• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

နိုင်ငံရေးဆွေးနွေးတဲ့ နည်းလမ်းနဲ့ နိဂုံးချုပ်ရမှာ ဖြစ်ပါတယ်

by ဧရာဝတီ
11 February 2018
in အင်တာဗျူး
A A
KIO/KIA ၏ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ

KIO/KIA ၏ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ

14k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA/KIO) တို့ကြား ဖေဖော်ဝါရီလ ၁ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့မှာ တွေ့ဆုံပြီး ၂နာရီခွဲခန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

တပ်မတော်ဘက်က ဒု ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိများ ပါဝင်ပြီး KIO ဘက်က ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်ပြီး KIA ခေါင်းဆောင်တချို့ပါဝင်ခဲ့သည်။

RelatedPosts

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

16 May 2025
182
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
971
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
1.8k

ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံ အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်က ကြားဝင် ညှိနှိုင်း ပေးခဲ့ခြင်း ဖြစ်ပြီး တပ်မတော်နှင့် KIO တို့ စစ်ရှိန်လျှော့ချရေးများ ဆွေးနွေးရာ တပ်မတော်က စစ်ရှိန်လျှော့နိုင်ဖို့ တနိုင်းမြို့နယ်ရှိ KIA တပ်ရင်း (၁၄) ဌာနချုပ်၊ တပ်ရင်းတချို့ကို ဖယ်ရှားပေးရန် ပြောဆိုပြီး တပ်မဟာ ၄ ခုကို အသိ အမှတ် မပြုဟု ဆွေးနွေးမှုများ ရှိခဲ့ကြောင်းသိရသည်။

ထိုတွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က KIO/KIA ၏ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး။  ။ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ တပ်မတော်က ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ဆွေးနွေးမှုမှာ တိုက်ပွဲလျှော့ချ ရေး အကြောင်းတွေ ပါတယ်ဆိုတော့ ဘယ်လိုအချက်တွေ ဆွေးနွေးခဲ့ပါသလဲ။

ဖြေ။  ။ အစည်းအဝေး မှတ်တမ်းကိုတော့ ကျနော်မသိဘူး။ ဒါပေမယ့် ကြားရသလောက်ကတော့ တိုက်ပွဲတွေ အရမ်း ပြင်း ထန်လာတော့ စစ်ရှိန်လျှော့ချရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကြတယ်လို့ ကြားရပါတယ်။ စစ်ရှိန်လျှော့မယ်ဆိုရင် တော့ တပ်နေရာ ချထားရေးတွေကိုလည်း အချင်းချင်း ပြန်ညှိနှိုင်းရတဲ့ အနေအထားကို ရောက်သွားတာပေါ့။ အဲဒါ ကြောင့် ထုတ်ပြန်ကြေညာချက်မှာ ပါတဲ့အတိုင်းပါပဲ။

တချို့ KIA တပ်စခန်းတွေကို ဖယ်ရှားပေးဖို့ တပ်မတော်ဘက်ကနေလည်း ပြန်ဆွေးနွေး လာတယ်ဆိုတဲ့ အကြောင်း တော့ ကျနော် ကြားမိပါတယ်။

မေး။  ။ တပ်မတော်က ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဘယ်လို ကိုယ်စားပြုမှု ပုံစံမျိုးနဲ့ KIOနဲ့  တွေ့ဆုံတယ်လို့  သိရပါသလဲ။ ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စားလား။

ဖြေ။  ။ တပ်မတော်ရဲ့ ကိုယ်စား လာတွေ့တယ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကိုယ်စားလာတွေ့ တာလို့တော့ ပြောကြတယ်လို့ ကြားရတယ်။

မေး။  ။ တပ်မတော်ဘက်က လက်ရှိတိုက်ပွဲတွေ ဖြစ်နေတဲ့ တနိုင်းက KIA ရဲ့ တပ်ရင်း ၁၄ ဌာနချုပ်ကို ဖယ်ပေးရမယ် လို့ ပြောတဲ့ အကြောင်းပြချက်က ဘာများလဲ။ တွေ့ဆုံမှုမှာ ဘယ်လိုသိရပါသလဲ။

ဖြေ။  ။ အဓိက ကတော့ တရားမဝင်သယံဇာတ တူးဖော်တဲ့ နေရာလို့ သူတို့က ပြောပါတယ်။ တပ်ရင်း ၁၄ နယ်မြေ ဘက် မှာက ပယင်းတို့ ရွှေတို့တူးဖော်တဲ့ နေရာဆိုတော့ သူတို့ဘက်ကတော့ သယံဇာတတွေ ကာကွယ်တဲ့ သဘောနဲ့ ဖယ်ရှားဖို့ တောင်းဆိုတာလို့ ကြားရတယ်။ တပ်မတော်ဘက်က နယ်မြေစိုးမိုးရေး ရချင်တယ်။ အထူးသဖြင့် အဲဒီ ဒေသ ကို ဖယ်ရှားပေးဖို့ ပြောတယ်လို့ ကျနော် အဲဒီလိုပဲ ယူဆပါတယ်။

မေး။  ။ KIO နဲ့ တပ်မတော်ကြား ၁၇ နှစ်တာ ငြိမ်းချမ်းရေးကာလကနေ အခု တကြော့ပြန် တိုက်ပွဲဖြစ်တဲ့ ကာလတွေ ထိ အောက်ခြေက တချို့စီးပွားရေးလုပ်ငန်းတွေမှာ နှစ်ဦးနှစ်ဖက် ပေါင်းလုပ်တာတွေ ရှိတယ်လို့ သိရပါတယ်။ ဒီပယင်း ကိစ္စ မှာတော့ ဘာလို့ တိုက်ပွဲတွေ ဖြစ်ပြီး တပ်ရင်းဌာနချုပ်ထိပါ ဖယ်ခိုင်းတာလဲ။ တခြား အကြောင်းအရင်းများ ရှိပါသလား။

ဖြေ။  ။ အတွင်းရေးကတော့ ကျနော်လည်း မသိဘူး။ ဒါပေမယ့် အားလုံးသိတဲ့ အတိုင်းပဲ။ ရွှေမှော်၊ ပယင်းမှော်၊ ကျောက် စိမ်း ဘာလုပ်ငန်းပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်း မှန်သမျှက တပ်မတော်၊ အစိုးရနဲ့ မပတ်သက်တာကို ဘယ်သူ မှ မလုပ်နိုင် ပါဘူး။ ဥပမာ ရွှေမှော် တူးဖော်တဲ့ နေရာမှာ စက်ယန္တရားတွေ အကုန်လုံးကတော့ တပ်မတော်နဲ့ မပတ် သက် လို့ မရပါ ဘူး။ နိုင်ငံခြားက တခြားသူဌေးတွေ လာဖို့ကလည်း KIA ဘက်နဲ့ KIA တဖွဲ့ချင်းနဲ့ ဘာမှလုပ်လို့မရဘူး။ ဥပမာ ရှေ့တန်းက ဗျူဟာမှူးတွေ တပ်မမှူးတွေ တပ်ရင်းမှူးတွေ မပါဘဲနဲ့တော့ မရဘူး။ အဲ့ဒီ တနေရာမှာ သူတို့ အဆင် မပြေတဲ့ နေရာရှိရင်တော့ အခုလိုမျိုးတွေ ဥပဒေစကားတွေ ပြောလာတယ်။ ဥပဒေအတိုင်း ရှင်းမယ် ဘာညာ ဆိုတဲ့ ဥပဒေစကားတွေ ပြောလာတာ ဖြစ်နိုင်တယ်။ သူတို့ ဝေစားမျှစားတွေ နည်းနည်း အားနည်းတဲ့ အချိန်မှာ ဒီလို တွေ ပြောလာတာလို့ ယူဆမိပါတယ်။

မေး။  ။ တနိုင်းက လီဒို လမ်းတလျှောက်မှာ ရှိတယ်။ အိန္ဒိယ-တရုတ် ချိတ်ဆက်မယ့် စီးပွားရေးလမ်းမှာလည်း တစိတ် တဒေသ ပါနေတယ်။ ဒါကြောင့် KIA ကို တပ်မတော်က ဖယ်ရှားနေတယ်လို့လည်း သုံးသပ်သူတွေ အပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဖြေ။  ။ ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တဲ့ နေရာ အားလုံးလိုလိုက တရုတ်စီးပွားရေးနဲ့ ပတ်သက်တဲ့ နေရာလို ဖြစ်ပါ တယ်။ လီဒီုလမ်း တလျှောက်ကလည်း တရုတ်နဲ့ အိန္ဒိယ ဆက်သွယ်နေတဲ့ လမ်းမကြီးဆိုတော့ သူတို့က လုံခြုံရေး၊ နယ်မြေ စိုးမိုးရေး ယူရတာပေါ့။ နောက်ပြီးတော့ မံစီမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်တယ်။ အဲဒါ လည်း နမ့်ခမ်း၊ ဗန်းမော်လမ်းတွေ အားလုံးက တရုတ်နဲ့ သဘောတူညီချက် ရယူထားတဲ့ လမ်းမကြီးတွေ ဖြစ်တယ် ဆို တော့ သူတို့လည်း နယ်မြေစိုးမိုးရေး အတွက်ကတော့ တိုက်ပွဲ အကြီးကြီး ပြန်လုပ်ရတာ။ အခုလည်း တပ်မတော် ဘက် က ဖယ်ရှားပေးဖို့ပြောနေတဲ့ နေရာက တပ်ရင်း ၁၂၊ တပ်ရင်း ၂၇ တိုက်ပွဲဖြစ်ပွားတဲ့ ဘက်ခြမ်းမှာလည်း ပါတယ်။ ဒါတွေ အားလုံးက တရုတ်ဘက်၊ စီးပွားရေးဘက်ကနေ ကြည့်ရင်တော့ ဒီလို ဖြစ်လာတယ်လို့ ကျနော်တို့ သုံးသပ်လို့ ရပါတယ်။

မေး။  ။ ဒါဆို တပ်မတော်က ဖယ်ရှားဖို့ ပြောတဲ့ တပ်ရင်းတွေထဲမှာ မံစီတကြောက တပ်ရင်း ၁၂ နဲ့ ၂၇ လည်းပါတာ ပေါ့။

ဖြေ။  ။ ဟုတ်တယ်။ ပါတယ်လို့ ကြားတယ်။ သူတို့ ဆွေးနွေးတဲ့ နေရာမှာ ပါတယ်လို့ ကြားတယ်။ ဒါပေမယ့် KIO ရဲ့ ထုတ်ပြန် ကြေညာချက်မှာတော့ မပါဘူးပေါ့ ။

မေး။  ။ တပ်မတော်ဘက်က ဆွေးနွေးတဲ့ ထပ်တိုး တပ်မဟာတွေဖြစ်တဲ့ ၅ ၊ ၆၊ ၇၊ ၈ ဆိုရင် အသိအမှတ် မပြုဘူးလို့ ဆွေးနွေးတဲ့ အပေါ်မှာရော KIO ဘက်က ဘယ်လိုသဘောထား ရှိပါသလဲ။

ဖြေ။  ။ တပ်မတော်ကတော့ ၁၉၉၄ ငြိမ်းချမ်းရေး စာချုပ်ချုပ်တဲ့ အချိန်မှာမပါတဲ့ တပ်မဟာတွေကို တိုးချဲ့တဲ့ တပ်မဟာ လို့ သူတို့က သတ်မှတ်တာပေါ့။ ဒါက တချက်ပါ။ ဒါပေမယ့် ကျနော်တို့ကတော့ ၂၀၁၁ ကနေ တကျော့တိုက်ပွဲတွေ ပြန် ပြင်းထန်လာတယ်။ အဲဒီကနေ ထပ်တိုးချဲ့လိုက်တဲ့ တပ်မဟာတွေ ရှိတာပေါ့။ ဒါတော့ သူတို့က အသိအမှတ် မပြုဘူးလို့ ပြောတာ။ နောက်ပြီးတော့ KIA ရဲ့ တပ်မဟာ ၄၊ တပ်မဟာ ၆ နယ်မြေက ရှမ်းပြည်မြောက်ပိုင်း Kachin Sub-State မှာ ဖြစ်နေတာဆိုတော့ ရှမ်းပြည်ဘက်မှာ KIA တွေ တပ်စွဲထားတာကို သူတို့က မကြိုက်ကြဘူး။ အသိ အမှတ်မပြုဘူး။ အကုန်လုံး ကချင်ပြည်နယ်ဘက်ကို ပြောင်းဖို့။ သူတို့က အဲဒီလို အတင်းပြောလာတဲ့ သဘောမျိုး ရှိ တယ်။

အစည်းအဝေးတခုနဲ့ တနေ့ တွေ့တာနဲ့ အကုန်လုံးကတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ လိုက်နာမှာလည်း မဟုတ်ဘူး။ သူတို့ပြောလာတဲ့  အချက်တွေ ကျနော်တို့ KIA ဘက်က တောင်းလာတဲ့ အချက်တွေ အားလုံးအဆင်ပြေဖို့ အတွက် နှစ်ဦး နှစ်ဖက်က သဘောတူညီမှု တခုခု ရရှိဖို့အတွက် တွေ့ဆုံဆွေးနွေးပွဲ တွေကတော့ ခဏခဏ ပြန်လုပ်ရမှာ။ အကြိမ်ပေါင်းများစွာ လုပ်မှပဲ။ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကို ပြန်ရရမှာ ဖြစ်ပါတယ်။ အခု ချက်ချင်း ကတော့ ဘာမှ အဖြေမပေါ်နိုင်ဘူးလို့ ကျနော်ယူဆပါတယ်။

မေး။  ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက အစိုးရ၊ တပ်မတော်ကို တော်လှန်တာနဲ့ အခြေခံပြီး ပေါ်ပေါက် လာတဲ့ အဖွဲ့တွေ ဖြစ်တော့ တပ်မတော်ဘက်က KIA ရဲ့ တပ်မဟာတွေအပေါ် အသိအမှတ် မပြုဘူးဆိုတဲ့ အပေါ် KIA ဘက်က ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

ဖြေ။  ။ တော်လှန်ရေး ဆိုတာကတော့ အစိုးရဘက်ကနေ အသိအမှတ်ပြုတဲ့ တော်လှန်ရေးဆိုတာတော့ မရှိဘူး။ တော်လှန်ရေးဆိုတာ အသိအမှတ်မပြုတဲ့ နေရာကနေ လုပ်နေလိုက်လို့ပဲ တော်လှန်ရေး ဖြစ်လာတာကိုး။ ဆိုတော့ အစိုးရ ဘက်၊ တပ်မတော်ဘက်ကနေ အသိအမှတ် မပြုရင်လည်းဘဲ တော်လှန်ရေးက လုပ်ရမှာ ဖြစ်ပါတယ်။ အသိအမှတ် ပြုတာပဲ ဖြစ်ဖြစ် မပြုတာဘဲ ဖြစ်ဖြစ် လုပ်သင့်လုပ်ထိုက်တာကတော့ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံ ရေး ဆွေးနွေးတဲ့ နေရာမှာပဲ မပြေလည်မချင်းကတော့ ဆွေးနွေးရမှာပဲ။ ဆွေးနွေးနေသရွေ့ကတော့ လက်နက်ကိုင်တဲ့ တပ်တွေလည်း တည်ရှိရမှာ ဖြစ်ပါတယ်။

မေး။  ။ တိုက်ပွဲလျှော့ချရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတော့ တပ်မတော်နဲ့ KIO ကြား ၂၀၁၃ အောက်တိုဘာလ ၁၀ရက် က သဘောတူညီချက် ၇ ချက်ကို ပြန်ထည့်သွင်း ပြောဆိုတာ ရှိတယ်လို့ ကြားတယ်။ ဒါကိုလည်း ရှင်းပြပါဦး။

ဖြေ။  ။ KIO ဘက်ကနေ အဲဒါကို အဆိုတင်သွင်းတာပါ။ ၂၀၁၃ခုနှစ်က မြစ်ကြီးနားမှာ ချုပ်ဆိုတဲ့ သဘောတူညီချက် ကို အကောင်အထည် ဖော်ဖို့ အသက်ပြန်သွင်းဖို့ တင်ပြဆွေးနွေးတာ ရှိတယ်။ ဒါပေမယ့် တပ်မတော်ဘက်က အခု ချက်ချင်း ဘာမှ အဖြေပေးတာ မရှိဘူး။ တကယ်လို့များ စစ်ရှိန်လျှော့ချရေး စာချုပ်ကို အကောင်အထည်ဖော်မယ်၊ အသက်သွင်းမယ်ဆိုရင် စစ်ရှိန်လျှော့ချရေးလည်း အောင်မြင်နိုင်မယ့် အလားအလာ အနေအထားတော့ ရှိတာပေါ့။ ဒါပေမယ့် တပ်မတော်ဘက်ကတော့ အခုထိ ဘာမှ လက်ခံထားတာ မကြားမိပါဘူး။

မေး။  ။ ဒါဆို ဖေဖော်ဝါရီလ ၁ရက်က တွေ့ဆုံဆွေးနွေးမှုမှာ မြေပြင်ပေါ်က ပဋိပက္ခတွေ တိုက်ပွဲတွေ အပေါ် ဘယ် လောက် အပြောင်းအလဲ ဖြစ်စေမလဲ။ ဒါမှမဟုတ် ဘာမှ မပြောင်းလဲဘူးလား။

ဖြေ။  ။ ဒီတခေါက် တွေ့ဆုံတာနဲ့ သိပ်ပြီးမှ ပြောင်းလဲတာတော့ မရှိဘူးလို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် ဒီ ၂ရက် ၃ရက် အတောအတွင်းမှာတော့ တိုက်ပွဲသတင်းက သိပ်မထွက်ဘူး။ နည်းနည်းငြိမ်နေတာပေါ့။ ဒါပေမယ့် တည်ငြိမ်တဲ့ အခြေအနေတော့ မဖြစ်နိုင်ဘူး။ ဆက်ပြီးမှ တွေ့ဆုံဆွေးနွေးရမယ့် အနေအထား ရှိတယ်လို့  မြင်ပါတယ်။

မေး။  ။ တွေ့ဆုံမှုမှာ တပ်မတော်ဘက်က NCA (တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) အကြောင်းရော KIO ကို ပြောပါသလား။ KIO အနေနဲ့ ပင်လုံ ကတိကဝတ်တွေကို ဆုပ်ကိုင်ထားဆဲ ဖြစ်တော့ ဒီအပေါ် မှာရော ဘာတွေ ပြောဖြစ်တယ်လို့ သိပါသလဲ ။

ဖြေ။  ။ တပ်မတော် ဘက်ကတော့ NCA လက်မှတ် ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးဖို့ ပြောတာပေါ့။ ဒုတိယ အချက်က တော့ ပင်လုံစာချုပ်ဆိုတာလည်း တော်တော် အချိန်ကြာသွားပြီပေါ့။ အရင်ခေတ်က သုံးတဲ့ ပင်လုံစာချုပ်တွေပေါ့။ ဒီခေတ်ဆိုရင်တော့ တချို့အချက်တွေက နည်းနည်း အကျုံးမဝင်တာတွေလည်း ပါနိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ပြော လာတယ် လို့လည်း ကြားပါတယ်။ ပြည်ထောင်စုဆိုတဲ့ အနေအထားကနေ ပြန်ကြည့်မယ်ဆိုရင် ပင်လုံစာချုပ်ကတော့  မပါလို့ကို မဖြစ်တဲ့ အခြေခံမပြုလို့ကို မရတဲ့ အနေအထား ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့ကတော့ ပင်လုံ စာချုပ် ကို အခြေခံပြီးတော့ နိုင်ငံရေး ဆွေးနွေးရမှာ ဖြစ်ပါတယ်။

မေး။  ။ ဒီတွေ့ဆုံမှုကနေ တပ်မတော်ရဲ့သဘောထားတွေကို KIO ဘက်က ဘာတွေ သိလိုက်ရလဲ။

ဖြေ။  ။ စစ်ရေးအရ၊ နိုင်ငံရေးအရ ခြုံပြီး ပြောမယ်ဆိုရင် တပ်မတော်ဘက်ကနေ ဘာပဲဖြစ်ဖြစ် KIA/KIO ဘက်ကနေ တောင်းဆိုလာတဲ့ တင်ပြလာတဲ့ အချက်အလက်တွေက သူတို့လည်း ပြန်စဉ်းစားဖို့တော့ လိုမယ်လို့ ကျနော်ထင်ပါ တယ်။ KIA/KIO ရဲ့ သဘောထား ဘယ်လိုရှိပါသလဲ ဆိုတဲ့ အမြင်သဘောထားတွေကတော့ သူတို့ ရမယ်ထင်ပါ တယ်။

မေး။  ။ တပ်မတော်ဘက်က FPNCC (ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ) ကိုရော လက်ခံ ဆွေးနွေးမယ့် သဘောတွေ့ရလား။ ဒါမှမဟုတ် KIO ကို တဖွဲ့ချင်းပဲ ဆွေးနွေးလိုတဲ့ သဘောမြင်ရလား။

ဖြေ။  ။ တပ်မတော်ဘက်ကတော့ တဖွဲ့ချင်းပဲ တွေ့ချင်တာ။ နိုင်ငံရေး ဆွေးနွေးတဲ့ နေရာမှာတော့ KIO က FPNCC အဖွဲ့နဲ့ပဲ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ တအား ပြင်းထန်လာတဲ့ အခါကျတော့ အချင်းချင်း သဘောထားတွေ သိပြီး စစ်ရှိန်လျှော့ဖို့ တွေ့ဆုံတဲ့ သဘောလောက်ပဲ ရှိပါတယ်။ နိုင်ငံရေး ဆွေးနွေးတဲ့ အဆင့်တော့ မရှိပါဘူး။ နိုင်ငံရေး ဆွေးနွေးမယ့် အချိန် ရောက်ရင်တော့ FPNCC အဖွဲ့အနေနဲ့ ဆွေးနွေးမယ်လို့ ကျနော် ပြောလိုပါတယ်။

မေး။  ။ အခုကာလမှာ KIO အနေနဲ့ အပစ်အခတ် ရပ်စဲရေးအပြင် အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးနိုင်ဖို့က တပ်မတော်ရဲ့ သဘောထားတွေပေါ် မူတည်နေသလား။

ဖြေ။  ။ ဦးသိန်းစိန် ခေတ်မှာကတော့ အစိုးရကလည်း တပ်မတော်ဖြစ်နေတယ်။ တပ်မတော်ကလည်း အစိုးရ ဖြစ်နေ တယ်။ အခုကတော့ အစိုးရနဲ့ တပ်မတော်က တခြမ်းစီဖြစ်နေတာဆိုတော့ စစ်ရေးနဲ့ပတ်သက်ရင်တော့ အစိုးရနဲ့ တွေ့ဆုံပြီးမှ အဖြေကောင်းတွေ ရမလာဘူး ဖြစ်နေတာ။ ဒါ့ကြောင့် တပ်မတော်နဲ့ တွေ့ဆုံရတဲ့ သဘောမျိုး ရှိပါတယ်။ ကျနော်တို့ စစ်ရှိန်လျှော့ချဖို့ နောက်စစ်ရေးကိစ္စတွေ တိုက်ပွဲတွေ လျှော့ချမယ်ဆိုရင် တပ်မတော်နဲ့ပဲ အဓိက ဆွေးနွေး ရမယ့် အနေအထားကို ရောက်ရှိလာတော့ အခုလိုမျိုး တပ်မတော်နဲ့ တွေ့ဆုံတာပေါ့။ နိုင်ငံရေးဆွေးနွေးမယ် ဆိုရင် တော့ ဘာပဲ ဖြစ်ဖြစ် အားလုံးက အစိုးရနဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

မေး။  ။ တိုက်ပွဲတွေက တရုတ် စီးပွားရေး ကဏ္ဍတွေနဲ့ ဆက်စပ်နေတော့ တရုတ် အထူးကိုယ်စားလှယ် ဘက်ကရော KIO ကို ဘာတွေ ပြောဆိုတာရှိပါသလဲ။

ဖြေ။  ။ တရုတ်ဘက်က ကျနော်တို့ကို ဘာပြောလာတယ် ဆိုတာကတော့ ကျနော်က ဆွေးနွေးပွဲမှာ မပါတော့ ဘာမှ အတိအကျတော့ မသိဘူး။ ဒါပေမယ့် တွေ့ဆုံပွဲ ဖြစ်ဖို့ကတော့ တရုတ်လူကြီးတွေ ကြားဝင် စေ့စပ်ညှိနှိုင်းပေးတဲ့ အခြေ အနေ တခုတော့ ဟုတ်တာပေါ့။ ဒါပေမယ့် ဘာတွေ ပြောလာတယ်။ ဘာတွေဘယ်လို ဆွေးနွေးဖို့ လမ်းညွှန်ပေးတာ တွေ ရှိ မရှိကတော့ ကျနော်ဘာမှ မကြားမိပါဘူး။

မေး။  ။ တပ်မတော်နဲ့ KIO တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ကချင်ပြည်သူတွေကိုရော ဘာများ ပြောပြချင်ပါသလဲ။

ဖြေ။  ။ ကချင် ပြည်သူလူထုတွေကို ပြောပြချင်တာက ဘာပဲဖြစ်ဖြစ် ကျနော်တို့က နိုင်ငံရေးဆွေးနွေးတာ မဟုတ်ဘူး။ စစ်ရှိန် လျှော့ချရေးအတွက် ပထမ တွေ့ဆုံတာ ဖြစ်ပါတယ်။ ဆက်ပြီးတော့ တွေ့ဆုံပွဲ ဆက်တိုက်ပြန်လုပ်ရမှာ ဖြစ်ပါ တယ်။ ကျနော်တို့ရဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ကတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံရေး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ ကျနော် တို့ က နိဂုံးချုပ်ရမှာ ဖြစ်ပါတယ်။ မတွေ့ဆုံဘဲနဲ့တော့ ဘာအဖြေကောင်းမှ မရနိုင်ဘူးလို့ ကျနော် ပြောလိုပါတယ်။  ။

Your Thoughts …
Tags: KIAစစ်ရှိန်လျှော့ချရေးတပ်မတော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.1k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

Next Post
Saratov လေကြောင်းလိုင်းမှ လေယာဉ်တစီး / Sputnik

ရုရှားခရီးသည်တင်လေယာဉ် ပျက်ကျ၊ ၇၁ဦးသေဆုံး

/ ဧရာဝတီ

အနှစ်သာရပြည့်ဝသော “ပြည်ထောင်စုနေ့” နှင့် သူတို့အမြင်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate