• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

နိုင်ငံရေးပါတီ ဆိုတာ ပန်းခင်းလမ်းလျှောက်တာ မဟုတ်

by မင်းအောင်ခိုင်
6 December 2017
in အင်တာဗျူး
A A
ရခိုင်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် / မင်းအောင်ခိုင် / ဧရာဝတီ

ရခိုင်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် / မင်းအောင်ခိုင် / ဧရာဝတီ

11.8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အတွင်း အင်အားကြီး တခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ ( ANP ) ပါတီအတွင်း ခေါင်းဆောင်ပိုင်း အကွဲအပြဲဖြစ်ပြီး ပါတီစည်းလုံး ညီညွတ်မှု ပြိုကွဲနေသည်မှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ကတည်းက ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကိုယ်တိုင် နုတ်ထွက်စာ တင်လိုက်သည့်အခါ ပါတီ၏ ခေါင်းဆောင်ပိုင်း အတွင်း ပြိုကွဲမှု ဖြစ်နေသည့်ကိစ္စမှာ ထင်သာမြင်သာ ဖြစ်သွားသည်။ ထို့သို့သော ပါတီအတွင်းရေး အကြောင်းအရာများ၊ ခေါင်းဆောင်ပိုင်းကိစ္စများနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးထွန်းအောင်ကျော်ကို ဧရာဝတီ သတင်းထောက် မင်းအောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ANP ပါတီက ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပြင် လွှတ်တော်အမတ် ဦးကျော်ဇောဦးလည်း နုတ်ထွက်တယ်လို့ သိရတော့ လက်ရှိမှာ နုတ်ထွက်သူ ဘယ်လောက် ရှိသွားပြီလဲ သိချင်ပါတယ်။

RelatedPosts

တယောက်ထဲ မဲလာပေးလဲ ရွေးကောက်ပွဲ အထမြောက်တယ် (ရုပ်/သံ)

တယောက်ထဲ မဲလာပေးလဲ ရွေးကောက်ပွဲ အထမြောက်တယ် (ရုပ်/သံ)

19 May 2025
113
နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

16 May 2025
209
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
2.3k

ဖြေ။ ။ ဦးကျော်ဇောဦး နုတ်ထွက်စာတင်တယ်ဆိုတာ ဟုတ်ပါတယ်။ ပါတီက အခု နုတ်ထွက်စာ တင်တဲ့လူတွေ ထဲမှာတော့ ဒေါ်ထုမေ ရှိမယ်။ အမ်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး ၊ နောက်ဒေါက်တာ အေးမောင် အခု ဦးကျော်ဇောဦးဆိုရင်တော့ အားလုံး ၄ ယောက် ရှိပါတယ်။

မေး ။ ။ ပါတီက အခုလိုမျိုး ပုဂ္ဂိုလ်တွေ နုတ်ထွက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်မယ်လို့ သိရတယ်။ အဲဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကိုရော ဘယ်အချိန် ခေါ်သွားမလဲ ။

ဖြေ။ ။ ကျနော်တို့ ပါတီဖွဲ့စည်းပုံက မြို့နယ်အဆင့်၊ ပြည်နယ်၊ ပြည်ထောင်စု အဆင့် လွှတ်တော်ကိုယ်စားလှယ်တွေ ၊ ဗဟိုကော်မတီတွေ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီတွေ အဲဒီ ပုဂ္ဂိုလ်တွေ နှုတ်ထွက်စာတင်လို့ရှိရင် ပါတီတွင်းမှာ ရှင်းစရာတွေကို ရှင်းလင်းပြီးမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒါကိုဆွေးနွေးညှိနှိုင်းပြီးတော့ ပါတီကထွက်ခွင့် ပြုသင့်၊ မပြုသင့်ကို ဗဟိုအလုပ်အမှုဆောင် ကော်မတီဘဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ပါတီဖွဲ့စည်းပုံမှာ ပါရှိတဲ့အတွက် အခုလို နှုတ်ထွက်တာတွေကို ဗဟိုအလုပ်အမှုဆောင် ကော်မတီခေါ်ယူပြီးတော့ အဆုံးအဖြတ်ခံယူရပါမယ်။

လောလောဆယ်က ပုံမှန်အတိုင်း အဋ္ဌမအကြိမ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ခေါ်သွားတာလည်း အောက်တိုဘာ လဆန်းပိုင်းက ခေါ်ယူခဲ့တာ မကြာသေးဘူး။ အခု CEC အယောက် ၃၀ မှာ ၁၂ ယောက်က ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေပါ။ လွှတ်တော်ကိုယ်စားလှယ် တွေဟာ လွှတ်တော်ရပ်နားတဲ့အတွက် မိမိမြို့နယ်တွေကို ရောက်သွားကြပါပြီ။ အစည်းအဝေးခေါ်ယူဖို့ အနည်းဆုံး ၁၀ ရက်ကြိုတင်ပြီး ခေါ်ယူရပါမယ်။ ဖိတ်စာနဲ့ အကြောင်းကြား ရမယ်၊ အချိန်မီ သိရှိနိုင်အောင် ဖုန်းနဲ့လည်း ခေါ်ပါတယ်။ ပါတီဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ကလည်း အခုဆိုရင် ပါတီကိစ္စတွေနဲ့ နယ်တွေကို ရောက်နေကြတယ်။ ဒါကြောင့် ခန့်မှန်းတာကတော့ အစောဆုံးခေါ်ယူနိုင်ရင် ဇန်နဝါရီလ ပထမအပတ်လောက်မှာဘဲ ခေါ်ယူနိုင်မယ်လို့ ယူဆပါတယ်။

မေး။ ။ ပါတီညီလာခံကလည်း ၂၀၁၈ ခု နှစ်ဦးပိုင်းလောက်မှာ ကျင်းပသွားမယ်လို့လည်း ကြားပါတယ်။

ဖြေ။ ။အဲဒါကတော့ ဗဟိုကော်မတီက ပါတီညီလာခံ ကျင်းပမယ့်ရက်ကို ရွေ့ဆိုင်းလိုက်တယ်လို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ အတိအကျကိုတော့ ဘယ်အချိန် ကျင်းပမယ်လို့တော့ ဗဟိုကော်မတီက ဆုံးဖြတ်ခဲ့တာမရှိသေးဘူး ။ ခန့်မှန်းပြီး ပြောကြတာပဲ ရှိပါတယ်။

မေး။ ။ ပါတီ ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေ နှုတ်ထွက်တဲ့အပေါ်မှာ ဘယ်လိုမျိုးမှတ်ချက်ပေးချင်ပါလဲ။

ဖြေ။ ။ အမျိုးသားရေးကို အခြေခံပြီးတော့ ရခိုင်ပြည်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ရခိုင်အမျိုးသား အကျိုးစီးပွားကို အတတ်နိုင်ဆုံး ဖော်ဆောင်မယ်ဆိုတဲ့ အမျိုးသားရည်မှန်းချက်နဲ့ ဖွဲ့စည်းထားတဲ့ ပါတီပါ။ သို့သော် နိုင်ငံရေးပါတီတခုမှာ အမြင်ချင်းမတူ ကွဲပြားတဲ့ပုဂ္ဂိုလ်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တခု ဖြစ်တဲ့အတွက်နဲ့ မိမိတို့ရဲ့ခံယူချက်တွေ၊ လုပ်ရင်းကိုင်ရင်းနဲ့ မိမိတို့ ယုံကြည်ချက်၊ ခံယူချက်တွေမှာ စိတ်သဘောထားချင်မတိုက်ဆိုင်တာတွေ ပေါ်ချင်ပေါ်လာ နိုင်ပါတယ်။ အမျိုးသားရေး ပန်းတိုင်ကို သွားတဲ့အခါမှာတော့ အတတ်နိုင်ဆုံး နားလည်မှု၊ သည်းခံမှု၊ စိတ်ရှည်မှုတွေနဲ့ သွားသင့်ပါတယ်။

သို့သော် ကာယာကံရှင်တွေ အနေနဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အခြေအနေကို ရောက်နေတယ်။ လမ်းကြောင်းမှာ အခက်အခဲရှိတယ်လို့ ယူဆတယ်ဆိုရင် မိမိရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်၊ ပုဂ္ဂိုလ်ရေး ယုံကြည်ချက်နဲ့ လွတ်လပ်စွာ ဆုံးဖြတ် ပိုင်ခွင့်ရှိတဲ့အခါ ဘာကိုမှ အတင်းအကြပ် ဖိအားပေးလို့ မရနိုင်ပါ။ ဒီလို မိမိစိတ်ဆန္ဒအလျှောက် နှုတ်ထွက်ကြတဲ့ အခါမှာ အသီးသီး အကြောင်းအရာတွေကိုတော့ ကာယာကံရှင်တွေကိုယ်တိုင် သိနိုင်မယ်လို့ ယူဆပါတယ်။

မေး။ ။ဆက်လက်ပြီးတော့ ရခိုင်အမျိုးသားပါတီကို ဘယ်လိုထိန်းကျောင်းသွားမလဲ၊ ဘယ်လိုသွေးစည်း ညီညွတ်အောင် တည်ဆောက် ပြုပြင်သွားမှာလဲ။

ဖြေ။ ။အဓိကတော့ နိုင်ငံရေးဆိုတာက မတူကွဲပြားတဲ့သူတွေကို စုစည်းနိုင်ရင်ပို့ပြီးတော့ ပြည်သူလူထုအတွက် အကျိုးရှိတဲ့ လမ်းကြောင်းအဖြစ် လေးလေးနက်နက်ခံယူပါတယ်။ အတတ်နိုင်ဆုံးတော့ ကွဲပြားမှုတွေကို စုစည်းနိုင်အောင် အစွမ်းကုန်ကြိုးစားသွားပါမယ်။ သို့သော် လူပုဂ္ဂိုလ်တွေရဲ့ခံစားချက်တွေ တယောက်နဲ့ တယောက် မတူတဲ့အတွက် အလွန်တရာခက်ခဲမယ့် လုပ်ငန်းပါ။ စည်းလုံးရမယ်ဆိုတာ အကုန်လုံးနားလည်ပါတယ်။ သို့သော် ဒီစည်းလုံးရေးလုပ်ငန်း၊ ညီညွတ်ရေးလုပ်ငန်းကိုဘဲ အခုထိ အခက်အခဲပေါင်း မြောက်များစွာနဲ့ အပြည့်အဝ မတည်ဆောက်နိုင်ဘူးဆိုတဲ့ သမိုင်းမှာ အထင်အရှားမြင်နိုင်တဲ့ သာဓကတွေပါ။

ကျနော်တို့ကတော့ အတတ်နိုင်ဆုံး အမျိုးသားရေး လမ်းကြောင်း ခိုင်ခိုင်မာမာ ပေါ်ထွက်လာအောင် အတတ်နိုင်ဆုံး ကြိုးစားမယ်။ ရခိုင်အမျိုးသားပါတီမှာက မြို့နယ် ၂၀ ၊ ဗဟိုကော်မတီဝင်အဖွဲ့ အခုလက်ရှိ ၇၀ နီးပါးနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၃၀ ကျော်၊ ပြည်ထောင်စုလွှတ်တော် အမတ်နဲ့ ပြည်နယ်လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေး ပါတီ တခုလည်း ဖြစ်ပါတယ်။ ပါတီကြီး တခုအနေနဲ့တော့ အတတ်နိုင်ဆုံး စုစည်းညီညွတ်စွာ သွားနိုင်အောင်တော့ အစွမ်းကုန် ကြိုးစားကြပါလိမ့်မယ်။ အတတ်နိုင်ဆုံးကတော့ ကိုယ့်အမျိုးသားရေး ဂုဏ်သိက္ခာ မြင့်တင်နိုင်ဖို့အတွက် ပါတီကလူတွေကလည်း အစွမ်းကုန်ကြိုးစားကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

မေး။ ။ နောက်တခုက ဒေါက်တာအေးမောင် အနေနဲ့ ပါတီမှာ ပြန်လည်ပြီးတော့ တာဝန်ထမ်းဆောင်လာ နိုင်သေးတဲ့ အကြောင်းကို ဦးခိုင်ပြည်စိုးက ပြောတယ်ဆိုပြီးတော့လည်း မီဒီယာတချို့မှာ တွေ့ရပါတယ်။

ဖြေ။ ။ အဲဒီမီဒီယာမှာ ဖော်ပြထားတာနဲ့ ဦးခိုင်ပြည်စိုး ပြောတဲ့ အကြောင်းအရာတွေနဲ့ နည်းနည်း ကွဲလွဲနေပါတယ်။ သို့သော် ဒေါက်တာအေးမောင်အနေနဲ့ ပါတီဥက္ကဋ္ဌ တယောက်အနေနဲ့ ပြန်လည်ပြီးတော့ မိမိရဲ့ အဆိုပြုချက်ကို ပြန်လည်သုံးသပ်ပြီးတော့ မိမိပါတီထဲကို ပြန်လာပြီး စုစုစည်းစည်း အတူတကွ သွားနိုင်မယ်ဆိုရင်တော့ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ သို့သော်လည်း ကာယကံရှင်မိမိရဲ့ လွှတ်လပ်တဲ့ စိတ်ဆန္ဒအပေါ်မှာလည်း အပြည့်အဝ မူတည်ပါတယ်။

မေး ။ ။ ရခိုင်အမျိုသားပါတီက ရခိုင်ပြည်နယ်မှာ အင်အားအကောင်းဆုံးပါတီ၊ ရခိုင်ပြည်သူလုထု ထောက်ခံမှု ၊ ယုံကြည်မှုကို အများဆုံး ရထားတဲ့ ပါတီ တခု လည်း ဖြစ်တယ်ဆိုတော့ အခုဖြစ်ပျက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူလူထုကို ဘာပြောချင်ပါလဲ ။

ဖြေ။ ။ နိုင်ငံရေးပါတီဆိုတာ ပန်းခင်းတဲ့ လမ်းတခု ကိုလျှောက်ရတဲ့ လမ်းမဟုတ်ပါ။ နိုင်ငံရေး ပါတီဆိုတာက ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ခေါင်းပေါင်းတလူလူနဲ့ မြင်တွေ့ရပေမယ့် နောက်ရက်တွေမှာ ပြောင်းလဲ လာတဲ့ လှိုင်းကြမ်း၊ လေကြမ်းနဲ့ နိုင်ငံရေး အခက်အခဲတွေ၊ နိုင်ငံရေး ကြမ်းတမ်းတဲ့ အကွေ့အကောက်တွေကြားထဲမှာ မတော်ရင် ထောင်ထဲလည်း ဝင်ရနိုင်တယ်။ ပြတ်ပြတ်သားသား ရပ်တည်တဲ့ နိုင်ငံရေး သမားတွေ အနေနဲ့ကတော့ အမြဲတမ်း ပန်းခင်းတဲ့ လမ်းကို လျှောက်လှမ်းရတယ်လို့တော့ မယူဆပါ။ ဒီလိုလျှောက်လှမ်းတဲ့ အခါမှာ လေးနက်တဲ့ ၊ ခိုင်မာတဲ့ အမျိုးသား ယုံကြည်ချက်နဲ့ အမျိုးသားခံယူချက်ရှိဖို့အတွက် နိုင်ငံရေး ပါတီဝင်တိုင်းမှာ အမြဲတမ်း လိုအပ်တယ်လို့ ယူဆပါတယ်။ အမျိုးသားရေးသတိနဲ့ အမျိုးသားရေးခိုင်မာချက် ၊ ခိုင်ခိုင်မာမာနဲ့ နိုင်ငံရေး လမ်းကိုလျှောက်လှမ်းခြင်း သည်သာလျှင် ပြည်သူလူထုကို အမှန်တကယ် အကျိုးပြုနိုင်မယ်လို့ အလေးအနက် ပြောချင်ပါတယ်။

Your Thoughts …
Tags: ဒေါက်တာအေးမောင်ရခိုင်အမျိုးသားပါတီ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ရခိုင်အမျိုးသားပါတီ (ANP )မှ ဗဟိုကော်မတီဝင် ဦးခိုင်ကျော်မိုး

ANP ဗဟိုကော်မတီဝင်ကို AA ဖမ်းဆီး

by ဧရာဝတီ
23 February 2022
19.6k

ရခိုင်အမျိုးသားပါတီ (ANP )မှ ဗဟိုကော်မတီဝင်တဦးဖြစ်သည့် ဦးခိုင်ကျော်မိုးကို ရက္ခိုင့်တပ်တော် (AA) အဖွဲ့က ယခုရက်ပိုင်းအတွင်းက ခေါ်ယူကာ ထိန်းသိမ်းထား ကြောင်း သတင်းများထွက်ပေါ်နေသည်။

နှစ်ငါးလုံးနေ့ မန္တလေးမြို့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ / ဧရာဝတီ 

စစ်အာဏာသိမ်းတာ ၃ လကြာတဲ့အခါ

by ဧရာဝတီ
1 May 2021
21k

ယခု ၃ လပြည့်ပြီဖြစ်သော စစ်အာဏာသိမ်းမှု အခြေအနေကို နိုင်ငံရေးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူများ၏ သုံးသပ်ချက် အမြင်များကို ဖော်ပြအပ်သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် နိုင်ငံတော်ပုန်ကန်မှုဖြင့် အကျဉ်းကျခံနေရသော ဒေါက်တာအေးမောင် / ဧရာဝတီ

အကျဉ်းသားများ လွှတ်ရာတွင် ဒေါက်တာအေးမောင် ပါဝင်

by ဧရာဝတီ
12 February 2021
8.3k

ယနေ့ ပြည်ထောင်စုနေ့တွင် အကျဉ်းထောင် ၊ အချုပ်ထောင် ၊ စခန်းအသီး သီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/သူ ၂၃၃၁၄ ဦးတို့ အား ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့်ပြုလိုက်ကြောင်းလည်း နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်...

နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် နိုင်ငံတော်ပုန်ကန်မှုဖြင့် အကျဉ်းကျခံနေရသော ဒေါက်တာအေးမောင် / ဧရာဝတီ

ဒေါက်တာအေးမောင်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်၍ ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်

by ထွန်းထွန်း
20 May 2020
26.5k

အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်အား လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်ကာ ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်ပင် ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)က မေလ ၁၈ ရက်စွဲဖြင့် ကြေညာလိုက်သည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်၊ ရခိုင်အမျိုးသား ပါတီ (ANP) ဥက္ကဌ လုပ်ခဲ့သူ ဒေါက်တာအေးမောင် / Reuters

ဒေါက်တာ အေးမောင်ရဲ့ နိုင်ငံရေး အတက်အကျများ

by ထက်နိုင်ဇော်
29 January 2018
13.8k

ဒေါက်တာ အေးမောင်ကို ပထမဆုံးအကြိမ် ရသေ့တောင်မြို့မှာ ရုံးထုတ် စစ်ဆေးလာပြီ ဖြစ်လို့ ရခိုင် အသိုင်းအဝိုင်းက စောင့်ကြည့်နေပါတယ်။

ကျောက်ဖြူမြို့နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ / မင်းအောင်ခိုင် / ဧရာဝတီ

AAသို့ တောခိုသွားသည့် သားကြောင့် ကျောက်ဖြူအမတ် ရွေးကောက်ခံပိုင်ခွင့် ပယ်ဖျက်ခံရ

by မင်းအောင်ခိုင်
1 September 2020
9.4k

ကျနော်တို့မြင်တာက သားတယောက် AA မှာ ရှိတယ်ဆိုတာနဲ့ ဦးဖိုးစံကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်း အဖြစ် ပယ်ဖျက်တယ် ဆိုတာကတော့ သဘာဝ မကျဘူး။ သားလုပ်လို့ အဖေ ခံရမယ် ဆိုတဲ့ ဥပဒေက မြန်မာနိုင်ငံမှာ...

Next Post
နေပြည်တော် မြို့အဝင် ဆိုင်းဘုတ် / wikimedia

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် မြေကွက်များ အောက်ဈေးဖြင့် အရောင်း အဝယ်ဖြစ်နေ

၂၀၁၇ ခုနှစ်၊ မေလ ၂၇ ရက်နေ့က ပြုလုပ်သည့် မဘသ အထူးသတင်းစာရှင်းလင်းပွဲ / ချမ်းစွန်း / ဧရာဝတီ

မျိုးချစ်ညီညွတ်ရေး ပါတီ တည်ထောင်ခွင့် ပယ်ချခံရ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate