• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

မြန်မာပြည်မှာ Wholesales Market လုပ်ဖို့ အချိန်တန်ပြီ

by မျိုးပပစန်း
12 May 2018
in အင်တာဗျူး
A A
ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ  / ရွှေလေး

ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ / ရွှေလေး

25.7k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး ခေတ်မီ လက်လီ၊ လက်ကား ဈေးကြီးနှင့် လူနေအိမ်ရာ၊ ရုံးခန်း၊ ဆေးရုံ၊ ကျောင်းများ အပြင် စီးပွားရေးဆိုင်ရာ အဆောက်အအုံ များစွာပါဝင်သော Yangon Mingalardon grand Bazaar ကို ဇေကမ္ဘာ ကုမ္ပဏီနှင့် တရုတ်နိုင်ငံ Zhejiang Luding Investment ကုမ္ပဏီတို့မှ ပူးပေါင်း တည်ဆောက်သွားရန် စီစဉ်လျှက်ရှိသည်။

Yangon Mingalardon grand Bazaar ကို မင်္ဂလာဒုံဥယျာဉ်မြို့တော်၌ ၃ နှစ်အတွင်း အပြီးတည်ဆောက်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ စီမံကိန်း ပထမအဆင့်အနေနှင့် မြေနေရာ ခြံဝင်းခတ်ရန် နှုတ်ကတိရရှိထားပြီး တရားဝင်စာရရှိရန် လုပ်ဆောင်လျှက် ရှိကြောင်း ဇေကမ္ဘာကုမ္ပဏီမှ သိရသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
491
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
1k
ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

13 May 2025
92

သို့သော်လည်း ယင်းစီမံကိန်း၏ လက်ရှိ အခြေအနေမှာ မြေနေရာနှင့် ပတ်သက်ပြီး အရှုပ်အရှင်းများလည်း ဖြစ်ပေါ်လျက်ရှိနေသည်။

ထိုစီမံကိန်းလုပ်ဆောင်မည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေအား ဧရာဝတီ သတင်းထောက် မျိုးပပစန်းက တွေ့ဆုံမေးမြန်းထားသည်။

မေး။  ။မင်္ဂလာဒုံအဆင့်မြင့် Yangon Mingalardon grand Bazaar ဈေးတည်ဆောက်မှု စလုပ်ဖြစ်တာနဲ့ ပတ်သက်ပြီးဘာကြောင့်  ဒီစီမံကိန်းကို လုပ်ဆောင်ဖြစ်တာပါလဲ။

ဖြေ ။  ။ အဓိကအားဖြင့် မင်္ဂလာဒုံဥယျာဉ်မြို့တော်ကြီးကို ၁၉၉၈ ခုနှစ်လောက်က စခဲ့တယ်။ စပြီးတော့မှ အန်ကယ်တို့ စက်မှုဇုန်တို့၊ အိမ်ရာတို့၊ ဂေါက်ကွင်းတို့ စီးပွားရေး ဧရိယာတို့ အကုန်သတ်မှတ်တာပေါ့။ အဲဒီ စီမံကိန်းတွေကနေ ဆင့်ကဲ ဆင့်ကဲ Phase 1,Phase 2,Phase 3 ဆိုပြီး လုပ်တဲ့အချိန်မှာ ဥပမာ စက်မှုဇုန်ဆိုရင် စက်မှုဇုန် အပိုင်း ၁၊ ၂၊ ၃ ထိက ၂၀၁၀ ပြည့်နှစ်မရောက်ခင်ထဲက တပ်မတော် အစိုးရ လက်ထက်ကတည်းက ပြီးသွားပြီ။ ဈေးကို အမှတ် ၃ လမ်းကြီး ဘေးမှာ မြေ ၁၂၅ ဧကကို လျာထားတယ်။ဘေးက မြေပြဿနာလေး နည်းနည်းကျန်နေတယ်။

တရုတ် ကုမ္ပဏီကြီးတခုက ကမ်းလှမ်းလာတယ်။ သူတို့မှာ စီမံကိန်းတွေ အများကြီးလုပ်ခဲ့တဲ့ အတွေ့အကြုံရှိတယ်။ ဒါတွေရှိတဲ့ အတွက်ကြောင့် စီမံကိန်း အကြမ်းလေး အန်ကယ့်ဆီတင်ထားတယ်။ ဒါကိုကြည့်ပြီးတော့မှ စတုရန်းမီတာ ၁ သန်းအထက် မှန်းပြီး လက်ခံ တည်ဆောက်ပါမယ်။ ဒါနဲ့ နှစ်ယောက် MOU (၂ ဖက်နားလည်မှုစာချွန်လွှာ) ဆိုပြီး လက်မှတ်ထိုးကြတယ်။ စာချုပ်ရဲ့ သဘောက ပထမ လေ့လာဆန်းစစ်ခြင်း လုပ်ရတယ်။ ဒုတိယအချက် MOU ထိုးရတယ်။ MOU ထိုးပြီး သူ့ဆီက ပုံစံအချောထွက်တာနဲ့  နှစ်ဖက် သဘောတူညီမှု စာချုပ်ဆိုတာ ထိုးရတယ်။ အခု အဲဒါပဲ ကျန်တော့တယ်။

မေး ။ ။ ဈေးတည်ဆောက်မှုရဲ့ ထူးခြားချက်အနေနဲ့ ဘာတွေ ပါရှိမလဲ။

ဖြေ ။ ။ ရန်ကုန်မြို့မှာဆိုရင် သိမ်ကြီးဈေးလိုမျိုးပေါ့။ သိမ်ကြီးဈေးဆိုရင် Wholesales Market ကြီးပေါ့။ အဲဒီကနေ ပြီးတော့ အဝတ်အစားတွေ ဝယ်ပြီး ပြန်ရောင်းကြတာ။ အခု သိမ်ကြီးဈေး အဆောင်ကြီး မရှိတော့ဘူး။ အစားထိုးဖို့ အတွက်ကို ဈေး ၁ ဈေးက မြန်မာနိုင်ငံမှာ လိုတယ်။ လက်ရှိက ဈေးလေးတွေတော့ ရှိတယ်ပေါ့။ စူပါဝမ်းတို့ ယုဇနပလာဇာဈေးတို့တော့ ရှိတာပေ့ါ။ အဲဒီကိုသွားဖို့ အတွက် ကားယာဉ်ကြော ကြပ်တည်းမှုတွေလည်း ရှိတယ်။ ကားပါကင်တွေလည်း လိုတယ်။ နောက်ပစ္စည်းလိုချင်ရင် တစိတ်တဒေသလောက်ပဲရတယ်။

အခုလုပ်မယ့် စီမံကိန်းမှာ ထူးခြားတာက ဒီဈေးထဲမှာက လိုချင်တဲ့ ပစ္စည်းရှိသမျှ အကုန်ရနိုင်မယ်။ ဥပမာ- တီဗွီလိုချင်ရင် သွားဝယ်မယ် ဆိုရင်၃၈ လမ်းကို သွားဖို့ ပထမ ကားလမ်းကြပ်တယ်။ ဒုတိယ ကားပါကင် ရှာရမယ်။ ဒါကြောင့် မြန်မာပြည်မှာ Wholesales Market လုပ်ဖို့ အချိန်တန်ပြီ။

ဒီဈေးကြီးလုပ်လိုက်ရင် ကားလမ်း ယာဉ်ကြောကြပ်တဲ့ ပြဿနာ မြို့ထဲမှာ ရှင်းသွားမယ်။ ကားပါကင် ပြဿနာ ရှင်းသွားမယ်။ နောက်ဘာလဲဆိုတော့ အမှတ် ၃ လမ်းမကြီးက အမှတ် ၁ လမ်းထက်ကို စီးပွားရေး အနေနဲ့ အချက်အချာ ကျမယ်။ စည်ကားသွားလိမ့်မယ်။

ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတော်ကလည်း Express highway ဆိုတာ ရှိတယ်။ ထိုင်း၊ မလေးရှား၊ ဗီယမ်နမ်တို့ တော်တော်များများက Express highway တခုကို ရအောင်ဖော်တယ်။ ဖော်ပြီးရင် Express highway ပေါ်တက်လိုက်တာနဲ့ အဲဒီကို သွားရင် မီးပွိုင့်တွေ ဖြတ်စရာမလိုတော့ဘူး။

ဒါကြောင့် ဒီနေရာက အဝေးပြေးကားဂိတ်နဲ့လည်း နီးတယ်။ ပြီးတော့မှ မြေဧက ရာနဲ့ချီပြီးရနိုင်တယ်။ နောက်အဝေးပြေးကားတွေ ခရီးဆုံးတဲ့နေရာမှာလည်း သွားတွေ့တဲ့အတွက်ကြောင့် သူတို့ကလည်း ဒီနေရာကို ရင်းနှီးမြှုပ်နှံဖို့ ရွေးတယ်။

မေး ။ ။ ဒီပရောဂျက်က ကုန်ကျစရိတ် ဘယ်လောက်လောက် ရှိပါသလဲ။ မိတ်ဖက် Zhejiang Luding Investment-ZLI ကုမ္ပဏီအနေနဲ့ ဘယ်လိုမျိုး ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်ဆောင်သွားမှာပါလဲရှင့်။

ဖြေ ။ ။ စတုရန်းမီတာ ၁ သန်းအထက်နဲ့ Yangon Mingalardon grand Bazaar ကို ဈေးတွေရော၊ အိမ်ရာတွေရော အကုန်လုံးလုပ်ပါမယ်။ ဇေကမ္ဘာ ကုမ္ပဏီအနေနဲ့က မြေကြီး ရင်းနှီးမြှုပ်နှံမှုထည့်ပါတယ်။ သူတို့က တည်ဆောက်မှု ပုံစံနဲ့ နည်းပညာနဲ့ ကြီးကြပ်မှုတွေထည့်ပါတယ်။ အဲဒီအပေါ်မှာမှ ZLI ကုမ္ပဏီက ဒီဇိုင်းအတိအကျ ထွက်လာပြီးရင် အသေးစိတ်ပြန်ပြောပေးပါ့မယ်။

အခုကတော့ ပြောဖို့အတွက် စောပါသေးတယ်။ ဘာလို့လည်းဆိုတော့ တရုတ်ဒီဇိုင်နာနဲ့ ဒီဇိုင်း ရေးဆွဲနေပါတယ်။ အများကြီးခေတ်မီတဲ့ ဈေးကြီး ၁ ဈေးဖြစ်အောင် လုပ်ဆောင်နေပါတယ်။

မေး ။ ။ ဈေးစီမံကိန်း တည်ဆောက်မှုနဲ့ ပတ်သက်ပြီး အစိုးရဆီကနေ ခွင့်ပြုချက်ယူပြီးပြီလားရှင့်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ကိုရော ခွင့်ပြုချက်တင်ထားတာ ရှိပါသလား။

ဖြေ ။ ။ ပထမ သမ္မတကြီး ဦးဝင်းမြင့် သမ္မတကြီး မဖြစ်ခင် ၄၊ ၅ ရက်အလိုက အကြမ်းဖျင်းအားဖြင့် သွားတင်ပြပါတယ်။ စာရွက်လိုတယ်ဆိုလို့ စာရွက်နဲ့ တင်ပြပါတယ်။ ပြီးခဲ့တဲ့လကပဲ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို အချက် ၉ ချက်လောက်နဲ့ ဒီစီမံကိန်းကြီး လုပ်မယ်ဆိုတဲ့အကြောင်း တင်ပြပါတယ်။

ဒီနေရာမှာ ပြဿနာ နည်းနည်းလေး ရှိနေတာက လယ်သမား တွေက သူတို့လယ်တွေ ဘာညာဆိုပြီးပြောတယ်။ တကယ်တော့ ဒါက ၁၉၉၀ ခုနှစ်ထဲက လန/၃၉ (လယ်ယာမြေနှင့် အခြားသုံးစွဲမှု ရပိုင်ခွင့်လက်မှတ်) ရပြီးသား။ ပြီးတော့မှ အဲဒီနေရာမှာကိုလည်း အကုန်လုံးက နှစ်၆၀ ဂရမ်မြေ ထုတ်ပြီးသားဖြစ်တယ်။ ဒါကြောင့် ပထမ ဝန်ကြီးချုပ်ဆီသွားတယ်။

နှစ် ၆၀ ဂရမ်မြေရထားတဲ့ ဟာကို ဘယ်သူမှ ဝင်စွက်လို့မရပါဘူး။ ဒီကိစ္စကို လယ်ယာမြေနှင့် စီမံခန့်ခွဲရေး ကော်မရှင်တင်ထားတယ်။ နောက်တခါ အမှုနိုင်ထားတယ်။ ဒီနေ့အထိ ၅ ကြိမ် အမှုနိုင်ထားတယ်။

အဲဒါကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို တရားဥပဒေအရ ဒီလိုရှိပါတယ်ဆိုပြီး သွားရှင်းပြတယ်။ တကယ်လို့ လယ်သမား နစ်နာတယ်ဆိုရင် အိုးအိမ်ဦးစီးဌာနက နေပြီးတော့  နှစ် ၆၀ ဂရမ်မြေထုတ်ပေးထားတာ ဖြစ်တဲ့အတွက် အိုးအိမ်ဦးစီးဌာနနဲ့ လယ်သမားနဲ့ပဲဆိုင်တော့တယ်။ ဇေကမ္ဘာနဲ့ မဆိုင်တော့ဘူး။ ဒါကြောင့် ဇေကမ္ဘာက လုပ်ပိုင်ခွင့်ရှိတယ်။

ဒါကြောင့် ဒီပရောဂျက်ကို ဝန်ကြီးချုပ်ရဲ့ သဘောတူညီချက်ထွက်လာပြီးတော့မှ အန်ကယ် ဒါကို စပြီးတော့ ကြေညာတယ်။ MIC တင်ဖို့ကတော့ အခုမှ ဒီဇိုင်းထွက်မယ်။ ဒီဇိုင်းထွက်ပြီးရင် သူ့ရဲ့ လုပ်ထုံးလုပ်နည်းအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကို ခွင့်ပြုချက်တောင်းမယ်။ စည်ပင်သာယာခွင့်ပြုပြီးရင် ရန်ကုန်တိုင်း အစိုးရရဲ့ ခွင့်ပြုချက်တောင်းမယ်။ အစိုးရအဖွဲ့က ခွင့်ပြုချက်ရပြီးရင် MIC တင်မယ်။ သူ့ရဲ့ လုပ်ထုံးလုပ်နည်းက ဒီအတိုင်းရှိတယ်။

အခုမှ အန်ကယ်တို့က MOU ထိုးပြီးလို့ ZLI ကုမ္ပဏီကလည်း ဒီဇိုင်းဆွဲနေပြီ။ ဒီဇိုင်းဆွဲပြီးရင် အန်ကယ်တို့ နောက်ဆုတ်လို့ မရတော့ဘူး။ ဆက်ပြီးတော့ လုပ်ရမယ်။

အဲဒီတော့ MIC မကျခင်မှာ ကြိုတင်ခွင့်ပြုချက်နဲ့ လုပ်ထားတယ်။ အားလုံးဒီအဆင့်တွေအတိုင်း ခွင့်ပြုချက်ရအောင် လုပ်ဖို့အတွက်ကတော့ ၂၀၁၈ ခုနှစ် စက်တင်ဘာလလောက် အထိကို လုပ်ဖို့ ရည်ရွယ်တယ်။ စက်တင်ဘာလမှာ စနိုင်မယ်။ စက်တင်ဘာလမရောက်ခင် မိုးတွင်းမှာတော့ ကား Showroom စလုပ်ချင်တဲ့ ဆန္ဒရှိတယ်။ အဲဒါကို ကြိုတင်ဆောက်လုပ်ခွင့်တင်ဖို့ ရှိတယ်။

မေး ။ ။ စီမံကိန်းနဲ့ ပတ်သက်ပြီး မြေယာအရှုပ်အရှင်းတွေ ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ တကယ်တော့ အဲဒီ မြေတွေအားလုံး တပ်မတော်ကနေ ပြန်စွန့်ပြီးသား။ ဒါပေမယ့် ယနေ့ထိလည်း လယ်သမားကို ပြန်ပေးလို့ မရသေးဘူး။ လယ်သမားတွေမှာ ပိုင်ဆိုင်ခွင့် မပြနိုင်သေးဘူး။ ဒါ့အပြင် ကျူးကျော်ပြီးတော့ လုပ်စားတဲ့အဖွဲ့တွေရှိတယ်။ အခု ကျူးကျော်စားဖို့ ကြံကြတယ်။

မေး ။ ။ အခုလို MIC တို့ စည်ပင်တို့ ဌာနဆိုင်ရာတွေကို မတင်မီ ကား Showroom ဆောက်သွားမယ်ဆိုတော့ ဘယ် အချိန်လောက် ဆောက်သွားမလဲ။

ဖြေ ။ ။ အခု အမြန်ဆုံး အဲဒီနေရာကို ခြံစည်းရိုးကာဖို့ ရန်ကုန်တိုင်း အစိုးရနေပြီးတော့ ကာခွင့်ပေးဖို့အတွက် စာရေးတင်ထားတာ။ ရတာနဲ့ ကာမယ်။ ကာပြီးတာနဲ့ ကား showroom ကို ဒီဇိုင်းထွက်တာနဲ့ ကြိုတင်ဆောက်မယ်။ ဒါလည်း အမှတ် ၃ လမ်းမပေါ်မှာ အရောင်းပြခန်းနဲ့ ရုံးခန်းနဲ့ဆောက်ဖို့ လုပ်နေတယ်။

မေး ။ ။ စီမံကိန်း တခုလုံးအနေနဲ့ ပြီးစီးမှုအချိန်ကိုရော သတ်မှတ်ထားပါသလဲရှင့်။ ကုန်ကျစရိတ် ဘယ်လောက်ရှိပါသလဲ။

ဖြေ ။ ။ ဒီပရောဂျက်ကြီးက ကြီးတယ်လေ။ ဈေးကွက်အပေါ်အားလုံးက မူတည်တယ်။ ဈေးကွက် မရှိဘဲနဲ့ မဖြစ်ဘူး။ ဈေးကွက်ကောင်းရင် ၄၊ ၅၊ ၆ နှစ်နဲ့ ပြီးမယ်။ ဈေးကွက်မကောင်းရင်တော့ ၁၀ နှစ်ပဲ။ အခု အန်ကယ်တို့က အခန်း ၁၀၀ ဆောက်တယ်။ ဝယ်တဲ့သူက အခန်း ၂၀၀ ရှိရင်တော့ နေ့ချင်း၊ ညချင်းပြီးသွားမယ်။ ပြောရရင်တော့  ဒီကုမ္ပဏီက ၁ ထပ်ကို ၄ ရက်နဲ့ ဆောက်တယ်။ ၁ လကို ၆ ထပ်ဆောက်တဲ့ ကုမ္ပဏီဖြစ်တဲ့ အတွက်ကြောင့် ဈေးကွက်ကောင်းရင် ပူစရာ မလိုဘူး ၁ နှစ်အတွင်းမှာ။ ဈေးကွက်ဝယ်မယ့်သူမရှိရင် အလွန်ဆုံး ၁၀ နှစ်လောက်ဖြစ်သွားမယ်။

စီမံကိန်းတခုလုံး ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ မှန်းထားတယ်။ လူနေအိမ်တွေလည်းပါတယ်။ ရုံးခန်းတွေ ပါတယ်။ ဈေးတန်းတွေ ပါတယ်။ ဈေးအကြီးတွေ ရှိမယ်။ Wholesales market တွေ ရှိမယ်။ ဟိုတုန်းက ရှိခဲ့တဲ့ လဟာပြင်ဈေးတို့ စိန်ဂျွန်းဈေးတို့ အဲဒါကို အစားထိုးတာပဲ ဖြစ်တယ်။

အခုက အဲဒီလိုဈေးတွေ ပျောက်ကုန်လို့ လက်လုပ်လက်စားတွေကအစ အလုပ်လက်မဲ့တွေ များလာတယ်။ ဒါကြောင့် ဒါကြီးကို အစားထိုးတာဖြစ်တယ်။ ဈေးကြီးပြီးသွားရင် ဈေးကွက်ရဲ့ စိန်ခေါ်မှုဆိုတာ ရွှေရောင်းတဲ့သူက မဂိုလမ်း(လမ်း ၃၀)ရောင်းနေတာကို ဆွဲခေါ်လို့မရဘူး။ ဒီက မဂိုလမ်းထက် သာအောင်လုပ်ပေးလို့ သူတို့လာအောင် အန်ကယ်တို့က ဆွဲဆောင်ရမယ်။ ဈေးသင့်တင့်မျှတစွာနဲ့ ပေးရမယ်။ အာဏာနဲ့ သုံးလို့မရဘူး။ လျှပ်စစ်ပစ္စည်းတွေ ဆောက်လုပ်ရေး ပစ္စည်းတွေ သွားဝယ်တဲ့အခါ ကားသွားလို့ ကျဉ်းကြပ်တယ်။ ကားရပ်လို့ မရဘူးဝယ်ရခက်တယ်။ တစုတဝေးထဲမရဘူး ဆိုရင် ဒီမှာက တစုတဝေးထဲရနိုင်ရင် အားလုံးက ဒီကို လာကြမှာဖြစ်တယ်။

မေး ။ ။ အမေရိကန်ဒေါ်လာ သန်း ၇၀၀ မှာ ဇေကမ္ဘာကုမ္ပဏီဘက်က ငွေကြေးရင်းနှီးမြှုပ်နှံမှု ပါသေးပါသလား။ ZLI ကုမ္ပဏီကပဲ ရင်းနှီးမြှုပ်နှံမှာပါလား။

ဖြေ ။ ။ ZLI ကုမ္ပဏီ သူတို့ပဲ အကုန်လုံးထည့်မှာ ဖြစ်ပါတယ်။ ဒီနေ့မြန်မာနိုင်ငံရဲ့ အနေအထားပြောရင် ဦးသိန်းစိန် အစိုးရမဆင်းခင် ၁ နှစ် အလိုက စီးပွားရေးစကျတာ အခု ဒီဘက် ၂ နှစ်မှာလည်း စီးပွားကျတယ်။ ပစ္စည်းတွေပဲ အားလုံးကရှိတယ်။ ငွေမရှိကြဘူး။ ဘဏ်မှာ ဆိုရင်လည်း အကုန်လုံးက ဘဏ်ချေးငွေတွေချည်းနဲ့ပဲ စီးပွားရေးသမားတွေ ရပ်တည်နေရတဲ့ အနေအထားရှိတယ်။ ဒါကြောင့် သူတို့က နေပြီးတော့ လိုလိုချင်ချင်နဲ့ လာထည့်တာကို အန်ကယ်တို့က ကြိုဆိုပါတယ်။

ပထမတုန်းက လွန်ခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်တုန်းက ထင်ထားတာတော့ ဒီမိုကရေစီအစိုးရတက်လာပြီးရင် အီးယူ နိုင်ငံတို့ အမေရိကန်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်လို့ ထင်ထားတယ်။ တကယ်လက်တွေ့ကျတော့ မလာကြဘူး။ လေနဲ့ ပဲလာတယ်။ ကျန်တဲ့ ကိုရီးယားတောင်မှ ခပ်ရှောင်ရှောင်လုပ်နေတဲ့ ကာလဖြစ်တော့ တရုတ်မှတပါးအခြား မရှိဘူး။ ဒီလိုပဲ ရင်းနှီးမြှုပ်နှံရတယ်။

မေး ။ ။ အကျိုးအမြတ်ခွဲဝေယူမှု အပိုင်းကျတော့ရော ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ အကြမ်းဖျင်းအားဖြင့်တော့ ခွဲဝေမှု လုပ်ထားတယ်။ ဒီဇိုင်းထွက်ပြီးတော့မှ အကျိုးအမြတ်ဘယ်လောက်ရှိမလဲ တွက်ရမယ်။ သူတို့ ရင်းနှီးမြှုပ်နှံမှုက ဘယ်လောက်ရှိလဲ အန်ကယ့် မြေတန်ဖိုးက ဘယ်လောက်ရှိလည်း အချိုးကျတွက်ချက်ပြီးတော့မှပဲ ပြောလို့ရမယ်။

မေး ။ ။ အန်ကယ့်အနေနဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြီး ပြောချင်ပါသလဲ ။

ဖြေ ။ ။ စီမံကိန်း ပရောဂျက်အနေနဲ့ ပြောရရင် ဒီစီမံကိန်းကို စကတည်းကိုက ဒုက္ခနဲ့ စတာပါ။ အဲဒီလိုအဆိုးဆုံး ကာလတွေကို ဖြတ်သန်းခဲ့ပြီးပြီ။ အဲဒီနေမှ တဖြေးဖြေးနဲ့ ဒီနေ့ဒီအချိန်မှာ ဟိုတုန်းက ကျပ်သိန်း ၅၀ နဲ့မဝယ်တဲ့ သူက ကျပ်သိန်း ၅ ထောင်နဲ့ လာဝယ်တယ်။ ဒါကလည်း အန်ကယ်ဈေးတက်တာ မဟုတ်ဘူးနော် ဈေးကွက်က ခေါ်သွားတာ။

ဒီအချိန်မှာ ဈေးကွက်ရဲ့ ခေါ်ဆိုမှုနောက်ကို အန်ကယ်တို့က လိုက်နေတာ။ အခုလည်း ဈေးကွက်ရဲ့ တောင်းဆိုမှုအရ ဒီနေရာမှာ ဈေးကြီး လုပ်ဖို့လိုလာပြီ။ ဒါကြောင့် ဈေးကြီးကို အန်ကယ့် တယောက်ထဲ လုပ်လို့မရဘူး။ နည်းပညာမရှိဘူး။ အသက်အရွယ်ကလည်း ကြီးပြီ။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှုငွေကြေးလည်း အဲဒီလောက်မတက်နိုင်ဘူး။ ဒါကြောင့် Zhejiang Luding Investment ကုမ္ပဏီနဲ့ အတူ ရင်းနှီးမြှုပ်နှံတာ ဖြစ်ပါတယ်။

Your Thoughts …
Tags: Yangon Mingalardon grand Bazaar
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
မတ်လ ၁၀ရက်နေ့က စစ်တွေ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မီ(ICRC)မှ ရခိုင်ပြည် ဌာနေ ကိုယ်စားလှယ် Katia Sorin နှင့် သတင်းမီဒီယာများ တွေ့ဆုံစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

မောင်တောဖြစ်စဉ်အတွင်း လူပေါင်း ၂သိန်းနီးပါးကို ကြက်ခြေနီအဖွဲ့က ကူညီပေးနိုင်ခဲ့ဟုဆို

စစ်ပွဲရပ်တန့်ရေးတောင်းဆိုသူများကို ဖြိုခွဲဖမ်းဆီးစဉ်  / ဧရာဝတီ

စစ်ပွဲများရပ်ပေးရန် တောင်းဆိုသူများကို အင်အားသုံးဖြိုခွင်းပြီး ၉ ဦးကိုဖမ်းဆီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate