• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“ကျနော်တို့ဘက်ကတော့ အားလုံး အသင့်ပါပဲ”

by မင်းအောင်ခိုင်
11 January 2018
in အင်တာဗျူး
A A
ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်နယ်လဝကမှူး ဦးအောင်မင်း  / မင်းအောင်ခိုင် / ဧရာဝတီ

ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်နယ်လဝကမှူး ဦးအောင်မင်း / မင်းအောင်ခိုင် / ဧရာဝတီ

8.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်မြို့နယ်များ အတွင်း အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တဖက်နိုင်ငံသို့ ရောက်ရှိသွားသော မွတ်ဆလင်ဘာသာဝင်များကို နိုင်ငံတော်အစိုးရက ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ပြန်လည် လက်ခံတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ တဖက်တွင်လည်း ဒေသခံများ အနေဖြင့် ဘင်္ဂါလီများ ပြန်လည်လက်ခံရေး ကိစ္စနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာခြင်း၊ တိုင်ပင်ဆွေးနွေး လုပ်ဆောင်ခြင်းများ မရှိဟုဆိုကာ ဝေဖန်မှုများမြင့်တက်လျက် ရှိနေသည်။ အဆိုပါ အခြေအနေများအပေါ် ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်နယ်လဝကမှူး ဦးအောင်မင်းကို ဧရာဝတီသတင်းဌာန သတင်းထောက် မင်းအောင်ခိုင်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ တဖက်နိုင်ငံကို ရောက်နေတဲ့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံရေး အတွက် ဆောင်ရွက်လုပ်ကိုင်နေတဲ့ အခြေအနေတွေကို သိချင်ပါတယ်။

RelatedPosts

အားကိုးစရာ အဖွဲ့အစည်းနဲ့ ဥပဒေ မရှိတော့တဲ့အခါ (ရုပ်/သံ)

အားကိုးစရာ အဖွဲ့အစည်းနဲ့ ဥပဒေ မရှိတော့တဲ့အခါ (ရုပ်/သံ)

14 July 2025
63
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
2.8k
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
2.6k

ဖြေ။ ။ ပြန်လည် လက်ခံရေး ဆောင်ရွက်မှုကတော့ အဓိကတော့ တောင်ပြိုလက်ဝဲစခန်းမှာရယ် ၊ ငခူရ စခန်းမှာရယ် နှစ်နေရာ ပြန်လည် လက်ခံရေး ဆောင်ရွက်သွားပါမယ်။ သက်ဆိုင်ရာ ဌာနတွေ ဖြစ်တဲ့ လဝက၊ အထွေထွေ အုပ်ချုပ်ရေး၊ ရဲ၊ ကျန်းမာရေး စတဲ့ဌာနကလူတွေ ပါဝင်ပြီးတော့ ပြန်လည် လက်ခံရေးအတွက် ဆောင်ရွက်မယ်။ ဆောင်ရွက်တဲ့နေရာမှာ နဂို ပြောပြထားတဲ့ အတိုင်းပဲ ၁၉၉၃ ခုနှစ် သဘောတူ စာချုပ်အရ သူတို့ကို စိစစ်ပြီးတော့ ပြန်လည်လက်ခံဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ တဆင့် ဟိုဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ကျနော်တို့က ပြန်လည် လက်ခံရေး ပုံစံတွေ ပို့မယ်။ ပို့တဲ့အခါမှာ ကျရင် သူတို့က ပုံစံတွေကို ဖြည့်မယ်။ ပြန်လည် လာရောက် လိုကြောင်း ပုံစံတွေမှာ ဖြည့်မယ်။ ပုံစံတွေ ဖြည့်ပြီးရင် နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ ပြန်ပြီးတော့ ကျနော်တို့ ဆီကို လာမယ်။

ဒီလူတွေသည် ကျနော်တို့ နိုင်ငံမှာနေခဲ့တဲ့ လူတွေ ဟုတ်၊ မဟုတ် စိစစ်ပါမယ်။ ပြီးရင် ကျနော်တို့က ဒီလူ၊ ဒီလူတွေကို လက်ခံမယ်ဆိုပြီး အကြောင်း ပြန်မယ် ။ ဥပမာ ဆိုပါတော့ ဟိုဘက်က နေပြီးတော့ လူ ၁ သောင်း ကျနော်တို့ဆီကို စာရင်းပို့လိုက်တဲ့ အခါမှာ ကျနော်တို့က ဒီလူ ၁ သောင်းထဲကမှ ကျနော်တို့ စိစစ်လို့ရတဲ့ဟာအရ ကိုးထောင့်ရှစ်ရာ လက်ခံမယ်ဆိုရင် ကိုးထောင့် ရှစ်ရာ စာရင်းကို ပြန်ပို့မယ်။ ပြန်ပို့တဲ့အခါ ကျနော်တို့ အတည်ပြုထားတဲ့ စာရင်းအရ အောက်ခြေမှာ ရှိတဲ့ စခန်းကို ဒီလူစာရင်းအရ တိုက်ဆိုင် စစ်ဆေးပြီး လက်ခံမယ်။ အဲဒီလိုမျိုး လက်ခံပြီဆိုတာနဲ့ ကျနော်တို့က ပထမဦးဆုံး NVC ကတ်တွေ ထုတ်ပေးမယ်။ နောက်ပြီးတော့ NID ( National electric ID -) စနစ်နဲ့မှတ်တမ်းတင်မယ်။

မေး။ ။ ဘယ် အချိန်လောက်စပြီး လက်ခံမယ်လို့ စီစဉ်ထားပါသလဲ။

ဖြေ။ ။ အပေါ်ကနေ ပြီးတော့ အခု စလို့ ဆိုတာနဲ့ တပတ်အတွင်းစနိုင်တဲ့ အနေအထား ရောက်အောင် လဝကနဲ့ သက်ဆိုင်တဲ့ ပုံစံတွေ၊ NVC ကတ်တွေ၊ NID စနစ်နဲ့ မှတ်တမ်းတင်မယ့် စက်တွေ ကျနော်တို့ ဆီကို အကုန်ရောက်ရှိနေပါပြီ။ ကျနော်တို့ဘက်ကတော့ အားလုံး အသင့်ပါပဲ။

မေး။ ။ တရက်ကို လူဦးရေ ဘယ်လောက်လက်ခံ စိစစ်သွားမလဲ။ ပြန်လည်လက်ခံရေးမှာ အချိန်အတိုင်းတာ ဘယ်လောက်ကြာမြင့်နိုင်မယ်လို့ မျှော်မှန်းထားလဲ။
ဖြေ ။ ။ တကြိမ်ကို လက်ခံရင် လူဦးရေ ၁၅၀ သတ်မှတ်ထားပါတယ်။ စခန်းတခုကိုပေါ့ ။ တောင်ပြိုလက်ဝဲမှာ ၁၅၀ ဦး၊ ငခူရစခန်းမှာ ၁၅၀ ဦး လက်ခံစိစစ်ဖို့ သတ်မှတ်ထားပါတယ်။ သူတို့ကို နေရာချထားပေးမယ့် ကိစ္စနဲ့ အချိန်အတိုင်းအတာ ဘယ်လောက်ကြာမယ်ဆိုတာတော့ ကျနော်တို့ လဝကပိုင်းနဲ့ မသက်ဆိုင်ဘူး။ နိုင်ငံတော်အကြီးအကဲတွေ စီစဉ်ဆောင်ရွက်မယ့် ကိစ္စဖြစ်ပါတယ်။

မေး ။ ။ လက်ရှိ NVC ကတ် စိစစ်မှု လုပ်ငန်း အခြေအနေ ဘယ်လို ရှိလဲ ။

ဖြေ။ ။ လက်ရှိအားဖြင့်တော့ ကျနော်တို့ မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုမှာ လုပ်ကိုင် နေပါတယ်။ လုပ်ကိုင်ခဲ့တာကကျတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က စပြီးတော့ လုပ်ကိုင်ခဲ့တယ်။ အခုဒီနေ့ အထိတော့ NVC ၁၅၈၃ ခုပြီးသွားပြီ။ ဒီအပြင် ကျနော်တို့ ဘူးသီးတောင် မြို့နယ် ငရံ့ချောင်း ကျေးရွာ အုပ်စုမှာ ၆၄ ယောက် လုပ်ပေးခဲ့တယ်။ စစ်တွေမှာရှိတဲ့ ကျောင်းကြီး လမ်း ရပ်ကွက်မှာ နေရပ်စွန့်ခွာလာသူ ၁၃၂ ဦးကို NVC ကတ် လုပ်ပေးခဲ့တယ်။ စစ်တွေ ဓညဝတီ ကွင်းမှာလည်းပဲ နေရပ်စွန့်ခွာ စခန်းမှာ ၂၁၃ ယောက် NVC လုပ်တာပြီးခဲ့တယ်။ နောက်ပြီးခဲ့တဲ့ အပတ်က မြေပုံမြို့မှာရှိတဲ့ တောင်ပေါ် IDP စခန်းမှာ သွားရောက်ပြီး လုပ်ခဲ့တာ ၁၃၆ ဦးပြီးခဲ့တယ်။ ရွှေဇားရော၊ ငရံ့ချောင်းရော၊ စစ်တွေ ကျောင်းကြီးလမ်း စခန်း၊ ဓညဝတီ အားကစားကွင်းစခန်း၊ မြေပုံ တောင်ပေါ်စခန်းဆိုရင် ကျနော်တို့ စုစုပေါင်း ၂၁၃၁ ယောက်ပြီးခဲ့တယ်။ ဒါလက်ရှိ လတ်တလော လုပ်တဲ့ အနေအထားပါ။ ပြောရမယ်ဆိုရင်တော့ NVC နဲ့ ပတ်သက်ပြီးတော့ အတော်အသင့် တိုးတက်မှုတွေ ရလာတယ်။

အဲဒီအပြင်ကို စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်မှာ လူ ၄၀ ကျော်လောက်ရှိတယ်ဆိုလို့ NVC ကွင်းဆင်းပြီးတော့ လုပ်ပေးပါတယ်။ တကယ့်တကယ် ကျနော်တို့ သွားပြီးတော့မှ NVC ရဲ့အကျိုးကျေးဇူးတွေ၊ NVC ကိုင်ဆောင်ထားခြင်း အားဖြင့် ရရှိမယ့် အကျိုးကျေးဇူး ၈ ရပ်ကို ရှင်းပြတဲ့အခါမှာ ထပ်ပြီးတော့ ကျန်တဲ့လူတွေလည်း လုပ်တဲ့အတွက် နဂိုကလူ ၄၀ ကျော်ရှိတယ်ဆိုပေမယ့် ၆၃ ယောက်ရခဲ့တယ်။ NVC နဲ့ပတ်သက်လို့ အခုတော့ လူတွေက တဖြည်းဖြည်း နဲ့ နားလည်ပြီးတော့ ပူးပေါင်းဆောင်ရွက်လာတဲ့ အနေအထားလေးတွေ ရှိလာပါတယ်။

မေး။ ။ NVC လုပ်ငန်းဆောင်ရွက်တဲ့ အခါမှာ ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့ ရလဲ။

ဖြေ။ ။ တဖက်ကလည်း ပူးပေါင်းဆောင်ရွက်မှု အနေအထားလေးတွေ ရှိလာတယ်ဆိုတာ တကယ့် တကယ်တော့ တော်တော်များများရဲ့စိတ်ထဲ ၊ ရင်ထဲမှာ ဒီ NVC ဟာ လုပ်ချင်တဲ့စိတ်ရှိပါတယ်။ လုပ်ချင်တဲ့စိတ်ရှိသော်လည်း တဖက်ကနေ ဒီဟာကို ဟန့်တား နှောင့်ယှက်နေတဲ့သူတွေရှိနေတယ်။ ဒါကြောင့် ဒီ NVC လုပ်ငန်း တိုးတက်သင့် သလောက် မတိုးတက်ဘဲ အနည်းငယ် နှောင့်နှေးနေတာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီရော၊ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်စာတမ်းပါ အချက်အရသော် လည်းကောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ရေးကို အမြန်ဆုံးလုပ်ကိုင် ဆောင်ရွက်ရန် ဆိုတဲ့ကိစ္စအပေါ်မှာ သူတို့ကဟန့်တား နှောင့်ယှက် ဖျက်ဆီးတာ ဖြစ်ပါတယ်။

မေး။ ။ ဘာကြောင့် NVC လုပ်ငန်း ကို ဟန့်တားရတယ်လို့ ထင်လဲ ။

ဖြေ။ ။ တချို့တွေက နိုင်ငံသား အစစ်ဆေးခံဖို့ သူတို့ကိုယ် သူတို့ အရည်အချင်းမပြည့်ဝဘူးလို့ ယုံကြည်တာ၊ တခါ ဘာထပ်ပြီးတော့ အားပေးလဲ ဆိုတော့ ဟိုဘက်မှာရှိတဲ့ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေက ဒါကိုနှောင့်ယှက် ဟန့်တားဖျက်ဆီးတယ်။ သူတို့က ဘာကြောင့်နှောင့်ယှက်ဟန့်တား ဖျက်ဆီးလဲဆိုတော့ ဒီ NVC သာလုပ်လိုက်ရင် သူတို့တွေက ဝင်ရောလို့ မရတော့ဘူး။ ဒီဘက်မှာရှိတဲ့လူတွေ၊ တရားဝင် ပြန်လည်လက်ခံရေးအရ ပြန်ပြီးတော့ ဝင်ရောက်လာမယ့်လူတွေ အားလုံးသည် NVC ကတ်ကိုင်ပြီးသွားပြီဆိုရင် NVC ကတ်မကိုင်တဲ့လူ၊ နောက်ခိုးဝင်လာမယ် လူတွေကို လဝကနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က အလွယ်တကူ ဖော်ထုတ် ဖမ်းဆီးလုပ် ဆောင်နိုင်ပါတယ်။ ဒါကြောင့် သူတို့က ဝင်ရောလို့မရတော့တဲ့ အနေအထား မဖြစ်လာအောင်လို့ တဖက် က ဝါဒဖြန့်ပြီးတော့ ဒီ NVC ကတ်မလုပ်ဖြစ်အောင် နည်းမျိုးစုံနဲ့ဟန့်တား ဖျက်ဆီးတယ်။ မဟုတ်တာတွေပြောပြီးတော့ နှောင့်ယှက်တယ်။ နောက်တချက်က NVC ယူရင် သတ်ပစ်မယ်ဆိုတာတွေလုပ်တယ်။

ဒီဟာနဲ့ပတ်သက်ပြီး နိုင်ငံရေးအရလည်း သူတို့က တိုက်ကွက်ဖော်တဲ့သဘောပါ။ NVC ကတ်ကိုင်ဆောင်တဲ့လူတွေဆိုရင် ရက်ရက်စက်စက် သတ်မယ် ဆိုပြီးတော့ ခြိမ်းခြောက်တာရှိပါတယ်။ ပြီးခဲ့တဲ့လအတွင်းမှာပဲ ဒု ညောင်ပင်ကြီးရွာမှာ ကျေးရွာတာဝန်ခံတဦး အသတ်ခံရပါတယ်။ ရက်ရက်စက်စက် ညာဘက်မှာ သေနတ်နဲ့ပစ်တယ်၊ ဓားနဲ့ခုတ်တယ်၊ ဓားနဲ့ထိုးတယ်၊ အဲဒီလိုမျိုးသတ်တာ။ ဒါတွေကတော့ ARSA ရဲ့ ပါဝင်ပတ်သက်မှုနဲ့ နောက်ကနေပြီးတော့ နှောင့်ယှက် ဟန့်တားဖျက်ဆီးမှုတွေ ပါနေတယ်ဆိုတာကို ဖော်ပြနေတယ်။

မေး။ ။ စစ်တွေ၊ ပေါက်တောတို့ဘက်မှာနေတဲ့ ဘင်္ဂါလီတွေကရော ဘာကြောင့် NVC ကတ် လုပ်ဖို့ မလိုလားကြတာလဲ။

ဖြေ။ ။ သူတို့ကိုယ် သူတို့ နိုင်ငံသားအဖြစ် စိစစ်ခံယူတဲ့အခါမှာ နိုင်ငံသားမရနိုင်ဘူးလို့ ယုံကြည်နေတဲ့သူတွေဟာ နိုင်ငံသား ရနိုင်တဲ့သူတွေကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးနေတယ်။ အထောက်အထား မစုံလင်တဲ့သူက အထောက်အထား စုံလင်တဲ့လူတွေကို ဒီ NVC ကတ် ကိုင်ပြီးတော့ နိုင်ငံသားလျှောက်တဲ့လုပ်ငန်းစဉ်မှာ ဝင်သွားရင် သူတို့က သီးသန့်ဖြစ်သွားမယ်။ အဲဒီလို သီးသန့်ဖြစ်သွားတဲ့ အခါမှာ သူတို့အတွက် မကောင်းတဲ့ကိစ္စတွေဘဲဖြစ်လာလို့ ယုံကြည်တဲ့အတွက်ကြောင့် ဒီကိစ္စကို နှောင့်ယှက် ဖျက်ဆီးတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ NVC ကိုင်ဆောင်ရေး အတွက် အထောက်အထား ပြည့်စုံပြီးတော့ လာရောက် လျှောက်ထားတဲ့လူတွေဟာ တချို့က ပုန်းလျှိုးကွယ်လျှိုးနဲ့ လာကြတာကို တွေ့တယ်။ ပြောချင်တာက NVC ကတ်ကိုင်ဆောင်တဲ့ လူတွေက သူတို့ကတော့ စိတ်ထဲကလုပ်ချင်တယ် ။ နှောင့်ယှက် ဖျက်ဆီးတဲ့ လူတွေကိုလည်း တဖက်က ကြောက်နေတယ်။

မေး ။ ။ NVC လုပ်ဖို့ စိတ်ဆန္ဒရှိပေမယ့် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် မလုပ်ရဲတာ ရှိတယ်ဆိုတော့ သူတို့ကို လုံခြုံရေးအရ အကာအကွယ် မပေးနိုင်လို့လား ။

ဖြေ။ ။ ကျနော်ရှင်းပြသလိုပဲ တဖက်က ခြိမ်းခြောက်မှုကို ကြောက်နေရသလို နောက်တခုကလည်း ကိုယ့်အချင်းချင်းမှာ အထောက်အထား ပြည့်စုံပြီး အခြေအနေကောင်းတဲ့ လူတွေက သွားလုပ်ရင် ကျန်တဲ့ လူတွေက ငြိုငြင်လာမှာကိုလည်း ကြောက်တယ်။ အဓိကတော့ အဲဒါပဲ ။ ဒါကြောင့်မို့လို့ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်ဆောင်ရွက်မှု အားနည်းနေတယ်။ နောက်ပြီးတော့လည်း လုံခြုံရေးအရ မပေးနိုင်ဘူး ဒါကိုကြောက်တာလားလို့ မေးတဲ့အခါမှာ လုံခြုံရေးပိုင်းကလည်း တိုးမြှင့်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ သူတို့ရဲ့ နဂိုစိတ်ကိုက ကြောက်နေတော့ ကျနော်တို့တွေ တဖြည်းဖြည်းနဲ့ လုံခြုံရေး ပိုင်းကလည်း တိုးမြှင့်ဆောင်ရွက်လာတဲ့အခါမှာ လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်မှုကတော့ တိုးတက်လာတာ ရှိပါတယ်။

မေး။ ။ NVC လုပ်ငန်းနဲ့ ပတ်သက်ပြီး အသတ်ခံရတဲ့ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ ဘယ်လောက်ရှိပြီလဲ ။

ဖြေ။ ။ ကျနော်တို့ ပြုစုထားတဲ့ စာရင်းအရတော့ ဒီဟာနဲ့ ပတ်သက်ပြီး အသတ်ခံရတာ အားလုံး ၁၉ ဦး ရှိပါတယ်။

မေး။ ။ နောက်တခုက မွတ်ဆလင်တွေဆီက ကြားရတာဟာ မိဘ၊ ဘိုးဘွားတွေ နိုင်ငံသား ကတ် ရရှိထားပြီးတော့ လက်ထဲမှာ ပန်းရောင် နိုင်ငံသား ကတ်ကိုင်ဆောင်ထားတဲ့ အတွက်ကြောင့်မို့ သားသမီးဖြစ်တဲ့ သူတို့အနေနဲ့ ဒီ NVC လမ်းကြောင်းကို ဖြတ်သန်းစရာ မလိုဘူးဆိုပြီး ပြောဆိုတာရှိပါတယ်။ အဲဒါကြောင့် သူတို့တွေ NVC ကတ် လာမလျှောက်တာလို့ ပြောနေတဲ့အပေါ် ဘယ်လို ပြောချင်ပါသလဲ။

ဖြေ။ ။ ဒါကတော့ မှားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေရဲ့ မိဘ၊ ဘိုးဘွားတွေလက်ထဲမှာ ပန်းရောင်နိုင်ငံသား စိစစ်ရေး ကတ်ပြားရှိရင် သားသမီးသည် NVC ကိုင်စရာလည်း မလိုပါဘူး။ မိဘနှစ်ပါး အမျိုးသားမှတ်ပုံ တင်ကိုင်ဆောင်ထားတဲ့သူ ဆိုရင် NVC ကတ်ကိုင်ဆောင်စရာမလိုဘူး ဆိုပြီး ကျနော်တို့ ပြောတယ်။ သို့သော်လည်း အောက်ခြေမှာကျတော့ NVC ကိုင်ဆောင်မယ်ဆိုလည်း ကျနော်တို့ ပေးကိုင်တယ်။ ဥပမာ ပြောရမယ်ဆိုရင် အခက်အခဲ ဖြစ်နေတာဟာ စစ်တွေ သဲချောင်းစခန်း၊ သဲချောင်းရွာ မှာနေတဲ့ လူတွေ ။ သူတို့တွေဟာ မိဘနှစ်ပါးစလုံး အမျိုးသား မှတ်ပုံတင် ရှိတယ်။ NVC ကိုင်ဆောင်စရာမလိုဘူး။ တိုက်ရိုက်လျှောက်လို့ ရတယ်။
ဒါပေမယ့် နိုင်ငံသား စိစစ်ရေး လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ငါးဖမ်းထွက်ချင်တဲ့ အခါမှာ ကျနော်တို့က အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ထဲ အဲဒီလိုမျိုး ဆက်စပ်တဲ့နေရာတွေမှာ ရောက်သွားပြီ ဆိုရင် သက်ဆိုင်ရာ ကိုယ်နေတဲ့ နိုင်ငံရဲ့ ကတ်ပြား တမျိုးမျိုးကို ပြနိုင်ရမယ်။ အဲဒါမျိုး ပြနိုင်တဲ့အတွက်ကို ကျနော်တို့က နံပါတ်တစ် နိုင်ငံသား စိစစ်ရေးလား ၊ နံပါတ်နှစ် အမျိုးသား မှတ်ပုံတင် ကတ်ပြားလား။ အဲဒီလိုလည်း တခုမှ မရှိဘူး။ တခြားလည်း မရှိဘူးဆိုရင် သူသည် အဲဒီလိုမျိုး ငါးဖမ်းထွက်ဖို့ ဆိုရင် NVC ကိုင်မှ ဖြစ်မှာ။ NVC ကိုင်တဲ့အတွက်လည်း သူတို့ မိဘနှစ်ပါး အမျိုးသား မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်တဲ့ အတွက်မို့ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်အရ နိုင်ငံသား လျှောက်ထားတဲ့အခါ အဲဒီအပေါ်မှာ ဘာထိခိုက်မှု မရှိဘူး ။ သူတို့ တွေးနေ ထင်နေတာတွေက မှားနေတယ်။

မေ။ ။ နိုင်ငံသား စိစစ်ရေးက အောက်ခြေမှာတော့ နည်းနည်း ရှုပ်ထွေးတယ်လို့ သုံးသပ်မှုတွေအ ပေါ် ဘယ်လိုပြောချင်ပါသလဲ။

ဖြေ ။ ။ ဒါကတော့ မြန်မာနိုင်ငံသား ဥပဒေကို နားမလည်တဲ့ သူတွေ ပြောကြတာပါ။ နိုင်ငံသား ဥပဒေမှာ မွေးရာပါနိုင်ငံသား၊ ဥပဒေအရ နိုင်ငံသား ၂ မျိုး ရှိတယ်။ တိုင်းရင်းသားတွေက မွေးတာနဲ့ မွေးရာပါနိုင်ငံသား ကျနော်သည် ဒီကတ်ပြား ကိုင်ချင်ကိုင်မယ်၊ မကိုင်ချင် မကိုင်ဘူး။ တောထဲမှာ ကျနော်အဖေက ပုန်ကန်တဲ့လူဖြစ်မယ်ဆိုရင် သူလည်း ပုန်ကန်တဲ့လူ ဖြစ်လာမယ်။ မြို့နဲ့လည်း အဆက်အစပ်မရှိဘူး။ ဒါနဲ့ ကျနော်ကတ်ပြား မကိုင်ဘူး။ ဒါပေမယ့် သူက နိုင်ငံသားဟာ နိုင်ငံသားပဲ။ အလားတူပဲ ကျန်တဲ့ လူတွေလည်း သူ့ရဲ့ နိုင်ငံသားအရည်အချင်းအရ သူတို့သည် နိုင်ငံသား အရည်အချင်း ရှိတယ်။ ၈၂ ခုနှစ် ဥပဒေပေါ်တော့လည်း ၈၂ ခုနှစ် ဥပဒေအရလည်းကောင်း၊ ၈၂ ခုနှစ် ဥပဒေမပေါ် ခင်ကလည်း ၄၈ ခုနှစ်နိုင်ငံသား ဥပဒေအရ လည်းကောင်း နိုင်ငံသားအရည်အချင်း ရှိတဲ့လူက သူ့အနေနဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြားကို အကြောင်းအမျိုးမျိုးကြောင့် လာပြီးတော့ ထုတ်ယူကိုင်ဆောင်မှု မပြီးသေးဘူး။ ပြီးချင်လည်း ပြီးမယ် ။ သို့သော် သူသည် နိုင်ငံသားဟာ နိုင်ငံသားပဲ။

အဲဒီလိုမျိုး သားသမီးက အရင် နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်တယ်။ နိုင်ငံသားကဒ် ရတယ်။ သူက ဥပဒေ အရ နိုင်ငံသား ဖြစ်ပြီးသား၊ သူသည် လိုအပ်လို့ နိုင်ငံသား ကတ်ပြား အရင်လျှောက်တယ်။ အရင် ထုတ်တယ်။ မိဘနှစ်ပါးသည် နိုင်ငံသား အရည်အချင်း ရှိလို့ သားသမီးကို နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးတာ ဖြစ်တယ်။ မိဘနှစ်ပါး နိုင်ငံသား အရည်အချင်း မရှိဘူးဆိုရင် သားသမီးတွေလည်း နိုင်ငံသား ကတ်ပြား ရစရာအကြောင်း မရှိဘူး။

Your Thoughts …
Tags: NVC ကတ်ဘင်္ဂါလီ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

by ဧရာဝတီ
29 July 2024
2.9k

ဆန္ဒပြပွဲများအတွင်း ဝန်ကြီးချုပ် ရှိတ် ဟာစီနာသုံးစွဲသည့် စကားတလုံးဖြစ်ပြီး ထိုစကားလုံးကြောင့် ဆန္ဒပြသူများထံမှ ဒေါသတကြီး တုံ့ပြန်မှုဖြစ်စေသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်  /  ဧရာဝတီ

ဘင်္ဂါလီ၊ ရိုဟင်ဂျာ အမည်နာမ ပြဿနာနှင့် AA ပြောတဲ့ရပ်တည်ချက်

by နန်းလွင်နှင်းပွင့်
11 December 2019
152.9k

ကျနော့် စိတ်ထဲက စေတနာအမှန်နဲ့ လူသားစိတ်ကို အခြေခံပြီး ပြောတာပါ။ သူတို့ကို နယ်စပ် စခန်းတွေမှာ ပိတ်လှောင်ထားပြီး စာနာတယ် ဆိုပြီး ထမင်းကျွေးထားတယ်။ ဘယ်မှ ပေးမသွားဘူး။ အလုပ် အကိုင်လည်း လုပ်ခွင့်မရှိဘူးဆို သူ့ရဲ့ဒုက္ခက ပိုကြီးပါတယ်။...

၂၀၁၆ ခုနှစ် အင်ဒိုနီးရှားရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြနေသူတဦး / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၆

by မောင်မောင်စိုး
25 July 2017
5.2k

ပြဿနာသည် နိုင်ငံတကာက အာရုံစိုက်သည့် ပြဿနာလည်း ဖြစ်လာခဲ့သည်။ ကြာမြင့်စွာပစ်ထားခဲ့၍ ရောဂါရင့်မှ ကုသရသည့် အခြေအနေမျိုးလည်း ဖြစ်နေပေတော့သည်။

နယ်ခြားစည်းရိုးနားတွင် ကင်းစောင့်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၅

by မောင်မောင်စိုး
22 July 2017
14.4k

၁၉၄၂ ခု ရခိုင်ဘင်္ဂါလီ အရေးအခင်း မူဂျာဟစ်ဒင် ပုန်ကန်မှုနှင့် အလယ်သံကျော် ညီလာခံတို့သည် ရခိုင်ဘင်္ဂါလီ ပြဿနာ ဖြေရှင်းရေး စဉ်းစားရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာရေးကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေးနှင့် ချိတ်ဆက်ထားခြင်းက ပြဿနာကို ဖြေရှင်းရန် ပိုခက်သွားစေသည် / Reuters 

၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း-၁

by မောင်မောင်စိုး
26 July 2019
14.1k

ပြဿနာ ဖြေရှင်းရေး လိုအပ်နေသည့် အခြေခံမှာ ဒေသခံ ရခိုင်လူထု၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံမှု ရရှိရေးဖြစ်သည်။

၂၀၁၅ ခုနှစ် တပ်မတော် ရေ က မြန်မာ့ပင်လယ်ပြင်ထဲတွင် တွေ့ရှိသော သင်္ဘောပေါ်ပါ ရွှေ့ပြောင်းသွားလာသူ ဘင်္ဂါလီများအား တွေ့ရစဉ် / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၄

by မောင်မောင်စိုး
21 July 2017
20.7k

ရိုဟင်ဂျာ ဆိုသော အသုံးအနှုန်းသည် လွတ်လပ်ရေးခေတ် နောက်ပိုင်းမှ ပေါ်လာသော အသုံးအနှုန်းဟု ဆိုရပါမည်။

Next Post
မြန်မာနိုင်ငံ ဆရာဝန်အသင်း အစာအိမ် အူလမ်းကြောင်းနှင့် အသည်း ရောဂါ ပညာရှင်များ အဖွဲ့က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ Sule Shangri-La Hotel ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ / သဇင်လှိုင် / ဧရာဝတီ

အာရှတွင် အကြီးဆုံး သိပ္ပံပညာ နှီးနှော ဖလှယ်ပွဲနှင့် အသည်းရောဂါ ညီလာခံ ကျင်းပမည်

ကင်ဆာဘေး ကင်းဝေးအောင် နည်းလမ်း ၉ ချက်ဆောင်

ကင်ဆာဘေး ကင်းဝေးအောင် နည်းလမ်း ၉ ချက်ဆောင်

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.5k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နောင်ချိုမြို့ စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate