အဂတိလိုက်စားမှု ဆိုရင် ကော်မရှင် အရေးမယူနိုင်စရာ မရှိဘူး

ဇူးဇူး
ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ တည်ထောင်သူ၊ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည့် ဒေါက်တာညိုညိုသင်း / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စာရင်း စစ်ချုပ်အစီရင်ခံစာပါ နိုင်ငံတော်၏ ဆုံးရှုံးနစ်နာမှုများကို စုံစမ်းစစ်ဆေးနိုင်ရန် ဒေါက်တာညိုညိုသင်းက အောက် တိုဘာ ၁၂ ရက်တွင် တိုင်ကြားစာ ပေးပို့ခဲ့သည်။ ယင်းတိုင်ကြားစာပါ အကြောင်းအရာများ၊ တိုင်ကြားရသည့် ရည်ရွယ်ချက်၊ တိုင်စာနှင့် ပတ်သက်၍ မည်မျှအတိုင်းအတာထိ ဆောင်ရွက်သွားရန်ရှိသည့်အပေါ် ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ တည်ထောင်သူ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သည့် ဒေါက်တာညိုညိုသင်း ကို ဧရာဝတီ အကြီးတန်းသတင်းထောက် ဇူးဇူးက ဆက်သွယ်မေးမြန်းထားပါသည်။

မေး – အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်တဲ့ တိုင်စာပါ ဖော်ပြချက်တွေအရ ဘယ်အစိုးရကို တိုင်တာပါလဲ။

ဖြေ – တိုင်စာမှာ ရေးထားတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ၂၀၁၆-၂၀၁၇ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာ အတိုင်း အဲဒီက စကားလုံးတွေအတိုင်း မမှားအောင် မလွဲအောင် ရေးထားတာ။ ဒါက အရမ်းကို ထိလွယ်ရှလွယ် ကိစ္စဖြစ်တဲ့အတွက် ကော်မရှင်ကို guide line ချမပေးချင်ဘူး။ သူတို့လုပ်ရမယ့်အလုပ် သူတို့ သိတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ၂၀၁၆-၂၀၁၇ စာရင်းစစ်ချုပ် အစီရင်ခံစာဆိုတာက သူတို့ ကောင်းကောင်းနားလည် သဘောပေါက်ပါတယ်။

အန်တီက ဘယ်အစိုးရကို ဘယ်လိုလုပ်ပါလို့ မပြောဘူး။ အခု ဖော်ပြထားတဲ့ ဖြစ်စဉ် ၅ ခုမှာ ပါဝင်ပတ်သက်သူ များကိုပဲ ပြောထားတယ်။ အဲဒီပါဝင်ပတ်သက်သူတွေက ဒီအစိုးရလည်း ဖြစ်ချင်ဖြစ်မယ်။ အရင်အစိုးရလည်း ဖြစ်ချင် ဖြစ်မယ်။ အန်တီ လူတွေကို မပြောဘူး။ ဖြစ်ရပ်တွေကို ပြောထားတာ။ ဒီဖြစ်ရပ် ၅ ခုမှာ တာဝန်ရှိမှုကို ဖော်ထုတ် ပြီး စစ်ဆေးဖို့ ပြောထားတာ။ တာဝန်ရှိမှုဆိုတာမှာ လူပုဂ္ဂိုလ်တဦးလည်း ဖြစ်နိုင်တယ်။ အဖွဲ့အစည်း တခုလည်း ဖြစ်နိုင်တယ်။ သူတို့ရဲ့နောက်မှာ လူပုဂ္ဂိုလ်လည်းမဟုတ်၊ အဖွဲ့အစည်းလည်းမဟုတ်။ သူတို့နောက်မှာ ရှိတဲ့ လက်မဲကြီးလည်းဖြစ်နိုင်တယ်။ ဒီလုပ်ငန်းတွေကို ရယူထားတဲ့ public က လုပ်ငန်းရှင်တဦးလည်း ဖြစ်နိုင် တယ်။ ဒါကို အန်တီက ဘယ်သူဘယ်သူပါလို့ စုံစမ်းဖော်ထုတ်တဲ့သူ မဟုတ်တဲ့အတွက် စုံစမ်းမဖော်ထုတ်ခင်မှာ ပြောလို့မရ ဘူး။ ဒါ ကော်မရှင်က လုပ်ရမယ့်အလုပ်ပါ။

မေး – တိုင်စာပါ အချက် ၅ ချက်က ၂၀၁၅-၂၀၁၆ တင်မက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပါနေတာလား။

ဖြေ – ပါတာပေါ့။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ တချို့ဟာတွေက စလုပ်တယ်။ စတာကတော့ အရင်အစိုးရပဲ။ ဒါ ပေမယ့် အဲဒီစာချုပ်တွေကို သက်တမ်းတိုးတာက ဒီအစိုးရဖြစ်နေတာကိုး။ ဒါပေမယ့် အန်တီတို့က ပြောတဲ့အခါ မှာ ဘယ်အစိုးရလို့ မပြောတော့ဘူး။ တာဝန်ရှိတဲ့လူတွေကို အရေးယူကြ။ တာဝန်ရှိမှုကိုဖော်ထုတ်ပေး။ ဒီဖြစ်စဉ် ၅ ခုမှာ တာဝန်ရှိမှုကို ဖော်ထုတ်ပေး။ တခါတလေကျရင် တိုင်းအစိုးရ မသိဘဲနဲ့ အရင်အစိုးရ လက်ထက်တုန်း ကဆို နေပြည်တော်က ပါဝါတွေ အာဏာတွေ ရောက်လာတာမျိုးရှိတယ်လေ။ အခု အစိုးရလက်ထက်မှာလည်း အဲဒါမျိုး ရှိချင်လည်း ရှိမှာပေါ့ မပြောနိုင်ဘူးလေ။ ဒါကြောင့် အဲဒါတွေကို ဘယ်သူတာဝန်ရှိတယ်ဆိုတာကို စာ ရင်းစစ်ချုပ် အစီရင်ခံစာက မပြောထားဘူး။ စာရင်းစစ်ချုပ် အစီရင်ခံစာက ပြောထားတာက ပြည်သူလူထု ဥပ မာအားဖြင့်ဆိုရင် ခဏခဏပြောနေတဲ့ ဒဂုံက ဧကထောင်ချီပြီးတော့ လူနှစ်ယောက်တည်းကို ပေးလိုက်တာ။ အဲ ဒါဟာဆိုရင် ၄၁. ၉ ဘီလီယံ နစ်နာတယ်။ ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးမှုဖြစ်တယ်လို့ စာရင်းစစ်ချုပ်က ပြော ထားတဲ့ဟာကိုပဲ အန်တီက တိုင်တာ။

မေး – တိုင်ကြားစာ ပေးပို့လိုက်တဲ့အပေါ် ကော်မရှင်က လက်ခံရရှိကြောင်း အကြောင်းပြန်တာမျိုး ရှိပြီလား။

ဖြေ – ဒီနေ့မှ ရုံးဖွင့်တာဆိုတော့ သူတို့(ကော်မရှင်)က လုပ်ရင်လည်း လုပ်မှာပေါ့။ အန်တီ တရားစခန်း ရောက်နေလို့ မသိသေးဘူး။

မေး – တိုင်ကြားစာနဲ့ ပတ်သက်လို့ ဘယ်လို မျှော်လင့်ထားလဲ။ တိုင်ကြားစာကို ကျော်ဇောသတင်းအဖြစ် ကော်မရှင်က မသတ်မှတ်ဘူးဆိုရင် အန်တီ ဘာဆက်လုပ်မလဲ။

ဖြေ – အန်တီ မျှော်လင့်တာကတော့ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တဦးတယောက် နစ်နာစေ၊ အဖွဲ့အစည်းတခု နစ်နာစေ ထောင်ကျစေ တန်းကျစေ အဲဒီလိုမျိုး သဘောမထားဘူး။ ပြည်သူလူထု နစ်နာဆုံးရှုံးမှု ဘီလီယံ ၆၀ ပတ်ဝန်းကျင်ရှိတဲ့ နစ်နာဆုံးရှုံးမှု လူထုအတွက် ပြန်ရတယ်ဆိုလို့ရှိရင် အန်တီ တိုင်ရကျိုးနပ်တယ်ပေါ့။

အန်တီ အလုပ်တခု လုပ်တိုင်း plan A, plan B ရှိပါတယ်။ ဒါပေမယ့် အဲဒီ A အဆင့်မှာတင် အောင်မြင်မှာပါ။ အန်တီ ယုံကြည်တယ်။ ကော်မရှင်ကို ၁၀၀ ရာခိုင်နှုန်း ယုံကြည်တယ်။ ဥပဒေနဲ့အညီ တိုင်ကြားထားတာဖြစ်တဲ့ အတွက် သူတို့(ကော်မရှင်) အရေးယူ ဆောင်ရွက်ပါလိမ့်မယ်။

စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာဟာ ကျော်ဇောသတင်းထက်တောင် ပိုပြီးခိုင်မာတယ်။ ခိုင်လုံတဲ့အထောက်အထား ဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စကြီးဟာ ကျော်ဇောသတင်းလို့တောင် ပြောစရာမလိုတော့ဘူး။ ဒီဖြစ်ရပ်ကြီးက ပြည် သူလူထု နစ်နာမှုဖြစ်ကြောင်း ခိုင်လုံတဲ့ အထောက်အထားတရပ် ရှိပြီးသားဖြစ်တဲ့အတွက် ကော်မရှင်အနေနဲ့ ဒီ နစ်နာမှုမှာ တာဝန်ရှိမှုကို ဖော်ထုတ်ပေးဖို့ ဥပဒေအရတာဝန်ရှိတာပေါ့။ တိုင်ကြားသူလည်း အန်တီရှိတယ်။ ပြည် သူလူထုရဲ့ နစ်နာမှုလည်း ရှိတယ်။ ဥပဒေအရလည်း အဂတိလိုက်စားမှု ဖြစ်တယ်ဆိုရင် ကော်မရှင်က အရေးမ ယူနိုင်စရာ အကြောင်းမရှိပါဘူး။

မေး – အခုလို တိုင်ကြားမှု လုပ်ရခြင်းရဲ့ အဓိက အကြောင်းရင်းက ဘာဖြစ်မလဲ။

ဖြေ – အဓိက အကြောင်းရင်းက ဒီအတိုင်းပဲ ထားလိုက်ရင် ဒီ ဘီလီယံ ၆၀ က ပြန်ရစရာ မရှိဘူး။ လွှတ်တော်မှာ လည်း ဆွေးနွေးပြီးသွားပြီ။ အစိုးရဘက်ကလည်း ဘာမှပြန်မဖြေရှင်းဘူးဆိုတော့ အီလည်လည်နဲ့ ဇာတ်လမ်းက ပြီးသွားမှာ။ ဒီလိုနည်းနဲ့ပဲ ဟိုးအရင်ကဟာတွေလည်း ဒီတိုင်းပဲ ဖြစ်ခဲ့တယ်။ အရင်အစီရင်ခံစာတွေမှာလည်း ဒီ လိုပဲ ကိုယ်စားလှယ်တွေက ဆွေးနွေးလိုက်တယ်။ လွှတ်တော်က နားထောင်တယ်။ ပြီးရင် action မယူဘူး။ အဲ ဒါနဲ့ နစ်နာမှုတွေက နှစ်စဉ် ဆက်တိုက်ဖြစ်လာတာ။ အန်တီက အခု လွှတ်တော်အထာလည်း နပ်သွားပြီ။ အစိုးရ အထာလည်းနပ်သွားပြီ။ ပြီးခဲ့တဲ့နှစ်တွေက လွှတ်တော်က ဘယ်လောက်ပြောပြော အစိုးရက လုပ်မယ်လို့ ထင် ပေမယ့် အစိုးရက မလုပ်ဘူး။ မပြောင်းဘူး။ ဒီတိုင်းပဲ။ ဒါကြောင့် အန်တီက ထပြီး ဒီတခေါက်တော့ ဒီလိုဖြစ်ခွင့် မပေးနိုင်တော့ဘူးလို့ဆိုပြီး အန်တီက အငှားဓားထိုးခံလိုက်တဲ့ သဘောပဲ။ အန်တီ့ အကျိုးစီးပွားတခုမှ မပါဘူး။ ဆင်းရဲနေတဲ့ ပြည်သူတွေအတွက် ဒီ ဘီလီယံ ၆၀ ရလို့ရှိရင် တိုင်စာထဲပါတဲ့အတိုင်း လူထုအကျိုးပြုလုပ်ငန်း တွေ အများကြီးလုပ်နိုင်မယ်။ အဲဒါ တခုတည်းအတွက် တိုင်တာပဲ။

မေး – နိုင်ငံတော်မှာ အခုလို ကြီးမားတဲ့ နစ်နာမှုတွေ ဆက်တိုက်ပေါ်ပေါက်လာတာ တည်ဆဲဥပဒေတွေကို ချိုး ဖောက်ပြီး အခွင့်အရေးပေးခဲ့မှုကြောင့်လို့ တိုင်စာမှာတွေ့တယ်။ ဘာကို ဆိုလိုချင်တာပါလဲ။

ဖြေ – အစိုးရတွေက အလုပ်လုပ်လို့ရှိရင် ပြည်သူ့ဘဏ္ဍာငွေတွေ စီမံခန့်ခွဲတဲ့နေရာမှာ ပစ်စလက်ခတ် လုပ်လို့မရ ဘူး။ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ သမ္မတရုံးညွှန်ကြားချက်တွေ ရှိတယ်။ လုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ ဒီကိစ္စတွေဆောင်ရွက်ချိန်မှာ သမ္မတရုံး ညွှန်ကြားချက်တွေ လုပ်ထုံးလုပ်နည်းတွေကို သူတို့တွေက ဖောက်ဖျက်ခဲ့တယ်လို့ ယူဆရတယ်။ ဖောက်ဖျက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထု နစ်နာတယ်လို့ စာရင်းစစ်ချုပ်က အတိအလင်း ဖော်ပြထားတာ။

မေး – ပြည်သူတွေ နစ်နာမှုအတွက်ဆိုပြီး အခုတိုင်ကြားမှုနဲ့ ပတ်သက်လို့ ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ။

ဖြေ – အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ရှိရင် ပြည်သူလူထုတရပ်လုံးက တခဲနက်ပါဝင်သင့်တယ်။ ဒါပေမယ့် အန်တီတို့နိုင်ငံမှာ ပြည်သူလူထုက ကိုယ်နစ်နာမှပဲ တိုင်ကြတာများတယ်။ အများပြည်သူရဲ့ နစ်နာမှု ကို ခေါင်းခံပြီး တိုင်ကြားတဲ့ အစဉ်အလာ မရှိခဲ့ဘူး။ ဒါကြောင့် အန်တီက အများပြည်သူရဲ့ နစ်နာမှုကို ခေါင်းခံပြီး ဒါကို တိုင်ကြားတယ်။ အဲဒီလို တိုင်ကြားလိုက်ပြီးတဲ့ ဖြစ်စဉ်နောက်ပိုင်းမှာ အဖွဲ့အစည်းတော်တော်များများက သတိပြုမိသွားတယ်။ နိုင်ငံတော်ရဲ့ နစ်နာဆုံးရှုံးမှုရှိတယ်ဆိုရင် အဂတိလိုက်စားမှု ဖြစ်ပါလား။ ဒါဆို တို့တွေ လည်း တိုင်လို့ရပါတယ်ဆိုတဲ့ အသိကို ဖော်ထုတ်ပေးလိုက်၊ လမ်းခင်းပေးလိုက်တာဖြစ်တယ်။ အခုဆိုရင် တချို့ အဖွဲ့အစည်းတွေက နိုင်ငံတော်ရဲ့ နစ်နာမှုကိစ္စတွေမှာ ဆက်လက်ပြီး တိုင်ကြားဖို့အတွက်ကို စီစဉ်နေကြပြီ။ ဒါ အန်တီဖွင့်ပေးလိုက်တဲ့လမ်း။ ဖောက်ပေးလိုက်တဲ့လမ်းကို နောက်ပိုင်းမှာ ဆက်လျှောက်လာကြပြီ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading