• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အလွန်တရာ နူးညံ့ သိမ်မွေ့ပါတယ်”

by နန်းလွင်နှင်းပွင့်
22 March 2018
in အင်တာဗျူး
A A
ရခိုင်အမျိုးသား ပါတီ (ANP) ဒု ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး  / မျိုးမင်းစိုး / ဧရာဝတီ

ရခိုင်အမျိုးသား ပါတီ (ANP) ဒု ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး / မျိုးမင်းစိုး / ဧရာဝတီ

10.5k
VIEWS
Share on FacebookShare on Twitter

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများက ၂၁ ပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများတွင် တင်ပြရန် သက်ဆိုင်ရာ ပြည်နယ်များ၌ လူထုနှင့်တွေ့ဆုံ၍ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပပြီး စာတမ်းများ ညီလာခံသို့ သယ်ဆောင်လာရမည် ဖြစ်သော်လည်း ရခိုင် ပြည်နယ်တွင် ယနေ့အထိ ကျင်းပနိုင်ခြင်း မရှိသေးပေ။

အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် ခွင့်ပြုချက် မပေးထားပေ။

RelatedPosts

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
842
မြန်မာ့အရေး မလေးရှား ဖောက်တဲ့လမ်းက ဘာလဲ ဘယ်လဲ (ရုပ်/သံ)

မြန်မာ့အရေး မလေးရှား ဖောက်တဲ့လမ်းက ဘာလဲ ဘယ်လဲ (ရုပ်/သံ)

23 June 2025
49
မြန်မာ့အရေး အာဆီယံ ချဉ်းကပ်မှု အလုပ်ဖြစ်မှာလား (ရုပ်/သံ)

မြန်မာ့အရေး အာဆီယံ ချဉ်းကပ်မှု အလုပ်ဖြစ်မှာလား (ရုပ်/သံ)

22 June 2025
53

ရခိုင်ပြည်နယ် နယ်စပ်တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက် တိုက်ခိုက်မှုများ၊ မတည်မငြိမ်မှုများ၊ ဘင်္ဂါလီများ အစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးခြင်းများနှင့် ရခိုင်ပြည်နယ်သည် ထိလွယ် ရှလွယ် ဧရိယာ ဖြစ်နေခြင်းကြောင့် ဖြစ်သည် ဟူသည့် အကြောင်းပြချက်ကို နိုင်ငံတော်အတိုင်ပင်ခံက တိုင်းရင်းသား ခေါင်းဆောင်များသို့ ပြောဆိုထား သည်။

ရခိုင်ပြည်နယ်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးထား သည့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင်း လူထုထောက်ခံမှု အများဆုံးရရှိ အနိုင်ရထားသည့် ရခိုင်အမျိုးသား ပါတီ (ANP) တို့က အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် အစိုးရကို မကြာခဏ တောင်းဆိုထားပြီး ဆွေးနွေးပွဲ အတွက်လည်း ကော်မတီ နှစ်ရပ်ကို ဖွဲ့စည်းထားကြသည်။

ယခုအခါ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အဆင်သင့် ဖြစ်စေရန် ဖွဲ့စည်းထားသည့် “ရခိုင်အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီ” နှင့် “ရခိုင် လူထုတွေ့ဆုံပွဲ ကျင်းပရေး ကော်မတီ” တို့ကို မတ်လ ၂၀ ရက်က ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

အဆိုပါ ကိစ္စရပ်များနှင့်  ပတ်သက်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ANP ဒု ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး ကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး။  ။ ရခိုင်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ပြင်ဆင်ထားတဲ့ ကော်မတီ နှစ်ရပ်ကို ဖျက်သိမ်း လိုက်တာ ဘာ့ကြောင့်လဲ။

ဖြေ။  ။ ကျနော်တို့ ပထမပိုင်းမှာတော့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်ကို သွားမယ်ဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲကြီးကို သွားဖို့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ လိုတယ်ဆိုပြီးတော့ NCA လက်မှတ်ရေးထိုးထားတဲ့ မူဘောင်ထဲမှာ ပါတယ်ခင်ဗျ။

ပြည်တွင်းငြိမ်းချမ်းရေးကို အဓိက ဖော်ဆောင်နေတဲ့ EAO (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း) ထဲမှာ ပါတဲ့ ALP နဲ့ နောက်တခါ ကျနော်တို့ အနိုင်ရပါတီက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အမှန်တကယ် လုပ်ခွင့်ရလာ မယ် ဆိုရင် ကျနော်တို့မှာ အဆင်သင့်ဖြစ်ဖို့ ကော်မတီတရပ် လိုအပ်တယ်ဆိုပြီး မြင်ကြတယ်။ အဲဒါကြောင့် ALP ပါတယ်။ တခြားလူမှုအဖွဲ့အစည်းတွေ တခြားနိုင်ငံရေး ပါတီတွေ တခြားနိုင်ငံရေးပါတီနဲ့ လူမှုအဖွဲ့အစည်းတွေကို ကျနော်တို့ ဖိတ်ခေါ်ပြီးတော့ ကော်မတီတရပ် ဖွဲ့စည်းထားပါတယ်။ အဲဒီလို ဖွဲ့စည်းထားတဲ့ အခါမှာ ကျနော်တို့ အကြိမ် ပေါင်းများစွာ ကြိုးစားခဲ့တယ်။

နောက်တခါ အလှူရှင် တွေကလည်း ဒီဟာလုပ်ဖို့ အတွက် ပိုက်ဆံလှူထားတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ အဲဒီလိုနဲ့ ၄ ၊ ၅၊ ၆ လ ကြာအောင် ကျနော်တို့မှာ လုပ်ခွင့်မရဘူး။ အမျိုးသားအဆင့် မရသည့်တိုင်အောင် Public Consultation လို့ ခေါ် တဲ့ လူထု နဲ့ တွေ့ဆုံဖို့ ဆိုတာတောင် လုပ်ခွင့်မရဘူးဗျ။

နောက်တခါ ဘာတွေ ကမ်းလှမ်းလာလည်း ဆိုတော့ ဒီလူထုတွေ့ဆုံတာကို နိုင်ငံရေး ပါတီတွေ၊ EAOs တွေက ရခိုင် ပြည်မှာ ဦးဆောင်လို့ မရဘူး။ လူမှု အဖွဲ့အစည်းတွေကပဲ ဦးဆောင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ ပါလာတယ်။ အဲဒါကြောင့် ကျနော်တို့က ဒီဟာတွေကို လုပ်စရာမလိုတော့ဘူး။ စိတ်လည်း မဝင်စားတော့ဘူး။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လုပ်လို့ ရခြင်းမရခြင်းနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ဒီ ၂၁ ပင်လုံကိုလည်း ကျနော်တို့ စိတ်ဝင်စားမှု အားနည်းသွားပါတယ်ခင်ဗျ။ အဲဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ တစုံတခုလည်း လုပ်စရာ မလိုတော့ဘူး။ ပြောစရာ မလိုတော့ဘူးဆိုပြီး ဒီကော်မတီကို ဖျက်သိမ်းလိုက်တာပါခင်ဗျ။

မေး။  ။ လူထုနဲ့ တွေ့မယ်ဆိုရင် နိုင်ငံရေးပါတီတွေ EAO တွေက ဦးမဆောင်ရဘဲ အရပ်ဘက်ကပဲ ဦးဆောင်ရမယ် ဆိုတာ ဘယ်သူတွေက ပြောတာလဲ။

ဖြေ။  ။ ဒီဟာက ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲကော်မတီ (UPDJC) ရဲ့ အစည်းအဝေး၊ EAO ထဲမှာ ကျနော်တို့ကို ဆရာမ စောမြရာဇာလင်းက  စာရွက်တရွက်  ပေးပါတယ်။ အသေးစိတ်ကို သိချင်တယ်ဆိုရင်တော့ ဆရာမ စောမြရာဇာလင်းကို မေးကြည့်ရင် ပိုကောင်းပါလိမ့်မယ်။

မေး။  ။ NCA လုပ်ငန်းစဉ်အရ နိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့ အမျိုးသားအဆင့်တွေကို အရင်ကျင်းပရမယ် ဆိုပေမယ့် အခုက အမျိုးသားအဆင့် မလုပ်ခင်မှာတင် ဒီလိုတွေ  ဖြစ်ကုန်တော့ အန်ကယ် ဘာပြောချင်ပါသလဲ။

ဖြေ။  ။ ကျနော်တို့ မြင်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အလွန်တရာ နူးညံ့သိမ်မွေ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံ ရေး ယဉ်ကျေးမှုသစ် တရပ်ကို ကျနော်တို့ လုပ်ဖို့ ကြိုးစားပါတယ်။ နဂို ပထမ အစိုးရ လက်ထက်မှာလည်း ဒါတွေကို ကြိုးစား ခဲ့တယ်။ NLD အစိုးရ ဖြစ်တဲ့ အခါမှာလည်း ဒါတွေကို ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံရေးပါတီ တွေကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အခင်းအကျင်းကို သွားတဲ့အခါမှာ နိုင်ငံရေးယဉ်ကျေးမှုသစ် တရပ်လိုတယ်။

မြို့တွင်းမှာ ပါလီမန် ဒီမိုကရေစီ အခင်းအကျင်း ဖြစ်သလို တောတွင်းမှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ဟာလည်း မြို့တွင်းထဲကို ဝင်ပြီး ဒီမိုကရေစီ အကူးအပြောင်းမှာ တကယ့်ကို ပူးပေါင်းပါဝင်ပြီး လုပ်ဖို့ လိုတယ်လို့ ကျနော် တို့ မြင်တယ်။ တကယ့်ကို ကြိုးစားတဲ့အခါမှာ အကန့်အသတ် အတားအဆီးတွေ အပေါ်စီးက ဆက်ဆံမှုတွေ က တော်တော်လေးကို ကျနော်တို့ တွေ့ရပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံမှာ လုပ်နေတဲ့ဟာက Political Dialogue (နိုင်ငံရေး ဆွေးနွေးပွဲ) မဟုတ်ပါဘူး။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုလို့ ပြောဖို့ဟာထက် အပေါ်စီးက အာဏာရထားတဲ့ အဖွဲ့အစည်းတွေ အထူးသဖြင့် တပ်မတော်တို့ အစိုးရ တို့ဘက်က အထက်စီးက ဆက်ဆံပြီးတော့ လုပ်တာတွေက ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လုံးဝ သဟဇာတမဖြစ်ဘူးလို့ ကျနော်တို့က သုံးသပ်ပါတယ်။

မေး။  ။ ရခိုင်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပလို့ မရတာက နယ်စပ်မှာ ဖြစ်နေတဲ့ အစုလိုက်အပြုံ လိုက် ထွက်ခွာတဲ့ ကိစ္စတွေ မတည်မငြိမ်ပဋိပက္ခတွေကြောင့်လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောထားတာရှိတယ်။ ဒီတော့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီကိစ္စ ချိတ်ဆက် ပြောတာကို အန်ကယ့် အနေနဲ့ဆို လက်ခံပါသလား။

ဖြေ။  ။ ဒီဟာက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆိုင်တယ်။ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာ ပြည်တွင်းထဲမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းအောင် လုပ်ဖို့အတွက် ကြိုးစားတဲ့ နည်းလမ်းတခုပါ။ ကျနော်တို့ စဉ်းစားတဲ့အခါမှာ တိုင်းရင်းသားပဋိပက္ခကို မူတည်ပြီးတော့ စဉ်းစားဖို့ လိုအပ် တယ်လို့ မြင်တယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဘင်္ဂါလီပြဿနာက တိုင်းရင်းသား ပြဿနာမဟုတ်ဘူး လို့ ကျနော်တို့ သုံးသပ်တယ်။

အဲဒါကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ဒီ ဘင်္ဂါလီ မွတ်စလင်တွေက တရားဝင်တက်ရောက်ဆွေးနွေးတာ အခွင့်အလမ်းမရှိပါဘူး။ အဲဒီတော့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ သူတို့က ဒီရခိုင်ပြည်နယ်မှာ ဖြစ်နေ တဲ့ ပြဿနာတွေကို အကြောင်းပြမယ်ဆိုရင်တော့ ဒါဟာ လုံးဝ အကြောင်းပြချက် ခိုင်လုံမှု မရှိဘူးလို့ ကျနော် ပြောလို ပါတယ်။

မေး။  ။ ကော်မတီတွေကလည်း ဖျက်လိုက်ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးဖို့ ရခိုင်ပြည်နယ်မှာ မရှိသေးဘူး ဆိုတဲ့ အနေအထား ဖြစ်သွားတော့ ဒါဆို ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲက ရခိုင်ပြည်နယ်ရဲ့ အခန်းကဏ္ဍက ဘယ်လိုဖြစ် မလဲ။ လာမယ့် တတိယ ပင်လုံမှာ ရခိုင်ခေါင်းဆောင်တွေ ဘယ်လိုလုပ်မလဲ။

ဖြေ။  ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီတွင်းမှာ ကျနော်တို့ ဆွေးနွေးမှာပါ။ ဆိုလိုတာက Donor တွေက ဒီဟာလေးတွေ လုပ် ဖို့အတွက် ထောက်ပံ့တဲ့ ဟာလေးတွေ ရှိတယ်လု့ိကြားရတယ်။ အဲဒီလူတွေကိုတောင်မှ ပိတ်ပင်တားဆီးတာတွေ လုပ် တယ်။ ဒီနိုင်ငံရေးစကားဝိုင်းကို နိုင်ငံရေးပါတီတွေ လုပ်ခွင့်မရှိဘူးဆိုတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက နိုင်ငံရေး ပါတီ နဲ့ မလုပ်နဲ့ပေါ့ဗျာ။ လူမှုအဖွဲ့အစည်းတွေနဲ့ပဲ လုပ်လို့ အဆင်ပြေမယ်ဆိုရင် အဲဒါနဲ့ပဲလုပ်ပေါ့။ နိုင်ငံရေးပါတီတွေကို လည်း ၂၁ ပင်လုံ မှာ ဖိတ်စရာလည်း မလိုဘူး။ တက်ရောက်ပြီး ဆွေးနွေးစရာလည်း မလိုတော့ဘူးလို့ ကျနော်တို့က အဲဒီလိုပဲ မြင်ပါတယ်။

မေး။  ။ ရခိုင်ပြည်နယ်မှာ ပြဿနာပေါင်းစုံ ရင်ဆိုင်နေရသလို နိုင်ငံတကာဖိအားတွေလည်း ရှိနေတယ်။ ဒီအခြေအနေ တွေမှာ ရခိုင်ခေါင်းဆောင်တွေက အစိုးရနဲ့ ပြေပြေလည်လည်ညှိနှိုင်းနိုင်မယ့် အခြေအနေရအောင် ရခိုင်ခေါင်းဆောင် တွေ ဘက်က ဘယ်လို လုပ်သွားမလဲ။

ဖြေ။  ။ ကျနော်တို့က အမြဲလမ်းဖွင့်ထားပါတယ်။ ကျနော်တို့က အမြဲတမ်း ဆွေးနွေးပါတယ်။ ကျနော်တို့က အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးခွင့် မရရင်တောင်မှ လူထုနဲ့ တွေ့ဆုံဆွေးနွေးတာ လုပ်ဖို့လိုတယ်ပေါ့။ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်က ဘယ်လိုရှိတယ် ဆိုတာကို လူထုကို ရှင်းပြဖို့ လိုတယ်။ အခုကလည်း အစိုးရကလည်း မရှင်းပြဘူး။ တပ်မတော် ကလည်း မရှင်းပြဘူး။ EAO ကလည်း မရှင်းပြဘူး။ နိုင်ငံရေးပါတီတွေကလည်း မရှင်းပြနိုင်ဘူး။ ဒီတော့ ၂၁ ပင်လုံ ပြည်တွင်း ငြိမ်းချမ်းရေးကို လုပ်နေပါတယ်ဆိုတာ လူထုက တခုမှ မသိဘူးခင်ဗျ။

အဲဒီတော့ Public Consultation ဆိုတာ ၂၁ ပင်လုံ ပြည်တွင်းငြိမ်းချမ်းရေးကို လူထုက စိတ်ဝင်စားလာအောင် ကျနော် တို့က လုပ်ချင်တယ်။ ရှင်းပြချင်တယ်။ ဒါလေးလုပ်ဖို့တောင် လုပ်လို့ မရဘူးဆိုတော့ ဒီနိုင်ငံတကာ အခင်းအကျင်းတွေ အကျပ်အတည်းတွေ ဖြစ်နေတာကို ကျနော်တို့ နားလည်ပါတယ်။ ဒီအချိန်အခါမှာ ကျနော်တို့က အစိုးရရယ် တပ်မတော် ရယ် နိုင်ငံရေး ပါတီရယ် လူမှု အသင်းအဖွဲ့တွေရယ် အကုန်လုံး တိုင်ပင်ညှိနှိုင်းပြီးတော့ သွားရမယ့် အချိန်ကာလ တခုလို့ ကျနော်တို့ မြင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က အမြဲတမ်း အလျှော့ပေးတယ်။ အလျှော့ပေးလို့ လည်း ကျနော်တို့ အလျှော့ ပေးတာက အရာမရောက်ဘူး ဖြစ်လာတယ်။ အဲဒါကြောင့် ကျနော်တို့က ဒီဟာနဲ့ ပတ်သက် ပြီး စိတ်ပါဝင်စားမှု မရှိတော့ဘူး။ လက်ရှိ အနေအထားကိုတော့ သုံးသပ်မိပါတယ်။

ဒါပေမယ့် ဘယ်လိုစခန်းသွားမလဲ။ သူတို့သွားချင်တဲ့ အတိုင်းသွားပါ။ ကျနော်တို့ကတော့ စိတ်ဝင်စားမှု မရှိတော့ဘူး ဆိုတာကြောင့် ဒါကို ဖျက်သိမ်းလိုက်တာပါ။

မေး။  ။ ANP က ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်မှာ အနိုင်ရထားတဲ့ လူထုကိုယ်စားပြု ပါတီဖြစ်တယ်။ ဒီတော့ အစိုးရ နဲ့ အကျပ်အတည်းတွေကြောင့် ကော်မတီတွေ ဖျက်သိမ်းရတယ်ဆိုတော့ ဒီအခြေအနေမှာ ရပ်ထားမှာလား။ အန်ကယ်တို့က ဘာဆက်လုပ်မလဲ။

ဖြေ။  ။ ကျနော်တို့ ပါတီက UPDJC မှာလည်း ပါဝင်ပါတယ်။ နောက် UPDJC က လုပ်ထားတဲ့ လုပ်ငန်း ကော်မတီတွေ မှာ လည်း ကျနော်တို့ ပါပါတယ်။ ဒါပေမယ့် ဒီပင်လုံ ညီလာခံမှာ ဆွေးနွေးဖို့ အတွက် နိုင်ငံရေးပါတီ တခုတည်းနဲ့လည်း မရဘူး။ နောက်တခါ EAO တွေနဲ့ပဲလည်း မရဘူး။ ဆိုလိုတာက ပြည်သူလူထုကို ကျနော်တို့ သဘောထား မေးရမယ်။ ပြည်သူလူထုက ဘာပြောချင်လဲ။ သူတို့ ပြောချင်တာကို ကျနော်တို့က ပြည်တွင်းငြိမ်းချမ်းရေး ၂၁ ပင်လုံကို တင်ပြရ မှာ ဖြစ်ပါတယ်။

ကျနော်တို့မှာ အဲဒီလို ဆွေးနွေးပိုင်ခွင့်လည်း မရှိဘူး။ ၂၁ ပင်လုံကို ရောက်ပြီးမှ သူတို့ ပြောတာကို နားထောင်။ သူတို့ ဆွေးနွေးတဲ့အတိုင်း ဆွေးနွေး၊ သူတို့ UPDJC က ချပေးလိုက်တဲ့ ဟာလေးတွေကို ဒီတိုင်း ဆွေးနွေးပါဆိုရင် ဒါဟာ ပြည်သူရဲ့ ဆန္ဒမပါတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ညီလာခံလို့ပဲ ကျနော်တို့ မြင်ပါတယ်။ ဒါ့ကြောင့် ဒီအခွင့်အရေးတွေကို ရဖို့ ကျနော်တို့ အကြာကြီး မျှော်လင့် စောင့်စားခဲ့တယ်။ မရလာဘူးဆိုတော့ ကျနော်တို့ စိတ်ဝင်စားမှု အားနည်းလာတယ်။ အဲဒါကြောင့် ကျနော်တို့ အခုလို လုပ်လိုက်တာပါ။  ။

Your Thoughts …
Tags: ရခိုင်အမျိုးသား ပါတီ (ANP)
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
နှုတ်ဆက်ခဲ့ပါတယ်

နှုတ်ဆက်ခဲ့ပါတယ်

မျက်နှာ အလှအပအတွက် မျက်ခုံးဟာ အရေးကြီးတဲ့ အစိတ်အပိုင်း တခုပါ

အမျိုးသမီးများအတွက် မျက်ခုံးကို သဘာဝအတိုင်း နက်မှောင်စေမယ့် ဆီ ၄ မျိုး

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

19 hours ago
7.7k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate