုံး ဝိနည်း ဒေသနာတော် ကို လိုက်နာရမယ်လို့ ဒီလိုပဲဟောထားတာကိုး။

နောက်ပြီးတော့ ပြန်ကြည့်ရမှာက မြတ်စွာဘုရားက ဘာဟောသလဲဆိုတော့၊ ခုနက ကြီးတဲ့ ပုဂ္ဂိုလ်ဆိုရင် ငယ်တဲ့ ပုဂ္ဂိုလ်က ရိုသေရမယ်ဆိုပြီးတော့ ဝိနည်းဒေသနာတော်မှာတော့ ဟောထားတာပေါ့၊ သို့သော်လည်း ကြီးတဲ့ ပုဂ္ဂိုလ်တွေကလည်း ဝိနည်းဒေသနာတော်နဲ့ မညီဘူးဆိုလို့ရှိရင်၊ ကြီးတဲ့ ပုဂ္ဂိုလ်ပြောတာကို အကုန်လုံး လက်ခံနေ ရမှာမဟုတ်ဘူး။

ကြီးတဲ့ ပုဂ္ဂိုလ်တွေ ပြောကြားတာက မြတ်စွာဘုရားရဲ့ ဝိနည်းဒေသနာတော်နဲ့ ညီမညီ စစ်တမ်း ထုတ်ပြီးကြည့်တဲ့ အခါကျ တော့ လုံးဝမညီဘူးဆိုလို့ရှိရင်၊ ဒီလိုဆရာတော်မျိုးကို ၊ ဒီလိုလူကြီးမျိုးကို ၊ ဒီလိုပုဂ္ဂိုလ်မျိုးကို၊ ဓမ္မ သမ္ဘောဂ၊ အာမိသ သမ္ဘောဂ ဆိုတာ ရိုရိုသေသေ ပုဂ္ဂိုလ်အနေနဲ့ မဆက်ဆံရဘူးလို့ မြတ်စွာဘုရားက ဟောထားတာ။

ဘုန်းကြီးတို့ ဆိုလိုတာက ခုန သံဃနာယက ဆိုတာ ဘုန်းကြီးတို့ တကယ် အတိအကျပြောမယ် ဆိုရင်တော့၊ ဗမာပြည်မှာ က ဘယ်သူက တင်ထားတဲ့ သံဃနာယက မှန်းလည်း မသိဘူးလေ၊ ရှေးက ဘုန်းကြီးတို့မှာ ဒီလိုဟာမျိုး တခါမှလည်း မရှိခဲ့ ဘူး၊ အခု ဗိုလ်ချုပ်တွေ ခေတ်ရောက်မှ သံဃနာယက ဆိုပြီးလုပ်တဲ့အခါကျတော့၊ ဒါကြောင့် မို့လို့ ကျန်တဲ့ ဆရာတော်တွေ က ဘာဖြစ်သွားသလဲ ဆိုတော့ နည်းနည်းတွေဝေနေကြတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ စက်တင်ဘာ အရေးအခင်းလို ဖြစ် တဲ့ အခါမှာ ပါတဲ့ ဘုန်းကြီးတွေကို သံဃနာယက က ဘုန်းကြီးအစစ် မဟုတ်ဘူးလို့ ပြောတယ်။

ဒီဘုန်းကြီးတွေက ဝိနည်းဒေသနာနဲ့အညီ ရဟန်းခံထားတဲ့ ဘုန်းကြီးတွေပဲ၊ သူတို့မှာ ဘာလက်နက်မှ ပါတာလည်း မဟုတ် ဘူး၊ တိုက်ခိုက်ဖို့ပြောတာလည်း မဟုတ်ဘူး၊ သူတို့က ခင်ဗျားတို့ ဗမာပြည်ကြီးက ၁၉၆၂ ခုနှစ် ကနေစပြီး နှစ်ပေါင်း ၄၀-၅၀ ရှိပြီ ပြည်သူတွေမှာ ဆင်းရဲလှပြီ ဒုက္ခတွေရောက်လှပြီ ၊ ဒါကြောင့် အမှန်ကတော့ ခင်ဗျားတို့ စစ်တပ်ကလည်း ဒီ ရာထူး ကြီးကနေ ထွက်ပေးရမယ်၊ ဒီလိုပြောတာတော့ မဟုတ်ဘူး၊ အဲဒါတွေကို ကြည့်ပြီးတော့ စီမံကြပါလို့ မေတ္တာ ရပ်ခံတာ။

မေတ္တာ ရပ်ခံတာကို သံဃနာယက ဆရာတော်ကြီးတွေ အနေနဲ့က အစိုးရ မျက်နှာကိုကြည့်ပြီးတော့ ဒီဘုန်းကြီးတွေက ရဟန်းအတု ဖြစ်တယ်ဆိုတော့ ဘုန်းကြီးတို့ သာသနာတော်မှာ ရဟန်းအစစ်ကို ရဟန်းအတုလို့ ပြောတဲ့ ဘုန်းကြီး ကိုယ်တိုင် ရဟန်း မဟုတ်ဘူးလို့လည်း ဆိုထားတယ်လေ။

မေး။  ။ ဗုဒ္ဓ ဝိနည်းတော်အရ သံဃာ အတု အစစ်ကိုရော ဘယ်လို ခွဲခြား သတ်မှတ်ပါသလဲ ဘုရား။

ဖြေ။  ။ သံဃာ အတု အစစ်ကို ခွဲဖို့ ဆိုတဲ့အခါကျတော့ ဘုန်းကြီးတို့ ဒီလို ရိုးရိုးခွဲလို့လည်း မရဘူး၊ မြတ်စွာဘုရား ဝိနည်း တော် ရှိတယ်၊ ဒီလိုမျိုး တဦးတယောက်က ပြောလာခဲ့ရင်၊ သံဃာတော်တွေမှာ တကယ့် ဝိနည်း ဒေသနာ တော်ကို လေးစားတဲ့ ပုဂ္ဂိုလ်တွေကို သွားပြောပြီးတော့ အရှင်ဘုရား ဒီလို ဖြစ်နေတယ် ဆိုပြီးတော့ပေါ့၊ အဲဒီ ပုဂ္ဂိုလ်က ဝိနည်း ဒေသနာတော်ကိုလည်း နားလည်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ရမယ်၊ ပြီးတော့ သီလ သမာဓိ ပညာနဲ့လည်း ပြည့်စုံရမယ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဝိနည်းဓိုရ် ခန့်ပြီးတော့ အစစ်လား အတုလားဆိုတာ စစ်ဆေးရမှာကိုး။

ဒီအတိုင်း သွားပြီးတော့ ကိုယ်က မကြိုက်တာနဲ့ ဘုန်းကြီး အတု ဖြစ်တယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်ပြီး သင်္ကန်း ချွတ်ပစ် လိုက်တယ်ဆိုပါတော့၊ အဲဒီ ပြုတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင် သာသနာမှာ ဘုန်းကြီးဖြစ်ခဲ့လို့ရှိရင် ပါရာဇိက ကျတာပဲ၊ ပါရာဇိက ကျတယ်ဆိုတာ ဘုန်းကြီးမဟုတ်တော့ဘူး ဆိုလိုတာပေါ့၊ သူ သင်္ကန်းဝတ်ထားတာတော့ ဘယ် တတ်နိုင်မလဲ၊ သူက သာသနာတော်နဲ့ မလျော်တော့ဘူးလေ၊ သူက ပုဂ္ဂိုလ်ကောင်းကို မဟုတ်ဘူးလို့ စွပ်စွဲတာ၊ အစစ်အတုဆိုတဲ့ ဥစ္စာက ဘုန်းကြီးနဲ့ ခင်ဗျားနဲ့ မကျေနပ်တာနဲ့ ပြောလို့မရဘူး။

ဝိနည်း ဒေသနာတော်ကို လေးစားတဲ့ သူမျိုးဖြစ်ရမယ်၊ သံဃနာယကနဲ့ ဘာမှ မဆိုင်ဘူး၊ သံဃနာယက က သူ့ဘာသာသူ ခန့်ထားတာကိုး၊ အဲဒီ သံဃနာယက က ဝိနည်းဒေသနာ သိက္ခာပုဒ်နဲ့ ညီရဲ့လား၊ သူကိုယ်တိုင်ရော ဘုန်းကြီး အစစ် ဟုတ် ရဲ့ လား ဆိုတာ ရှိသေးတာကိုး။

အဲဒါကြောင့် ဝိနည်းကို အသေအချာလေးစားတဲ့ ပညာတတ်တဲ့ ပုဂ္ဂိုလ်တပါးရဲ့ ဆုံးဖြတ်ချက်မှသာလျင် သံဃာ အစစ်အတု ဆိုတာကို ခွဲနိုင်မှာပေါ့၊ ဒီအတိုင်း ကိုယ်က မကျေနပ်တာနဲ့ သွားပြီးတော့ သံဃာအတုလို့ ပြောလို့ရှိ ရင် ပြောတဲ့လူလည်း ဒုက္ခရောက်တယ်၊ ဒါ အင်မတန်ကြီးလေးတဲ့ အပြစ် ဂရုကမ္မ ခေါ်တယ်၊ ဒါ သံဃာ့ဗေဒက ကံ မဟုတ်ဘူး၊ သံဃာကို စော်ကား တဲ့ ကံ ဖြစ်တယ်။

ပြီးတော့ တရားဒေသနာ ဟောပြောရာမှာလည်း မြတ်စွာဘုရား ဟောကြားတဲ့အတိုင်း ဟောပြောပို့ချခွင့်မရှိဘူး ဆိုတာ ဘုန်းကြီးတို့ ကြားနေတာတွေလည်း ရှိတယ်၊ သို့သော်လည်း မြတ်စွာဘုရားရဲ့ တရားတော်တွေကို လေးစားတဲ့ ဆရာတော် တွေ မှန်သမျှ ဆိုရင် ဝိနည်း ဒေသနာတော်နဲ့အညီ လုပ်ဖို့ လိုတာပေါ့။

ဝိနည်းဒေသနာမှာ ဆုံးဖြတ်တဲ့ အခါမှာလည်း ဒေါသဂတိ၊ ဆန္ဒာဂတိ ဆိုတဲ့ အဂတိတရားတွေနဲ့ အစိုးရမျက်နှာ ကြည့်ပြီး လုပ်လို့ရှိရင် ဝိနည်းဓိုရ် မဟုတ်ဘူး၊ တရား ဆုံးဖြတ်ထိုက်တဲ့လူ မဟုတ်ဘူး၊ မဆုံးဖြတ်ထိုက်တဲ့ လူလို့ မြတ်စွာဘုရား ကိုယ်တိုင် ဟောထားတယ်၊ တချို့ကလည်း သိပေမယ့် ကြောက်လို့ ဆုံးဖြတ်ရတာမျိုးတွေ၊ အဲဒါကြောင့် ဝိနည်းဓိုရ် ကိုယ်တိုင်က ဂတိလေးပါး မလိုက်စားရဘူးဆိုတာ မြတ်စွာဘုရား က ဟောထားတာ။

နောက်ပြီးတာ့ သံဃနာယက ကို ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ တရားတော်နဲ့ ပြောမယ်ဆိုရင်တော့ သံဃနာယက ကိုယ်တိုင်က ဂတိ လေးပါး လိုက်စားသွားရင်တော့ ဝိနည်းဓိုရ် မဖြစ်ထိုက်တော့ဘူး၊ တကယ်လို့ ဘယ်ဘက်မှ မလိုက်ဘူး ဆိုရင်တော့ သူ့ရဲ့ ဆုံးဖြတ်ချက်က မှန်တယ်၊ ပြီးတော့ အတုလို့ စွပ်စွဲခံရတဲ့ သံဃာကို မေးရဦးမယ်၊ ဘာတွေလုပ်ခဲ့သလဲ၊ သူကိုယ်တိုင် ဝန်ခံသလား၊ ဝန်မခံဘူးလားဆိုတာ။

မေး။  ။ သာသနာရေးဆိုင်ရာ ဆုံးဖြတ်ဆောင်ရွက်တဲ့ နေရာမှာ ဓမ္မစက် ၊ အာဏာစက် ဆိုပြီး သုံးတာ တွေ့ရပါတယ် ဘုရား၊ ဘယ်လို နေရာတွေမှာ ခွဲခြားသုံးပါသလဲ ဘုရား။

ဖြေ။  ။ ဓမ္မာစက်ဆိုတာနဲ့ ဆုံးဖြတ်မယ်ဆိုရင် တရားတော်နဲ့အညီ ဆုံးဖြတ်ရမယ်၊ မြတ်စွာဘုရားရဲ့ဝိနည်း ဒေသနာတော် နဲ့ ဆုံးဖြတ်တာကို ဓမ္မစက်လို့ ခေါ်တယ်၊ အဲဒီ သာသနာနဲ့ ပတ်သက်လာရင် အစိုးရမှာ ဆုံးဖြတ်ခွင့်မရှိဘူး၊ အာဏာစက် ဆိုတာက အစိုးရရဲ့ Authority အမိန့်သြဇာကို ပြောတာ၊ အဲဒီတော့ အစိုးရကိုယ်တိုင်က မင်းကျင့်တရား ဆယ်ပါးနဲ့ ညီညွတ် ရမယ်တဲ့၊ ဒါမှ အာဏာစက်နဲ့လည်း ညီမယ်။

သို့သော်လည်း ဓမ္မစက်ဆိုတာကလည်း မြတ်စွာဘုရား ဟောကြားထားတဲ့ ဝိနည်း ဒေသနာတော်တွေကို ဂတိ လေးပါး မလိုက်စားဘဲနဲ့ စစ်တဲ့ ဆရာတော်မျိုးရဲ့ ဆုံးဖြတ်ချက်ကလည်း ဒါ ဓမ္မစက်နဲ့ညီတယ်၊ အဲဒီလို ညီတဲ့ဟာကို ခုန အာဏာ စက်က အသုံးဝင်လို့ ဆရာတော်နဲ့ တွဲလိုက်ရင် အစိုးရ အုပ်ချုပ်နေတယ်လို့ ဆိုလိုတယ်၊ အဲဒါ မင်းကျင့်တရားနဲ့ ညီတဲ့ အစိုးရက အာဏာစက်၊ ဓမ္မစက်နဲ့ အုပ်ချုပ်တာ။

ဘုန်းကြီးတို့ မြန်မာပြည်ကို ကြည့်လိုက်တဲ့ အခါကျတော့ ဓမ္မစက်ရော၊ အာဏာစက်ရော မကောင်းတဲ့ အခိုးတွေ အနံ့တွေ ထွက်နေတယ်၊ ဒါကြောင့် ကားတွေပျက်ခါနီးမှာ အိတ်ဇောက အခိုးတွေ ထွက်နေတယ်မဟုတ်လား၊ စက်က သွားတော့ သွားနေတယ်၊ ဒါပေမယ့် မကောင်းတဲ့ အနံ့တွေ အခိုးတွေထွက်နေတာ၊ မက္ကင်းနစ်က မပြင်လို့ မဖြစ်တော့ဘူး။

ဒါကြောင့် မြန်မာပြည်မှာ ဘုန်းကြီးမြင်တာက ဓမ္မစက်ရော၊ အာဏာစက်ရော က မော်တော်ကား လိုပဲ အိတ်ဇောက မကောင်းတဲ့ အခိုးတွေ ထွက်နေတယ်၊ မကောင်းတဲ့ အနံ့တွေ၊ အဲဒီကားက အလုပ်တော့ လုပ်တယ်၊ နောက်ကျရင် ပျက်တော့မယ်၊ အဲဒါကြောင့် ဘုန်းကြီးတို့ သိပ်ဝမ်းနည်းစရာ ကောင်းပါတယ်လို့ ဘုန်းကြီး ပြောချင်တယ်၊ ရှက်ဖို့လည်း ကောင်းပါတယ်။

မေး။  ။ လက်ရှိ အခြေအနေအရ မြန်မာပြည်ရဲ့ ဗုဒ္ဓသာသနာနဲ့ ပတ်သက်ပြီး ရှေ့အလားအလာကို ဘယ်လို မြင်ပါသလဲ ဘုရား။

ဖြေ။  ။ ရှေ့အလားအလာကတော့ ကောင်းမှာပဲ၊ ဘာဖြစ်လို့ ကောင်းမှာပဲလို့ ပြောလည်း ဆိုတော့ ကမ္ဘောဒီးယားမှာ ပိုပေါ့ အစိုးရ လက်ထက်မှာ ဘုန်းကြီး တပါးမှ မရှိတော့ဘူး၊ အကုန်လုံး သတ်ဖြတ် ပစ်လိုက်တယ်၊ ထွက်ပြေးနေတဲ့ ဘုန်းကြီး တွေ ရှိတဲ့ ဘုန်းကြီးတွေလည်း အကုန်လုံး လူထွက်ရတယ်၊ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဓမ္မစက်ရော၊ အာဏာစက်ရော ဘယ်လိုပဲ အခိုးတွေ ထွက်နေနေ သာသနာဆိုတာကို ဘယ်လိုမှ ဖျက်လို့မရဘူးဆိုတာ ကမ္ဘောဒီးယားကို ပြန်ကြည့်ပါလို့ ပြောချင်တယ်၊ ဒီကနေ့ ကမ္ဘောဒီးယားမှာ သာသနာ ပြန်ထွန်းကားနေတာပဲ၊ အင်မတန် ဆိုးတဲ့ ကမ္ဘောဒီးယားတောင် ဒီလို ပြန်ဖြစ်တယ် ဆိုတော့ အကုန်လုံး သတ်လို့တော့ ဒီသာသနာကြီးက ပျက်မသွားဘူး၊ ညှဉ်းဆဲလို့ ပျက်မသွားဘူး၊ ထောင်ချ လို့ ပျက်မသွားဘူး၊ ဘယ်လိုလူကမှ ဖျက်ဆီးလို့ မပျက်နိုင်ဘူးဆိုတာ အားလုံးကို သိစေလိုပါတယ်။

မေး။  ။ မြန်မာပြည်တွင်းက သာသနာ့ဝန်ထမ်း သံဃာတော်တွေနဲ့ ပတ်သက်ပြီးတော့ရော ဘာများ မိန့်ကြားချင် ပါသလဲ ဘုရား။

ဖြေ။  ။ မြန်မာပြည်မှာ ရှိနေတဲ့ သံဃာတော်တွေကို ဘုန်းကြီးပြောချင်တာက ဒီကနေ့ တပည့်တော်တို့မှာ သာသနာ့ အန္တရာယ်ကြီး နဲ့ ရင်ဆိုင်နေရတယ် ဆိုတာတော့ အားလုံးပဲ အထူးပြောနေစရာ မလိုပါဘူး၊ အားလုံးကလည်း သိနေကြပါ တယ်၊ သို့သော် ဒီသာသနာတော်ကြီးရဲ့ ဒီအန္တရာယ်ကြီးနဲ့ တို့တတွေသည် ရင်ဆိုင်နေရ တာကို မိမိတို့ တတ်နိုင်တဲ့ ဘက် က နေပြီး သီလ သမာဓိ ပညာ ဖြင့် စိတ်ကောင်း စေတနာထားပြီး အတတ်နိုင်ဆုံး ကာကွယ်၍ သော်လည်းကောင်း၊ စောင့်ရှောက်၍ သော်လည်းကောင်း ဒီသာသနာတော် အဓွန့်ရှည်စွာ တည်အောင် အားလုံး ဝိုင်းဝန်းပြီးတော့ သာသနာကို တကယ်ချစ်မြတ်နိုးတဲ့ ဆရာတော်တွေ သံဃာတော်တွေက ဆောင်ရွက်ပါလို့ ဘုန်းကြီးက မေတ္တာရပ်ခံပြီးတော့ ရိုသေစွာ လျှောက်ထားချင်ပါတယ်။  ။

Your Thoughts …
Tags: ပီနန်ဆရာတော် ဦးပညာဝံသ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
ကဗျာဆရာ မောင်ယုပိုင် / Dana Lixenberg

မောင်ယုပိုင် သို့မဟုတ် ရေခဲပြင်ကြီးအောက်က ကဗျာဆရာ

စားသုံးသူကာကွယ်ရေး အသင်း ဥက္ကဋ္ဌ  ဦးဗအုပ်ခိုင် / ချမ်းစွန်း / ဧရာဝတီ

ပလတ်စတစ်က ကင်ဆာဖြစ်တယ်

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate