• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ကျနော်တို့က ဒီမိုကရေစီ ပါတီ

by ထက်နိုင်ဇော်
4 November 2018
in အင်တာဗျူး
A A
NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် / ဧရာဝတီ

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် / ဧရာဝတီ

28.8k
VIEWS
Share on FacebookShare on Twitter

ယခု နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)သည် ရွေးကောက်ပွဲ ၁၃ နေရာတွင် ၇ နေရာသာ အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ပါတီ၏ ကြားဖြတ် ရွေးကောက်ပွဲအပေါ် အမြင် သဘောထား၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များနှင့် ၂၀၂၀ ရွေးကောက်ပွဲ မျှော်လင့်ချက်များကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထက်နိုင်ဇော်က NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ အခု ကြားဖြတ် ရွေးကောက်ပွဲမှာ လက်ရှိ အာဏာ ရထားတဲ့ NLD ပါတီက ရွေးကောက်ပွဲ ကျင်းပတဲ့ ၁၃ နေရာမှာပေါ့ နော်၊ ဘယ်နှစ်နေရာ အနိုင်ရခဲ့ပြီး ဘယ်နှစ်နေရာမှာ မရခဲ့ဘူးလဲဗျ။

RelatedPosts

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
504
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.1k
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
1.8k

ဖြေ ။ ။ ၇ နေရာ ရပါတယ်။ ၆ နေရာ မရပါဘူး။ အဓိကက ကျနော်တို့ ရခဲ့တာ အုတ်တွင်း၊ မန္တလေးက ရှမ်းဝန်ကြီး၊ နောက်ပြီး တော့ မြင်းခြံ၊ မင်းဘူး၊ ကန်ပက်လက်၊ နောက်သပိတ်ကျင်းနဲ့ တာမွေပါ။ ကျန်တဲ့နေရာတွေကတော့ ၆ နေရာကတော့ မရပါဘူး။

မေး ။ ။ ကချင်ပြည်နယ် မြစ်ကြီးနားဆိုရင် အရင်နိုင်ခဲ့တာပေါ့။ နောက်တမူးတို့ မတူပီတို့ ဆိုရင်လည်း NLD နိုင်ခဲ့တဲ့ နေရာတွေ ပဲ။ ရန်ကုန်လို နေရာမှာလည်း ဒဂုံဆိပ်ကမ်းက ရှုံးသွားတယ်ပေါ့လေ။ အဲဒီတော့ ဒီဟာတွေကိုကြည့်ပြီးတော့ လက်ရှိ ဘယ်လို သုံးသပ် ထားလဲ။

ဖြေ ။ ။ အဓိကကတော့ ကျနော်တို့ ရှုံးသွားတဲ့ မဲဆန္ဒနယ် ၆ နေရာက တိုင်းရင်းသား နယ်မြေတွေ ဖြစ်ပါတယ်။ တိုင်းရင်းသား ကျနော်တို့ကို မြန်မာပါတီဆိုပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝေဖန်မှုတွေ အပေါ်မှာ အမြင်စောင်းနေတာတွေ ရှိပါတယ်။ အဲဒါက တော်တော်လေး ရွေးကောက်ပွဲမှာ အကျိုးသက်ရောက်မှု ရှိခဲ့တယ်လို့ ထင်ပါတယ်။

ထူးခြားချက်ကတော့ ဆိပ်ကမ်းပေါ့။ ဆိမ်ကမ်းမှာ ဝန်ထမ်းအများစုနဲ့ ဖွဲ့ စည်းထားတယ်။ ၂ ရပ်ကွက်ထဲ ရှိတာမှာ တဖက်ပါတီက အ စိုးရက နိုင်ငံပိုင်မြေမှာကို ပါတီရုံးလည်း ဖွင့်နိုင်တယ်။ အခမဲ့ဆေးခန်းလည်း ဖွင့်နိုင်တယ်။ ကျနော်တို့က အဲဒီမှာ ခြေကုတ် ဘာမှ မရှိ ခဲ့ပါဘူး။ သူတို့က ၂၀၁၅ ဆုံးရှုံးပြီးကတည်းက စည်းရုံးရေးကို စနိုင်ခဲ့ပါတယ်။ ကျနော်တို့ကတော့ နီးမှ လုပ်ရပါတယ်။ ဒီကွာခြား ချက်တွေ ရှိပါတယ်။

မေး ။ ။ အရင်ကလည်း မနိုင်ခဲ့ဘူး။ အခုလည်း ဆက်ရှုံးနေတဲ့ တိုင်းရင်းသား နယ်မြေတချို့ ရှိတယ်ပေါ့လေ။ လဲချားလို ဟာမျိုး ပေါ့။ NLD ပါတီကိုလည်း ဗမာလူမျိုးကြီး ပါတီလို့ မြင်တယ်ဆိုပြီး အန်ကယ် ကိုယ်တိုင်ပြောတော့ တိုင်းရင်းသားတွေ အပေါ်မှာ ထားတဲ့ ပါတီရဲ့ မူဝါဒနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲပြီး စည်းရုံးသွားဖို့ ရှိလား။

ဖြေ ။ ။ အဲဒီမှာ ရေတိုနဲ့ ရေရှည် အမြင် ၂ ခုကို ခွဲပြီး ကြည့်စေချင်ပါတယ်။ ကျနော်တို့ သွားနေတာက ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို သွားနေတာပါခင်ဗျ။ အဲဒီစနစ်ကို ရောက်တဲ့အခါမှာ တိုင်းရင်းသားဆိုတာ ဥပမာဆိုပါတော့ ရှမ်းပြည်နယ်ဆိုလည်း ရှမ်းတမျိုးတည်းလည်း မဟုတ်ဘဲ ကျန်တဲ့ လူမျိုးငယ်လေးတွေလည်း အများကြီး ရှိပါတယ်။ အားလုံးဟာ ဖက်ဒရယ်ရဲ့ အကျိုးကျေး ဇူးအရ ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ ပါဝင်ခွင့်တွေ ရမှာပါ။

ဒီလိုမှ မဟုတ်ဘဲနဲ့ လောလောဆယ်ကို လူများစုဖြစ်တဲ့ လူမျိုးစုနဲ့ နားလည်မှု ယူပြီးတော့ ကျနော်တို့ လုပ်ရင် ဖက်ဒရယ်စနစ်ကို ရောက်မှာ မဟုတ်ပါဘူး။ ဖက်ဒရယ်စနစ်ကို ရောက်ဖို့ အရေးမှာ အဓိက အတားအဆီးကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရယ်၊ တပ်မတော်ရဲ့ သဘောထား။ အဲတော့ အဲဒါကို ကျနော်တို့ တသံတည်း ရင်ဆိုင်ဖို့ ကိစ္စမှာ အင်အားကောင်းတဲ့ လူမျိုးစုံ ပါတီတခုကတော့ လိုတယ်လို့ လောလောဆယ် သုံးသပ်ထားပါတယ်။

ကျနော်တို့ ရည်ရွယ်တဲ့ ပန်းတိုင်ရောက်တဲ့အခါမှာကျတော့ ဒီမိုကရေစီရော၊ ဖက်ဒရယ် အခွင့်အရေးတွေကိုရော ရတဲ့ ဒီလို လက် ဝါးကြီးအုပ်တာ ဘယ်သူကမှ ဘယ်ပြည်နယ်မှာမှ လက်ဝါးကြီးအုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။ အခုလည်း လက်ရှိ ဖြစ်နေတဲ့ နိုင်ငံ မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး၊ နောက်ပြည်ပကနေပြီးတော့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့ ဖိ အားတွေ ရင်ဆိုင်ရေးမှာတော့ တသံတည်း ဖြစ်ဖို့ လိုတဲ့အတွက် ကျနော်တို့က အကုန်လုံး တိုင်းရင်းသား နယ်မြေတွေကအစ ဝင်ရောက် ပြိုင်နေရတာပါ။

ရှင်းရှင်း ပြောရရင် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ၂၀၁၅ မှာလိုပဲ ကျနော်တို့ရဲ့ အဓိက ပြိုင်ဘက်ပါတီဟာ သူတို့ အမတ်နေရာ နိုင်ရင် ကျနော်တို့လည်း ၃ နေရာနိုင်မှ ကျနော်တို့ အစိုးရ ဖွဲ့နိုင်မှာ။ ဒါဟာ အင်မတန်ကြီးမားတဲ့ စိန်ခေါ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အမတ်နေရာ တော်တော်များများမှာ လက်ရှိ အခြေအနေရဲ့ တောင်းဆိုချက်အရ ယှဉ်ပြိုင်နေရသော်လည်း တိုင်းရင်းသား နေရာတွေကို မျက်ကွယ်ပြုတာ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်ဖို့အတွက် လက်ရှိ နိုင်ငံရေး အခြေအနေအရ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာပါပဲလို့ ပြောချင်ပါတယ်။

မေး ။ ။ အခုကြားဖြတ် ရွေးကောက်ပွဲ ရလဒ်ကြောင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်က ရခဲ့တဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုမျိုး က အခု မရတော့တဲ့ အနေအထားမျိုးလည်း ဖြစ်လာတာပေါ့။ အဲလိုမျိုး အခြေအနေမှာ ပါတီတွင်း ပြုပြင်ပြောင်းလဲမှုတွေ၊ မူဝါဒပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ ရှိလား။

ဖြေ ။ ။ ကျနော်တို့ ဒါကြီးကတော့ ဗဟိုအလုပ်မှုဆောင်အဖွဲ့မှာ ပြန်ဆွေးနွေးပြီးတော့မှ ပြောလို့ရမယ့် ကိစ္စ ဖြစ်နေပါတယ်။ အဲဒါပြီးမှ ပြောလို့ ရမှာပါ။ ဘယ်နေရာတွေမှာ ပြုပြင်ပြောင်းလဲသင့်တယ် ဆိုတာမျိုးပေါ့။ ကျနော်တို့ ဒါကို စဉ်းစားရမှာပါ။

မေး ။ ။ အရင်က မဲဆန္ဒနယ်တခုကိုပဲ ဖြစ်ဖြစ်၊ ဒေသတွင်းကိုပဲ ဖြစ်ဖြစ် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆင်းလိုက် တာနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆင်းလိုက်ပြီဆိုရင် အဲဒီနေရာမှာ သောင်ပြိုကမ်းပြိုနိုင်တဲ့ ရလဒ်မျိုးတွေ ရှိခဲ့တယ်။ အခုရော အဲလိုမျိုး ဖြစ်နိုင်သေးလား။

ဖြေ ။ ။ ကျနော်တို့ ဒီမှာတော့ ပြည်သူတွေဟာ သူတို့ လက်ရှိ ကြုံတွေ့ နေရတဲ့ ဘဝကိုလည်း အများကြီး ထည့်စဉ်းစားလာ တယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ နေ့စဉ်ဘဝမှာ တိုးတက်မှုရှိအောင် လုပ်ပေးဖို့ကလည်း အရေးကြီးတဲ့ အချက်တခု ဖြစ်လာလိမ့်မယ် လို့ ကျနော် ထင်ပါတယ်။

မေး ။ ။ NLD က ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပေးခဲ့တဲ့ ကတိတွေ ရှိပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးလို ကိစ္စမျိုးတွေကို အခု ၂ နှစ်ခွဲကာလအတွင်းမှာ NLD က လုပ်မပြနိုင်ခဲ့ဘူး။ အဲဒီ အကျိုး ဆက်တွေက အခု ကြားဖြတ်မှာ ရိုက်ခတ်မှု ရှိတယ်လို့ ပြောလို့ရမလား။

ဖြေ ။ ။ ကျနော်တို့က ကျနော်တို့ရဲ့ ကတိပေးမှုတွေကို ဘယ်တော့မှ စွန့်ခွာသွားခြင်း မရှိပါဘူး။ အမြဲတန်း ကြိုးစား အားထုတ် နေပါတယ်။ သို့သော် ကျနော်တို့ အဖွဲ့တခုတည်း လုပ်လို့မရတဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက် ကျနော်တို့မှာ တိုးတက်မှု နှေးကွေးတာ ကတော့ ဝန်ခံရမှာပါ။ ဒီလို နှေးကွေးမှုကြောင့်လည်း ပြည်သူတွေဟာ အများကြီး မေ ျှာ်လင့်မထားတဲ့အပေါ်မှာ အားမလို အားမရ ဖြစ်တာ အမှန်ပဲလို့ ဝန်ခံရမှာပါ။

မေး ။ ။ ဒီတခေါက် ကြားဖြတ် ရွေးကောက်ပွဲက NLD ပါတီအတွက် အချက်ပေး ခေါင်းဆောင်လို့ ပြောလို့ရမလား။

ဖြေ ။ ။ ကျနော်တို့ကတော့ ကျနော်တို့အဖွဲ့ ရဲ့ လုပ်ရပ်တွေ၊ ပြည်သူတွေရဲ့ တုန့်ပြန်မှုတွေကို အမြဲတန်း ဆန်းစစ်နေပါတယ်။ ဒီလို ဆန်းစစ်ရမှာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကလည်း ၁ ခု အပါအဝင် ဖြစ်ပါလိမ့်မယ်။

မေး ။ ။ NLD နိုင်ခဲ့တုန်းက အရွေးခံရတဲ့ ကိုယ်စားလှယ်တွေဟာ မဲဆန္ဒရှင်တွေနဲ့ အနီးစပ်ဆုံးသူတွေ ဖြစ်တော့ ၂၀၁၅ ရွေး ကောက်ပွဲတုန်းက ပါတီက အမျိုးသမီး၊ လူငယ်၊ တိုင်းရင်းသားဆိုပြီး ရွေးခဲ့တဲ့အခါ လုပ်နိုင်သူတွေရော၊ မလုပ်နိုင်တဲ့သူတွေရော ပါတယ်။ ဒီရွေးချယ်မှုရဲ့ အကျိုးဆက်က ကြားဖြတ်မှာ လာထိတယ်လို့ ထင်လား။ အဲဒါကြောင့် ကိုယ်စားလှယ်လောင်း ရွေးချယ်မှု မူဝါဒ ပြောင်းလဲသွားဖို့ ရှိလား။

ဖြေ ။ ။ ကျနော်တို့က အမျိုးသမီး၊ လူငယ်၊ တိုင်းရင်းသားကို ဦးစားပေးတာက အရည်အချင်းကို အရင်ကြည့်တာပါခင်ဗျ။ ပြည် သူလူထုက ဒီလူကို လက်ခံနိုင်တဲ့ အရည်အချင်းရှိလား။ သူဟာ လွှတ်တော်တာဝန်၊ အုပ်ချုပ်ရေးတာဝန်တွေကို ထမ်းဆောင်နိုင် မယ့် အရည်အချင်းရှိလား။ အဲလို အရည်အချင်းတူတဲ့သူတွေ ဖြစ်နေလ ျှင်သာ ကျနော်တို့က အမျိုးသမီး၊ လူငယ်၊ တိုင်းရင်းသားကို ဦးစားပေးတာပါခင်ဗျ။ အရည်အချင်းက အဓိကပါ။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲကလည်း မဖြစ်မနေ ဖြတ်သန်းရမှာဆိုတော့ အာဏာရပါတီ အနေနဲ့ ဆက်ပြီး အစိုးရဖွဲ့နိုင်ဖို့ ဘယ် သူတွေနဲ့ မဟာမိတ်ဖွဲ့ ဖို့ စဉ်းစားထားတာ ရှိလဲ။ ဥပမာ ရှမ်းတွေနဲ့ မဟာမိတ်လုပ်မလား။ ရခိုင်နဲ့ လုပ်မလား။ အဲလို ပုံစံမျိုး လုပ် သွားဖို့ ရှိမလား။

ဖြေ ။ ။ အဲဒါတွေကတော့ ကျနော်တယောက်တည်း အနေနဲ့ ပြောလို့ မရပါဘူး။ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ကို တင်ပြပြီးတော့မှ ကျနော်တို့ရဲ့ မူဝါဒ အပြောင်းအလဲတွေက ချမှတ်ရမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒီကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ ပြည်သူလူထုကိုရော ဘယ်လို Message မျိုး ပေးချင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့က ဒီမိုကရေစီ ပါတီ ဖြစ်ပါတယ်။ ပြည်သူလူထုကိုလည်း အမြဲတန်း ယုံကြည်ပါတယ်။ ပြည်သူဟာ ကျနော် တို့ရဲ့ လုပ်ရပ်တွေအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ကို အကဲဖြတ်တဲ့အခါမှာ ရေတိုထက် ရေရှည်ကို ကြည့်စေချင်ပါတယ်။ ကျ နော်တို့တွေရဲ့ ပြည်သူတွေအပေါ်မှာ ထားရှိတဲ့ သဘောထားကို နားလည်သဘောပေါက်စေချင်ပါတယ်။

ကျနော်တို့က ပြည်သူတွေ လက်ခံလာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို အလုပ်ကိုမှ မလုပ်ခဲ့ပါဘူး။ နိုင်ငံကို ရေရှည် ကောင်း အောင် ရှေရည်တည်တံ့တဲ့ အပြောင်းအလဲ ဖြစ်အောင်ဆိုပြီး လုပ်တဲ့အခါမှာ တချို့ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေက ပြည်သူလူ ထု မကြိုက်တာလည်း ပါကောင်းပါနိုင်ပါတယ်။ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို အဖက်ဖက်က လေ့လာ သုံးသပ်ပြီးတော့မှ အကဲဖြတ်ပေးပါလို့ ကျနော်တို့ တောင်းပန်ချင်ပါတယ်။

Your Thoughts …
Tags: ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲNLDဒေါက်တာမျိုးညွှန့်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.5k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.6k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.1k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
EU ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး ဆယ်စီလီယာ မယ်လ်စတောင်း / Reuters

လူ့အခွင့်အရေးချိုးဖောက်မှုများကို မကိုင်တွယ်လျှင် ဈေးကွက်ဆုံးရှုံးရန် သေချာဟု EU ပြော

သရုပ်ဆောင် ဒေါင်း / ယုဖြူဟန် / ဧရာဝတီ

အသက်အရွယ်နဲ့ လိုက်မယ့် ဇာတ်ကောင်မျိုးကိုသာ စိတ်ဝင်စားတဲ့ ဒေါင်း

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.2k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate