• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဒုက္ခသည် စခန်းများ အရေး ဒေါက်တာ ဝင်းမြတ်အေး နှင့် မေးမြန်းချက်

by နန်းလွင်နှင်းပွင့်
5 June 2018
in အင်တာဗျူး
A A
ဒေါက်တာ ဝင်းမြတ်အေး  / ဧရာဝတီ

ဒေါက်တာ ဝင်းမြတ်အေး / ဧရာဝတီ

5.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် များရှိ ဒုက္ခသည်စခန်း (IDP Camp) များကို အစိုးရ အစီအစဉ်ဖြင့် ပိတ်သိမ်းနိုင်ရေး အတွက် မဟာဗျူဟာတခုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေး ဝန်ကြီး ဌာန (လူကယ်ပြန်) က ရေးဆွဲရန် စီစဉ်လျက် ရှိသည်။

မဟာဗျူဟာ ရေးဆွဲနိုင်ရေး အတွက် ဇွန်လ ၂ ရက်က နေပြည်တော်၌ ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲအတွင်း လူကယ်ပြန် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများသည် မူလ အလုပ် အကိုင် ပျက်ပြားသွားသလို အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာကြောင်း၊ ကလေးသူငယ်များနှင့် လူငယ် များ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးများ ဆုံးရှုံးပြီး အမျိုးသမီးများလည်း ရပ်တည်မှု ဖွံ့ဖြိုးမှု ထိခိုက်ကာ အကြမ်းဖက် ခံရမှုနှင့် လူကုန်ကူး ခံရနိုင်ခြေများ ရှိလာကြောင်းကို ပြောဆိုသွားသည်။

RelatedPosts

နောင်ချိုမြို့ စစ်တပ် ပြန်ရ

နောင်ချိုမြို့ စစ်တပ် ပြန်ရ

16 July 2025
863
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
338
နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

14 July 2025
2.6k

ထိုအရေး ကိစ္စများ စီစဉ်ဆောင်ရွက် နေမှုနှင့် ပတ်သက်ပြီး ဒေါက်တာ ဝင်းမြတ်အေး ကို ဧရာဝတီ အကြီးတန်း သတင်း ထောက် နန်းလွင်နှင်းပွင့် က ဆက်သွယ် မေးမြန်းထားပါသည်။

မေး။  ။ IDP စခန်းတွေ ပိတ်သိမ်းဖို့အတွက် မဟာဗျူဟာရေးဆွဲဖို့ အလုပ်ရုံဆွေးနွေးပွဲ လုပ်တာနဲ့ ပတ်သက်ပြီး ရှင်းပြ ပါဦး။

ဖြေ။  ။ အဲဒါက ကျနော်တို့ ရှင်းလင်းတုန်းက ပြောပြထားတဲ့ အတိုင်းပါပဲ ။ ဘေးဒုက္ခ ခံစားနေရတဲ့ လူတွေကို လက်ခံ တဲ့ စခန်းတွေက IDP ပေါ့ ။ အဲဒါတွေက အကြောင်းအမျိုးမျိုး ရှိတယ်။ ရခိုင်မှာ ဆိုရင်တော့ လူမှု ပဋိပက္ခတွေ ကြောင့် ပေါ့။ ကျန်တဲ့ နေရာတွေမှာ ကျတော့ တိုက်ပွဲတွေကြောင့် ရှမ်း၊ ကချင်၊ ကရင်တို့မှာ ရှိတယ်။

အခြား သဘာဝဘေးကြောင့်လည်း ခဏတဖြုတ် လုပ်ရတာတွေ ရှိတယ်။ ဘာစခန်းပဲ ဖြစ်ဖြစ် လိုတဲ့အချိန်ကျရင်တော့ သေချာပေါက် ဖွင့်ရမယ်။ မလိုဘူးဆိုရင်တော့ ပိတ်ရမယ်။ သိပ်တာရှည်သွားရင် စခန်းအတွင်းမှာ နေတဲ့ လူမှုရေး၊ စီးပွား ရေး၊ ပညာရေးကို နှောင့်နှေးမှု အဟန့်အတားတွေ ရှိတယ်။ ဒါ့ကြောင့် ကျနော်တို့က ပိတ်ဖို့အတွက်ဆိုရင် အခု လုပ်တဲ့ဟာ က ရိုးရိုးလေးပါပဲ။ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အဲဒီလိုမျိုး စခန်းမျိုးတွေကို ဘယ်စခန်းရယ်လို့ မဟုတ်ဘူး။ ပိတ်သိမ်းမယ် ဆိုရင် National Strategic Plan (အမျိုးသား မဟာဗျူးဟာ စီမံကိန်း) ပေါ့။ ပြည်ထောင်စု ကနေ အစိုးရ ကနေ National Strategic Plan ကြီး တခုအနေနဲ့ ရှိနေရမယ်။ ရှိတော့မှ ဒီဟာကို Apply လုပ်လို့ ရမယ်။ အဲဒီ သဘော အနေနဲ့ လုပ်တာပါ။

မေး။  ။ ဒီမဟာဗျူဟာက စရေးဆွဲနေပြီလား။ အခု ဘယ်အဆင့် ရှိနေပြီလဲ။

ဖြေ။  ။ အခုဟာကတော့ ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ အစ လုပ်တာပေါ့။ နောက်ပိုင်းကျရင် ဆက်ပြီးတော့ ဒါကို လုပ်ရမှာပါ။ Initial Workshop (ကနဦး အလုပ်ရုံဆွေးနွေးပွဲ) တွေ မနေ့က (ဇွန် ၂ ရက်) လုပ်ပြီးသွားပြီ။ ကျနော်တို့ ကတော့ အဲဒါကို စောင့်ရမယ်။ အဲဒီက ထွက်လာတဲ့ Output တွေကို ကြည့်ပြီး ဘာဆက်လုပ်သွားမယ် ဆိုတာက တော့ ဒီကနေ Strategic Plan ကြီး ဖြစ်ပေါ်လာအောင် ရေးဆွဲမယ်။ ဒါက မကြာပါဘူး။ မကြာခင် ဖြစ်သွားမှာပါ။

ဒါက လက်တွေ့မှာလည်း ကျနော်တို့ လုပ်ထုံးလုပ်နည်း Strategic Plan နဲ့ ဆောင်ရွက်နေတာပဲ။ ဒါပေမယ့် National Strategic Plan ဆိုတာကတော့ နိုင်ငံတကာက ကြည့်ရင်လည်း ဒါက စံချိန်စံညွန်းနဲ့ ကိုက်ညီတယ်ပေါ့။ အဲဒီသဘော ပါ။ အချက်အလက်လည်း ပြီးပြည့်စုံမယ်။ စံချိန်စံညွန်းနဲ့လည်း ကိုက်ညီအောင် ဆိုပြီး ကျနော်တို့ လုပ်နေတာပါ။

အခုလည်း ဆောင်ရွက်နေတာကတော့ လုပ်ထုံးလုပ်နည်းတွေ စံချိန်စံနှုန်းတွေနဲ့ ညီအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက် နေတာပါပဲ။

မေး။  ။ ဒီလိုလုပ်ဖို့ ၂၀၁၆ ခုနှစ် မေလတည်းက ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေး သတင်းမှာလည်း တွေ့ရတယ်။ ရှင်းပြပါဦး။

ဖြေ။  ။ ဟုတ်ကဲ့။ ဆိုလိုတာက ဒီစခန်းတွေကို ပိတ်သိမ်းခြင်းကို ပြောတာပါ။ Strategic Plan တော့ မဟုတ်ဘူး။ ပိတ် သိမ်းတာနဲ့ ပတ်သက်လို့က ၂၀၁၆ အစိုးရသစ်တက်တော့ အဓိကက ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ ဆိုတာ ရှိပါတယ်။

အဲဒီ ဗဟို ကော်မတီက လုပ်ငန်း ကော်မတီ ၄ ခုရှိပါတယ်။ ၄ ခုထဲက တခုက နေရပ်စွန့်ခွာသူများ ပြန်လည် နေရာ ချထား ရေးနဲ့ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာက ကျနော်တို့ လူကယ်ပြန် မှာ ဥက္ကဋ္ဌ လေ။ အဲဒီ လုပ်ငန်း ကော်မတီ ကလည်း ဒီလုပ်ငန်းတွေကို အကောင်အထည် ဖော်နေတာပဲလို့ ကျနော်က ပြောတာပါ။

ပြန်လည် နေရာချထားရေး လုပ်ငန်းတွေကို အကောင်အထည် ဖော်နေတာပဲ။ ဒါပေမယ့် အခုလို National Strategic Plan ကြီး ဆွဲဖို့ထိကို ဆောင်ရွက်သော်လည်း အကြောင်းအမျိုးမျိုးနဲ့ မလုပ်ဖြစ်ခဲ့တော့ အခု ဖြစ်အောင် လုပ်တာပါ။

မေး။  ။ ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်တွေမှာက တိုက်ပွဲတွေ ရှိနေသေးတယ်။ ကချင်မှာဆို အခု တိုက်ပွဲဖြစ်လိုက် ပြေးကြရ နဲ့ ဆိုတော့ စခန်းတွေ ပိတ်သိမ်းဖို့ ဝန်ကြီး ဘယ်လို သဘောထား ရှိပါသလဲ။ သူတို့အတွက် ပြန်လည် နေရာ ချထားရေး လုပ်ဖို့ စခန်းတွေ ပိတ်ဖို့ လိုအပ်ပြီလား။

ဖြေ။  ။ အဲဒါကြောင့် ပြောတာ ကျနော်တို့က Plan ထဲမှာ ပါမယ်။ လိုအပ်ချက်ရှိရင် ဆောင်ရွက်ဖို့အတွက် Plan လုပ် ထား မှာ။ လိုအပ်လာမှ လုပ်မှာ။ အခု အကုန်လုံး ပိတ်သိမ်းမှာ မဟုတ်သေးဘူး။ ရခိုင်မှာတော့ ဥပမာ အားဖြင့် ၂၀၁၂ တည်းက ကြာနေတဲ့ ဥစ္စာကတော့ ကျနော်တို့ အရှိန်အဟုန်နဲ့ ပိတ်သွားမယ်။ သို့သော် ကချင်တို့ ရှမ်းတို့ ကရင်တို့မှာ ဖြစ်နေတဲ့ ကိစ္စ တွေကတော့ နယ်မြေတည်ငြိမ် အေးချမ်းမှုရှိပြီ။ ပြည်သူတွေ အတွက်လည်း အန္တရာယ်ကင်းတယ် ဆိုတဲ့ အချိန်ကျရင် ပြန်လည် ထူထောင်ရေး၊ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေကို ကျနော်တို့ လုပ်မယ်။

သို့သော် Plan ထဲမှာ ပါတာက ကျနော်တို့က ပြန်လည်နေရာ ချထားတယ် ဆိုတာက အခု အဆောက်အအုံကို လက်ရှိ ယာယီနေတဲ့ နေရာကို ဖျက်သိမ်းမယ်။ လူတွေအကုန်လုံး ကားတွေနဲ့ တင်ပြီး တနေရာမှာ သွားပို့မယ် မဟုတ်ပါဘူး။ ပြန်လည် နေရာချထားရေး အတွက် Plan ထဲမှာ ဘာတွေပါလဲ ဆိုတော့ မသွားခင် ပြန်လည် နေရာချထားဖို့ နေရာကို မရောက်ခင် မိမိနေရာ သို့မဟုတ် အကောင်းဆုံး ရွေးချယ်ထားတဲ့ သဘောတူထားတဲ့ နေရာ တနေရာကို မရောက်ခင် သူတို့ရဲ့ ဒုက္ခသည် စခန်းတွင်းမှာ နေ့စဉ် သူတို့ရဲ့ စားဝတ်နေရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ ဒါတွေကို လည်း ကျနော်တို့က ဆောင်ရွက်နေရမယ်။

ကျနော်တို့က ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ဒါကို ဦးစားပေး ဆောင်ရွက်တယ်။ စခန်းမှာ ရှိနေတဲ့ လူတွေကို စခန်းမှာ နေ့စဉ် စားရေးဝတ်ရေး နေရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေရအောင် အသက်မွေးဝမ်းကျောင်း ပညာရေး သင်ပေးတာတို့ ဒါတွေ လုပ်တယ်။ အဲဒီ Plan မှာလည်း ဒါတွေ ပါမယ်။ ဒါတွေက အကျိုး ရှိပါတယ်ခင်ဗျ။

မေး။  ။ မဟာဗျူဟာ ရေးဆွဲတာက ကာလ ဘယ်လောက်များ လျာထားပါသလဲ။ ဘယ်လောက် ကြာမလဲ။

ဖြေ။  ။ အဲဒါကတော့ မနေ့က (ဇွန် ၂ ရက်) Outputတွေ ထွက်လာပြီးရင် ပြောနိုင်မှာပါ။ မကြာပါဘူး။ ခဏလေးပါ ခင်ဗျ။  ။

Your Thoughts …
Tags: ဒုက္ခသည် စခန်းများ ပိတ်သိမ်းရေး
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ပုံပေါ်လာပြီ

ပုံပေါ်လာပြီ

Google ရဲ့ Nest Hello လူခေါ်ခေါင်းလောင်း

Facial Recognition နည်းပညာနဲ့ ဧည့်သည်တွေကို မှတ်သားထားနိုင်တဲ့ လူခေါ်ခေါင်းလောင်း

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နောင်ချိုမြို့ စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate