• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူဖို့ ဘယ်တုန်းကမှ ညွှန်ကြားခဲ့တာ မရှိဘူး”

by ထက်နိုင်ဇော်
5 July 2018
in အင်တာဗျူး
A A
သတင်းထောက်များနှင့် တွေ့ဆုံနေသည့် ဒေါက်တာ မျိုးညွှန့် / ထက်နိုင်ဇော် / ဧရာဝတီ

သတင်းထောက်များနှင့် တွေ့ဆုံနေသည့် ဒေါက်တာ မျိုးညွှန့် / ထက်နိုင်ဇော် / ဧရာဝတီ

12.4k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသား ဒေသတွေမှာ ဗိုလ်ချုပ် အောင်ဆန်း အမှတ်တရ ရုပ်တု စိုက်ထူတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေ စဉ်မှာပဲ ကယား ပြည်နယ်မှာ ဗိုလ်ချုပ် ရုပ်တု ထားရှိမယ့် အတွက် ဒေသခံ တချို့က ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို ဆန္ဒဖော်ထုတ်မှု အပေါ် ဇူလိုင်လ ၃ ရက်က ရဲတပ်ဖွဲ့ရဲ့ အင်အားသုံး ဖြိုခွင်းမှုကို ခံကြရပြီး လူ ၁၀ ဦးကို အစိုးရက နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ တရားစွဲခဲ့ပါတယ်။ အဲဒီလို ရဲတပ်ဖွဲ့ရဲ့ အင်အားသုံး ဖြိုခွင်းမှု၊ တရားစွဲဆိုမှု တို့ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရဟာ ဝေ ဖန်ခံနေရပါတယ်။ ဒီလို ဗိုလ်ချုပ်ရုပ်တု ဖွင့်ပွဲတွေကို နေရာ တော်တော်များများမှာ NLD အစိုးရ၊ လွှတ်တော် ခေါင်းဆောင် တွေလည်း တက်ရောက်လေ့ ရှိတာကြောင့် ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုး ညွှန့် ကို နေပြည်တော် ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က ဆက်သွယ် မေးမြန်း ထားပါတယ်။

မေး ။ ။ တနိုင်ငံလုံးမှာ ဗိုလ်ချုပ် ကြေးရုပ်တုတွေ စိုက်ထူနေတာနဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ ဘယ်လို မူဝါဒ ရှိလဲ ဆိုတာ သိချင်ပါတယ်။

RelatedPosts

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
442
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
2.8k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
787

ဖြေ ။ ။ ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူတာနဲ့ ပတ်သက်ရင် ဗိုလ်ချုပ်က ကျနော်တို့ ဗမာလူမျိုး တမျိုးတည်းနဲ့ မဆိုင်ပါဘူး။ ကျနော်တို့ နိုင်ငံ အတွင်းမှာ ရှိတဲ့ တိုင်းရင်းသား အားလုံးနဲ့ ဆိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်ချုပ်ဟာ တိုင်းရင်း သားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်မူရဲ့ အခြေခံ ဖြစ်တယ်။ ပင်လုံစာချုပ်ကို ဦးဆောင် ရေးဆွဲခဲ့တဲ့ သူပါ။ ဗိုလ်ချုပ်မရှိရင် ဖက်ဒရယ် စနစ် ဆိုတာ ရှိမှာ မဟုတ်ပါဘူး။ ပြည်ထောင်စု စနစ် ဆိုတာလည်း ရှိမှာ မဟုတ်ပါဘူး။

အဲဒီတော့ ဗိုလ်ချုပ်ပုံဟာ ဖက်ဒရယ်စနစ်ကို ကတိပေးခဲ့ပေမယ့် ပျက်ကွက်တယ် ဆိုတာကတော့ ဗိုလ်ချုပ် ကွယ်လွန်ပြီး လုပ်ကြံခံရပြီးတော့မှ ထပ်ပြီး ကတိတည်ခိုင်းနေတဲ့ သဘောမျိုး သက်သက် အကြောင်းပြတယ် လို့ မြင်ပါတယ်။

ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်၊ ဗိုလ်ချုပ်ရဲ့ လုပ်ရပ်ကို အမှတ်ရစေဖို့ အတွက် ဒေသခံ ပြည်သူတွေက မိမိ တို့ရဲ့ ကိုယ်ပိုင်ငွေနဲ့ စိုက်ထုတ်ပြီးတော့ ရုပ်တုများ ထုလုပ်ကာ ဗိုလ်ချုပ်ကိုယ်စား အမှတ်တရ ထားရှိခြင်းဟာ ကောင်းမွန် တဲ့ အလုပ် ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အလုပ်ဖြစ်တဲ့ အတွက် ကျနော်တို့ အဖွဲ့ချုပ်ကလည်း သက်ဆိုင်ရာ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက ပူးပေါင်းပြီး ကူညီနေတာတွေ ရှိပါတယ်။ သို့သော် ကျနေ်ာတု့ိက ဒီလို စိုက်ထူရမယ်လို့ ဘယ်တုန်းကမှ ညွှန်ကြားခဲ့ခြင်း မရှိပါဘူး။

မေး ။ ။ အခု ဗိုလ်ချုပ်ရုပ်တု စိုက်ထူတဲ့ အခါမှာ တိုင်းရင်းသား ဒေသတွေမှာ ပြဿနာတချို့ ရှိနေတယ်။ အဲဒီတော့ အဖွဲ့ ချုပ် အဖွဲ့ဝင်တွေကို ဒီလို စိုက်ထူတဲ့အခါမှာ ဒေသခံ တိုင်းရင်းသားတွေရဲ့ သဘောထားပါမှ လုပ်ဖို့ ညွှန်ကြားတာမျိုးရော ရှိလား။ အခု ပြဿနာတွေ ပြေလည်အောင် ဘယ်လို နည်းလမ်းရှာဖို့ ရှိသလဲ။

ဖြေ ။ ။ နဂိုကတည်းကလည်း ပြောခဲ့ပါတယ်။ ဒေသခံတွေက ဆန္ဒရှိလို့ ပြောလာမှ ဒီဟာကို ဝိုင်းဝန်း ကူညီဖို့ပါ။ ဒီဟာကို မဖြစ်မနေ လုပ်ကြဖို့ ဆော်သြကြဖို့ ဆိုပြီး ညွှန်ကြားထားတာ မရှိပါဘူး။ အရေးကြီးတာက ဒေသခံတွေရဲ့ ဆန္ဒနဲ့ လုပ်ချင် တာပဲ ဖြစ်ရပါမယ်။ ဒီနေရာမှာ တခု ရှိတာက ဗိုလ်ချုပ် ကြေးရုပ်တခု ဖြစ်မြောက်ဖို့ ဆိုရင် သိန်းရာနဲ့ချီပြီး ကုန်ကျနိုင်ပါ တယ်။ မိမိတို့ရဲ့ ချွေနည်းစာကနေ သိန်းရာနဲ့ ချီပြီးတော့ ထည့်ဝင်တယ်။ ရုပ်တု ပုံစံ ရွေးချယ်တယ်။ ရုပ်ထု ထုလုပ်မယ့် သူ ကို အပ်နှံတယ်။

အဲဒီလို ငွေမြောက်မြားစွာ သုံးစွဲပြီးမှ လူအုပ်စုတခုက စနစ်တကျ ဖွဲ့စည်းပြီးမှ ဒါကို ဆန့်ကျင်တယ် ဆိုကာမျှ ရပ်ပစ်ရမယ် ဆိုတာကလည်း မူလဒေသခံ ပြည်သူတွေရဲ့ ကောင်းမွန်တဲ့ စေတနာဟာ အလဟသ ဖြစ်သွားပါလိမ့်မယ်။ ၂ ဖက်စလုံးကို မျှတအောင် စဉ်းစားဖို့ လိုပါတယ်။ ကျနော်တို့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ လုပ်တဲ့သူတိုင်းဟာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သေချာ တွက်ဆပြီးတော့မှ လုပ်ဖို့ လိုပါတယ်။

မေး ။ ။ မကြာခင်ကမှ ဖြစ်ခဲ့တဲ့ ကယားပြည်နယ်က ဗိုလ်ချုပ်ကြေးရုပ်ကိစ္စမှာ ဆန္ဒပြသူတွေကို ဥပဒေနဲ့ မညီလို့ ဆိုပြီး ရဲတပ်ဖွဲ့ အင်အားသုံး ဖြိုခွင်းတာမျိုး ရှိခဲ့တယ်။ ဒါပေမယ့် ဒီပြဿနာကြောင့် NLD အစိုးရရဲ့ ပုံရိပ်ထိခိုက်ရတော့ ဒီဖြစ်စဉ် အပေါ်မှာ ဘာများ သုံးသပ်ချင်တာ ရှိလဲ။

ဖြေ ။ ။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ဥပဒေနဲ့ မညီဘဲ အင်အား အလွန်အကျွံ သုံးစွဲတာ ရှိတယ် ဆိုရင်တော့ ဥပဒေအရ ပြန်ပြီး အရေးယူခံရမှာပါ။ ဒါပေမယ့် စကတည်းက ဒီလို မဖြစ်ဖြစ်အောင် စနစ်တကျကို ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ဖို့ ကြိုးစားတာကို အတင်း ဖောက်ထွက်တယ်လို့ လောလောဆယ် အဲဒီလို သတင်းရထားပါတယ်။ ဒါမျိုးဆိုရင်တော့ မလိုလားတဲ့ လူအုပ်စုတွေက ဒါကို တမင် ဖန်တီးပြီး လုပ်တယ်လို့ ကျနေ်ာတို့ သံသယ ရှိပါတယ် ခင်ဗျ။

မေး ။ ။ ဗိုလ်ချုပ် ရုပ်တုကို ဘာကြောင့် လက်မခံကြတာလဲ။ ဘယ်လိုထင်တယ်။

ဖြေ ။ ။ သူတို့ပေးတဲ့ အကြောင်းပြချက်တွေကလည်း ခိုင်လုံခြင်း မရှိဘူးလို့ ကျနော်တို့ ယူဆပါတယ်။ ဘာကြောင့်လဲ ဆို တော့ ဗိုလ်ချုပ်ဟာ ဖက်ဒရယ်မူ အတွက် ကတိပေးခဲ့တာကို ပျက်ကွက်လို့ အခုထိ အကောင်အထည် မဖော်နိုင်သေးလို့ ဆိုရင် ဒါကို ဗိုလ်ချုပ်က အကောင်အထည် မဖော်တာမှ မဟုတ်ဘဲ။

ဗိုလ်ချုပ်က ကတိပေးခဲ့တဲ့ အတွက် တိုင်းရင်းသားတွေ ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာတောင်မှ ဗိုလ်ချုပ် ချမှတ်ခဲ့တဲ့ ပင်လုံစာချုပ် အတိုင်း လုပ်ပါဆိုတာကို တဖွဖွ တောင်းဆို နေရတာ ဖြစ်တော့ ဗိုလ်ချုပ်ရဲ့ ပျက်ကွက်မှု မဟုတ်ဘူး။ အဲဒီ တော့ ဗိုလ်ချုပ်ကို ပိုအမှတ်ရပြီး ဗိုလ်ချုပ်ရဲ့ မူအတိုင်း လုပ်ဖို့သာ ပိုတောင်းဆိုဖို့သာ ရှိပါတယ်။

မေး ။ ။ နောက်ဆုံး မေးချင်တာက NLD ပါတီဟာ တိုင်းရင်းသား ဒေသတွေမှာ ဗိုလ်ချုပ်ရုပ်တု စိုက်ပြီးတော့ ဗမာ လူမျိုး ကြီး ဝါဒကို သွတ်သွင်းနေတယ် လို့ ပြောဆိုမှုတွေ ရှိတယ်။ အဲဒါကို လက်ခံပါသလား။

ဖြေ ။ ။ အဲဒါကြောင့် ပြောတာပေါ့။ ဗိုလ်ချုပ်ဟာ ဗမာလူမျိုး တမျိုးတည်းကို ကိုယ်စားပြုတဲ့သူ မဟုတ်ပါဘူး။ ပင်လုံ စာချုပ် ဟာ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ မရှိခဲ့ရင် ဘယ်တော့မှ ပေါ်လာမှ မဟုတ်ပါဘူး။

Your Thoughts …
Tags: ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ပုံကြမ်း

အကြီးဆုံး ဗိုလ်ချူပ်အောင်ဆန်း ရုပ်တု နေပြည်တော်တွင်ဆောက်မည်

by မိုးမိုး
19 December 2017
8.6k

မြန်မာနိုင်ငံ အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများထဲတွင်အကြီးဆုံး ဖြစ်လာမည့် ဗိုလ်ချုပ် ကြေးရုပ်တုကို အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ထားရှိသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ လွိုင်ကော်မြို့ ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို တပ်ဆင်နေစဉ်  / Khun Be Du  / Facebook

လွိုင်ကော်က ဗိုလ်ချုပ်ရုပ်တု မတ်လ ၁၇ ရက်နေ့မတိုင်မီ ဖယ်ရှားရန် တောင်းဆိုထား

by လဝီဝမ်
15 March 2019
14.8k

လွိုင်ကော် ပန်းခြံတွင် တည်ဆောက်ထားသော ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန် ကရင်နီ တက်ကြွ လှုပ်ရှားသူများက ပြည်နယ် အစိုးရကို တောင်းဆိုထားသည်

Next Post
ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိမည့်အပေါ် ကန့်ကွက် ဆန္ဒပြသူများ  / KNIC / Facebook

လွိုင်ကော်မြို့ ဗိုလ်ချုပ်ရုပ်တုကိစ္စ ဆက်တိုက် ကန့်ကွက်မည်ဟုဆို

မှိုစားသုံးခြင်းက သွေးအားနည်းရောဂါကိုလည်း ကာကွယ်ပေးပါတယ်

မှိုစားသုံးခြင်းက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ဖြစ်စေလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate